The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

pylon, nature, electricity, sun, power, grid, infrastructure, industrial, landscape, sky, cloudscape, perspective, height, scale, electricity, electricity, electricity, electricity, electricity, grid, infrastructure, industrial

လျှပ်စစ်စွမ်းအင်

သည် အီကောနောမစ် ကမ္ဘာ့စွမ်းအင်နှင့်ဥတုဆိုင်ရာ အယ်ဒီတာ ဗီဂျေး၏ Energy’s next big thing ဆောင်းပါးကို မြန်မာပြန်သည်။ မကြာခင်မှာဘဲ ပမာဏများတဲ့ လျှပ်စစ်ကို သိုလှောင်နိုင်မယ့် နည်းလမ်း အသစ်တွေ ပေါ်လာတော့မှာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီ (IEA – International Energy Agency) ရဲ့ ခန့်မှန်းချက်အရ လျှပ်စစ်ကို သိုလှောင်ထိန်းသိမ်းနိုင်မယ့်နည်းပညာသစ်ဟာ စွမ်းအင်ဆိုင်ရာ တီထွင်မှုများစွာထဲက အလျင်အမြန် တိုးတက်လာနေတဲ့ နည်းလမ်းတစ်ခုဖြစ်လာနေပါတယ်။၂၀၂၅ ခုနှစ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လျှပ်စစ် သိုလှောင်နိုင်စွမ်းဟာ ၂၀၂၁ ခုနှစ်ကထက် ရှစ်ဆ ပိုမိုလာပြီး ၈၀ ဂီဂါဝပ်အား အထိ သိုလှောင်ထားနိုင်မယ်လို့ ဆိုပါတယ်။ လျှပ်စစ်စွမ်းအား ပမာဏ ကြီးကြီးမားမားကို သိုလှောင်နိုင်မှု နည်းပညာများ မြင့်မားလာတာဟာ အကြောင်းခြင်းရာ လေးခု ပေါ်မူတည်ပြီး ဖြစ်လာတာပါ။ ပထမ တစ်ခုကတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ သဘာဝက တစ်လှည့်စီ ပေးနေတဲ့ နေစွမ်းအင် လေစွမ်းအင် ထုတ်လုပ်မှုများတိုးတက်လာခြင်းပဲ ဖြစ်ပါတယ်။ တစ်ပိုင်တစ်နိုင် ထုတ်ယူသုံးစွဲ နေကြတုန်းမှာတော့ သိပ်မသိသာပေမယ့် အခုဆို တချို့နေရာတွေမှာ လိုအပ်ချက်ထက် ထက်ဝက်မက ပိုထုတ်လာနိုင်တဲ့ အတွက်  လျှပ်စစ် မီးပေးတဲ့လုပ်ငန်းရှင်တွေ အနေနဲ့ မိုးအုံ့တဲ့နေ့တွေ၊ လေငြိမ်တဲ့ နေ့တွေမှာတောင် ခေါင်းကိုက်နေကြရပါပီ။ လျှပ်စစ် ဓါတ်အားလိုင်းတွေမှာပိုလျှံနေတဲ့ လျှပ်စစ်အားတွေကို သိုလှောင်ပြီး လိုအပ်ရင် ပြန်ဖြန့်ဖြူးနိုင်ဖို့ အားကောင်းတဲ့ ဘက်ထရီကြီးတွေ တပ်ဆင်ထားရပါတယ်။  အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီ (IEA) ရဲ့ အဆိုအရ နေစွမ်းအင်က ထုတ်လုပ်လို့ရတဲ့ လျှပ်စစ်စွမ်းအင်ကိုဘက်ထရီနဲ့ သိုလှောင်ပြီး တဆင့် ပြန်လည်သုံးစွဲခြင်းဟာ တရုတ်ပြည်မှာဆို ကျောက်မီးသွေး၊ အမေရိကန်မှာဆို ဓာတ်ငွေ့ကထုတ်လုပ်တဲ့ လျှပ်စစ်အတွက် ကုန်ကျစရိတ်တွေထက် သက်သာ လာမယ်လို့ ဆိုပါတယ်။ ဒုတိယအချက်ကတော့ တရုတ်ပြည်ဖြစ် လစ်သီယံ ဘက်ထရီ ထုတ်လုပ်မှုဟာ ဝယ်လိုအားထက် အဆမတန် များပြားလာတဲ့ အချက်ဖြစ်ပါတယ်။ လစ်သီယံ ဘက်ထရီကို လက်ပ်တော့ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများနဲ့ အခုနောက်ပိုင်း လျှပ်စစ်ကားတွေမှာပါ သုံးစွဲနေကြပြီ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်နေစလို့ ခုချိန်ထိ ဆိုရင် လစ်သီယံ ဘက်ထရီစျေးဟာ ၉၇% ထိုးကျသွားခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်ရောက်တော့ လမ်းတစ်ဝက်ကနေ ပေါ်လာတဲ့ လျှပ်စစ်ကား (EV) သုံး ဘက်ထရီဟာလည်း သမိုင်းတလျှောက်မကြုံစဖူး စျေးတွေထိုးကျလာလို့ ခုဆို တစ်ကီလိုဝပ်နာရီ ($/kWh) စျေးဟာ အတူတူလောက် ဖြစ်သွားပါတယ်။ လျှပ်စစ်ကားထုတ်လုပ်မှုကလည်း ခုချိန်မှာ အရှိန်တန့်သွားလို့ လစ်သီယံ ဘက်ထရီတွေက စျေးကွက်ထဲမှာ ဖောချင်းသောချင်း ဖြစ်လို့နေပါပီ။အကျိုးဆက်က အာရှဘက်ခြမ်းက ဘက်ထရီ ထုတ်လုပ်သူတွေဟာ စျေးကွက်အသစ် ဖောက်သည်အသစ်တွေကို ရှာနေကြရပါပြီ။ သမိုင်းမှာ ပထမဆုံးအကြိမ် လျှပ်စစ်စွမ်းအားသိုလှောင်နိုင်မယ့် ဘက်ထရီ စျေးကွက်ဟာဆိုရင် အိမ်သုံး လျှပ်စစ်ပစ္စည်းဘက်ထရီ စျေးကွက်ထက် ကြီးလာပါပြီ။ လုပ်ငန်းရှင်တွေ အနေနဲ့ လေအားနဲ့ နေစွမ်းအင် လျှပ်စစ် ထုတ်လုပ်မယ်ဆိုရင် လျှပ်စစ်စွမ်းအား သိုလှောင်နိုင်မယ့် ဘက်ထရီတွေ မရှိမဖြစ် ထားဖို့လိုအပ်တယ်ဆိုတဲ့ မူဝါဒ တစ်ခု ကို တရုတ်နိုင်ငံက ချမှတ်လိုက်လို့နောက်ထပ် စျေးကွက် ကျယ်ပြန့်လာဖို့ပဲ ရှိတော့တာပေ့ါ။ ဆိုဒီယမ် ဘက်ထရီဟာ နောင်ဖြစ်လာနိုင်မယ့် အစားထိုး နည်းပညာသစ် တစ်ခုပါ။  တတိယ အချက် ကတော့ ဉာဏ်ရည်တု (Artificial Intelligent – AI) သုံးစွဲမှု မြင့်မားလာြခင်းနဲ့အတူ လျှပ်စစ်စွမ်းအင်အများအပြားလိုအပ်မှု ကြောင့် ဖြစ်ပါတယ်။ ဂိုးလ်ဒ်မန်း ဆက်ချ်စ် (Goldman Sachs) ဘဏ်ကြီး ရဲ့ အဆိုအရတော့အချက်အလက်သိုလှောင်ဌာန (Data Center) တွေမှာ လိုအပ်မယ့် စွမ်းအင်ဟာ ၂၀၂၀တုန်းက ၂၄၀ တယ်ရာဝပ် နာရီ (တစ် တယ်ယာဝပ်နာရီမှာ မီဂါဝပ်နာရီ တစ်သန်း ရှိပါတယ်) ရှိရာကနေ ၂၀၂၅မှာ ၆၀၀ တယ်ရာဝပ် နာရီ ထိ လိုအပ်မှာပါ။ သို့သော်လည်းနည်းပညာ ကုမ္ပဏီများ ကတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မယ့် ဖန်လုံအိမ်ဓာတ်ငွေ့ လုံးဝမထွက်တဲ့ စွမ်းအင်ကို သုံးစွဲကြဖို့နဲ့သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ လုပ်ကိုင်ကြဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်လို့ ကျောက်မီးသွေး (သို့) သဘာဝဓာတ်ငွေ့ထုတ် စွမ်းအင်တွေ ဘက် ပြန်လှည့်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့်မို့လို့ ဒီကုမ္ပဏီကြီးတွေ အနေနဲ့ သဘာဝပတ်ဝန်းကျင်အတွက် သဟဇာတ ဖြစ်တဲ့ ပြန်ပြည့်မြဲ စွမ်းအင် (renewable energy) ကို သူတို့လုပ်ငန်းတွေအတွက် အမြဲတမ်း သုံးကြရတော့မှာ ဖြစ်ပါတယ်။ စတုတ္ထနဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်ကတော့ နောက်ဆုံးပေါ် နည်းပညာတစ်ခုဖြစ်တဲ့ လစ်သီယံ ဘက်ထရီထက် ပိုကောင်းမယ့် စွမ်းအင် သိုလှောင်နိုင်မယ့် အဆင့်မြင့်နည်းပညာ ဖြစ်ပါတယ်။ အခုဆို ဒီနည်းပညာကို စတင်လေ့လာနေပြီးအတော်လဲ ခရီးရောက်နေပါပီ။ ဆိုဒီယမ် ဘက်ထရီဟာ နောင်ဖြစ်လာနိုင်မယ့် အစားထိုး နည်းပညာသစ် တစ်ခုပါ။ စျေးသက်သာပြီး မီးလောင်နိုင်တဲ့ အန္တရာယ်လည်း နည်းပါတယ်။ ဒါဟာ အချက်အလက် သိုလှောင်ရာ ဌာန (Data Center) လုပ်ကိုင်နေသူတွေအတွက် မီးလောင်လွယ်တဲ့ လစ်သီယံ မသုံးတော့တဲ့ အတွက် အာမခံ ပရီမီယံ သက်သာ လာပါလိမ့်မယ်။ ဘလွန်းဘက် အန်န်အီးအက်ဖ် (BloombergNEF) အဆိုအရ တရုတ်နိုင်ငံက ဟိန (HiNa) ဦးဆောင်တဲ့ ဆိုဒီယမ် ဘက်ထရီ ထုတ်လုပ်သူများက ၂၀၂၅မှာလျှပ်စစ် သိုလှောင်ဖို့ ဘက်ထရီ အများအပြား ထုတ်လုပ်နိုင်ကြမယ်လို့ ခန့်မှန်းထားကြပါတယ်။ အမေရိကန်မှာတော့ စျေးကွက်ထဲစတင်ဝင်ရောက်လာတဲ့ ဖောင်မ် အင်န်နာဂျီ (Form Energy) ကုမ္ပဏီက ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံမတည်ထားပီး စျေးသက်သာတဲ့ ဘက်ထရီတွေကို သံ-လေ (Iron-Air) နည်းပညာကနေ ထုတ်လုပ်ဖို့ ကြံစည်နေပါပြီ။ ၂၀၂၅မှာ ကယ်လီဖိုးနီးယားနဲ့ မင်နီဆိုးတား […]

