The Corner

The Corner

cropped-Logo_round_grey-background.png

ကြပ်ကြပ်သတိထား နိုင်ဂျီးရီးယား

Share မယ်

“ကျွန်တော်တို့ နိုင်ငံကို ကျူးကျော်သိမ်းပိုက်ဖို့ အမေရိကန်သမ္မတက စဉ်းစားနေတယ် ကြားရတော့ ကျွန်တော်တို့ ရှော့ခ် ရသွားတယ်” နိုင်ဂျီးရီးယားရီးယားသမ္မတ ဘိုလာတီနူဘူရဲ့ ပြောရေးဆိုခွင့်ရှိသူ က  CNN သတင်းဌာနကို ပြောခဲ့တာပါ။ ရလည်း ရလောက်ပါပေတယ်။ အာဖရိကမှာ လူဦးရေအများဆုံး နိုင်ငံ ဟာ သူ့ရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ အမေရိကန်နိုင်ငံကြီးကို ဘာခြိမ်းခြောက်မှုမျိုးမှ မလုပ်ခဲ့ပါဘူး။ နိုင်ဂျီးရီးယားသားတွေက ထရမ့်ကို အကြီးအကျယ်ထောက်ခံသူတွေပါ။ ဒီနှစ် စစ်တမ်းတစ်ခုမှာ ၇၉ % သော နိုင်ဂျီးရီးယားတွေက ထရမ့်ဟာ ကမ္ဘာ့အရေးမှာ မှန်မှန်ကန်ကန်လုပ်ဆောင်မယ်လို့ ယုံကြည် ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ ပြူး သုတေသနဌာနက နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ စစ်တမ်းကောက်ရာမှာ ရရှိတဲ့ အကြီးဆုံး ထောက်ခံမှုပါ။ ဒါပေမဲ့ ထရမ့်က သိနေတယ်။ ခရစ်ယာန်ဘာသာဝင်တွေကို လျှို့ဝှက်သတ်ဖြတ်နေတယ်လို့ Fox News က အောက်တိုဘာ ၃၁ရက် တင်တာကို ကြားအပြီးမှာ နိုင်ဂျီးရီးယားရီးယားကို အထူးစိုးရိမ်ရမယ့်နိုင်ငံစာရင်းထဲ ထည့်မယ်လို့ ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တက် ရေးလိုက်ပါတယ်။ ဘာသာရေးနှိပ်ကွပ်မှုကို ဒုစရိုက်အဖြစ်သတ်မှတ်တဲ့ ဒီသတ်မှတ်ချက်ဟာ အမေရိကန်ရဲ့ တားမြစ် ပိတ်ဆို့မှုတွေကို ဖြစ်လာစေနိုင်ပါတယ်။ နောက်တစ်ရက်အကြာမှာ ထရမ့်က သိက္ခာမဲ့တဲ့ တိုင်းပြည်က အစ္စလာမ် အစွန်းရောက်တွေကို ဖယ်ရှားပစ်ဖို့ အမေရိကန်ဟာ အင်အားအပြည့်နဲ့ ဝင်လာနိုင်ခြေ ရှိတယ် လို့ ပြောလိုက်ပါတယ်။

နိုင်ဂျီးရီးယားက ခရစ်ယာန်မျိုးတုံးသတ်ဖြတ်မှု ဆိုတဲ့ စိတ်ကူးဟာ အမေရိကမှာ ရှိတဲ့ ရှေးရိုးဝါဒီ အသိုင်းအဝိုင်းရဲ့ အားပေးမှုကို ရခဲ့ပါတယ်။ တောင်အာဖရိကမှာ “လူဖြူမျိုးတုံး သတ်ဖြတ်မှု” ဆိုတဲ့ ခေါင်းစဉ်တစ်ခုလည်း အပြိုင်ရှိနေပါတယ်။ ဝါရှင်တန် ရောက်နေတဲ့ အာဖရိကသားတွေက သူတို့ရဲ့ မိခင် နိုင်ငံက သူတို့အကျိုးစီးပွားအတွက် သမ္မတ ထရမ့်အာရုံကျလာအောင် လက်ယာဝါဒီ ရုပ်မြင်သံကြား ကတဆင့် ကြိုးပမ်းနေတာပါ။ ကိစ္စနှစ်ခုစလုံးမှာ အမှန်တရားက နည်းနည်း၊ ချဲ့ကားထားတာတွေက များနေပါတယ်။

