ဂါးနီးကား ပန်းချီဂယက်
ဂယက် – ၁ ဒီဂယက်က ပန်းချီကားသက်တမ်း ၆၆ နှစ်နီးပါးအကြာမှာ ပေါ်ခဲ့တဲ့ဂယက်။ ပီကာဆို၏ ဂန္ထဝင်မြောက်လက်ရာက နှစ်ပေါင်းကာလအတန်ကြာသည်အထိ ဂယက်ရိုက်ဆဲ။ ဖြစ်ပုံက ဤသို့။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကောလင်းပါဝဲလ်သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်၊ လုံခြုံရေးကောင်စီအစည်းအဝေး၌ မိန့်ခွန်းပြောသည်။ သမိုင်းတွင်ရစ်သည့် မိန့်ခွန်း။ အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန်က လူအစုလိုက်အပြုံလိုက် သေစေနိုင်သော လက်နက် ပစ္စည်းများကို အင်အားတကြီး စုဆောင်းနေကြောင်း၊ အထူးသဖြင့် ဇီဝလက်နက်/ဓာတု လက်နက် များကို တိုး၍ ထုတ်လုပ်နေကြောင်း၊ အီရတ်ခေါင်းဆောင်များလက်ဝယ်ရှိ ယင်းလက်နက်များသည် ဒေသဆိုင်ရာလုံခြုံမှုကိုသာမက ကမ္ဘာကြီးတစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုပါ ခြိမ်းခြောက် နေကြောင်း ပြောသည်။ ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးကို အမေရိကန်အစိုးရက စိုးရိမ်တာ နည်းနည်းပဲဖြစ်မည်။ တကယ့်တကယ်က အီရတ်ကို ဝင်တိုက်ဖို့ အစပျိုးနေ၊ […]
ဂါးနီးကား ပန်းချီဂယက် Read More »



