The Corner

The Corner

cropped-Logo_round_grey-background.png

ကမ္ဘာ

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁)

အာဖရိကတိုက်ရဲ့ ပလ္လင်ပေါ်က သက်တမ်းရင့် ခေါင်းဆောင်များ ဦးမိုး – ဟာ ကိုတိုး လာဗျာ။ ဒီကို မလာတာကြာပေ့ါ။ ဘာ အလုပ်တွေ ရှုပ်နေလို့ ပျောက်နေတာလဲဗျ။ ဦးတိုး – ဒီလို ကိုမိုးရေ။ အိမ်မှာ သားတို့ မိသားစု တစ်သိုက်က ကျွန်တော်တို့ အဘိုးကြီး အဘွားကြီးနှစ်ယောက်ကို သီတင်းကျွတ် လာကန်တော့ရင်း အိမ်မှာ သောင်တင်နေတာဗျ။ မြေးလေးတွေလည်း ပါလာတော့ သူတို့မိသားစု နဲ့ပဲ အလုပ်ရှုပ်နေတာ။ မနေ့ကတော့ ပြန်သွားကြပြီ။ အခုမှပဲ ကျွန်တော်လည်း ကိုယ်ပိုင်အချိန် လေးတွေ ပြန်ရတော့တယ်။ ဦးမိုး – အေးပါဗျာ ကောင်းပါတယ်။ ခင်ဗျားကတော့ သားနဲ့ မြေးတွေနဲ့ သိုက်သိုက် ဝန်းဝန်း ဆိုတော့။ ကျုပ်ကိုတောင် တပည့် သားမြေးများက […]

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁) Read More »

ကုန်သွယ်ရေးစစ်ကြောင့်အထိနာမည့် တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ

ဘင်္ဂလားဒေ့ရှ်နှင့်သီရိလင်္ကာ စသည့် တောင်အာရှနိုင်ငံများနှင့် ထိုင်း၊ မလေးရှားစသည့်  အရှေ့တောင်အာရှ နိုင်ငံများသည် ဒေါ်နယ်ထရမ့်နှင့် သဘောတူညီချက် မရလျှင် စီးပွားရေး အခက်အခဲများ ရင်ဆိုင် ကြုံရမည်။ တောင်အာရှဒေသ အလုပ်သမားဈေးကွက်မှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်တဲ့ နှုန်းဟာ ယေဘုယျအားဖြင့် ဆိုရင် အတော်ကို ဆိုးဆိုးရွားရွား နိမ့်ကျ နေပါတယ်။ ဒါပေမဲ့ ဒီဒေသကြီးအတွင်းက အထည်ချုပ် စက်ရုံတွေ ကတော့ ခြွင်းချက် ထားရမယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံမှာ အပ်ချုပ်စက်တွေနဲ့ ချုပ်လုပ်နေတဲ့ စက်ချုပ် အလုပ်သမ တွေက လုပ်သား အင်အားရဲ့ သုံးပုံနှစ်ပုံ လောက်ရှိတယ်။  အထည်ချုပ် လုပ်ငန်းက ၁၉၈ဝ ပြည့်လွန်နှစ်တွေ ကာလ နောက်ပိုင်းမှာ နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု ကို ဦးဆောင်နေပြီး သန်းချီရှိတဲ့

ကုန်သွယ်ရေးစစ်ကြောင့်အထိနာမည့် တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ Read More »

ဗိုလ်ကျသူနဲ့ လိမ္မာသူ

စင်္ကာပူနိုင်ငံက သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့နိုင်ငံတွေကို စော်ကားလိုက်တယ်လို့ မြင်ပါတယ် ငယ်ငယ်တုန်းက ကျောင်းက ကစားကွင်းကို အတန်းထဲက အနိုင် ဗိုလ်ကျလေ့ရှိတဲ့ ကျောင်းသားတစ်စုက အုပ်စီး ထားတယ် ဆိုပါတော့။ လိမ္မာပြီး စည်းကမ်းတကျ နေတတ်တဲ့ ကျောင်းသားလေးတွေ ဘာလုပ်ကြမယ် ထင်ပါလဲ။ ဒီလို အကျပ်အတည်းမျိုး ကမ္ဘာ့ စီးပွားရေး အခင်းအကျင်းမှာ ဖြစ်နေပါပြီ။ ဒီနှစ် ဇန်နဝါရီလမှာ သမ္မတအဖြစ် နောက်တစ်ဖန် ပြန်ရောက်လာတဲ့ ဒေါ်နယ်ထရမ့် တစ်ယောက်ဟာ ကုန်သွယ်ဖက် နိုင်ငံတွေကို အစွန်းရောက် အာဏာရှင်ဆန်ဆန် ဖိနှိပ် ဆက်ဆံလာပါတယ်။ ဒီ အပြုအမူ မျိုးဟာ သူရဲ့ အရင် သမ္မတသက်တမ်းတုန်းကနဲ့ မတူတဲ့ လုပ်ရပ်တစ်ခုပါ။ အဲဒီတုန်းကတော့ အစိုးရ အာဏာပိုင်တွေက ကမ္ဘာ့ နိုင်ငံတွေကို ထိန်းချုပ်နိုင်ဖို့

