The Corner

The Corner

cropped-Logo_round_grey-background.png

သူရေးတဲ့စာ

Pachamama ကယ်တော်မူပါ

“ပျံသန်းတဲ့ငှက်ကို သူတို့မို့ ဖမ်းချင်တာ . . . . ရွှေလှောင်အိမ်မှာ ပျော်လို့မရပါ . . . ချစ်တဲ့ကောင်းကင်ရဲ့ လွတ်လပ်မှုကိုရှာ “ ဆိုသည့် သီချင်းလေးကို တစ်ချိန်က အလွန်နှစ်သက်မိခဲ့၏။ ရှမ်းသံလေး ခပ်ဝဲဝဲက သဘာဝသရုပ်ကို ပေါ်အောင် တမင်ဖြည့်ဆည်းပေးနေလို့လားမသိ။ တေးရေး ဆရာစိုင်းခမ်းလိတ်၏ သီချင်းများတွင် ဤကဲ့သို့ သဘာဝနှင့် ဆက်စပ်လျက် ရေးဖွဲ့လေ့ရှိသည်။ နောက်ဆုံးအပိုဒ်ဖြစ်သည့် ‘ချစ်တဲ့ချစ်သူရဲ့ ယုယမှုကိုရှာ’ ဆိုသည့် အပိုဒ်တွင် လူငယ်တို့သဘာဝတွင် ဖြစ်တည်တတ်သည့် ချစ်ခြင်းအကြောင်းဖြင့် နှိုင်းယှဉ်ရေးဖွဲ့ပြသွားသည်မှာ ကျွန်တော်တို့ လူငယ်ထုအတွက် အားကိုးစရာ လက်နက်ကြီးတစ်ခု ရလိုက်သလိုမျိုး ခံစားရစေခဲ့သည်။ ဟုတ်သည်။ ငှက်တို့မည်သည် ကောင်းကင်တွင်သာ လွတ်လွတ်လပ်လပ် ပျံသန်းခြင်းသည်သာ ငှက်၏ အဓိပ္ပာယ် ဖြစ်သလို၊ ပန်းဆိုသည်မှာလည်း […]

Pachamama ကယ်တော်မူပါ Read More »

ကျွန်တော့်ပြတင်းပေါက်က ဂါဇာမြင်ကွင်း

ဂါဇာကမ်းမြောင်ကို အစ္စရေးစစ်ရှိန်မမြင့်ခင် နှစ်ရက်အလိုမှာ ကျွန်တော်တို့မိသားစုက ပေါင်မုန့်တွေ ဝယ်ခဲ့တယ် ။ ကျွန်တော်တို့မိသားစု အိမ်ကနေ မဖြစ်မနေ ထွက်ခွာခဲ့ရပြီးတဲ့နောက် အဲဒီပေါင်မုန့်တွေ ပြန်ယူဖို့ရာ အိမ်ကို ကျွန်တော် ဘီးစီးသွားခဲ့တယ်။ (မိုးဆတ်အာဘူတိုးဟာ။ ၂၀၂၃ အောက်တိုဘာ ၂၀။ နယူးယော့ကာ မဂ္ဂဇင်း) အောက်တိုဘာလ ၁၂ ရက် ကြာသပတေးနေ့ကပေါ့ဗျာ။ စာရွက်ပိုင်းလေးတွေ ဘိတ်လားဟီယာမြို့ရဲ့ ကောင်းကင်ကနေ ကျလာတယ်။ ဘိတ်လားဟီယာက ဂါဇာကမ်းမြောင်မြောက်ခြမ်း၊ ကျွန်တော်တို့မိသားစုရဲ့ အိမ်ရှိတဲ့မြို့ပါ။ စာရွက်တိုင်းမှာ အစ္စရေးတပ်မတော်တံဆိပ်နဲ့အတူ သတိပေးချက် ပါလာတယ်။ ဟားမားစ်စစ်ရေးလှုပ်ရှားမှုနေရာတွေ၊ စစ်သွေးကြွတွေနဲ့ ဝေးဝေးနေဖို့ရယ်၊ မိမိနေအိမ်ကိုစွန့်ပြီး ချက်ချင်းလက်ငင်း ထွက်ခွာပေးဖို့ရယ် . . . ဒါပဲ။ ကျွန်တော် အိမ်အောက်ထပ်ကို ဆင်းလာတဲ့အခါ မိဘနှစ်ပါးနဲ့အတူ ကျွန်တော့်အစ်ကိုနဲ့ နှမတွေ ပစ္စည်းထုပ်ပိုးနေတာ

