အီရန်ကို အမေရိကန် ဝင်တိုက်တော့မှာလား
အီရန်မှာ စနေနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) က တက္ကသိုလ်ကျောင်းသားတွေရဲ့ ခါမေနီအစိုးရ ဖြုတ်ချရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့လက တစ်နိုင်ငံလုံး အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲတွေအပြီးမှာ ထပ်မံ ပေါ်ပေါက်ခဲ့တာပါ။ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲကို အီရန်စစ်တပ်က နှိမ်နင်းခဲ့လို့ လူပေါင်း (၅,၀၀၀) ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အီရန်အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်မှာတော့ သေဆုံးသူပေါင်း ၃,၀၀၀ ကျော်ရှိပြီး ဒီအထဲမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ စနေနေ့က ဖြစ်ပွားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲကို ကြည့်ရင် အီရန်လူငယ်တွေဟာ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေး၊ ရှေးရိုးဝါဒီ အစွန်းရောက် ခါမေနီအစိုးရ ဖယ်ရှားရေးကို ဘယ်လောက်အထိ လိုလားနေတယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။ […]
အီရန်ကို အမေရိကန် ဝင်တိုက်တော့မှာလား Read More »







