The Corner

The Corner

cropped-Logo_round_grey-background.png

မောင်လူထွန်း

မောင်လူထွန်း

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၁)

စုံ-မ ပြဿနာ အဖြေရှာ ဦးမိုး – လာဗျ လာဗျ။ ခင်ဗျား ဒီနေ့ နောက်ကျတယ်နော်။ ဘာလဲ၊ ဆီသွားတန်းစီနေတာလား။  ဦးတိုး – မဟုတ်ရပါဘူးဗျာ။ အိမ်မှာ ဟိုလုပ်ဒီလုပ်နဲ့ ကြာသွားလို့ပါ။  ဦးမိုး –  ဪ ဟုတ်လား၊ မသိပါဘူးဗျာ။ ခေတ်မီအောင်များ ဆီသွားတန်းစီနေသလားလို့ မေးတာပါ။  ဦးတိုး – ပုံမှန်အခြေအနေမှာကတည်းက ကျွန်တော်က ကားကို ဆီအပြည့်ဖြည့်ထားလေ့ရှိတယ်။ ကားကလည်း ဟိုနားသည်နား အဖိုးကြီးအဖွားကြီး နှစ်ယောက်တည်း သုံးတာဆိုတော့ ခရီးဝေးဝေးလည်း မသွားဖြစ်ပါဘူးဗျာ။ သွားဖြစ်ရင်လည်း တိုင်ကီအပြည့် ပြန်ဖြည့်တဲ့အကျင့်ကို လုပ်ထားတော့ အခုအချိန်မှာ ဆီဆိုင်မှာ တန်းသွားစီရင်တောင် သူတို့ရောင်းပေးတဲ့ ၁၅ လီတာတောင် ရမှာမဟုတ်ဘူး။  ဦးမိုး – အေးဗျာ။ ခင်ဗျားလိုလူတွေချည်းပဲဆိုရင် သိပ်ကောင်းမှာပဲ။ အခုတော့ တစ်ရက်ခြားပဲ ကားတွေကို မောင်းခွင့်ပေးထားသေးတယ်လို့ […]

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၁) Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၀)

မစားကောင်းတဲ့ အသီး ဦးမိုး – ခင်ဗျား ဒီနေ့ နောက်ကျပါလားဗျ။ ဘာအလုပ်တွေများ ရှုပ်နေလို့တုန်း။ ဦးတိုး – ဟုတ်တယ်ဗျာ။ အိမ်မှာ ဟိုကိစ္စ ဒီကိစ္စ လိုရင်သုံးဖို့ ကားလေး ဝယ်ထားတာ။ ဒီကားအတွက် ဓာတ်ဆီလိုက်ဖြည့်နေတာဗျို့။ အိမ်ကကားက မ နံပါတ်ဆိုတော့ စုံရက်မှာ ထွက်လို့မရ၊ ဆီလည်း ဖြည့်လို့မရတော့ ဒီနေ့ မရက်မှာ စောစောထပြီး လုပ်စရာရှိတာတွေ လုပ်ပြီးမှ ကားပြန်ထားပြီး ထွက်လာတာ။ ဒါကြောင့် နောက်ကျနေတာပါ။ ဦးမိုး – ဟား ဟား.. ခင်ဗျားတို့ကိုကြည့်ပြီး ကားပိုင်မရှိတဲ့ ကိုယ့်ဘဝကိုယ် အားကျမိတယ်။ တယ်လည်း လွတ်လပ်ပါလားလို့။ ဦးတိုး – မထင်နဲ့ မထင်နဲ့ဗျ။ အခုခင်ဗျား ဟိုနား ဒီနားသွားရင် စီးတဲ့ တက်စီ

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၀) Read More »

