The Corner

The Corner

cropped-Logo_round_grey-background.png

အာရှ

ကုန်သွယ်ခွန် လျှော့ပေါ့ဖို့ ဗီယက်နမ်ဆီက အမေရိကန် ဘာတောင်းဆိုခဲ့သလဲ

အမေရိကန်သမ္မတ ထရမ့်ဟာ ဇူလိုင်လ ၃ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံနဲ့ ကုန်သွယ်ခွန် အပေးအယူ ဆွေးနွေးမှု အောင်မြင် အထမြောက်သွားကြောင်း သူပိုင် ဆိုရှယ်မီဒီယာဖြစ်သည့် “Truth Social” မှနေ၍ အသေးစိတ်များ မဖော်ပြဘဲ ရေးသား ကြေညာခဲ့ပါသည်။ ဖော်ပြပါ ဆောင်းပါးသည် အမေရိကန်နှင့် ဗီယက်နမ် နှစ်နိုင်ငံတို့ ကုန်သွယ်ခွန်ကိစ္စ ညှိနှိုင်း နေကြစဥ်အတွင်း ထွက်ပေါ်လာသည့် ရိုက်တာ သတင်းတစ်ပုဒ် ကို အခြေခံလျက် သုံးသပ်ရေးသားထားခြင်း ဖြစ်ပြီး ကုန်သွယ်ခွန်လျှော့ချရေး ဆွေးနွေးပွဲ အသေးစိတ်ကို မသိရသော်လည်း ဗီယက်နမ်နိုင်ငံ အနေနှင့် အဆိုပါ သဘော တူညီချက် ရရှိရေး အတွက် ဖြစ်နိုင်ဖွယ်ရှိသော လိုက်လျော အလျှော့ပေး လိုက်ရသည့် အချက်တစ်ချက် ဖြစ်ပါကြောင်း ခန့်မှန်းရပါသည်။  အ​မေရိကန်က ကုန်သွယ်ခွန်လျှော့ပေးဖို့ ဗီယက်နမ်ကို တရုတ်နှင့် စီးပွား​ရေး ဆက်ဆံ​မှု အဆင့်​လျှော့ချရန် ဖိအား​ပေး​ ​တောင်းဆိုမှုများကိုတင်းတင်းမာမာပြုလုပ်လျက်ရှိ […]

ကုန်သွယ်ခွန် လျှော့ပေါ့ဖို့ ဗီယက်နမ်ဆီက အမေရိကန် ဘာတောင်းဆိုခဲ့သလဲ Read More »

တရုတ်ခြိမ်းခြောက်မှု နှင့် အမေရိကန်၏ ကာကွယ်ရေး မူဝါဒအကြောင်း တစေ့တစောင်း 

အင်ဒို-ပစိဖိတ်ဒေသအပေါ် အမေရိကန်နိုင်ငံ၏ သဘောထားနှင့် တရုတ်နိုင်ငံ၏ အန္တရာယ် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအင်စတီကျု (IISS) ၏ (၂၂) ကြိမ်မြောက် “ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲ” ကို ယခု ၂၀၂၅ခုနှစ် မေလ ၃၁ ရက်နေ့တွင် စင်္ကာပူ၌ ကျင်းပခဲ့သည်။ ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲကို  နှစ်စဉ် ကျင်းပလေ့ရှိပြီး အာရှ-ပစိဖိတ်ဒေသအတွင်းရှိ  အင်ဒို-ပစိဖိတ်နိုင်ငံများမှ  ကာကွယ်ရေးဝန်ကြီးများ၊  ကာကွယ်ရေး ဦးစီးချုပ်များနှင့် ကာကွယ်ရေးဆိုင်ရာ ထိပ်တန်း အဆင့်ပုဂ္ဂိုလ်များ တက်ရောက် လေ့ရှိသည်။  ယင်းမေလ ၃၁ ရက်နေ့ ဆွေးနွေးပွဲသို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ (Pete Hegseth) တက်ရောက်ခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်နိုင်ငံ၏ နိုင်ငံခြား‌ရေးမူဝါဒကို ရှင်းပြခဲ့သည်။ အမေရိကန် ပြည်ထောင်စု၏ လက်ရှိ ‘ထရမ့်အစိုးရ’ သည် ယခင့်ယခင် အစိုးရအဖွဲ့များကဲ့သို့ “တာဝန်မဲ့သည့် ပျော့ညံ့ညံ့”

