ယခုတလော မြင်တွေ့နေရသည့် မြင်ကွင်းများမှာ လွန်ခဲ့သည့်တစ်နှစ် လောက်ကဆိုလျှင် ကိုယ့်မျက်လုံးကိုပင် ကိုယ်မယုံချင်စရာ။ တနေ့က နယူးယောက်မြို့ မန်ဟက်တန် တွင်အယ်ကေဒါ ဘာသာရေးအစွန်းရောက် တစ်ဖြစ်လဲ ယနေ့ ဆီးရီးယား၏ ထိပ်တန်း နိုင်ငံရေးသမား ” အာမက် အယ် ရှားရား ” နှင့် အမေရိကန်၏ နာမည်ကျော် ဗိုလ်ချုပ် တစ်ဦး ဖြစ်သော David Petraeus တို့ လက်ဆွဲ နှုတ်ဆက် နေကြသော မြင်ကွင်းမှာ အတော်တော့ကို စိတ်ကသိ ကအောက် ဖြစ်စရာပင်။ ဆီးရီးယားကို ကာလရှည်ကြာ စိုးမိုး အုပ်ချုပ်နေခဲ့သော အာဏာရှင် ‘ဘာရှား အယ် အာဆတ်’ ကိုဖြုတ်ချပြီး ၁၀ လခန့်အကြာ စက်တင်ဘာ ၂၄ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အာမက် အယ် ဘာရှားက မိန့်ခွန်း ပြောကြားနေရာ ဆီးရီးယား ခေါင်းဆောင်တစ်ဦး ကုလသမဂ္ဂတွင် မိန့်ခွန်းပြောခြင်းမှာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်ဟု ဆိုရမည်။ ပြောနေသူကလည်း အခြားလူမဟုတ် အီရတ်တွင် အမေရိကန် တပ်ဖွဲ့ဝင် များကို ဂျီဟတ် ဘာသာရေး စစ်ပွဲ ဆင်နွှဲခဲ့သူက ယခု နယူးယောက်တွင် ရေပန်း အစားဆုံးလူ ဖြစ်နေသည်။
အမေရိကန်၏ ထောက်ခံမှု ရရန် မစ္စတာ ရှာရား၏ ကြိုးပမ်းမှုများတွင် ဤကုလသမဂ္ဂခရီးမှာ အထွတ်အထိပ်ပင် ဖြစ်သည်။ အမှတ်တမဲ့ ကြည့်လိုက်လျှင် အလုပ်ဖြစ်နေသယောင် ထင်ရသည်။ မစ္စတာ ရှာရား နှင့် သူ၏ နိုင်ငံခြားရေး ဝန်ကြီး” အာဆတ် အယ် ရှာဘာနီ ” တို့ကို အမေရိကန်၏ အာဏာ ပါဝါ စင်္ကြံပေါ်သို့ ဦးဆောင်လမ်းပြ ခေါ် ဆောင်လာသူမှာ တွမ်ဘားရက် ပင်ဖြစ်သည်။ သူသည် တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဖြစ်ပြီးဒေါ်နယ်ထရမ့် က ဆီးရီးယားနိုင်ငံ ဆိုင်ရာ သူ၏ သံတမန်အဖြစ် ခန့်ထားခြင်း ခံရသူ ဖြစ်သည်။ အမေရိကန် အထက်လွှတ်တော်အမတ်များနှင့်မစ္စတာရှာရား တို့ တွေ့ဆုံနေကြသောပုံ များကို လည်းတွေ့မြင်ရသည်။ သို့တစေ သူ၏ ဇာတိမြေဆီးရီးယားတွင် ‘ ရှာရား’ တွေ့ကြုံရင်ဆိုင်နေရသောပြဿနာ များသည်ပြည်ပတွင် ရှာရား ၏ ကြိုးပမ်းမှု များကို အားလျော့သွားစေနိုင် ပေသည်။
ဆီးရီးယားခေါင်းဆောင်၏ အဓိကစိုးရိမ်သောကမှာ သူ့နိုင်ငံ အပေါ် ချမှတ်ထားသော ဒဏ်ခတ် ပိတ်ဆို့မှုများ ပင်ဖြစ်သည်။ မေလ အတွင်းက ဒေါ်နယ်ထရမ့်က ဆီးရီးယားအပေါ် အမေရိကန်က ချမှတ်ထားသော ဒဏ်ခတ် ပိတ်ဆို့မှု တစ်ပုံတစ်ခေါင်းကို ဖယ်ရှားပေးမည်ဟုပြောဖူး သည်။ ဒီအထဲမှာအထိအနာဆုံးက Caesar Act ဥပဒေ ဖြစ်ပြီး ကွန်ဂရက် လွှတ်တော်အတွင်းမှာ မပြီးပြတ်နိုင်သေးဘဲ အတော်ပင် လိမ္မာပါးနပ်စွာ သုံးသပ် ဆုံးဖြတ်ကြရမည့် ကိစ္စ ဖြစ်နေသည်။