ယူကရိန်းစစ်ပွဲ လေးနှစ်ပြည့်ချိန် ဥရောပ လုံခြုံရေး

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု စစ်ပွဲ လေးနှစ်ပြည့်လာခဲ့ပြီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်မူ ရုရှားက ဗီတိုအာဏာ ကိုင်စွဲထားခြင်းကြောင့် စစ်ပွဲတစ်လျှောက်လုံး ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ခြင်း မရှိဘဲ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေခဲ့သည်။ မကြာသေးခင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်  ကုလသမဂ္ဂ အထွေထွေညီလာခံသည် ယူကရိန်းနိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြု နယ်နိမိတ်များကို ထောက်ခံကြောင်းနှင့် အရပ်သားများအပေါ် ရုရှား၏ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းကို စိုးရိမ်ကြောင်း ဖော်ပြထားသည့် အဆိုပြုချက်တစ်ခုကို မဲအပြတ်အသတ်ဖြင့် အတည်ပြုလိုက်သည်။ ရုရှား၏ ကျူးကျော်စစ် ၄ နှစ်ပြည့်မြောက်သည့် အချိန်တွင် ကမ္ဘာ့နိုင်ငံများမှ ယူကရိန်းနှင့် တစ်သားတည်းရှိမှုကို စမ်းသပ်သည့် ယခုမဲခွဲမှု၌ ထောက်ခံမဲ ၁၀၇ မဲ၊ ကန့်ကွက်မဲ ၁၂ မဲ နှင့် ကြားနေမဲ

ယူကရိန်းစစ်ပွဲ လေးနှစ်ပြည့်ချိန် ဥရောပ လုံခြုံရေး Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၉)

ဘာလုပ်မလဲ အမေရိကန် ဦးမိုး။  ။ ဟေ့လူ ဦးတိုး… ခင်ဗျားကြည့်ရတာ ဒီနေ့ မျက်မှောင်ကြီးကုပ်လို့။ ဘာလဲ… ဟိုဘက်က ထရမ့်ကြီးက နောက်တစ်ခါ ဗုံးထကြဲပြန်ပြီလား။ ဦးတိုး။ ။ အောင်မယ်… ဦးမိုးကလည်း၊ ကြဲတော့မယ့် အနေအထား ဖြစ်နေပြီဗျ။ အခု အရှေ့ အလယ်ပိုင်းမှာ အမေရိကန်က စစ်အင်အားတွေ ပုံအောပြီး လွှတ်ထားတာ ၂၀၀၃ အီရတ် စစ်ပွဲတုန်းကထက်တောင် များနေပြီ။ လေယာဉ်တင်သင်္ဘောကြီး နှစ်စင်းတင်မကဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့ အမေရိကန် လေတပ်အင်အားရဲ့ တစ်ဝက်နီးပါးလောက်ကို အဲ့ဒီမှာ သွားစုထားတာဗျ။ ဦးမိုး။ ။ ကျွန်တော်လည်း အဲဒါကိုပဲ သိချင်နေတာ ပြောပြပါဦး… ဒါက အီရန်ကို ခြိမ်းခြောက်တာလား၊ တကယ်ပဲ ဝင်တိုက်တော့မှာလား။ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း အစ္စရေးနဲ့ပေါင်းပြီး အီရန်ရဲ့

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၉) Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၈)

၂၀၂၆ မှာ ဒုက္ခရောက်နေကြသူတွေ အထဲ ကုလလည်းပါ ဦးမိုး – ဟေ့ ကိုတိုး ကျွန်တော် ဒီမှာဗျ။ ထိုင် ထိုင်။ ခင်ဗျား စားချင်တာသာ တန်းမှာလိုက်ပေတော့။ ကျွန်တော်တော့ မှာပြီးသွားပြီ။ ဦးတိုး – ကျေးဇူးပါပဲဗျာ။ အိမ်မှာ စီစဉ်စရာလေးတွေ စီစဉ်ပေးခဲ့ရတော့ နည်းနည်း နောက်ကျသွားတယ်။ ဦးမိုး – ရပါတယ်။ ခင်ဗျားကို မျှော်နေတာ။ မနေ့က သတင်းတွေ လျှောက်ဖတ်ရင်း အရင်က မကြားဖူးတာတွေ ကြားလိုက်ရလို့။ ခင်ဗျားက နှံ့နှံ့စပ်စပ် ဆိုတော့ သိများသိမလားလို့။ ဦးတိုး – ပြောပါဦး ဘာလဲဗျ။ ဦးမိုး – အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် ဒုက္ခရောက်ကြသူတွေအထဲမှာ နောက်တစ်ယောက် တိုးလာတဲ့ ကုလသမဂ္ဂအကြောင်းလေ။ ဦးတိုး

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၈) Read More »

