The Corner

The Corner

cropped-Logo_round_grey-background.png

နည်းပညာ

အေအိုင်သည် ဆရာဝန်မဟုတ်၊ ဆရာဝန်သည် အေအိုင်မဟုတ်

ဂျော့ချ် မယ်လွန် (George Mallon) တစ်ယောက် အရင်နှစ်တုန်းက ပုံမှန် ကျန်းမာရေးစစ်ဆေးမှု လုပ်နေရင်းက သွေးဖောက်စစ်ဆေးပြီးတဲ့နောက်မှာ ပြဿနာတစ်ခုခု ရှိနေပြီဆိုတာ သိလိုက်ရတယ်။ ပထမအဆင့် သွေးအဖြေတွေအရ သူဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေရှိနေတယ်လို့ ညွှန်ပြနေတယ်။ စစ်ဆေးပေးတဲ့ ဆရာဝန်က နောက်ထပ် စစ်ဆေးမှုတွေလည်း ထပ်လုပ်ဖို့ လိုမယ်လို့ ပြောတယ်။ အဲဒီလိုနဲ့ စိတ်ပူပြီး ဘာဖြစ်မလဲဆိုတာကို စောင့်နေရတဲ့အချိန်မှာ သူက အခုခေတ် လူတော်တော်များများ လုပ်လေ့ရှိတဲ့အတိုင်း အေအိုင် (ChatGPT) ကို ဖွင့်ကြည့်မိလိုက်တယ်။ အင်္ဂလန်နိုင်ငံ လီဗာပူးလ်က အသက် ၄၆ နှစ်အရွယ် မယ်လွန်ဟာ သူ့ရဲ့ ရောဂါအခြေအနေ ဖြစ်နိုင်ခြေတွေနဲ့ ပတ်သက်ပြီး အဲဒီ အေအိုင်နဲ့ နေ့တိုင်း နာရီပေါင်းများစွာ စကားပြောရင်း နှစ်ပတ်လောက် အချိန်ဖြုန်းခဲ့တယ်။ […]

အေအိုင်သည် ဆရာဝန်မဟုတ်၊ ဆရာဝန်သည် အေအိုင်မဟုတ် Read More »

ပျားအုပ်ပုံ ဒရုန်းအုပ်စု စစ်ဗျူဟာ

ဒရုန်း (Drones) များသည် စစ်ပွဲ၏ စံနှုန်းမီလက်နက်များ ဖြစ်လာခဲ့ပြီဖြစ်သည်။ လက်တလောတွင် ယူကရိန်း စစ်မြေပြင်၌ အသေးစား ကွာ့ဒ်ကော့ပတာ (Quadcopters) ဒရုန်းများသည် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်စေသည့် အဓိကလက်နက်များ ဖြစ်နေပြီး မကြာသေးခင် သီတင်းပတ်များအတွင်းကလည်း အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်းရှိ မြို့ကြီးများ၊ လေဆိပ်များနှင့် ရေနံ ထုတ်လုပ်ရေး အဆောက်အအုံများပေါ်သို့ ပိုမိုကြီးမားသည့် ဒရုန်း ထောင်ပေါင်း များစွာကို မိုးရွာသကဲ့သို့ ကျရောက်စေခဲ့သည်။  သို့သော် ဒရုန်းများစွာနှင့် ၎င်းတို့၏ ဖျက်ဆီးနိုင်စွမ်း အလားအလာ မည်မျှပင်ကြီးမားစေကာမူ အသုံးပြုရန်အတွက် လူအင်အား အမြောက်အမြား လိုအပ်ပါသည်။ ကြိုတင်သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပျံသန်းခြင်းမျိုး မဟုတ်ပါက အသေးဆုံးဒရုန်းတစ်စင်းကိုပင် ထိန်းချုပ်ရန်နှင့် ပြုပြင်ထိန်းသိမ်းရန်အတွက် လူခြောက်ဦးအထိ လိုအပ်နိုင်သည်။ အကယ်၍ ထိုအချိုးအစားကို ပြောင်းပြန်လှန်လိုက်နိုင်လျှင် —ဆိုလိုသည်မှာ လူတစ်ဦးတည်းက ဒရုန်းအများအပြားကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်ပြီး၊ ဒရုန်းတစ်စင်းချင်းစီကလည်း ပစ်မှတ်တစ်ခုတည်းကို တိုက်ခိုက်ရန်

