The Corner

The Corner

cropped-Logo_round_grey-background.png

ကိုတင်

အယူသီးကြသူများ

ဟောင်ကောင်သား တော်တော်များများက နာမည်ကြီး ကမ္ဘာကျော် ရှေ့ဖြစ်ဟောဆရာ နော်စထရာ ဒေးမတ်စ် ပြီးရင် တက်ဆူကီယိုကို ဂမ္ဘီရ ပညာမှာ တဖက်ကမ်းခပ် တတ်မြောက်သူ ရှေ့ဖြစ်ဟော ဆရာမကြီး တစ်ဦးအဖြစ် လက်ခံ ထားကြ ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက ဂျပန် မန်ဂါ အနုပညာရှင်တစ်ဦးလည်း ဖြစ်သူ တက်ဆူကီယို က နိမိတ်ပုံရိပ် အိပ်မက်များ စုစည်းချက် ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ရာမှာ “၂၀၁၁ ခုနှစ်၊ ၃ လပိုင်းမှာ “ကပ်ဆိုးကြီး” တစ်ခု ဖြစ်ဖို့ရှိတယ်လို့ သတိပေး ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မတ်လမှာ ဂျပန်နိုင်ငံဟာ ငလျင်ကြီးဖြစ်လို့ နောက်ဆက်တွဲ ဆူနာမီနဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖိုကို ထိခိုက်တာတွေရဲ့ နောက်ဆက်တွဲတွေကြောင့် လူပေါင်း […]

အယူသီးကြသူများ Read More »

နိုင်ငံထက် ပိုပြီး အရေးကြီးတဲ့ ဓာတ်ပုံတစ်ပုံ 

အင်ဒိုနီးရှား သမ္မတ ပရာဘိုဝိုတစ်ယောက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ပင်၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တို့နဲ့အတူ တီယင်မင် ရင်ပြင်မှာ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံဟာ သူ့အတွက် ကမ္ဘာက အာရုံစိုက်စရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။ သုံးသပ်သူတွေရဲ့ အပြောအရ ကမ္ဘာ့ အင်အားကြီး နိုင်ငံများက ခေါင်းဆောင်များနဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံဟာ အထိမ်းအမှတ် တစ်ခုဆိုတာထက်ပိုကာ မစ္စတာ ပရာဘိုဝိုတစ်ယောက် ဒီခေါင်းဆောင်များနဲ့ ပခုံးချင်း ယှဥ်နိုင်သွားပြီဆိုတဲ့ ပုံရိပ်တစ်ခု ဆိုလည်း မမှားပါဘူး။ စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်း တရုတ်က ဂျပန်ကို နှိမ်နင်းနိုင်ခဲ့တဲ့ အနှစ် (၈၀) မြောက် အောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြပွဲဟာ မစ္စတာ ရှီအတွက်

နိုင်ငံထက် ပိုပြီး အရေးကြီးတဲ့ ဓာတ်ပုံတစ်ပုံ  Read More »

ရှောင်မီ ငွေကြေး

တရုတ်နိုင်ငံက စမတ်ဖုန်း ချန်ပီယံဟာ ကမ္ဘာ့ အထင်ကရ ကားထုတ်လုပ်သူ ဖြစ်လာတော့မယ် တရုတ် နည်းပညာကုမ္ပဏီကြီးရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်သူ လီဂျန်ဟာ ရှောင်မီကုမ္ပဏီကို ၂၀၁၀ ခုနှစ်က စပြီး ဖက်စပ် တည်ထောင်ခဲ့ သူပါ။ ရှောင်မီကို တည်ထောင်ချိန်ကစလို့ စွမ်းဆောင်ချက်တွေ တစ်ခုပြီးတစ်ခု လုပ်နိုင်ခဲ့ပြီး ကုမ္ပဏီကို ထိပ်တန်းရောက်အောင် ပို့ဆောင် နိုင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်တစ်ခုကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်က စမတ်ဖုန်း ၂ ဒသမ ၁သန်းကို ၂၄ နာရီအတွင်း ရောင်းချနိုင်ခဲ့လို့ ဂင်းနစ် စံချိန် တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူက စျေးပေါပေါဖုန်းတွေ စျေးကွက်ထဲ စက်နဲ့ လှည့်ထုတ်သလို ထုတ်နေရုံပဲ မဟုတ်တော့ပါ။ ဇွန်လက ရှောင်မီက သူရဲ့

ရှောင်မီ ငွေကြေး Read More »