ကျွန်တော့်ပြတင်းပေါက်က ဂါဇာမြင်ကွင်း Read More »

အထင်မှားနေကြတဲ့ လိပ်ပြာတောင်ပံသက်ရောက်မှု

လိပ်ပြာတောင်ပံသက်ရောက်မှု ဆိုတာ တကယ့် အံ့ဖွယ်ဖြစ်စဉ်ပါ။ ဒါပေမဲ့ ခင်ဗျား ထင်သလိုတော့ မဟုတ်ပါဘူး။ လိပ်ပြာတောင်ပံသက်ရောက်မှုကို ရုပ်ရှင်တွေ၊ စာအုပ်တွေ နဲ့ လူမှုကွန်ရက် မီဒီယာ ဇာတ်လမ်းတွေထဲမှာ ဖော်ပြကြတယ်။ ဒါပေမဲ့ သူ့ရဲ့ နောက်ကွယ်က သိပ္ပံအချက်အလက်တွေက သိပ္ပံပညာရှင်တွေ အနာဂါတ်ကို ခန့်မှန်းတဲ့နေရာမှာ သုံးတာပဲ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ အမ်အိုင်တီ (MIT) မိုးလေဝသပညာရှင် အက်ဒဝပ်ဒ် လောရန့်ဇ် က ရာသီဥတုကို ခန့်မှန်းနိုင်တဲ့ ပရိုဂရမ် တစ်ခုရေးဆွဲခဲ့တယ်။ သူ့ရဲ့ နမူနာ မော်ဒယ်ထဲမှာ ကိန်းရှင်တွေ ဒါဇင်ချီ သုံးရပြီး အဲဒီထဲက တန်ဖိုး တစ်ခုက ၀.၅၀၆၁၂၇ ဖြစ်တယ်။ သူက ကွန်ပျူတာထဲက မော်ဒယ်ကို နောက်တစ်ခါ ထပ်တွက်ခိုင်းတဲ့အခါမှာ တန်ဖိုးကို ၀.၅၀၆

အထင်မှားနေကြတဲ့ လိပ်ပြာတောင်ပံသက်ရောက်မှု Read More »

လက်ခုပ်တီးခြင်း အနုပညာ

များသောအားဖြင့် “Got Talent” ဟုခေါ်သည့် တစ်ဦးချင်း (သို့) အုပ်စုလိုက် စွမ်းရည် ပြိုင်ပွဲများ မျိုးစုံကို ကြည့်ဖြစ်သည်။ အထူးသဖြင့် ကိုယ်ဘာလုပ်ရမည်ကို ဆုံးဖြတ်ရခက်နေသည့် အချိန်မျိုးတွင်ဖြစ်သည်။ ထိုပြိုင်ပွဲပေါင်းများစွာသည် youtube ပေါ်တွင် အများကြီး ရှိပါသည်။ နာမည်ကြီးသည့် Britain’s Got Talent နှင့် America’s Got Talent – AGT ဟုခေါ်သည့် စွမ်းရည်ပြိုင်ပွဲများကို ကျွန်တော် ကြည့်ဖြစ်သည်။ ထိုပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်သူ၊ အကဲဖြတ်ဒိုင်လူကြီး၊ အားပေး သည့်ပရိသတ် စသည့်အားလုံးကို သဘောကျမိသည်။ Got Talent အစီအစဥ်ကို စီစဥ်သူ ဆိုင်မွန် ကောင်ဝဲလ် (Simon Cowell) က ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်ကို “Got Talent”