ဗိုလ်ကျသူနဲ့ လိမ္မာသူ Read More »

ဒါလိုင်လားမားရဲ့ အနာဂတ်နဲ့ တိဗက်ရဲ့ စိန်ခေါ်မှုများ

(Featured Article) ဒါလိုင်လားမားကြီးဟာ ဇူလိုင်လ ၆ ရက်နေ့မှာ အသက် ၉၀ ပြည့် မွေးနေ့ပွဲ ကျင်းပခဲ့ပါတယ်။ မိုးရွာနေပေမယ့်လည်း ဘုန်းကြီးတွေနဲ့  ဒါယကာ၊ဒါယိကာမတွေအများကြီး လာရောက် ဂုဏ်ပြုခဲ့ ကြပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုလို ကမ္ဘာ့ခေါင်းဆောင်တချို့က သူ့ထံ မွေးနေ့ဆုတောင်းတွေ ပို့ခဲ့ကြ ပါတယ်။ သူ့ကို ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းရေးရဲ့ သင်္ကေတအဖြစ် ချီးကျူးခဲ့ကြပါတယ်။ နာမည်ကြီး သရုပ်ဆောင် ရစ်ချတ်ဂီယာ (Richard Gere) အပါအဝင် လူအများအပြားက မွေးနေ့ပွဲကို တက်ရောက် ပြီး သူ့ကို အားပေးခဲ့ကြပါတယ်။ ကိုယ်တော်ကြီးဟာ အသက် ၉၀ ပြည့်ပြီ ဖြစ်ပေမယ့် ကျန်းမာရေးက အံ့ဩစရာ ကောင်းလောက် အောင် ကောင်းတုန်းပဲ။

ဒါလိုင်လားမားရဲ့ အနာဂတ်နဲ့ တိဗက်ရဲ့ စိန်ခေါ်မှုများ Read More »

