The Corner မှာ ဖတ်စရာ (အတွဲ ၁၉ - မာတိကာ)
(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)
Feature, Global
Feature, Asia
Feature, Middle East/Africa
Lifestyle
သူရေးတဲ့စာ
ဝတ္ထု
အတွဲ (၁၉)၊ ၂၀၂၆ ဇန်နဝါရီ ၁ - ၁၅ ရက်
စီစဉ်သူ့ အမှာ
နှစ်တစ်နှစ်ဆီကို ကူးပြောင်း ရောက်ရှိခဲ့ပါပြီ။ ၂၀၂၆ ခုနှစ်ကို ရောက်ရှိခဲ့ပြီ ဆိုပေမယ့် နှစ်ဟောင်းက ဒဏ်ရာဒဏ်ချက်တွေ၊ မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေလည်း ဆက်လက်ရှိနေတုန်းပါပဲ။
The Corner စီစဥ်သူများ ၂၀၂၅ မကုန်ခင်မှာ စုဝေးတိုင်ပင်ကြပြီး ဒီနှစ်မှာလည်း အပြောင်းအလဲ ကြီးကြီးမားမားတွေ မလုပ်ဘဲနဲ့ လက်ရှိ မူဝါဒများအတိုင်း ရှေ့ဆက်လျှောက်ကြဖို့ သဘောတူ ကြပါတယ်။ စာဖတ်သူများပိုပြီး အဆင်ပြေပြေ အွန်လိုင်းမှာ ဖတ်ရှုနိုင်အောင်၊ နည်းပညာ အကူအညီ အများကြီး မလိုအပ်ဘဲ လူတိုင်း လူတိုင်းရဲ့ လက်ထဲမှာ ဖုန်းတစ်လုံး ရှိရုံနဲ့ အခန့်သင့် ဖတ်နိုင်အောင်ပဲ ဆက်လက် အားကြိုးမာန်တက် လုပ်သွားကြမှာပါ။ အကောင်းဆုံးကတော့ ငွေကုန်ကြေးကျ မရှိဘဲ စာဖတ်နိုင်တယ်ဆိုတာ ဒီလိုခေတ်မှာ ရှားပါးလှဘိခြင်း မဟုတ်လား။ ကြိုးစားသွားမှာပါ။
၂၀၂၆ အတွက် ပွဲဦးထွက် အတွဲ (၁၉) မှာ ကျန်ခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ထင်ရှားခဲ့တဲ့ ကမ္ဘာ့ဖြစ်ရပ် များကို စုစည်းတင်ဆက်ထားပြီး ၂၀၂၆ မှာ ဆက်လက်စောင့်ကြည့်ရမယ့် ကိစ္စရပ်များကို Feature လုပ် တင်ဆက်ထားပါတယ်။ The Corner စာတည်းအဖွဲ့က ၂၀၂၅ခုနှစ်ထဲ အထင်ကရ ဖြစ်ရပ်များထဲက ၂၀၂၆မှာ ဆက်လက်စောင့်ကြည့်ရမယ့် ဖြစ်ရပ်များအဖြစ် ၁) အရှေ့အလယ်ပိုင်းက ဂါဇာဒေသ တည်ငြိမ်ရေး၊ ၂) ပြီးမလိုလို မပြီးလိုလို ဖြစ်နေတဲ့ ရုရှား-ယူကရိန်းအရေး၊ ၃) အာရှရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ နဲ့ ကမ္ဘောဒီးယားတို့ အပွန်းအတိုက်များ နဲ့ နောက်ဆုံး ၄) ကမ္ဘာ့စင်မြင့်ထက်မှာ နေရာပိုရလာတဲ့ တရုတ်နိုင်ငံ နိုင်ငံရဲ့ စီးပွားရေး နဲ့ နိုင်ငံရေး နယ်ပယ်ချဲ့ထွင်မှုနဲ့ တစ်ဖက် အမေရိကန်နဲ့ အားပြိုင်မှုတွေ ပဲဖြစ်ပါတယ်။ သုံးသပ်ချက် ဆောင်းပါးများကို တင်ပြထားပြီး ထူးခြားတဲ့ အသစ်တိုးတက်မှုများကို ဆက်လက် တင်ပြသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ကဏ္ဍများကိုလည်း The Corner ရဲ့ထုံးစံအတိုင်း အရည်အသွေးအပြည့် တင်ဆက်ထားတာ မို့လို့ လွတ်သွားလို့ မဖြစ်ပါဘူး။ ဖတ်ဖြစ်အောင် ဖတ်ကြဖို့ တိုက်တွန်းပါရစေ။
နောက်ဆုံးအနေနဲ့ ၂၀၂၆ ခုနှစ် ရဲ့ The Corner ကိုလည်း ဆက်လက် လိုက်ပါ အားပေးကြဖို့ တိုက်တွန်းရင်း ဖြစ်ချင်တဲ့ မြင်ချင်တဲ့ ၂၀၂၆ ဖြစ်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။
စီစဥ်သူ