ကမ္ဘာကြီးနဲ့ ကင်ဆာ စစ်ပွဲ

ပြောစမှတ် ပြုနိုင်တဲ့ အောင်မြင်မှုတွေ ရှိခဲ့တယ်၊ ကင်ဆာကြောင့် အသေအပျောက်တွေ သိသိသာသာ ကျဆင်းသွားတယ်၊ ထပ်လည်း ကျနေဦးမှာ ၁၉၇၁ ခုနှစ်မှာ အမေရိကန်သမ္မတ ရစ်ချတ် နစ်ဆင်က “ကင်ဆာ ရောဂါကို တိုက်ဖျက်သွားမယ်” လို့ ကြေညာခဲ့ပါတယ်။ အဲဒီအချိန် မတိုင်ခင် နှစ်နှစ်လောက်က သိပ္ပံဆိုင်ရာမှာ အံ့သြဘနန်း အောင်မြင်ခဲ့တာလို့ ပြောစမတ်တွင်ရမယ့် လပေါ်ကို လူရောက်အောင် လုပ်ပေးနိုင်ခဲ့တာ မို့လို့ ကင်ဆာ တိုက်ဖျက်ရေးကိုလည်း လူတွေက အများကြီး မျှော်လင့်ခဲ့ကြပါတယ်။ အချို့ အကောင်းမြင်တဲ့ ဆရာဝန်များက နောက် နှစ်အနည်းငယ်အတွင်းမှာ ကင်ဆာရောဂါကို ပျောက်အောင် ကုသပေး နိုင်မှာပါလို့ ပြောခဲ့ကြတယ်။ သူတို့ မှားသွားခဲ့ပါတယ်။ ဒီနေ့ အသက်ကြီးတဲ့ လူကြီး အယောက်တိုင်း အယောက်တိုင်း သူတို့ကိုယ်တိုင်မှာ ကင်ဆာဝေဒနာ

ကမ္ဘာကြီးနဲ့ ကင်ဆာ စစ်ပွဲ Read More »

အတိုက်အခံ ဘဝမှာ ကိုယ့်အလှည့်ရောက်ဖို့ ထိုင်စောင့် မနေတော့ဘူး

အမေရိကန် နိုင်ငံရေးဟာ ရှင်းပါတယ်။ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ပါတီကြီး နှစ်ခုသာရှိလို့ ရွေးကောက်ပွဲတွေမှာ အနိုင်မဟုတ်ရင် အရှုံးပါပဲ။ အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ အနိုင်ရတဲ့ မဲအရေအတွက် ခြားနားမှုက နည်းသည်ထက် နည်းလာလို့ စိန်ခေါ်မှုတွေ ပိုပြင်းထန်လာပါတယ်။ အခု အာဏာရ ရီပတ်ဘလစ်ကန် ပါတီရဲ့ သမ္မတ ဒေါ်နယ်ထရမ့် လက်စောင်းထက်လာတဲ့ အခါ အတိုက်အခံ ဒီမိုကရက် ပါတီ ဘာလုပ်နေလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်လာနေပါပြီ။ ထိုင်နေသူတွေ ဆက်ထိုင်ကြမှာလား အပြောင်းအလဲတွေ လုပ်မှာလား။ “အလှည့် ရောက်လာမှာကို ထိုင်မစောင့်နိုင်သလို နောက်ကလည်း တန်းစီ နေမှာ မဟုတ်ဘူး၊ ဒီမိုကရေစီဆိုပြီး ဆေးခါးကြီးကိုလည်း အောင့်အီးပြီး မသောက်ချင် ကြတော့ဘူး” တစ်ယောက်က လူမျိုးစုပေါင်းစုံရာ နယူးယောက်မြို့က ဒီမိုကရက် ဆိုရှယ်လစ်၊

အတိုက်အခံ ဘဝမှာ ကိုယ့်အလှည့်ရောက်ဖို့ ထိုင်စောင့် မနေတော့ဘူး Read More »

ပျောက်ဆုံးသွားနိုင်သည့် ရွှေလက် ပိုင်ရှင်များ

ကျွန်တော် သူ့ကို တစ်ခါတုန်းက စျေးဆစ်ဖို့ကြိုးစားကြည့်ဖူးသည်။ အရှေ့အလယ်ပိုင်း စစ်ပွဲနဲ့ ပတ်သက်တဲ့ ဆောင်းပါး တစ်ပုဒ် ရေးနေစဥ် နိုင်ငံခြား သတင်းဌာနတွေက ပြောသည့် အသံထွက် အတိုင်း အီရန်နိုင်ငံရဲ့ မြို့တော် ‘တီဟီရန်’ ကို ‘တီရန်’ ပြောင်းရေးလို့ ရမလားလို့ လှမ်းပြောတော့ သူက လေသံပြတ်ပြတ်နှင့် “တရားဝင်အတိုင်း လုပ်မယ်”ဟု ပြန်ပြော လေသည်။ ကျွန်တော် သူ့ကို စျေးဆစ်လို့ ရမယ်လို့ မထင်လို့ ထပ်မပြောတော့ပါ။ သူကား ကိုဇော်ဝင်း ဖြစ်လေသည်။ ဦးဇော်ဝင်း ဆိုခြင်းက ပိုမှန်ပေလိမ့်မည်။ ထိုက်နဲ့ အကြောင်းပါပြီး ကျွန်တော် ဒေါင်း ဒိုင်နက်စတီကို ရောက်တော့ ကိုဇော်ဝင်းကို မြင်ဖူးရုံ။ ဒေါင်းစာပေ အတွေးအမြင် စာအုပ်တိုက်မှာ မကြာခဏဆိုသလို မျက်မှန်းတန်းမိရုံ လောက်ပဲ

ပျောက်ဆုံးသွားနိုင်သည့် ရွှေလက် ပိုင်ရှင်များ Read More »