လက်ခုပ်တီးခြင်း အနုပညာ Read More »

အဲဂုတ္တပြည်၏လွင်တီးခေါင်နှင့် လွှားကာ

A Midsummer Night’s Dream Act 5, Scene 1 သူရူး၊ ချစ်သူနှင့် ကဗျာဆရာ Lovers and madmen have such seething brains, Such shaping fantasies, that apprehendMore than cool reason ever comprehends.The lunatic, the lover, and the poetAre of imagination all compact.One sees more devils than vast hell can hold—That is the madman. The lover, all as frantic,Sees Helen’s beauty

အဲဂုတ္တပြည်၏လွင်တီးခေါင်နှင့် လွှားကာ Read More »

ခေါင်းလောင်းလည်းကြေး၊ ချူလည်းကြေး

ပညာရေးနယ်ပယ်မှာ သင်ယူခွင့် အခွင့်အလမ်းတွေ တဖြည်းဖြည်း ပိုများလာတာ ဝမ်းသာစရာပါ။ ဟိုနေရာ၊ ဒီနေရာ စသည်အားဖြင့် နေရာ အတော်များများမှာ အခွင့်အလမ်းတွေများလာတဲ့ သဘောရှိပါတယ်။ အထူးသဖြင့် မဟာဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာစတဲ့သင်တန်းတွေတက်လိုသူတွေအတွက် အရင်ကထက် အခွင့်အလမ်း ပိုများလာတယ်လို့ ပြောရင် ရနိုင်မှာပါ။ ပညာရေး အဖွဲ့အစည်းတွေထူထောင်လာကြတာတွေရှိသလို ထူထောင်ထားတဲ့တက္ကသိုလ်၊ ကောလိပ် တွေမှာလည်း သင်တန်းအမျိုးအစားအသစ်တွေ တိုးတိုးဖွင့်ကြတာတာတွေရှိတာပေါ့။ ဒါ့ထက်ပိုတာက သင်ကြားမှု ပုံစံတွေပါ ပြောင်းလာကြတာပါ။ ဟိုအရင်ကတော့ တက္ကသီလာ မြကျွန်းသာဆိုတာ အဝေးသင် တက္ကသိုလ်တွေကလွဲလို့ ကျောင်းပရိဝုဏ်ထဲ ကိုယ်တိုင်ကိုယ်ကျ နှစ်ပေါက်အောင် ဥဒဟိုသွားနိုင်မှ ကျောင်းတော်သားအဖြစ် ရောက်ရတာ မဟုတ်လား။ အခုနောက်ပိုင်းကျတော့ အခြေအနေအကြောင်းကြောင်း တွေရဲ့တွန်းပို့မှုအရ ရာနှုန်းပြည့် အွန်လိုင်းစနစ်နဲ့ ဖွင့်ပေးတာမျိုးတွေတောင် ရှိလာကြပြီ။ အွန်လိုင်းစနစ်ဆိုတာက တက္ကသိုလ်၊ ကောလိပ်တွေနဲ့ အလှမ်းကွာနေတဲ့

ခေါင်းလောင်းလည်းကြေး၊ ချူလည်းကြေး Read More »