တရုတ်ခြိမ်းခြောက်မှု နှင့် အမေရိကန်၏ ကာကွယ်ရေး မူဝါဒအကြောင်း တစေ့တစောင်း  Read More »

အာဏာချုပ်ကိုင်မှု၏ ခေါင်းနှင့်ပန်း (သို့မဟုတ်) ဗီယက်နမ်ခေါင်းဆောင် တိုလမ်း

လွန်ခဲ့တဲ့ နှစ်ငါးဆယ်က ဆိုင်ဂုံမြို့ကနေ နောက်ဆုံးလက်ကျန် အမေရိကန်နိုင်ငံသားတွေကို ကယ်ထုတ်ခေါ်နိုင်ခဲ့ပါတယ်။ စစ်ကြောင့် ကျေမွပျက်စီး ဆင်းရဲမွဲတေနေတဲ့ နိုင်ငံကို ကျောခိုင်းစွန့်ခွာခဲ့ရတဲ့ အခြေအနေပါ။ ဟိုချီမင်းလို့ အမည်သစ်ပေးထားတဲ့ ဒီကနေ့ ဆိုင်ဂုံမြို့ဟာ လူဦးရေ ကိုးသန်းကျော်ရှိတဲ့ ကမ္ဘာ့မြို့ကြီး ဖြစ်နေပါပြီ။ မိုးမျှော်အထပ်မြင့်တိုက်ကြီးတွေ၊ ခမ်းခမ်းနားနား ထည်ထည်ဝါဝါ အမှတ်တံဆိပ်တွေ ပြည့်နှက်နေတဲ့မြို့ပါ။ ဒါဟာ ဗီယက်နမ် နိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားရမယ့်အချိန်လို့ ခင်ဗျားစိတ်ထဲ တွေးထင်ကောင်း တွေးထင်ပါလိမ့်မယ်။ ဗီယက်နမ်နိုင်ငံဟာ ဆင်းရဲမွဲတေမှုကို ကျော်လွှားဖြေရှင်းနိုင် ခဲ့သလို အမေရိကန်နိုင်ငံကို ကုန်ပစ္စည်း တင်ပို့နေတဲ့ ထိပ်တန်းဆယ်နိုင်ငံထဲက တစ်နိုင်ငံလည်း ဖြစ်တယ်။ အက်ပဲနဲ့ ဆမ်ဆောင်းလို ကမ္ဘာ့ထိပ်တန်း ကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီ ကြီးတွေ စုဝေးရာနေရာလည်း ဖြစ်နေပါပြီ။ ဒါပေမဲ့ တကယ့်ပကတိအခြေအနေကတော့ ဗီယက်နမ်နိုင်ငံဟာ အခက်အခဲ အကျပ်အတည်း

အာဏာချုပ်ကိုင်မှု၏ ခေါင်းနှင့်ပန်း (သို့မဟုတ်) ဗီယက်နမ်ခေါင်းဆောင် တိုလမ်း Read More »