နိုင်ဂျီးရီးယားက လူပေါင်း သန်း၂၃၀မှာ အစ္စလာမ်ဘာသာဝင်အများစုက မြောက်ဘက်၊ ခရစ်ယာန်ဘာသာဝင် အများစုက တောင်ဘက်ကွဲနေပြီး အဓိက ပြဿနာကြီး သုံးခုရှိနေပါတယ်။ ပထမ ပြဿနာက အစ္စလာမ် ဘာသာရေး စစ်ပွဲဝါဒီ ဘိုကို ဟာရမ်အဖွဲ့လို အဖွဲ့တွေရဲ့ အကြမ်းဖက်ဝါဒပါ။ ဒုတိယက ဓားပြတိုက်မှုတွေ နဲ့ ပြန်ပေးဆွဲမှုတွေပါ။ တတိယက မွေးမြူရေး သမားတွေ နဲ့ စိုက်ပျိုးရေးသမားတွေကြားက ပဋိပက္ခပါ။ ဒီပြဿနာတွေဟာ အထူးသဖြင့် ဆင်းရဲတဲ့ မြောက်ပိုင်းမှာ မူစလင်တွေက ခရစ်ယာန်တွေကို သတ် ဖြတ်တာမျိုး ဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် မူစလင်တွေ (ခရစ်ယာန်တွေလည်းပါ) က မူစလင်တွေကို သတ်ဖြတ်တာလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်လေ့ရှိတဲ့ အကြမ်းဖက်မှုတွေရဲ့ အကြောင်းတရားက ဘာသာရေးမဟုတ်ဘဲ ပါတီနိုင်ငံရေး၊ လူမျိုး ရေး ဒါမှမဟုတ် မြေအငြင်းပွားမှု တို့ ဖြစ်နေတတ် ပါတယ်။

“ဆင်တူသလို ရှိပေမယ့် ဘာသာရေး ပဋိပက္ခတွေ မဟုတ်ပါဘူး” လို့ နိုင်ဂျီးရီးယား မှာရှိတဲ့ NGO အကြီးအကဲ တစ်ဦးက ဆိုပါတယ်။ ၂၀၂၀ခုနှစ်က စလို့ လက်နက်ကိုင်အဖွဲ့တွေဟာ နေရာပေါင်း ၁၂၀၀၀ မှာ ပြည်သူတွေကို ပစ်မှတ်ထားခဲ့ပြီး လူပေါင်း ၂၁၀၀၀ လောက် သေဆုံးခဲ့တယ်လို့ အမေရိကန်အခြေ စိုက် Armed Conflict Location Event and Data (ACLED) စောင့်ကြည့် အဖွဲ့က ဆိုပါတယ်။ အဲဒီထဲ မှာ ကိုးကွယ်ယုံကြည်မှုကြောင့် ခရစ်ယာန်တွေကို ပစ်မှတ်ထားတဲ့ အမှု ၄၀၀ ထက်နည်းပြီး သေဆုံးမှု ကလည်း ၅၀၀ အောက်ဖြစ်တာ တွေ့ရပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ အာဖရိကတိုက်ဆိုင်ရာ အကြံပေး မာဆတ်ဘူလိုစ်ကတော့ “နိုင်ဂျီးရီးယားမှာ ဘာသာရေးခေါင်းဆောင်တွေရော လူမျိုးစု ခေါင်း ဆောင်တွေပါ သေကုန်တော့မယ်” လို့ အောက်တိုဘာလ ထဲမှာ ပြောပါတယ်။