ထိုဥပဒေကိုရုပ်သိမ်းပေးရန် လိုလားသူများက ၄င်းကို အမျိုးသား ကာကွယ်ရေး ခွင့်ပြုမှု ဥပဒေတွင် ပူးတွဲ ထည့်သွင်း ရန် အချိန် သီတင်း လေးပတ်လောက်သာ ကျန်တော့သည်ဟု ထောက်ပြကြသည်။ လင်းဆေး ဂရေဟမ် ခေါင်းဆောင်သော ရန်လိုသည့် ရီပတ်ဗလီကင်အမတ်များက ဒဏ်ခတ်ပိတ်ဆို့မှုကို မရုပ်သိမ်းမီ ဆီးရီးယားအဖို့ လိုက်နာရန် ခက်ခဲသော တောင်းဆိုမှုများ ပါဝင်သည့် ပြင်ဆင်ချက်များ ထည့်သွင်းရန် တောင်းဆိုနေသည်။

မစ္စတာ ရှားရားကသူ့ ကိုမယုံမကြည်နှင့် ရှုတ်ချနေသူများကို စိတ်မပူရန် အာမခံနေပါသည်။ “ဆီးရီးယားက အစ္စရေး အပါအဝင် မည်သည့် နိုင်ငံကိုမှ ရန်ပြုမှာ မဟုတ်ပါဘူး။ တကယ့်အန္တရာယ်က အစ္စရေးရဲ့ ရန်စမှုတွေ ကြောင့်ပါ” ဟု မန်ဟက်တန် အလယ်ရှိ ဖိတ်ဖိတ်တောက် နေသော ကလပ်တစ်ခုတွင် သီးသန့် တက်ရောက်လာကြသော ပရိသတ် ကို မစ္စတာရှားရား ကပြောပါသည်။ အခန်းအနားအပြီးတွင် တွမ်ဘားရက်အခမ်န်းးအနား အပြီးတွင် တွမ်ဘားရက်က “တင်းမာမှုလျှော့ချရေး” သဘော တူညီချက်တစ်ခု အပြီးသပ်ရန် နီးကပ်နေပြီ ဖြစ်ကြောင်း ဒမတ်စကတ်မြို့ တောင်ဖဘက်ရှိ ကြားခံဇုန်ံတွင် လက်နက်ကြီး များ ချထားမှုကို အဆုံးသပ်ရေး အပါအဝင် ဆီးရီးယား၏ တာဝန်ခံမှုများကို အပြန်အလှန်အနေဖြင့် အစ္စရေးကလည်း ဆီးရီးယားနိုင်ငံ အပေါ်ဗုံးကြဲနေမှုများကို ရပ်တန့်တော့မည် ဖြစ်ကြောင်း မစ္စတာ ဘားရက်က ပြောပြပါသည်။
နယူးယောက်တွင် မစ္စတာ ရှားရားကို ဂုဏ်ပြု ဧည့်ခံနေကြစဥ် မှာပင် သူ့နိုင်ငံ ဆီးရီးယား မှာတော့ အခြေအနေက သိပ်မျှော်လင့်စရာ မရှိလှပေ။ သူကတိပေးခဲ့သလို သူ့အုပ်ချုပ်ရေးတွင် အားလုံး ပါဝင်မှုကို မတွေ့ခဲ့ကြရပေ။ ဒဏ်ခတ် ပိတ်ဆို့မှုကို တစ်ပိုင်းတစ်စ ရုတ်သိမ်း ပေးလိုက်သော်လည်း ဆီးရီးယား နိုင်ငံသား အများစုမှာ ဘာအကျိုး တစ်စုံတစ်ရာမျှ မခံစားခဲ့ကြရပါ။ အာဆတ် လက်ထက်က အတိုင်းပင် ခရိုနီလူတန်းစား တစ်ရပ် ပေါ်ထွက်လာသည်ကို မြင်တွေ့ နေရကြောင်း ဒမတ်စကတ် မြို့တော်မှ စီးပွားရေးလုပ်ငန်းရှင်နှင့် ဘဏ်လုပ်ငန်းရှင်များကပြောကြ ပါသည်။ မစ္စတာရှားရား ကသူ၏ မွေးချင်း ညီအစ်ကို သုံးယောက်နှင့် ယောက်ဖ တစ်ယောက်ကို အဓိက ရာထူးနေရာ များတွင် ခန့်ထားခဲ့သည်။ မစ္စတာ ရှားရား၏ နိုင်ငံခြားရေး ဝန်ကြီး လုပ်သူသည် အာဏာရှင် သမ္မတဟောင်း အာဆတ် နေထိုင်ခဲ့ရာ Tishreen Palace နန်းတော်ထဲသို့ ပြောင်းရွှေ့ နေထိုင်သည်ကို မြင်တွေ့ရသော နိုင်ငံခြား သံတမန်များမှာ တအံ့တသြ ဖြစ်ကြရသည်။ “လူတွေကဘယ်လိုထင်ကြမလဲ, သူတို့ မစဥ်းစားကြဘူးနော်” ဟု ဥရောပ သံတမန် တစ်ဦးက မှတ်ချက်ချသည်။ Idlib နယ်ကလူတွေနဲ့ စပ်တူ စီးပွားရေးလုပ်ဖို့ ဖိအားပေး ခံနေရတယ် ဟု ကုန်သည်တွေ က တီးတိုး ပြောကြသည်။ Idlib နယ်သည် မစ္စတာ ရှားရား နှင့် သူ့သူပုန် အဖွဲ့တွေ တစ်ချိန်က အုပ်ချုပ်ခဲ့သော နယ်ဖြစ်သည်။