အမေရိကန်မြေပေါ်က ငြိမ်းချမ်းရေးအတွက် ခြေလှမ်းများ

ဒီခရီးစဉ်က အမေရိကန်ပြည်ထောင်စုတစ်ခွင်ကို ဖြတ်သန်းသွားတဲ့ တကယ့်ကို ရှည်လျားလှတဲ့ ခရီးစဉ်တစ်ခုပါ။ တက္ကဆက်ပြည်နယ်၊ ဖော့တ်ဝေါ့သ်မြို့မှာရှိတဲ့ Huong Dao ဝိပဿနာရိပ်သာက ဗုဒ္ဓဘာသာရဟန်းတော်တွေကနေပြီး ငြိမ်းချမ်းရေး၊ မေတ္တာတရားနဲ့ အကြမ်းမဖက်ရေး သတင်းစကားတွေကို ဖြန့်ဝေဖို့အတွက် စတင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်ကတည်းက ခရီးစဉ် စတင်ခဲ့တာဖြစ်ပြီး မိုင်ပေါင်း ၂,၃၀၀ ကျော်လောက်  (၃,၇၀၀ ကီလိုမီတာ) ခြေကျင် လျှောက် ကြွကြရမှာပါ။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဝါရှင်တန်ဒီစီကို ရောက်ဖို့ ရည်မှန်း ထားကြပါတယ်။ ခရီးစဉ်တစ်လျှောက်လုံးကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ အချိန်နဲ့ တစ်ပြေးညီ တင်ပေးနေသလို အဖွဲ့ထဲမှာ Aloka လို့ခေါ်တဲ့  ခွေးလေးတစ်ကောင်ကလည်း အမှတ်တရအနေနဲ့ အတူတူလိုက်ပါလာတာမို့ ပြည်သူတွေ အံ့ဘနန်းစောင့်စားကြည့်ရှုနေကြပါတယ်။ ငြိမ်းချမ်းရေး

အမေရိကန်မြေပေါ်က ငြိမ်းချမ်းရေးအတွက် ခြေလှမ်းများ Read More »

နာမည်ထဲ ဘာရှိသလဲ

“သူ့ကို ‘လီးလ်’ ဒါမှမဟုတ် ‘နာနာ’ လို့ခေါ်ဖို့ ငါတို့ပြောပြ။ သူ့လူနာ မှတ်တမ်းထဲ ဒီနာမည်တွေမပါဘူးတဲ့။ ဒီလိုနဲ့ သူမရဲ့ နောက်ဆုံးအချိန် ဝိုးတဝါးရက်သတ္တပတ်တွေမှာ သူမဟာ တစ်ဖန်တစ်ကျော့ အီလိုင်ဇာဖြစ်သွားခဲ့ရပေါ့။” (နာမည်များ။ ဝင်ဒီကုတ်ပ်) လူနာဆောင်ထဲ ကျွန်တော်‘ရောင်းလှည့်’ကြည့်ဖို့ကျန်တဲ့လူနာက ဒေးဗစ်ဖော်စတာဖြစ်ပါတယ်။ သူက လူနာအသစ်ပါ။ သူ့ကိုမကြည့်ခင် သူဆေးရုံရောက်စ အခြေအနေကို သိချင်လို့ လူနာမှတ်တမ်းထဲ ရှာကြည့်လိုက်တယ်။ “အသက် ၈၈။ ခေါင်းခဲဝေဒနာကောက်ခါငင်ခါရ။ ဦးခေါင်းတွင်းသွေးယိုခြင်းဟု စီတီဓာတ်မှန်အဖြေထွက်။ ခွဲစိတ်ရန်မလိုအပ်။ သတိကောင်းကောင်းရ။ ဂျီစီအက်စ်* ၁၅ မှတ်အပြည့်။” ကျွန်တော်သူ့ ခုတင်ဆီလျှောက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်၊ ပဋိသန္ဓာရ စကားဆို၊ ပြီးတော့ သူသတိ ဘယ်လောက်ကောင်း / မကောင်းဆိုတာဆန်းစစ်ဖို့ပါ။ “မင်္ဂလာပါ မစ္စတာ ဖော်စတာ” လူနာကမလှုပ်ဘူး။ သူ့ကိုစောင့်ကြည့်နေတဲ့သူနာပြုက

နာမည်ထဲ ဘာရှိသလဲ Read More »