မလုံခြုံမှုတွေကို ဖြေရှင်းဖို့ နိုင်ဂျီးရီးယား အစိုးရက လုပ်ဆောင်တာ နည်းလွန်းတယ်လို့ ထရမ့်ပြောတာ မှန်ပါ တယ်။ အမြဲတမ်း သူတို့လုပ်မှ ပိုဆိုးသွားတာပါ။ စစ်တပ်က လူထုကို သတ်ဖြတ်ကြောင်း လူ့အခွင့် အရေးအဖွဲ့တွေက စွပ်စွဲပါတယ်။ နိုင်ဂျီးရီးယား နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲအတွက် လူဆိုးလူမိုက် တွေကို ငှားရမ်းကြပါတယ်။ နိုင်ဂျီးရီးယား စာရေးဆရာ အယ်နသန် ဂျွန်က “ကျွန်တော်တို့ရဲ့ ကသောင်းကနင်းကိစ္စ တွေကို အမေရိကန်က လုပ်တာမဟုတ်ဘူး၊ သူတို့က လုပ်ခွင့်ပေးလိုက်တာ” လို့ ဆိုပါတယ်။

အမေရိကန်ဘာလုပ်မလဲ၊ လူသတ်ပွဲတွေကို အားပေးခဲ့တဲ့ နိုင်ဂျီးရီးယား နိုင်ငံရေးသမားတွေကို ပိတ်ပင်ကန့်သတ်မယ့် သူ့ရဲ့ ဥပဒေကြမ်းကို ဆွေးနွေးဖို့ ရီပတ်ဘလစ်ကန် အမတ် တဒ် ကရုဇ် ဟာ နိုဝင်ဘာ ၅ ရက်နေ့မှာ အိမ်ဖြူတော်ကို သွားပါတယ်။ ထရမ့်ရေးထားတာကို အဓိပ္ပာယ်ပေါ်လွင်စေဖို့ အခြား တာဝန်ရှိသူတွေ စုဝေးပြီး ပစ်မှတ်ကို ရှာကြပါတယ်။ လိခ်ချဒ် ဒေသက ဘာသာရေးစစ်ဝါဒီ တစ်ယောက်ကို ပစ်မှတ်ထားလို့ ရနိုင်ပါတယ်။ “ဒါပေမဲ့ အဲဒီနေရာမှာ အကြမ်းဖက်တွေ ပုန်းအောင်း နေတာမျိုးမရှိသလို ကျွန်တော်တို့ ဗုံးကြဲပစ်ရမယ့် ယူရေနီယမ် စက်ရုံလည်း မရှိဘူးဗျ” ပြောတဲ့သူက အမေရိကန်အစိုးရရဲ့ နိုင်ဂျီးရီးယား ဆိုင်ရာ အကြံပေးဟောင်း မက်သယူးပေ့ချ်ပါ။ သူက အခု ချေသမ်ဟောက်စ် လန်ဒန်မှာ အလုပ်လုပ်နေပါတယ်။

Credit: The Guardian

အခုတော့ သူ လှုပ်ပစ်လိုက်တာ နိုင်ဂျီးရီးယား အစိုးရ ဘယ်လိုဖြစ်သွားမလဲဆိုတာ ထရမ့်က ကြည့်နေပါတယ်။ နိုင်ဂျီးရီးယား ရဲ့ လုံခြုံရေးအခြေအနေကို ကိုင်တွယ်ဖို့ လစ်ဟင်းမှုနဲ့ နိုင်ငံခြားရေးရာမူဝါဒတွေကို သုံးသပ်ဖို့ဟာ သမ္မတ တီနူဘူအတွက် အရေးတကြီး လုပ်ဆောင်ရမှာတွေပါ။ အာဏာရချိန် ၂၀၂၃က စလို့ သံအမတ်ပေါင်း ၁၀၀ လောက်ကို ရာထူးက ဖယ်ခဲ့ပြီး တချို့ ပြန်မခန့်ရသေးပါ။ တချို့လည်း မကြာခင် ပို့တော့မယ်လို့ မီဒီယာတွေက ဆိုပါတယ်။ ဝါရှင်တန်ကို ရောက်တဲ့ သံအမတ်ကတော့ အလုပ်တွေ လုပ်ရတော့မှာပါ။

The Economist Journal ပါ “Donald Trump says he may strike Nigeria to save Christians. Really?” ဆောင်းပါးကို ပြန်ဆိုသည်။

Click to rate this post!
[Total: 0 Average: 0]