ကျင့်ဝတ် ဖောက်ဖျက်သူ နဲ့ ကျင့်ဝတ် နားမလည်သူ

ထိုင်း နဲ့ ကမ္ဘောဒီးယား ပြဿနာက “အပျက်အပျက်နဲ့  နှာခေါင်းသွေးထွက်” ဆိုသလို နယ်စပ် အငြင်းပွားမှုကနေ အစိုးရအဖွဲ့ ပြုတ်ကျတော့မယ့် အနေအထားထိ ရောက်ရှိလာတယ်။ ထိုင်း-ကမ္ဘာဒီးယား နယ်စပ်တင်းမာမှုဖြစ်ပြီး ဟိုဘက် ဒီဘက် စစ်ပြင်သလို တင့်ကားတွေ၊ အမြောက်တွေ အသင့်နေရာယူလာတော့ ဒါဟာ တကယ်မဖြစ်ပါဘူး။ နှစ်နိုင်ငံလုံး အမျိုးသားရေး နောက်ခံ ယူဆချက်တွေနဲ့ အင်အားတွေ ထုတ်ပြကြတာပဲ ဖြစ်မှာလို့ သုံးသပ်ခဲ့တယ်။ ပြီးခဲ့တဲ့ မေလအတွင်း တင်းမာမှုတွေ ဖြစ်ကြပြီးတော့ ကမ္ဘောဒီးယားတပ်တွေ နောက်ဆုတ်သွားချိန်မှာ နည်းနည်း ပြန်ငြိမ် သွားတယ်။  ပြဿနာက ဘယ်ကစသလဲဆိုတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး  အသက်(၃၈)နှစ်သာရှိသေးတဲ့ နိုင်ငံရေးအတွေ့အကြုံ ကလေးသာသာရှိတဲ့ ထိုင်းဝန်ကြီးချုပ် “ပေထုန်ထန်” က စတယ် လို့ပဲ ဆိုရမယ်။  ပထမဆောင်းပါးမှာ ဖော်ပြခဲ့သလိုပဲ ထိုင်းဝန်ကြီးချုပ် မိသားစု နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟောင်း မိသားစုက အင်မတန် ရင်းနှီးကြတယ်။

ကျင့်ဝတ် ဖောက်ဖျက်သူ နဲ့ ကျင့်ဝတ် နားမလည်သူ Read More »

တရုတ်ကွန်မြူနစ် နန်းတွင်းအရေးတော်ပုံလေလား

အစဉ်အလာယူဆချက်အရဆိုရင် ကွန်မြူနစ်နဲ့ နန်းတွင်းဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းပါ။ ဆက်စပ် ချိတ်ဆက်ပြောစရာ မရှိပါဘူး။ ကွန်မြူနစ်ပါတီဆိုတာ အဖိနှိပ်ခံအလုပ်သမား၊ လယ်သမား ပြည်သူ အများစု ကိုယ်စား တိုင်းပြည်ရေးရာတွေကို ဦးဆောင်မယ်ဆိုတဲ့ ပါတီပါ။ နန်းတွင်းဆိုတာ ပဒေသရာဇ် စနစ်ကို ကိုယ်စားပြုတာပါ။ ပဒေသရာဇ်စနစ်မှာ ဧကရာဇ်ဘုရင်က သူ့စိတ်တိုင်းကျ တိုင်းပြည်ရေးရာ တွေကို စီမံခန့်ခွဲပါတယ်။ ဒါပေမဲ့ တစ်ခုတည်းသော ဦးဆောင်ပါတီဆိုတဲ့ ကွန်မြူနစ်ပါတီကလည်း သူ့ ပါတီအတွင်းမှာရှိတဲ့ အင်အားစုအသီးသီးကြားက အပြန်အလှန် ညှိနှိုင်းဆွေးနွေးပြီး မူဝါဒတွေ ချမှတ် အကောင် အထည် ဖော်ရတာပါ။ ပဒေသရာဇ်စနစ်မှာလည်း ဧကရာဇ်ဘုရင်က စိတ်တိုင်းကျစီမံတယ်ဆိုပေမယ့် မှူးမတ်၊ စစ်သူကြီး အစရှိတဲ့ နန်းတွင်းအင်အားစုတွေရဲ့ သဘောထားကို လျစ်လျူရှုလို့ မရပါဘူး။ ဒါပေမဲ့ ကွန်မြူနစ် စနစ်နဲ့ ပဒေသရာဇ်စနစ်ကြားမှာ သဘောသဘာ၀တူတဲ့ အချက်တစ်ချက် ရှိပါတယ်။ အဲဒါက အာဏာရ အသိုင်းအဝိုင်းကြား ဖြစ်ပျက်နေတဲ့

တရုတ်ကွန်မြူနစ် နန်းတွင်းအရေးတော်ပုံလေလား Read More »