အတုတွေနဲ့ နီပေါ ရွေးကောက်ပွဲ

ပြီးခဲ့တဲ့နှစ် ကုန်ခါနီးလောက်က နီပေါနိုင်ငံက နာမည်ကြီး နိုင်ငံရေးသမား သုံးယောက် ယှဉ်တွဲပြီး လမ်းလျှောက်နေတဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေး ပျံ့နှံ့သွားခဲ့တယ်။ အဲဒါကို ကြည့်ပြီး လူတွေက မကြာခင်လာတော့မယ့် အထွေထွေ ရွေးကောက်ပွဲ အတွက် သူတို့တွေ နိုင်ငံရေး မဟာမိတ် အသစ်ဖွဲ့လိုက်ကြပြီလားဆိုပြီး ထင်ကြေးတွေပေး ဝိုင်းပြီးတော့ ခန့်မှန်း ခဲ့ကြတာပေါ့။ ဒါပေမဲ့ အပြင်မှာ ဗီဒီယိုထဲကလို သူတို့သုံးယောက် ဆုံတွေ့ခဲ့ကြတာမျိုး တစ်ခါမှ မရှိခဲ့ပါဘူး။ ပြောချင်တာက အဲဒီဗီဒီယိုက အေအိုင်နဲ့ လုပ်ထားတာ ဖြစ်နေတဲ့ အတုကြီးပါ။ အဲဒီဗီဒီယိုထဲမှာပါတဲ့သူတွေကတော့ ရက်စထရီယာ ဆွာတန်ထရာ (Rastriya Swatantra)၊ ပါတီခေါင်းဆောင် ရာဘီ လာမီချ်ဟန်း (Rabi Lamichhane)၊ ခတ္တမန္ဒူမြို့တော်ဝန်ဟောင်း ဘလန်ဒရာ ရှား (Balendra Shah)

အတုတွေနဲ့ နီပေါ ရွေးကောက်ပွဲ Read More »

ဦးတိုး-ဦးမိုး လက်ဖက်ရည်ဝိုင်း (၇)

နောက်လာတဲ့ မောင်ပုလဲများ ဦးမိုး – လာဗျ လာပါဗျ ခင်ဗျား မျက်နှာလည်း ပြုံးဖြီးဖြီးကြီးနဲ့ ဘာဖြစ်လာတာတုံးဗျ။ ဦးတိုး – ကျွန်တော်တို့ ဒီတစ်ခါပဲ တစ်ပြိုင်နက် လက်ဖက်ရည်ဆိုင်ကို ရောက်ကြတယ်နော်။ ခင်ဗျား မြင်သလို ကျွန်တော့်မျက်နှာ ဖြစ်နေတာက တခြား ဟုတ်ရိုးလားဗျာ။ အခုပဲ မနက်စောစော ကမ္ဘာ့သတင်းတွေ ဖတ်ပြီး ထွက်လာတာ။ ဘာပြောရမှန်း မသိရလောက်အောင်ကို ဖြစ်တယ်ဗျာ။ အမှန်ကတော့ ပြုံးနေတာ မဟုတ်ပါဘူး။ ဘယ်လိုထားရမှန်း မသိလို့ကို ဒီလိုဖြစ်နေတာ နေမှာ။ ဦးမိုး – ခင်ဗျား ဘာပြောချင်တယ်ဆိုတာကိုတော့ သိသလိုလိုပဲ။ အတူတူပါပဲဗျာ။ ကျွန်တော်လည်း ဒီရက်ပိုင်း သတင်းတွေ ဖတ်မိပါတယ်။ ၂၀၂၆ ခုနှစ်အစကတည်း စလိုက်တဲ့ ပြဿနာတွေဆိုတာ ကမ္ဘာတစ်လွှား နည်းရော့လားဗျ။ ဦးတိုး

ဦးတိုး-ဦးမိုး လက်ဖက်ရည်ဝိုင်း (၇) Read More »

ဦးတိုး-ဦးမိုး လက်ဖက်ရည်ဝိုင်း (၆)