လျှပ်စစ်စွမ်းအင် Read More »

Close-up of hands gently holding a small globe representing global unity and care.

သတိထားကိုင်တွယ်ပါ

ဒေါ်နယ်ထရမ့် ပြန်လာခြင်းက လက်တင်အမေရိကအတွက် ဘယ်လို အဓိပ္ပာယ်ဆောင်ပါသလဲ။  ( Economist မဂ္ဂဇင်းရဲ့ မက္ကဆီကို၊ အလယ်အမေရိက နဲ့ ကာရစ်ဘီယန်ဆိုင်ရာ ဗျူရိုအကြီးအကဲ Sarah Birke ရဲ့ဆောင်းပါးကို CWM က ဘာသာပြန်ဆိုပါတယ်။) အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ရဲ့ ပြတ်သားတဲ့ အောင်ပွဲက လက်တင်အမေရိက နိုင်ငံအများစု အတွက်တော့ အထိတ်တလန့်ဖြစ်စရာပါ။ ၂၀၂၅ခုနှစ် ထရမ့်ရဲ့ အိမ်ဖြူတော် တစ်ကျော့ ပြန်လည် ရောက်ရှိလာမှုဟာ လက်တင်အမေရိကနိုင်ငံတွေအပေါ် ရိုက်ခတ်မှု ရှိခဲ့တယ်။ ထရမ့်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးကာလမှာ “လက်တင်အမေရိက”ရယ်လို့ သီးခြားထုတ်ဖော်ပြောဆိုခဲ့တာ မရှိပေမယ့် “မက္ကဆီကို” ကိုတော့ မကြာခဏ ထည့်သွင်းပြောဆိုတာရှိခဲ့တယ်။ ထရမ့် အဓိက ထားပြောဆိုခဲ့တာက တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ ကုန်သွယ်ရေးမညီမျှမှု နဲ့ မူးယစ်ဆေးဝါး ကိစ္စတွေပဲဖြစ်တယ်။ ထရမ့်ထက်စာရင်တော့ သူရွေးချယ်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဒီဒေသကိုပိုပြီး ဂရုတစိုက်ရှိပါလိမ့်မယ်။ သူက