တိုက်တန်းနစ် ကုလသမဂ္ဂ

ဤဆောင်းပါးမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၂၀၀၇ မှ ၂၀၁၆ အထိ တာဝန် ထမ်းဆောင် ခဲ့သည့်ဘန်ကီမွန်းနှင့် UNDP အကြီးအကဲအဖြစ် ၂၀၀၉ မှ ၂၀၁၇ အထိ ထမ်းဆောင်ခဲ့သည့် ဟယ်လင်ကလာ့ခ် တို့ ရေးသားသည့်ဆောင်းပါးဖြစ်သည်။ ဘန်ကီမွန်းနှင့် ဟယ်လင် ကလာ့ခ် တို့သည် တောင်အာဖရိက လူမည်းသမ္မတ နယ်လ်ဆင် မန်ဒဲလား တည်ထောင်ခဲ့သည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရသူအများအပြား ပါဝင်သည့် The Elders အဖွဲ့ဝင်များ ဖြစ်ကြသည်။ ~ ~ ~ ~ ~ ~ ~ ~ ၁၉၆၂ခုနှစ်တွင် အမေရိကန်၊ ဆိုဗီယက်ပြည်ထောင်စု၊ ကျူးဘားတို့အကြား ဝက်ပင်လယ်အော်အရေး အခင်းကိုအောင်မြင်စွာ စေ့စပ်ဖြေရှင်းပေးခဲ့သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်အလုပ်ဆိုတာ တကယ်တော့ ကမ္ဘာ့ရုံးစာရေးကြီးအလုပ်ပါ ဟု ပြောခဲ့ဖူးသည်။ နိုင်ငံခေါင်းဆောင်များကို ပြောနိုင် ဆိုနိုင် အကြံပြုနိုင်သော်လည်း လိုက်ကိုလိုက်နာရမည် ဟူသည့် သြဇာအာဏာ မရှိခြင်းကို ဆိုလိုပုံရပါသည်။ လက်ရှိ ကာလတွင်မည်သည့် အရေးအခင်းကိုမှ မဖြေရှင်းနိုင်သူ အန်တိုနီယို ဂူတားရက် လက်ထက်မှာတော့ ဆနွင်းမကင်းတွေ (စိုးရိမ်မကင်း) ပဲ ဖုတ်နေသည်ဟု လှောင်ပြောင် ကြသည်။ ဒေါ်နယ်ထရမ့်က (WHO) မှ ထွက်လိုက် ပြီးနောက်တွင် ကုလသမဂ္ဂမှလည်း ထွက်မည်လားဟု ထင်မြင်ခဲ့ကြသည်။ ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေ အတွင်းရေးမှူး ချုပ် ဒက် ဟမ်းမားရှိုးက “ကုလသမဂ္ဂကို ဖွဲ့စည်းတာ (နိုင်ငံအားလုံး) နတ်ပြည်တက်ဖို့ မဟုတ်ပါဘူး။ ငရဲပြည်မကျဖို့ပါ” ဟု ပြောဆိုခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ဤသီတင်းပတ်မှာပင် စာချုပ်ကြီးကို လက်မှတ်ထိုးခဲ့ကြသည်။ အမေရိကန် သမ္မတ ထရူးမင်းက စာချုပ်ကြီး၏ တန်ဖိုးမှာ အဖွဲ့ဝင်နိုင်ငံများက မည်မျှ လိုက်နာ ကျင့်သုံးကြမည်ဟူ သည့် စိတ်ဆန္ဒပေါ်တွင်မူတည်ကြောင်း ပြောခဲ့သည်။ “ကျွန်တော်တို့ရဲ့ ကိုယ်ကျင့် တရားနဲ့ စရိုက် လက္ခဏာတွေ အပေါ် ဒီအလုပ်ကြီးက တောင်းဆိုမှု တွေ အရမ်းများမှာပဲ” ဟု သူကဆိုသည်။ ဤအချက်မှာ ၁၉၄၅ခုနှစ်တုန်းက ပိုမိုထင်ရှားမည် ဖြစ်သော်လည်း ယနေ့အခါတွင်မူ နိုင်ငံ ပေါင်းစုံပါဝင် သည့်အဖွဲ့ကြီး ကောင်းစွာလည်ပတ်ရန် မည်သည့်အရာများလိုအပ်သည်နှင့် မည်သည့် အတွက် လိုအပ်သည်တို့ကို ကမ္ဘာကြီးကမေ့သွားလေပြီ။ စစ်ပွဲအစား ငြိမ်းချမ်းရေးကို ရွေးခဲ့ သည်ကတော့ ထင်ရှားသည်။ သို့ရာတွင် ငြိမ်းချမ်း ရေး ကို ထိန်းသိမ်းရန်အတွက် သဘောတူညီချက်ရရန် ကမ္ဘာစစ် ကြီးနှစ်ခု၏ ကြောက်မက်ဖွယ်တို့ကို ဖြတ်ကျော်ခဲ့ ရသည်။  ကမ္ဘာကြီးသည် အထိန်း အကွပ်မဲ့ အာဏာ၊ မကြုံဖူး သည့် ပဋိပက္ခများ၊ စီးပွားရေး ကပ်၊ ရောဂါများ၊ ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲ မွဲတေမှု များပြည့်နေသည့် အန္တရာယ်တွင်း ထဲသို့ စစ်ပြီးခေတ်တွင် ပိုမိုကောင်းမွန်ကျယ်ပြန့်သည့် ငြိမ်းချမ်းရေး၊ သာယာ၀ပြောရေးနှင့် လူ့အခွင့် အရေး အပေါ်လေးစားလိုက်နာမှုရှိသည့် ကမ္ဘာကြီးကို အတူတကွ တည်ဆောက်ရန် ၎င်းတို့၏ စိတ်ခွန် အားများကို နိုင်ငံအများကအနည်းနှင့်အများ ပါဝင်စိုက်ထုတ်ခဲ့ကြသည်။ ပြီးပြည့်စုံမှု မရှိသေး

တိုက်တန်းနစ် ကုလသမဂ္ဂ Read More »