မြို့တော်ဝန်သစ် ဒူတာတေး – မောင်ကိုကြီး

ဖိလစ်ပိုင်နိုင်ငံမှ ကီလိုမီတာ တစ်သောင်းတစ်ထောင် အကွာအဝေးတွင်ရှိသည့် သည် ဟိဂ်မြို့ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) ၏ ထိန်းသိမ်းထားခြင်း ခံနေရသော ဖိလစ်ပိုင် သမ္မတဟောင်း ရော်ဒရီဂို ဒူတာတေးသည် သူ၏ဇာတိမြို့၌  မြို့တော်ဝန်ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲ ရလဒ်များအရ သိရှိရသည်။ ဒါဗိုး (Davao) မြို့တော်ဝန်ရွေးကောက်ပွဲ ဘုတ်အဖွဲ့က မေလ ၁၂ ရက်နေ့တွင် ကျင်းပသည့် မြို့တော်ဝန် ရွေးကောက်ပွဲ၌ ဒူတာတေးသည် သူ၏ အနီးဆုံး ပြိုင်ဘက် ကာလို နိုဂရာလီထက် မဲအရေအတွက် ရှစ်ဆကျော် (စုစုပေါင်းမဲ ၆၆၀,၀၀၀) အသာဖြင့် အနိုင်ရရှိသွားကြောင်း ကြေညာသွားခဲ့ပါသည်။ ရွေးကောက်ပွဲရလဒ် ကြေညာ သောအခါ ပျော်ရွှင် မြူးထူးနေကြသော ဒူတာတေး ထောက်ခံသူများက ‘ဒူတာတေး

မြို့တော်ဝန်သစ် ဒူတာတေး – မောင်ကိုကြီး Read More »

လက်မောင်းကြွက်သား ညှစ်ပြကြခြင်း နဲ့ နယ်စပ်ပြဿနာ – CWM

(၁) ပြီးခဲ့တဲ့ မေလ ၇ ရက်ကနေ ၁၁ ရက်နေ့အထိ အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံကြား လေးရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့တယ်။ နှစ်နိုင်ငံစလုံး နျူကလီးယားလက်နက်ပိုင်ဆိုင်ကြတာမို့ ကမ္ဘာက စိုးရိမ်တကြီး စောင့်ကြည့်ခဲ့တယ်။ ဖြစ်ရတဲ့ အကြောင်းက သမိုင်းနဲ့ချီ ရှည်ကြာပြီဖြစ်တဲ့ ကက်ရှ်မီးယား ဒေသ ပိုင်ဆိုင် မှုနဲ့ ပါကစ္စတန်အကြမ်းဖက်သမားတွေ အိန္ဒိယပိုင် ကက်ရှ်မီးယားထဲ ဝင်ရောက်ပြီး ဟိန္ဒူလူမျိုး ၂၅ ဦး ကို သတ်ဖြတ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။ မေလ ၇ ရက်မှာ အိန္ဒိယက ဆင်ဒူး စစ်ဆင်ရေး ခေါင်းစဉ်နဲ့ ပါကစ္စတန်နယ်စပ်က အကြမ်းဖက်သမားပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြတော့ ပါကစ္စတန်ဘက်ခြမ်းမှာ အကြမ်းဖက် အဖွဲ့ စခန်းတွေ၊ ဗလီတွေ၊ စာသင်ကျောင်းတွေ ထိမှန်ခဲ့သလို ပါကစ္စတန်လေတပ်က

လက်မောင်းကြွက်သား ညှစ်ပြကြခြင်း နဲ့ နယ်စပ်ပြဿနာ – CWM Read More »

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ နယ်မြေချဲ့ထွင်နေမှု ပြဿနာ – ဇင်လင်း

မကြာသေးမီ ရက်ပိုင်း (မေလ ၂၂ ရက် ၂၀၂၅) တွင် ဘေဂျင်းနှင့် မနီလာတို့အကြား ‘Sandy Cay’ ဆိုသည့် သန္တာ ကျွန်းငယ် ကလေးနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် အငြင်းပွားမှု ပေါ်ပေါက်ခဲ့သည်။ ဤပြဿနာအတွင်း ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုပင် ဖြစ်ခဲ့သည်။ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောက ဖိလစ်ပိုင်သင်္ဘော နှစ်စင်း ကို  ပြင်းထန်သော ရေအမြောက် ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ “ဆူဘီ” သန္တာကျွန်း ရေပြင်အတွင်းသို့ ဖိလစ်ပိုင် သင်္ဘောများက ကျူးကျော်ဝင်ရောက်လာသဖြင့် ရေအမြောက် ဖြင့် ပစ်ခတ် ဟန့်တားခဲ့ရသည်ဟု တရုတ်ကမ်းခြေစောင့်တပ် ၏ကြေညာချက်တွင် ဖော်ပြသည်။ ဖိလစ်ပိုင် ဘက်က လည်း ပင်လယ်ပြင် ဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင်ရွက်နေသော ဖိလစ်ပိုင်သင်္ဘော နှစ်စင်း ကို