သတိထားကိုင်တွယ်ပါ Read More »

Vibrant abstract pattern of illuminated red LED lights forming a dynamic design.

တရုတ်ပြည်ထုတ် အီးဗွီများ

သည် အီကောနောမစ် စက်မှုအယ်ဒီတာ  ဆိုင်မွန် ရိုက်၏ Xi’s electric ဆောင်းပါးကို မြန်မာပြန်ဆိုသည်။ နိုင်ငံရပ်ခြားကနေ ကားဝယ်မယ့်သူတွေ အတွက် တရုတ်ပြည်ထုတ် လျှပ်စစ်ကား (အီးဗွီ) တွေကို ဝယ်ယူသုံးစွဲမယ်ဆိုရင် အဓိကဆွဲဆောင်နိုင်တဲ့ အကြောင်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ စျေးသက်သာပြီး အဆင့်မြင့် လုပ်ဆောင်ချက်တွေပါတဲ့ တရုတ်ထုတ် အီးဗွီတွေကို အနောက်နိုင်ငံထုတ် အီးဗွီတွေ ဘယ်လိုမှ မယှဥ်နိုင်ပါဘူး။ စျေးသက်သာတယ်ဆိုတဲ့ နေရာမှာ တရုတ်အီးဗွီကို ဝယ်ယူတင်သွင်းမယ်ဆိုရင် လက်ဝယ် အရောက်ကုန်ကျစရိတ်ထဲမှာ အခွန်အခများပါ အပြီးအစီးဖြစ်တာမို့လို့ အဲဒီစျေးချင်းယှဥ်မယ်ဆိုရင်တောင် တော်တော်လေး သက်သာနေသေးတာပါ။ စျေးသက်သာရုံတင်မဟုတ်ပါဘူး ပါဝင်တဲ့ လုပ်ဆောင်ချက်တွေ ကလည်း မက်လောက်စရာပါ။ ဒီဇိုင်းနဲ့ နည်းပညာတွေက ၂၀၂၅မှာ ပိုပြီး ဆန်းသစ်တီထွင်မှုတွေ လုပ်လာနေပါပြီ။ နမူနာအနေနဲ့ ဘီဝိုင်ဒီ (BYD) လို တချို့ကားတွေဆိုရင် အလိုအလျောက် ဒေါင်လိုက် အလျားလိုက် လှည့်ပေးနိုင်တဲ့ ဒက်ဘုတ်စကရင်မျိုး၊ ပုံစံဆန်းသစ်တဲ့ အလတ်ဆိုက် အော်တို ၃ (Atto-3) မော်ဒယ်မှာဆိုရင် ပုံမှန်ထက် ထူးခြားတဲ့ ဂီတာကြိုးလိုမျိုးတွေ တံခါးလက်ကိုင်မှာ တပ်ဆင်ထားတာ ဂီယာတံကို          အာကာသယာဥ်ဆန်ဆန်မျိုး တွေ ထည့်သွင်းထားပါတယ်။ အဆင့်မြင့်တဲ့ ယန်ဝမ် ယူ၈ အက်စ်ယူဗွီ (Yangwang U8 SUV) မှာဆိုရင် တင့်ကားတစီးလို ကားကို တစ်နေရာထည်းမှာ ဘေးဘယ်ညာ လှည့်လို့ရပြီး အရေးပေါ်အခြေအနေမှာ ရေထဲမှာ မောင်းလို့ရအောင် လုပ်ဆောင်ချက်တွေ ပါပါတယ်။ ဒါတွေဟာ လွန်လှချည်လားလို့ဆိုရင် ထူးခြားတဲ့ Jiyue 01 ကိုသာကြည့်ကြပါတော့။ သူ့ကို တရုတ် နာမည်ကြီး နည်းပညာကုမ္ပဏီကြီး ဘိုင်ဒူး (Baidu) နဲ့ ဂီးလီ (Geely) ကားကုမ္ပဏီတို့ ပူးတွဲ ထုတ်လုပ်ထားပါတယ်။ ကားရဲ့ အတွင်းခန်းက ရိုးရိုးသာမာန်လောက်ပါပဲ။ ဒီကားမှာ ထိန်းချုပ်စရာဆိုလို့ နင်းစရာ လီဗာနဲ့ ဘရိတ် နှစ်ခု အပြင် ကားစတီယာရင်ပေါ်က ခလုပ် နှစ်ခုပဲ ပါပါတယ်။ အဲဒီကားရဲ့ အလိုအလျောက် ထိန်းချုပ် မောင်းနှင်နိုင်မှုကတော့‌ ပေကျင်းလို ကားရှုပ်ရှုပ် လူရှုပ်ရှုပ်ကြားထဲအေးအေးဆေးဆေးနဲ့ မောင်းနှင်သွားနိုင်တာ အထင်ကြီးစရာပါ။ ဒေါ်လာ သုံးသောင်းတန် ဒီကားဟာ ကားတကယ်မောင်းရတာငြီးငွေ့လာပြီး ပြိုင်ကားမောင်းတဲ့ ဗီဒီယိုဂိမ်း ကစားချင်တယ်ဆိုရင် လမ်းဘေးထိုးရပ်ပြီး စတီယာရင်ပေါ်က ခလုတ်နဲ့ ဒက်ရှ်ဘုတ် ပေါ်က စကရင်ပေါ်မှာ ကစားနိုင်ပါပြီ။ အဆင့်မြင့် လုပ်ဆောင်ချက်တွေပါတဲ့ တရုတ်ထုတ် အီးဗွီတွေ ဖုန်းတွေ အိမ်သုံး ပစ္စည်းတွေ ထုတ်လုပ်တဲ့ ရှောင်မီ (Xiaomi) က ထုတ်ထားတဲ့ အက်စ်ယူ ၇ မက်စ် (SU 7 Max) ဆိုရင် ၂.၈ စက္ကန့်အတွင်းမှာ ကီလို ၆၀ လောက်ထိ