အမေရိကန်ပါဝင်လာသည့် အစ္စရေး နဲ့ အီရန်စစ်ပွဲ 

 ဒီကနေ့ ကမ္ဘာကြီးရဲ့ အနာဂတ်ကိုပါ ခြိမ်းခြောက်လာတာကတော့ ကျယ်ပြန့်လာနေတဲ့ အစ္စရေးနဲ့ အီရန် နှစ်နိုင်ငံရဲ့စစ်ပွဲကြီးပါပဲ။ ဇွန်လ ၂၁ရက်နေ့ကစပြီး အမေရိကန်ပြည်ထောင်စု ပါဝင်လာ ပြီ ဖြစ်ပါတယ်။ ခေတ်သစ်လက်နက်မျိုးစုံကို နှစ်ဖက်စလုံးကထုတ် သုံးနေကြပါပြီ။ အစ္စရေးရော အီရန် ကပါ အဏုမြူ လက်နက်တွေနဲ့ တိုက်တော့မလားနဲ့ ကမ္ဘာပြည်သူတွေ ထိတ်လန့်နေကြရနေပြီလေ။ တတိယကမ္ဘာစစ် ဒါမှမဟုတ် အဏုမြူစစ်ပွဲကြီးကိုဦးတည်နေပြီလို့တောင်ဆိုနိုင်လာပါပြီ။                   နောက်ကြောင်းပြန်ကြည့်ရင် အီရန်ကလည်း အမေရိကန်နဲ့အစ္စရေးဟာ သူရဲ့ မဟာ ရန်သူတော် တွေလေ။ သူတို့မှာက အဏုမြူ လက်နက်တွေရှိတော့ သူကလည်း အဏုမြူလက်နက် ပိုင်ဆိုင် ချင်တယ်။ ဒါမှအစ္စရေးနဲ့ အမေရိကန် ကိုဟန့်တားနိုင်မှာပေါ့။ အစ္စရေးကလည်း ဒါကိုလက်မခံဘူး။ အီရန်လက်ထဲ အဏုမြူ လက်နက်ဆိုလို့ဘယ်လိုဟာမျိုးမှအရောက်မခံနိုင်ဘူး။ အီရန်လက်ထဲ အဏုမြူ လက်နက်ရောက်ရင် အစ္စရေးနိုင်ငံ ကမ္ဘာပေါ်ကနေ ပျောက်သွားမယ်လို့ တထစ်ချ ယုံကြည် ထားတာမို့

အမေရိကန်ပါဝင်လာသည့် အစ္စရေး နဲ့ အီရန်စစ်ပွဲ  Read More »

စစ်ပွဲကြားက ပြည်သူတွေ 

စစ်ဖြစ်တယ်ဆိုတာ နှစ်ဖက် ခေါင်းဆောင်တွေ ပြဿနာ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ အခါ အနိုင် လုကြရင်းက လက်နက်အားကိုးနဲ့ သူနိုင် ကိုယ်နိုင် ဖြေရှင်းကြတာပါ။ သို့သော်လည်း စစ်ပွဲရယ်လို့ ဖြစ်လာတဲ့အခါ အရင်ဆုံး ကြားညပ်တာက နှစ်ဖက်ပြည်သူတွေပါ။ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ပြည်သူများ အသက် အိုးအိမ် စည်းစိမ်တွေ စွန့်ခွာရမယ့် ရန်က ချက်ချင်း ကျရောက်လာပါတယ်။ အနည်းနဲ့ အများ ထိခိုက်ကြတယ်ဆိုပေမယ့် သမိုင်းမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲများမှာ အနည်းဆိုတာ သိပ်မရှိ သလောက်ပါပဲ။  ၂၀၂၅ခု ဇွန်လ ၁၃ ရက်နေ့မှာ အစ္စရေးနိုင်ငံက အီရန်နိုင်ငံဟာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲပြီး အရှေ့အလယ်ပိုင်း စစ်ပွဲ စတင်လိုက်ပါတယ်။ အစဥ်အလာအရ အစ္စရေးကို

စစ်ပွဲကြားက ပြည်သူတွေ  Read More »