ပျားအုပ်ပုံ ဒရုန်းအုပ်စု စစ်ဗျူဟာ Read More »

ဖုန်းကိုချည်း ကြည့်မနေသင့်ကြောင်း အွန်လိုင်းက ပြောပြမယ်

အခုခေတ်စားနေတဲ့ ဖုန်းတွေကို အသုံးနည်းအောင် နည်းပညာနဲ့ ပြန်ထိန်းကြတာကို Digital Detox လုပ်တာလို့လည်း တစ်နည်းခေါ်ကြပါတယ်။ ဟုတ်ပါတယ်၊ အခုနောက်ပိုင်း လူတော်တော်များများက ဖုန်းမျက်နှာပြင်ကြည့်ချိန် (Screen Time) လျှော့ချချင်ကြပါတယ်။ အင်တာနက်ပေါ်မှာလည်း ဖုန်းကို နံရံမှာ ကြိုးနဲ့ချည်ထားတာမျိုး၊ ဆိုရှယ်မီဒီယာက ပုံတွေကို စက္ကူနဲ့ တကူးတက ပရင့်ထုတ်ကြည့်တာမျိုး ဒါမှမဟုတ် ဖုန်းကို အကြာကြီး ပစ်ထားတာမျိုးစတဲ့ ထူးဆန်းတဲ့ အကြံပြုချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံးတော့ လူတွေကြားထဲမှာ ကျော်ကြားနေတဲ့ နည်းလမ်းတစ်ခုကတော့ “The Brick” လို့ခေါ်တဲ့ ဖုန်းထဲက App တွေကို သုံးလို့မရအောင် ပိတ်တဲ့ ကိရိယာလေးပဲ ဖြစ်ပါတယ်။ Brick ဆိုတာ ဘာလဲ Brick ဆိုတာ မြန်မာလို တိုက်ရိုက်ပြန်ရင်တော့ “အုတ်ခဲ”

ဖုန်းကိုချည်း ကြည့်မနေသင့်ကြောင်း အွန်လိုင်းက ပြောပြမယ် Read More »

ဆိုရှယ်မီဒီယာကုမ္ပဏီများအတွက် စိန်ခေါ်မှုအသစ်

အိန္ဒိယအစိုးရသည် ဆိုရှယ်မီဒီယာကုမ္ပဏီများအနေဖြင့် စည်းကမ်းများနှင့် မညီညွတ်သည့် content များကို သက်ဆိုင်ရာ အာဏာပိုင်ထံမှ အကြောင်းကြားစာ ရရှိပြီး ၃ နာရီအတွင်း အပြီးတိုင် ဖြုတ်ချရမည်ဟူသော တင်းကျပ်သည့် စည်းမျဉ်းအသစ်ကို ပြီးခဲ့သည့်အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်သည်။ ဤသည်မှာ ယခင်က သတ်မှတ်ထားသော ၃၆ နာရီအတွင်း ဖြုတ်ချရမည်ဟူသော အချိန်ကာလကို အကြီးအကျယ် လျှော့ချလိုက်ခြင်းဖြစ်ပြီး Meta (Facebook)၊ YouTube နှင့် X (ယခင် Twitter) ကဲ့သို့သော နည်းပညာကုမ္ပဏီကြီးများအတွက် လိုက်နာဆောင်ရွက်ရန် ခက်ခဲသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်သည်။ ဥပဒေပြင်ဆင်ချက်နှင့် နောက်ခံအကြောင်းအရင်း ယခု ပြင်ဆင်လိုက်သည့် ဥပဒေသည် ၂၀၂၁ ခုနှစ်က ထုတ်ပြန်ခဲ့သော အိန္ဒိယအိုင်တီ (IT) စည်းမျဉ်းများ အပေါ် ကို အခြေခံ၍ ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာကုမ္ပဏီများအတွက် စိန်ခေါ်မှုအသစ် Read More »