တရုတ်ပြည်ထုတ် အီးဗွီများ Read More »

umbrella, buddhism, monk, monastery, asia, boy, buddhist, child, culture, myanmar, burma, religion, southeast asia, tradition, traditional, worship, hallway, walking, umbrella, buddhism, monk, monk, monk, monk, monk, asia, boy, boy, culture, myanmar, walking

အာရှဖက် က ဒီမိုကရေစီ

(သည် အီကောနောမစ်၏ အာရှရေးရာ အယ်ဒီတာ အမ်မာ ဟိုဂမ်ရဲ့ “By the people, for the people” ကို မြန်မာပြန်ဆိုသည်။) ၂၀၂၄ ဇွန်လ မှာ ဒီမိုကရေစီ လိုလားသူများ အနည်းငယ်  စိတ်သက်သာရာ ရသွားစေတာ ကတော့ လက်ရှိ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ ကို ပြန်လည် ရွေးချယ်လိုက်တဲ့ အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲ အပြီးမှာပဲ ဖြစ်ပါတယ်။ အမှန်တော့ မိုဒီဟာ ချည့်နဲ့စွာနဲ့ ပြန်အရွေးချယ်ခံခဲ့ ရတာပါ။ သူ့ရဲ့ တတိယ သက်တမ်းအတွက် ဝင်ရောက်ယှဥ်ပြိုင်ရာမှာ သူ့ပါတီက အမတ်နေရာ ၅၄၃ နေရာထဲက နေရာ ၄၀၀ ထိ တောင်ပြိုကမ်းပြို နိုင်ဖို့ အခြေအနေရှိပြီး ဥပဒေပြုပြင်ရေးကိစ္စတွေကို စိတ်ကြိုက် ကိုင်တွယ်သွား နိုင်မယ်လို့ မြင့်မြင့်မားမား မှန်းထားခဲ့တာပါ။ သို့သော်လည်း သူ့ရဲ့ ဘီဂျေပီ