အရောင်တွေကို ငါမြင်ပါတယ်

ဟိုတုန်းကတော့ချာချီလမ်း၊ ကိုယ်တွေသိခဲ့တုန်းကတော့ ကိုယ့်မင်းကိုယ့်ချင်းလမ်းနားက ယခင် ဖဆ ပလ အဖွဲ့ချုပ်ရုံးကြီးဟာ ၁၉၆၈မှာ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ လက်အောက်ခံရယ်လို့ ဖြစ်သွားခဲ့တဲ့ ရေခဲဆိုင်မှတ်တိုင်နားကရန်ကုန်ပန်းချီ ပန်းပုကျောင်းကြီးမှာ ၁၉၈၈-၁၉၉၁ တက်ခဲ့စဉ်က ကျွန်တော်တို့နှစ်မှ ကျောင်းသားများ ရွှေတောင်ကြားထဲက ပြခန်းတစ်ခုမှာ ပန်းချီကား တင်ခွင့်ရမည်ဆို၍ ကိုယ်ရေးခဲ့သမျှထဲမှ အကောင်းဆုံး ပန်းချီကားတစ်ကားကို ရွေးချယ်ခဲ့ရာ ပန်းချီ ကျောင်းတော်ကြီးရှေ့ရှိ့  စိန်ပန်းပင်ပျိုလေးကို ရေဆေးဖြင့်ရေးထားခဲ့သော ပန်းချီကားလေးကို ပြခန်းတင် ပန်းချီကား အဖြစ် ရွေးချယ် ဖြစ်ခဲ့ပါတယ်။ Golden Vally ပြခန်းမှာ ပြပွဲရက်၌လည်း မိမိ ပန်းချီကားလေးဖြင့် မှတ်မှတ်ရရ ဓာတ်ပုံလေးတစ်ပုံ မှတ်တမ်းတင် ရိုက်ထားခဲ့သော်လည်း ၎င်းဓာတ်ပုံနှင့်အတူ ရှေးဟောင်း ရှားပါး ကက်တလောက်များ ပေးစာ ပြန်စာများ မှတ်စုများနှင့် ဆရာကြီး ဦးသုခအိမ်တွင်

အရောင်တွေကို ငါမြင်ပါတယ် Read More »

ခရစ္စမတ် လက်ဆောင်လား ပိုက်ဆံလား

ခရစ္စမတ်အတွက် လက်ဆောင်ပစ္စည်း ဝယ်ရတာ စိတ်ဖိစီးစရာပါပဲ။ ကုန်ကျစရိတ်များပြီး ဘာ‌ရွေးရမလဲ သိဖို့ခက်တာကိုး။ ဒါပေမဲ့ အဖြေက ကိုယ့်လက်ထဲမှာ ရှိပါတယ်။ စီးပွားရေးဆိုင်ရာ စဉ်းစားပုံတမျိုးအရ ခရစ္စမတ် လက်ဆောင်ဝယ်တာဟာ အရင်းအမြစ်တွေကို ထိရောက်မှုမရှိဘဲ ခွဲဝေသုံးစွဲခြင်း ဖြစ်တယ်။ ပိုက်ဆံပဲ ပေးလိုက်တာက ပိုကောင်းပြီး အားလုံးအတွက် အလုပ်ရှုပ်သက်သာတယ်လို့ အဲဒီသဘောတရားက ဆိုတယ်။ ဒီလို စဉ်းစားပုံ စဉ်းစားနည်းတွေ ခေတ်စားလာနိုင်ပါသလား။ ၁၉ ရာစုမှာ အဲလ်ဖရက်ဒ် မာရှယ် ဟာ အနားသတ်အသုံးဝင်မှု  နဲ့ အနားသတ်ကုန်ကျစရိတ် ဆိုင်ရာ နိယာမကို အကျဉ်းချုံး ဖော်ပြခဲ့ပါတယ်။ စားသုံးသူတွေဟာ ဆင်ခြင်တုံတရားရှိမယ်။ ကိုယ်ဝယ်မယ့်ပစ္စည်း အကြောင်းကို လည်း ကောင်းကောင်းသိမယ် ဆိုပါစို့။ အဲဒီပစ္စည်းဆီကရမယ့် ကျေနပ်မှုဟာ အနားသတ်ကုန်ကျစရိတ်နဲ့ အတူတူ ဒါမှမဟုတ် ပိုများမယ်ဆိုရင်

ခရစ္စမတ် လက်ဆောင်လား ပိုက်ဆံလား Read More »