တရားဥပဒေစိုးမိုးမှုအခြေခံသောနိုင်ငံတည်ထောင်မည်ဆို သောသူတို့၏ပြောစကားကိုလူအများကမယုံကြည်ကြပါဟု “The Day After” အဖွဲ့၏ညွှန်ကြားရေးမှူး Moutasim Syoufi ကပြော ပါသည်။ ထိုအဖွဲ့သည် ဆီးရီးယားတွင် ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းနေသော ဒမတ်စကတ်မြို့ အခြေစိုက်အဖွဲ့တစ်ခု ဖြစ်သည်။ လာမည့် သီတင်းပတ်များတွင် ကျင်းပတော့မည့် ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲများသည် ဟာသလုပ်ဇာတ်တစ်ခုသာဟု အများက ယူဆထား ကြသည်။ ကိုယ်စားလှယ်လောင်းများသည် မစ္စတာရှားရားကို လူသိရှင်ကြား ပေါ်ပေါ်တင်တင် သစ္စာခံသော သူများသာ ဖြစ်ကြသည်။ ကာလကြာရှည်စွာရပ် တည်လာခဲ့ကြသော အတိုက်အခံများ လုံးဝ မပါဝင် ကြရပေ။ လူတိုင်း မဲပေးခွင့်လည်း ရကြမည်မဟုတ်။ အစိုးရက ရွေးချယ် ခန့်အပ်ထားသော electoral college များက ကြိုတင် စိစစ်ထားသော လူစာရင်းထဲမှ ကိုယ်စားလှယ်လောင်းများ ကိုသာ ရွေးချယ်ကြမည်။ နိုင်ငံရေးပါတီများ ကိုလည်း ပိတ်ပင်ထားဆဲ ဖြစ်သည်။
မန်ဟက်တန် မြို့လယ် တွေ့ဆုံပွဲတွင် မစ္စတာ ရှားရားက အဖွဲ့အစည်းကြီးတွေ တည်ထောင်ဖို့ အရေးကြီးပုံကို အလေးထား ပြောဆိုခဲ့ပါသည်။ သို့သော် အရေးကြီးသော ဆုံးဖြတ်ချက်မှန် သမျှကိုသူ့လူမဟာ မိတ် လေးငါးယောက် ကသာ ပြုလုပ်နေကြရာ ထိုအဖွဲ့တွင် သူ့မွေးချင်း ညီအကို သုံးယောက်လည်းပါဝင်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ က သူတို့မှာ သက်ဆိုင်ရာဝန်ကြီးများထက် သူ့ ညီဖြစ်သူဟာဇမ် Hazem နောက်သို့သာ တကောက်ကောက် လိုက်နေရ ကြောင်း ပြောပြကြသည်။ ဒီ ပုံစံနှင့်ဆိုလျှင် အဖွဲ့အစည်းတွေ တည်ထောင်ရေး ကြိုးပမ်းမှုကို အားပျော့ သွားစေနိုင် သည်ဟု အစိုးရနှင့် ပူးတွဲ အလုပ်လုပ် လိုသူများက ပြောနေ ကြပါသည်။
ဂိုဏ်းဂဏ ကွဲများအကြား အကြမ်းဖက်မှုကြောင့် လူနည်းစု များက အစိုးရ အပေါ် မည်မျှအထိ စိမ်းကားစေသည်၊ ဖဲကြဥ်သွားစေသည် ဆိုသည်ကိုအစိုးရကလုံလုံလောက်လောက်သဘောပေါက်နားလည်မှု မရှိခဲ့ချေ။ ထိုသို့ နားလည်ရန် ပျက်ကွက်မှုသည် စည်းလုံးညီညွတ်ရေးနှင့် တိုင်းသစ် ပြည်သစ် တည်ဆောက်ရေးတွင် များစွာ ထိခိုက် နစ်နာစေသည်။ “ဒရူဇီ Druze လူနည်းစုတွေရဲ့ အမြင်မှာတော့ ဒီအစိုးရဟာ သူတို့ဘဝ မှာရင်ဆိုင်နေရတဲ့ အန္တရာယ်ကြီး တစ်ခုလို ဖြစ်လာနေပါတယ်” လို့ ဒရူဇီ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါသည်။ သူက ဒရူဇီ လူနည်းစုနဲ့ အစိုးရအကြား နားလည်မှုရအောင်ကြိုးပမ်းနေသူဖြစ်သည်။ ဒရူဇီ လူနည်းစု အများစိုးမိုးနေထိုင်သော ဆူဝေဒါ (Suwayda) နယ်တွင် ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြောင့် အရှေ့ မြောက်ပိုင်းရှိ ကဒ်လူမျိုးစု တပ်ဖွဲ့များ အနေနှင့် လက်နက်ချပြီး အစိုးရသစ်နှင့် ပူးပေါင်းမှုမပြုလုပ်ရန် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာသွား စေခဲ့ပါသည်။
ထိုသို့သော အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားလာပါက အမေရိကန်နှင့် ဆီးရီးယားနိုင်ငံသစ်တို့ အကြား ပွင့်လန်းလာစ ချစ်ကြည်ရေးကို အန္တရာယ်ဖြစ်စေနိုင်ပါသည်။ တွမ်ဘားရက်သည် ဝါရှင်တန်တွင် မစ္စတာ ရှားရား အားအကိုးရဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် မစ္စတာ ရှားရားကိုယ်တိုင်သူ့လုံခြုံရေးတပ်များကိုထိန်းမနိုင် သိမ်းမရ ဖြစ်ခဲ့သော “ဆူဝေဒါ” အကြမ်းဖက်မှုမျိုး ထပ်ဖြစ်လာပါက နှစ်နိုင်ငံအကြား ပွင့်လန်းစ ချစ်ကြည်ရေးမှာ အဖျားရှူးသွားနိုင်ကြောင်း တွမ်ဘားရက် ကိုယ်တိုင်ဝန်ခံခဲ့ပါသည်။ ဒီလို အကြမ်းဖက် လုပ်ရပ်များ ထပ်ဖြစ်လာပါက လက်ရှိ ဒဏ်ခတ်ပိတ်ဆို့ မှုများကို ဖယ်ရှားပေးမည် မဟုတ်ဘဲ ဆက်လက် ထားရှိနိုင်ပေသည်။ မစ္စတာ ရှားရားက သူ့ နိုင်ငံဆီးရီးယားမှာ အမှားတွေ ဆက်လုပ်နေလျင် ဝါရှင်တန်မှာ သူ့အတွက်လော်ဘီ လုပ်ပေးနေသောသူတွေအဖို့ပို၍ အခက် တွေ့လာ နိုင်ပေသည်။
ဒမတ်စကတ် မှာရှိတဲ့လူ တချို့ကတော့မစ္စတာ ရှားရား တစ်ယောက် အမေရိကန် ခရီးက အပြန်မှာ မှားယွင်းတဲ့ သတင်းစကားတွေ ယူဆောင်လာမှာကိုပဲ စိုးရိမ် ပူပန် နေကြလေသည်။ ဗိုလ်ချုပ် Petreaus ကတော့ သူဟာ မစ္စတာ ရှားရားရဲ့ ပရိသတ်တစ်ယောက် ပါဟု ပြောကောင်း ပြောပါလိမ့်မည်။ သို့သော် မစ္စတာ ရှားရား တကယ် လိုအပ် နေတာက ခိုင်မာတဲ့ စိတ်ကောင်း စေတနာတွေပါ ဟု ဆီးရီးယား အရေး လုပ်ကိုင် ဆောင်ရွက်နေသူ နိုင်ငံခြားမှ ထိပ်ပိုင်း အရာရှိတစ်ဦးက ပြောပါသည်။ မကြာမီ တာဝန်မှ ကုန်ဆုံးတော့မည့် ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အရာရှိဟောင်း Geir Pedersen က ” ဆီးရီးယား မှာ မစ္စတာ ရှားရား ရဲ့ “တရားဝင်မှု” ဟာ နယူးယောက်မြို့ စကားပြော စင်မြင့်ပေါ်ကနေ ရလာမှာ မဟုတ်ပါဘူး” ဟု မကြာသေးမီက ပြောခဲ့ပါသည်။
ကိုးကား – Syrian President in New York, The Economist, Sep 25