နည်းပညာနဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေတဲ့ လူငယ်လုပ်ငန်းရှင်တွေ

ယနေ့ကာလမှာ  တစ်ကိုယ်တော် အောင်မြင်အောင် လုပ်ကိုင်တဲ့  စွန့်ဦးတီထွင် နည်းပညာ လုပ်ငန်းရှင်  (“Solopreneur”)  တွေ ပေါ်ထွက်လာနေပါတယ်။ အရင်က ကုမ္ပဏီကြီးတစ်ခု ဖြစ်ဖို့ဆိုရင် ဝန်ထမ်းတွေ အများကြီး လိုပါတယ်။ ဒါပေမဲ့  AI ခေတ်မှာတော့ လူတစ်ယောက်တည်းက ဝန်ထမ်းရာဂဏန်း လုပ်ရမယ့်အလုပ်တွေကို AI နဲ့ ခိုင်းပြီး ဒေါ်လာသန်းပေါင်းများစွာ တန်တဲ့ (Unicorn) ကုမ္ပဏီအထိ ဖြစ်အောင် တည်ဆောက်လာနိုင်တာကို ဆိုလိုတာပါ။ စီးပွားရေးလောကမှာ Unicorn Startup  ကုမ္ပဏီ ဆိုတာ တန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်တဲ့ ကိုယ်ပိုင် စီးပွားရေး (Startup) ကုမ္ပဏီကို ခေါ်တာပါ။ ဒီလိုမျိုး အောင်မြင်ဖို့က အလွန် ခဲယဉ်းတဲ့အတွက် Unicorn လို့ တင်စား ခေါ်တာ ဖြစ်ပါတယ်။ Startup

နည်းပညာနဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေတဲ့ လူငယ်လုပ်ငန်းရှင်တွေ Read More »

AI ကို ဘယ်သူတာဝန်ယူမှာလဲ

ကျွန်တော့်ရဲ့ ပြင်သစ်စကား စွမ်းရည်က စိတ်ပျက်စရာကောင်းလောက်အောင် တော်တော် သံချေး တက်နေပြီ။ ပြင်သစ် တီဗီ ဇာတ်လမ်းတွဲတွေကြည့်ရင် အောက်က စာတန်းထိုး (subtitles) ပါရင် တောင် မနည်းလိုက်ဖတ်နေရတဲ့ အဆင့်လောက်ပဲ ရှိတာပါ။ ဒါပေမဲ့ ဘာသာပြန် ညံ့တာတွေကို တွေ့ရင် စိတ်တိုတတ်လောက်တဲ့အထိတော့ တတ်နေပြီ။ အဲဒီလို ဘာသာပြန်အမှားတွေက ဇာတ်လမ်း ကြည့်ပြီးသွားတဲ့အထိ ကျွန်တော့်ခေါင်းထဲမှာ တော်တော်ကြာတဲ့အထိ စွဲကျန်နေတတ်တယ်။ ဥပမာပြောရရင် Amazon မှာကြည့်ခဲ့တဲ့ နာမည်ကျော် Baron Noir ဇာတ်လမ်းတွဲထဲက စာတန်းထိုး တချို့ဆိုရင် ခေတ်နောက်ကျနေတဲ့ ကွန်ပျူတာတစ်လုံးက ဘာသာပြန်တာ ဟုတ်ချင်ဟုတ် ဒါမှမဟုတ် ရင်လည်း အရမ်းပျင်းတဲ့ လူတစ်ယောက်က ဘာသာပြန်ထားတာ ဖြစ်ရမယ်။ ဒါ့အပြင် ကျွန်တော် အဖြေရှာမရဘဲ စဉ်းစားနေမိတဲ့ ဘာသာပြန်တာတွေလည်း

