The Corner

သမ္မတပြုသမျှ နုရမည့် US လူဝင်မှု

Share မယ်

ဘယ်ကိစ္စမှ လူဝင်မှုကိစ္စလောက် ဒေါ်နယ်ထရမ့်နဲ့တွဲ မနေပါဘူး။ ၂၀၁၅ သမ္မတဖြစ်တာနဲ့ မက်ဆီကန်တွေကို ရာဇဝတ်ကောင်တွေ၊ မုဒိမ်းကောင် တွေလို့ ပြောခဲ့ပါတယ်။ ကိုးနှစ်လုံးလုံး သမ္မတရွေးကောက်ပွဲ သက်တမ်း တစ်လျှောက် “တံတိုင်းကာမယ်”၊ “အစုလိုက် အပြုံလိုက် ပြန်ပို့ပစ်မယ်” ဆိုတဲ့ကြုံးဝါးသံတွေ ညံနေခဲ့တာပါ။ ကင်မလာဟားရစ်ကို အနိုင်ယူပြီးနောက်မှာတော့ တရားဝင် လူဝင်မှုကို ထိန်းချုပ်ပြီး တရားမဝင် လူဝင်မှုကို တားမြစ်ဖို့ ထရမ့်က အားထုတ်လာမှာပါ။ သူ့ရဲ့အဖွဲ့က ၂၀၂၅မှာ အတွေ့အကြုံပိုများလာပြီး ထိထိရောက်ရောက် ပိုလုပ်လာနိုင်ပါလိမ့်မယ်။

အမေရိကန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်က ပြည်ထောင်စုအစိုးရဌာနများရဲ့ အကဲဖြတ်မှုအပေါ် အခြေခံထား တာပါ။ လုပ်ထုံးလုပ်နည်းတွေက အရမ်းကို ခေတ်နောက်ကျနေပြီး ရွှေ့ပြောင်းဝင်ရောက်လာ သူများနဲ့ မူဝါဒရေး ဆွဲသူများ နားမလည်နိုင်အောင် ရှုပ်ထွေးပါတယ်။ သုံးနေရာစလုံးမှာ နိုင်ထားတဲ့ ရီပတ်ဘလီကန်တွေ (အထက်လွှတ်တော်၊ အောက်လွှတ်တော်၊ သမ္မတ) အနေနဲ့တောင်မှ ကွန်ဂရက်ကို ပြုပြင်ပြောင်းလဲဖို့ ဆိုတာ သံသယဖြစ်ဖွယ်ပါ။ အဲဒီလိုရှိနေပေမယ့် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းစည်းကမ်း တွေကို ပြောင်းလဲဖို့နဲ့ ဦးစားပေးမှု တွေကို ပြောင်းပစ်ဖို့မှာ သမ္မတရဲ့ ဩဇာအာဏာက ကြီးမားပါတယ်။နောက်ကြောင်းလိုက်တာတွေ၊ ဗီဇာခ တိုးမြှင့်တာတွေ၊ (ခွင့်ပြုချက်) စောင့်ဆိုင်းချိန်တိုးမြှင့်တာတွေ ဖြစ်လာနိုင်တာ တွေးဆစရာပါ။ Green card ရတဲ့သူအရေအတွက်လည်း ထိုးဆင်းသွားမှာပါ။ လက်ခံမယ့် ဒုက္ခသည် အရေအတွက်ကို သတ်မှတ်ရာမှာလည်း သမ္မတက အာဏာအပြည့်ပါ။ နောက်လာမယ့် လေးနှစ်မှာ အင်မတန်ကို အရေအတွက် နည်းသွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ နယ်စပ်မှာတော့ တောင်ဘက်ကနေ နယ်စပ်ကို ဖြတ် ကျော်ချင်သူတွေ အနေနဲ့ မက္ကဆီကိုနိုင်ငံက တရားရုံးကြားနာမှုကို စောင့်ရမယ်ဆိုတဲ့ မူဝါဒကို ပြန်ကျင့်သုံးဖို့ ထရမ့်က ပိုင်းဖြတ်ထားပါတယ်။ ဒါပေမဲ့ လူ ခုနှစ်သောင်းကပဲ ဒီမူဝါဒကို ပါဝင်မယ် ပြောထားပြီး မက္ကဆီကိုရဲ့ သမ္မတအသစ်က ပူးပေါင်းပါဝင်မှ ဒီလုပ်ငန်းက ဖြစ်မှာပါ။ ရွှေ့ပြောင်းဝင်ရောက်လိုသူတွေ ခိုလှုံခွင့် လျှောက်ထား နိုင်မယ့် အစိုးရစနစ်တစ်ခုကို ချမှတ်ဖို့ ထရမ့်က ကတိပြုထားပြီး အဲဒါကို “တရားမဝင်သူတွေကို မှောင်ခိုသွင်းမယ့်လမ်း” လို့ သူက အမည်ပေးထားပါတယ်။ ဂျိုးဘိုင်ဒင်လက်ထက်က ချမှတ်ခဲ့တဲ့ ရွှေ့ပြောင်းဝင် ရောက်မှုတွေကို ထိန်းချုပ်ဘို့ အစီအစဉ်တွေကိုလဲ ထရမ့်က ရပ်ပစ်ဖို့ ရှိပါတယ်။ တစ်ချို့ သောရွှေ့ပြောင်း နိုင်ငံခြားသားတွေကို အမေရိကန်နိုင်ငံသားဖြစ်ခွင့် မရှိတဲ့ အလုပ်လုပ်ခွင့် ပေးတာမျိုးပါ။