အာရှဖက် က ဒီမိုကရေစီ Read More »

ဘာလဲဟဲ့  ၂၀၂၄ 

သည် အီကောနောမစ် အယ်ဒီတာ တွန်မ် စတန်းဒေ့ချ် ရေးသားသည့် How we did in 2024 ဆောင်းပါးကို KIDD မြန်မာဘာသာပြန်ဆိုသည်။ တကယ့်နှစ်ပါဗျာ။ အမေရိကန် သမ္မတလောင်းက ရွေးကောက်ပွဲ မစခင် လပိုင်းမှာ နုတ်ထွက်သွားတယ်။ နောက် သမ္မတလောင်းက သေတော့မလို လုပ်ကြံခံရတာ နှစ်ခါ။ ယူကရိန်းက ရုရှားနယ်မြေထဲကို ပြန်ဝင်တိုက်တယ်။ အီရန် သမ္မတကတော့ ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ လုံး၀ကြိုတင် ထင်မထားခဲ့ပါဘူး။ အမေရိကန် သမ္မတရွေးကောက်ပွဲက ခေါင်းပန်းလှန်ရသလိုမျိုး ကံစီမံရာ ဖြစ်မှာပဲလို့ ထင်ထားခဲ့ပြီး ထရမ့်ရဲ့ အပြတ်အသတ်အောင်ပွဲကို မျှော်လင့်မထားခဲ့ဘူး။ အခြားနေရာက ရွေးကောက်ပွဲခန့်မှန်းချက်တွေက ပိုကောင်းပါတယ်။ ရုရှားနဲ့ ရဝမ်ဒါမှာ မဲမသမာမှုများနဲ့ ဘယ်သူနိုင် မယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံးခန့်.မှန်းထားတဲ့အတိုင်း ဗြိတိန်မှာ လေဘာပါတီ၊ မက္ကဆီကိုမှာ ကလော်ဒီယာ ရှိမ်းဘောင်း၊

ဘာလဲဟဲ့  ၂၀၂၄  Read More »

အေအိုင်အတွက် အကဲဆတ်မယ့် ၂၀၂၅ 

သည် အီကောနောမစ် စီးပွားရေး ဆိုင်ရာ အယ်ဒီတာ၏ ဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုသည်။  ၂၀၂၅ဟာ အေအိုင်အတွက် စီးပွားရေးလုပ်ငန်းများအတွက် အကြီးဆုံး အလောင်းအစားတစ်ခု ဖြစ်လာနိုင်ပါလိမ့်မယ်။ ဒီကနေ့ အေအိုင်ခေါ် ဉာဏ်ရည်တု အပေါ် ရူးသွပ်ခြင်းဟာ ၂၀၂၂ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းလောက်က ပေါ်လာတဲ့ ချက်ဂျီဘီတီ က စတင်ခဲ့တာပါ။ အိုးပင်း အေအိုင် (OpenAI) က စလိုက်တဲ့ စကားပြောစက်ရုပ်တု (Chatbot)ဟာ တပတ်အတွင်း အသုံးပြုသူ သန်းတစ်ရာကျော်ထိ ရောက်သွားတဲ့ စံချိန်ဟာ သမိုင်းတလျှောက် ဘယ်ကုန်ပစ္စည်း ကမှ သူ့လောက်စံချိန်တင် သဲသဲလှုပ် မြန်မြန်ဆန်ဆန် ရောင်းရတာမျိုး မရှိခဲ့ပါဘူး။ အဲဒီမှာ ရင်းနှီးမြှုပ်နှံသူတွေ ပုံအောကြပါတော့တယ်။ အေအိုင်အတွက် သတင်းအချက်အလက်တွေ သိုလှောင်ဖို့အတွက်ချည်းပဲ သုံးဖို့ကို ၂၀၂၄ ကနေ ၂၀၂၇ – သုံးနှစ်တာအတွင်း

အေအိုင်အတွက် အကဲဆတ်မယ့် ၂၀၂၅  Read More »