တရုတ်၊ အမေရိကန် နဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ – CWM

စင်္ကာပူမှာ ရှန်ဂရီလာဒိုင်ယာလော့ ဆွေးနွေးပွဲပြီးသွားတော့ တရုတ် နဲ့ အမေရိကန် ကိုယ်စားလှယ် တွေကြား အပြန် အလှန် အသံလေးတွေ ထွက်လာတယ်။ ဒီပွဲကို အမေရိကန်ကာကွယ်ရေးဝန်ကြီးသစ် ပိ ဟက်ဆက် တက်ရောက်တယ်။ ပိ ဟက်ဆက် ဆိုတာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရွေးချယ် ခန့်ထားတဲ့ အသက်(၄၅) နှစ်သာ ရှိသေးတဲ့ အမေရိကန် အမျိုးသား အစောင့်တပ် အရာရှိဟောင်း၊ ငယ်ရွယ်ပြီး ပြတ်သားတဲ့ စကားတွေပြောတတ်ပေမယ့် ပထဝီ နိုင်ငံရေးကိုတော့ သိပ်ကျေညက်ပုံ မရဘူး။ ကာကွယ်ရေးဝန်ကြီးရာထူးအတွက် ဆီးနိတ်ကြားနာစစ်ဆေးပွဲတုန်းက အထက် လွှတ်တော် အမတ် အမျိုးသမီး ဒတ်ဝပ်က အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ အမည်ကို ပြောပါဆိုတော့ မပြော နိုင်ဘဲ တောင်ကိုးရီးယား၊ ဂျပန်၊ အောကပ်စ်အဖွဲ့အကြောင်းတွေကို စကားလမ်းကြောင်းလွှဲ ဖြေခဲ့

တရုတ်၊ အမေရိကန် နဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ – CWM Read More »

အရှေ့အလည်ပိုင်းအတွက် မရေရာတဲ့ ထရမ့်ရဲ့ လက်ဆောင်

[ဒေါ်နယ်ထရမ့်ရဲ့ ပါလက်စတိုင်းသားတွေကို ငရဲတွင်းမှ နှင်ထုတ်ရေးစီမံချက်ဟာ အင်ပါယာ အရှင်သခင်ရဲ့ စိတ်ကူးယဉ်အိပ်မက်လေလား၊ သို့မဟုတ် စေ့စပ်ညှိနှိုင်းရေး ပရိယာယ်ပေပဲလား။]  ဂါဇာသားတွေဟာ ဟားမာ့စ်နဲ့ အစ္စရေးတို့အကြား ဖြစ်ပွားနေတဲ့ တစ်ဆယ့် ငါးလကြာ စစ်ပွဲအတွင်းမှာ ကြီးစွာသော ဒုက္ခတွေကို ရင်ဆိုင်ကာ နေထိုင် နေကြ ရပါတယ်။ ထိုစစ်ပွဲအတွင်းမှာ ထောင်နဲ့ချီတဲ့လူတွေ သေခဲ့ကြရတယ်။ သို့ပေမယ့် သူတို့ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူတို့ရဲ့ ဒုက္ခသုက္ခတွေကို အဆုံးသွား အောင်လုပ်ပေးမယ်ဆိုတဲ့ အံ့အားသင့် စရာကောင်းတဲ့ စီမံကိန်း အကြောင်းကို ကြိုတင် မသိခဲ့ကြပါဘူး ထိုစီမံကိန်းကတော့ ပါလက်စတိုင်းတွေအားလုံးကို ဂါဇာမှ နှင်ထုတ်ပြီး ဂါဇာ ဒေသကို အရှေ့အလယ်ပိုင်းရဲ့ သာမောဖွယ်ကောင်းတဲ့ ပငယ်လယ်ကမ်းခြေ အပန်းဖြေ ဒေသတစ်ခုအဖြစ် ပြောင်းလဲပစ်မယ့် စီမံကိန်းပါ။  ထိုစီမံကိန်းအကြောင်းကြားလျှင်ကြားခြင်းပဲ အာရပ်အစိုးရတွေဟာ

အရှေ့အလည်ပိုင်းအတွက် မရေရာတဲ့ ထရမ့်ရဲ့ လက်ဆောင် Read More »

ဖြတ်တောက်ခြင်းများ၏ လောင်းကြေး

Dr Craig Spencer, an emergency medicine physician and an Associate Professor of the Practice of Health Services, Policy and Practice at Brown University School of Public Health က မတ်လ ၁၄ရက်နေ့ CNN နဲ့ အင်တာဗျူး အတွင်းမှာ ကမ္ဘာကြီးအတွက် ရောဂါတွေ လာနေပြီ “Diseases are coming” လို့ US ရဲ့ WHO က ထွက်ခွာမှု နဲ့ ပတ်သက်ပြီး သတိပေးသွားခဲ့ပါတယ်။ အောက်က ဆောင်းပါးမှာ အမေရိကန် က အထောက် အပံ့တွေ

ဖြတ်တောက်ခြင်းများ၏ လောင်းကြေး Read More »