”နောက်လာမယ့် လေးနှစ်မှာ အင်မတန်ကို အရေအတွက် နည်းသွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။”

နောက်တစ်ဖက်မှာတော့ ထရမ့်ရဲ့ အပြင်းထန်ဆုံး အစုလိုက်အပြုံလိုက် ပြန်ပို့ခြင်းပါ။ ကွန်ဂရက်က ရန်ပုံငွေ ထပ်ဆောင်းမရရင် ဘာမှ လုပ်လို့ မရပါဘူး။ ဒါပေမဲ့ ရွှေ့ပြောင်းဝင်ရောက်လိုသူတွေကို အမေရိကန် မြေပေါ်မှာ ရောက်ရှိစုစည်းဖို့အတွက် ခပ်ညံ့ညံ့ကြိုးပမ်းချက်တွေက မိသားစုတွေကို တကွဲတပြားဖြစ်စေပြီး ထရမ့်အစိုးရထိန်းချုပ်ပြည်နယ်တွေနဲ့ ပြည်နယ်အတွင်း တရားမဝင်နေထိုင်သူတွေကို အကာအကွယ်ပေး ဥပဒေ တွေရှိတဲ့ ဒီမိုကရက်တစ်ကြီးစိုးတဲ့ ပြည်နယ်တွေအကြား ကွဲပြားမှုတွေ ပေါက်ဖွားစေမှာ ဖြစ်ပါတယ်။

ထရမ့် မတတ်နိုင်တဲ့ ကိစ္စတွေလည်းရှိမှာ ဖြစ်သလို သူ့ရဲ့ အငြင်းပွားစရာ မူဝါဒတွေလည်း တရားရုံးတွေ နဲ့ ရင်ဆိုင်ရမှာပါ။ အမေရိကရဲ့ စီးပွားရေးကောင်းလာရင် အလုပ်လာရှာသူတွေလည်း မနည်းဖြစ်လာမှာပါ။ ဗင်နီဇွဲလားနိုင်ငံက အခု ထက် ပိုဆိုးရွားယိုင်ဆင်းသွားရင် တောင်ဘက်ကို ရွှေ့ပြောင်းမယ့် ဗင်နီဇွဲလား နိုင်ငံသားတွေ ပိုများလာပါလိမ့်မယ်။

လက်မခံဆန့်ကျင်မှုတွေလည်း ရှိမှာသေချာပါတယ်။ အစုလိုက်ပြန်ပို့တာတွေ ပိုလုပ်ပြီး ငယ်ငယ်လေး ကတည်းက အမေရိကကို ရောက်နေတဲ့ ကလေးတွေကို ပြန်မပို့နိုင်အောင် ကာကွယ်ထားတဲ့ ဥပဒေကို ရုပ်သိမ်းမယ် ဆိုရင် ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို လိုလားအားပေးတဲ့သူတွေရဲ့ ဆန္ဒပြမှုတွေ အားသစ်လောင်း ပေါ်ထွက် လာဦးမှာ ဖြစ်ပါတယ်။ ထရမ့်ရဲ့ ပထမသက်တမ်းတုန်းကကြုံခဲ့ရပြီး အဲဒီလှုပ်ရှားဆန္ဒပြမှုတွေ ငြိမ်သက်သွား ကြပေမယ့် အခု သိပ်အကြာကြီးငြိမ်နေတော့မှာ မဟုတ်ပါဘူး။

မူရင်း Over here by, Aryn Braun, West Cost Correspondent, The Economist

Leave a Comment

Your email address will not be published. Required fields are marked *