ဆီးရီးယားနိုင်ငံ ထူထောင်ရေး အောင်မြင်နိုင်ပါ့မလား

(သည် အီကောနောမစ် အယ်ဒီတာချုပ် ဇန်နီ မစ်တန် ဘက်ဒိုးရဲ့ ဆောင်းပါးကို မြန်မာ ပြန်သည်) ခုဆိုရင် သမ္မတ အာဆတ်ဟာ နိုင်ငံရဲ့ အာဏာကို ၅၃ နှစ်ကြာအောင် ယူထားခဲ့ပြီး အကျင့်ပျက်ခြစား ရှုပ်ထွေး ပွေလီမှုတွေနဲ့ ဆီးရီးယားကို အပျက်အစီးပုံ ကြားမှာ ထားသွားခဲ့ပါပြီ။ ဒီဇင်ဘာလ ၈ရက်နေ့က သူပုန်တပ်တွေ ဒမတ်စကတ်မြို့ကိုရောက် ရှိလာခဲ့ကြတဲ့အချိန်မှာတော့ ဘတ်ဆာ အယ်အာဆတ်ကို ဆက်လက် ကာကွယ်တိုက်ခိုက်ပေးကြဖို့ အကြောင်းမရှိတော့တဲ့ အစိုးရတပ်တွေဟာလည်း လေထဲမှာ ပျောက်ကွယ်သွားသလို မရှိကြတော့ပါဘူး။ ဆင်းရဲတွင်း နက်ထဲ‌ရောက်နေကြတဲ့ ဆီးရီးယား နိုင်ငံသားတွေဟာ စွန့်ပစ်ခံနန်းတော်ကြီးကို ခပ်စိန်စိန်းကြည့်နေရုံသာ တတ်နိုင်ခဲ့ပြီးတော့ မစွမ်းမသန် ဖြစ်ကာ ကျန်ခဲ့ကြတဲ့ အကျဉ်းသားတွေဟာလည်း အာဏာရှင်ရဲ့ ထောင်အတွင်းကနေ ကြောင်တောင်ကန်းတန်းနဲ့ ထွက်လာခဲ့ကြပါတယ်။ တချို့ဆို သူတို့နာမည်တောင်

ဆီးရီးယားနိုင်ငံ ထူထောင်ရေး အောင်မြင်နိုင်ပါ့မလား Read More »

Detailed close-up of a globe showcasing parts of Europe and Asia for world exploration concepts.

ကမ္ဘာကြီးအတွက် ၂၀၂၅

ကမ္ဘာကြီးအတွက် ၂၀၂၅ သည် အီကောနောမစ် မဂ္ဂဇင်းပါ အယ်ဒီတာ တွမ် စတန်းဒေ့ချ် ရဲ့  ‘’၂၀၂၅ ကမ္ဘာကို မျှော်ကြည့်ခြင်း’’ ဆောင်းပါးကို  မောင်လူထွန်း မြန်မာဘာသာပြန်ဆိုသည်။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီး က ၂၀၂၅ ခုနှစ်ကို ကွမ်တမ် သိပ္ပံနဲ့ နည်းပညာ နှစ် အဖြစ် သတ်မှတ်ထားတာ သဘာ၀ကျပါတယ်။ စကရိုဒင်ဂါးရဲ့ကြောင်လို့ လူတွေသိကြတဲ့ ကွမ်တမ်ဆိုင်ရာ လေ့လာ တွေးခေါ်ချက်တစ်ခု အရ သေခြင်းနဲ့ ရှင်သန်ခြင်းတွေဟာ အလုံပိတ်ဘူးတစ်ခုအတွင်း တပြိုင်တည်း ဖြစ်နိုင်သလို ၂၀၂၅ ခုနှစ်ဟာလဲ အမေရိကန်နိုင်ငံ ရွေးကောက်ပွဲ ရလဒ်ကြောင့် ထူးခြားပြီး မတူကွဲပြား ခြားနားတဲ့ အခြေအနေ နှစ်မျိုးအောက်မှာ ဘာမဆို ဖြစ်လာနိုင်ပါလိမ့်မယ်။ ခုဆိုရင် မဲရလဒ် ကိုလဲ သိနေကြပြီး ဒေါ်နယ်ထရမ့်

ကမ္ဘာကြီးအတွက် ၂၀၂၅ Read More »