AI ကို ဘယ်သူတာဝန်ယူမှာလဲ Read More »

ဆင်းမ်ကတ် (SIM Card) မှသည် eSIM ဆီသို့

ဆင်းမ်ကတ်ဆိုတာ ကျွန်တော်တို့တွေရဲ့ ဖုန်းထဲမှာထည့်ပြီး ကိုယ်ပိုင်ဖုန်းနံပါတ်တွေနဲ့အတူ ကမ္ဘာကြီးကိုဆက်သွယ်ဖို့ လိုအပ်တဲ့ လက်သည်းခွံအရွယ် နည်းပညာဆိုင်ရာကတ်လေးဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါတုန်းက အဲဒီ ဆင်းမ်ကတ် တွေက ခရက်ဒစ်ကတ်အရွယ်အစားလောက်ရှိခဲ့ပါတယ်။ ဆင်းမ်ရဲ့ အရှည်ကောက်က (Sim – Subscriber Identity Module) ဆိုပြီးဖြစ်ပါတယ်။ ဆင်းမ်ကတ် တွေဟာ ငွေပေးချေတဲ့ကတ်/ခရက်ဒစ်ကတ် အရွယ်အစားကနေ တဖြည်းဖြည်း သေးငယ်လာခဲ့ပြီး အခုနောက်ဆုံး ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာတော့ ထိတွေ့ကိုင်တွယ်လို့ မရတော့တဲ့ ခေတ်မီ ဒစ်ဂျစ်တယ် နည်းပညာတွေ အသုံးပြုထားတဲ့ eSIM အထိ အဆင့်ဆင့် တိုးတက် ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။ ဆင်းမ်ကတ် (Physical Sim Card) များ ပြောင်းလဲလာပုံ ၁၉၉၁ ခုနှစ်မှာ ဂျီအက်စ်အမ် (GSM) ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ ခရက်ဒစ် ကတ်အရွယ်အစား

ဆင်းမ်ကတ် (SIM Card) မှသည် eSIM ဆီသို့ Read More »

ကလေးများအပေါ် နည်းပညာရဲ့ သက်ရောက်မှု

မြန်ဆန်စွာတိုးတက်ပြောင်းလဲနေတဲ့ ယနေ့ခေတ်အခါမှာ နည်းပညာဟာ ကလေးကနေ လူကြီးများ အားလုံးရဲ့ တစ်နေ့တာမှာ မပါမဖြစ်တဲ့ အခြေအနေကို ရောက်ရှိလို့လာနေပြီ ဖြစ်ပါတယ်။ ဖန်သားမျက်နှာပြင်ဟာ ကလေးများရဲ့ ပတ်ဝန်းကျင်မှ မမြင်တွေ့ချင်မှ အဆုံး ရှိနေပါပြီ။ အိမ်၊ ကျောင်း၊ ဈေးဆိုင်၊ စူပါမားကက်၊ ကစားကွင်း စတဲ့နေရာတွေအားလုံးမှာ ဖုန်း၊ တက်ဘလက် (Tablet)၊ တီဗွီ၊ ကွန်ပျူတာ၊ LED ဘုတ် ပုံစံမျိုးစုံနဲ့ တွေ့ရပါတယ်။ ကလေးတွေဟာ နည်းပညာကို အသုံးပြုပြီး ပညာရေးဆိုင်ရာအက်ပလီကေးရှင်း (Educational Application) တွေကနေတစ်ဆင့် ကမ္ဘာသစ်ကြီးကို ထိတွေ့နိုင်သလို နည်းပညာအခြေပြု ပလက်ဖောင်းမျိုးစုံကနေ မိသားစု၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ် ပြောဆိုနိုင်နေတာလည်း ဖြစ်ပါတယ်။ နည်းပညာဟာ ကလေးတွေရဲ့ သင်ယူမှုစွမ်းရည်၊ သိမြင်မှု စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်တာအပြင် တစ်ကမ္ဘာလုံးနဲ့