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ နယ်မြေချဲ့ထွင်နေမှု ပြဿနာ – ဇင်လင်း Read More »

တရုတ် – ထိုင်ဝမ် နောက်ဆက်တွဲ အခြေအနေများ – မောင်လူထွန်း

တစ်ခါတလေမှာတော့ တရုတ်ရဲ့ ထိုင်ဝမ် ကို မကြာခဏ “ဟင်း ငါနော် သိမ်းပစ်လိုက်ရ ဘာအောက်မေ့ နေလဲ” လို့ဆိုတဲ့ ခြိမ်းခြောက်နေသံက အောင့်သက်သက် ပြက်လုံး တစ်ခုလိုပါပဲ။ ၁၉၄၉ ခုနှစ်တုန်းက အရေးနိမ့်ခဲ့တဲ့ မျိုးချစ် အစိုးရတပ်က တရုတ်ပြည်မကြီးကနေ သိမ်းယူလာတဲ့ ရှေးဟောင်း ရတနာတွေ ပြသထားတဲ့ တိုင်ပေက အမျိုးသား နန်းတော် ပြတိုက်မှာ ပြတိုက်မှူးက လာကြည့်တဲ့သူတွေကို “ဒီကျွန်း တစ်ခုလုံးပေါ်မှာ ဒီနေရာက အလုံခြုံဆုံး နေရာ တစ်ခုပဲ” လို့ ပြောပြနေပါတယ်။ တစ်ယောက်က “တရုတ် ပြည်မကြီးဘက်က ဒီရတနာတွေကို အသည်းအသန် ပြန်လိုချင်နေတာမို့လို့ ဒီအဆောက်အုံကို ဘယ်တော့မှ ဗုံးကြဲမှာ မဟုတ်ဘူး” လို့ ခပ်တိုးတိုး ပြောပါတယ်။                ဒီဟာသဟာ တကယ်တော့

တရုတ် – ထိုင်ဝမ် နောက်ဆက်တွဲ အခြေအနေများ – မောင်လူထွန်း Read More »

စင်္ကာပူ ရွေးကောက်ပွဲကို သုံးသပ်ခြင်း – မောင်လူထွန်း

လောရင့်ဝေါင်း အနေနဲ့ သူဝန်ကြီးချုပ် တာဝန်ယူပြီးနောက်ပိုင်း ပထမဦးဆုံး ကြုံခဲ့ရတဲ့ စင်္ကာပူ အထွေထွေ ရွေးကောက်ပွဲကြီးမှာ ဒီလိုမျိုး ကြီးကြီးမားမား အနိုင်ရခဲ့မယ်လို့ မျှော်လင့်ထားမယ် မထင်ပါဘူး။ မြို့ပြတိုင်းပြည်ငယ်လေးကို ၁၉၆၅ ခုနှစ် ကတည်းက အုပ်ချုပ်လာခဲ့တဲ့ ပြည်သူ့ လှုပ်ရှားမှု ပါတီ (ပီအေပီ) ဟာ လူကြိုက်များမဲ အရေအတွက် များများ ရရှိနိုင်မှုနဲ့ သူတို့ပါတီရဲ့ ခေါင်းဆောင်ကို တိုင်းတာပါတယ်။ နောက်ဆုံး ခေါင်းဆောင် နှစ်ဦး သူတို့ တာဝန်ယူပြီး နောက်ပိုင်း ကြုံခဲ့ရတဲ့ ရွေးကောက်ပွဲများမှာ ၂% နဲ့ ၉% အသီးသီး ထိုးကျသွားလို့ နောက်တက်လာမဲ့ ခေါင်းဆောင် အသစ် အလှည့်ကျရင် ဒီထက် ထောက်ခံမှု တော်တော်များများ လျော့ကျသွားနိုင် လိမ့်မယ်လို့ စောင့်ကြည့်သူများက ခန့်မှန်းထားခဲ့ကြပါတယ်။

စင်္ကာပူ ရွေးကောက်ပွဲကို သုံးသပ်ခြင်း – မောင်လူထွန်း Read More »