လိုချင်ရင် အကုန်ယူမယ့် အမေရိကန် နိုင်ငံခြားရေး မူဝါဒ ဦးမိုး – ဟေ့ ကိုတိုး လာဗျ။ ဒီနေ့တော့ ကျွန်တော် နည်းနည်း စောတယ်။ ဦးတိုး – ကျေးဇူးပါဗျာ။ ဒီရက်ထဲ နေရ ထိုင်ရာတာ အေးနေတော့ နောက်ကျမှပဲ လမ်းလျှောက်ထွက်ဖြစ်တယ်။ ခင်ဗျားကတော့ တယ်ပြီး ဝီရိယ ကောင်းသကိုးဗျ။ ဦးမိုး – ဒီလိုလည်း မဟုတ်ပါဘူးဗျာ။ မနက်စောစော ထတာ အကျင့်ပါနေတော့ စောစောထ တရားလေးထိုင် ပုတီးစိပ် လုပ်ပြီးတာနဲ့ တန်းထွက်လာလိုက်တာ။ လူရှုပ်တာ မကြိုက်တဲ့ ကျွန်တော့်အတွက် စောစောထွက်တာ ပိုကောင်း သလိုပဲ။ သြော် ဒါနဲ့ ခင်ဗျားအတွက် လက်ဖက်ရည် နဲ့ မနက်စာ မမှာရသေးဘူး။ အေးကုန်မှာစိုးလို့။ ခင်ဗျား စားချင်တာ

ဦးတိုး-ဦးမိုး လက်ဖက်ရည်ဝိုင်း (၆) Read More »

မှုန်မှုန်ဝါးဝါး ၂၀၂၅

၁) ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် အိမ်ဖြူတော် ရောက်လာခြင်း သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်အရွေးခံရပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပထမ တစ်နှစ်အတွင်း ပြည်တွင်းရော ပြည်ပမှာရော နိုင်ငံရေး အခြေအနေများ ကမောက်ကမ ဖြစ်သွားခဲ့ပါတယ်။ ပါရီ သဘောတူညီချက် လို့ လူအများသိကြတဲ့ ရာသီဥတုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး စာချုပ်ကနေ အမေရိကန် နုတ်ထွက်လိုက်ပါတယ်။ နယ်စပ်ဖြတ်ပြီး တရားမဝင် ဝင်ရောက်လာသူများကို နှိမ်နင်းဖို့ ဆိုပြီး နယ်စပ် ဒေသတွေဆီကို လက်နက်ကိုင် တပ်ဖွဲ့တွေ စေလွှတ်တယ်။ အမျိုးသား ကာကွယ်ရေး တပ်တွေကို တရားမဝင် ဝင်ရောက်လာသူတွေကို ဝိုင်းဝန်းဖမ်းဆီးပေးဖို့လို့ အကြောင်းပြပြီး အမေရိကန်ရဲ့ မြို့ကြီးတွေဆီကို စေလွှတ်ခဲ့တယ်။ ဒါတင် မကသေးဘူး မတူကွဲပြားမှု၊ တန်းတူညီမျှမှု နှင့် အားလုံး ပါဝင်စေမှုနဲ့

မှုန်မှုန်ဝါးဝါး ၂၀၂၅ Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၅)

ထရမ့်ရဲ့ မိတ်ဆွေများ သိစေဖို့ ဦးတိုး – ကိုမိုး ကျွန်တော်ဒီမှာဗျ။ လာ လာ ထိုင်…။ ဟေ့ ကောင်လေးရေ တို့ကို ခါတိုင်းလိုပဲ လုပ်ဟေ့။ ဦးမိုး – ကျေးဇူးပါပဲ ကိုတိုးရာ။ ဒီနေ့ ခင်ဗျားက အစောကြီး ရောက်နေပြီကိုး။ ဦးတိုး – ဟုတ်တယ်ဗျ။ ဦးမိုး – ကိုတိုးတို့ လင်မယားရော။ လာမယ့် နှစ်သစ်ကူး ပိတ်ရက်ရှည် ဘယ်မှ မသွားကြဘူးလား။ ဦးတိုး – မသွားတော့ပါဘူးဗျာ။ ကျွန်တော်တို့လို အငြိမ်းစားတွေရဲ့ အရသာက သူများတွေ ခရီးသွားချိန်ကို ရှောင်ပြီး ကိုယ်ကြိုက်တဲ့အချိန် ခြေခင်းလက်ခင်း သာယာရှိတဲ့အခါမှ ခရီးသွားရ ကားလမ်းတွေလည်း ချောင်ချောင်ချိချိ လူလည်းရှင်း ဘယ်လောက် ကောင်းသတုံးဗျ။  ဦးမိုး –

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၅) Read More »