ကလေးများအပေါ် နည်းပညာရဲ့ သက်ရောက်မှု Read More »

AI က ကလေးတွေရဲ့ ဘဝကို ပြောင်းလဲပစ်နိုင်လား

အိမ်မှာရော ကျောင်းမှာရော AI က ကလေးတွေရဲ့ ဘဝကို ပြောင်းလဲပစ်နေတယ်။ AI က ကောင်းကျိုးတွေနဲ့အတူ ဆိုးကျိုးတွေကိုပါ သယ်ဆောင်လာတယ် ယနေ့ခေတ် ဆရာတွေက အဖြေရှာမရ ဖြစ်နေကြရတယ်။ သူတို့ရဲ့ ကျောင်းသားတွေဟာ အမည်မသိ လူတစ်ဦးထံကနေ သင်္ချာ ပုစ္ဆာတွေရဲ့ အဖြေကို ခိုးချနေသလို ဖြစ်နေတယ်။ သေချာ အဖြေရှာကြည့်တော့ တရားခံက ခမ်း အကယ်ဒမီ အွန်လိုင်း သင်တန်းကျောင်းက simulation လုပ်ထားတဲ့ AI ဆရာ ပိုင်သာဂိုရပ်စ် ဖြစ်နေတယ်။ သူက ကျောင်းသားတွေရဲ့ သင်္ချာပုစ္ဆာတွေကို ဒိုင်ခံ ဖြေရှင်းပေးနေတာပါ။ ကလေးတွေက AI ခေတ်မှာ ရှေ့က ဦးဆောင်သူတွေ ဖြစ်သလို အစမ်းသပ်ခံတွေလည်း ဖြစ်နေတယ်။ အမေရိကန် ကလေးတွေက AI ကို

AI က ကလေးတွေရဲ့ ဘဝကို ပြောင်းလဲပစ်နိုင်လား Read More »

ကလေးတွေရဲ့ စိတ်ကူးကို ပုံဖော် ထုဆစ်မယ့် AI

ခရစ္စမတ်အကြို AI ရေစီးကြောင်းများ ဒီနှစ် ခရစ္စမတ်ပွဲတော်အတွက် ထုတ်လုပ်ထားတဲ့ ခြေအိတ် တွေထဲမှာ ကလေးတွေအတွက် ပုံမှန်ထက် ပိုပြီး အံ့သြစရာတွေ ပါလာနိုင်ပါ တယ်။ဘာကြောင့်လဲဆိုတော့ သူတို့ဖွင့်လိုက်တဲ့ လက်ဆောင်ပစ္စည်းတွေဟာ ကလေးတွေကို စကားပြန်ပြောနိုင်တဲ့ ပစ္စည်းတွေ  ပါဝင် နေလို့ပါပဲ။ ကလေးတွေအတွက် သူတို့နဲ့ စကားပြောပြီး အပြန်အလှန် ဆက်ဆံလို့ရတဲ့  အရုပ်တွေဟာ တစ်မူထူးခြားလှပါတယ်။ တရုတ်နိုင်ငံက အရုပ်ထုတ်လုပ်သူတွေက ၂၀၂၅ ခုနှစ်ကို ‘ဉာဏ်ရည်တု နည်းပညာနှစ်’ (Year of Artificial Intelligence – AI) လို့ ကြေညာထား ကြပါတယ်။ သူတို့ဟာ စက်ရုပ် (Robots) တွေနဲ့ အမွေးပွ ဝက်ဝံရုပ်(Teddies) တွေကို ထုတ်လုပ်နေကြပြီး အဲဒီအရုပ်တွေက ကလေးတွေကို စာသင်ပေးနိုင်တယ်၊ သူတို့နဲ့အတူ

ကလေးတွေရဲ့ စိတ်ကူးကို ပုံဖော် ထုဆစ်မယ့် AI Read More »