The Corner

The Corner

cropped-Logo_round_grey-background.png

ယောဇက် (အာခါ – လားဟူ)

ယောဇက် (အာခါ – လားဟူ)

ပစ္စုပ္ပန်ဆိုတာ အကောင်းဆုံးအချိန်

လွန်ခဲ့တဲ့ ရက်သတ္တပတ်က ရန်ကုန်မြို့ရဲ့ သမိုင်းဝင် ဝန်ကြီးများရုံးဝင်းအတွင်းရှိ Brick Studio မှာ ကျင်းပခဲ့တဲ့ ထူးခြားတဲ့ ပန်းချီပြပွဲတစ်ခုဆီကို ကျွန်တော် ရောက်ရှိခဲ့ပါတယ်။ လူနေမှုဟန်ပန် (Lifestyle) တွေနဲ့ ဘဝဒဿနကဗျာတွေကို နူးညံ့သိမ်မွေ့စွာ ရေးဖွဲ့လေ့ရှိတဲ့ စာရေးဆရာ နွယ်ဦးလှိုင် နဲ့အတူ “Temporal Deception” (အချိန်ကာလရဲ့ လှည့်စားခြင်း) လို့ အမည်ပေးထားတဲ့ ပြပွဲဆီကို အတူတူ ခြေဆန့်ဖြစ်ခဲ့ကြတာပါ။ ပြပွဲခန်းမထဲကို ခြေချလိုက်တာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး ထူးခြားတဲ့ အနုပညာရသတစ်ခုကို စတင် ခံစားလိုက်ရပါတယ်။ အဲဒါကတော့ “Generation Gap” လို့ခေါ်တဲ့ မျိုးဆက်ကွာဟမှုကို အနုပညာရဲ့ နူးညံ့တဲ့ ကြိုးမျှင်လေးတွေနဲ့ ကျော်ဖြတ်ပေါင်းကူးထားတဲ့ အလှတရားပဲ ဖြစ်ပါတယ်။ ဒီပြပွဲမှာ အနုပညာလောကထဲ နှစ်ပေါင်း ၅၀ ကျော် […]

ပစ္စုပ္ပန်ဆိုတာ အကောင်းဆုံးအချိန် Read More »

အမေရိကန်မြေပေါ်က ငြိမ်းချမ်းရေးအတွက် ခြေလှမ်းများ

ဒီခရီးစဉ်က အမေရိကန်ပြည်ထောင်စုတစ်ခွင်ကို ဖြတ်သန်းသွားတဲ့ တကယ့်ကို ရှည်လျားလှတဲ့ ခရီးစဉ်တစ်ခုပါ။ တက္ကဆက်ပြည်နယ်၊ ဖော့တ်ဝေါ့သ်မြို့မှာရှိတဲ့ Huong Dao ဝိပဿနာရိပ်သာက ဗုဒ္ဓဘာသာရဟန်းတော်တွေကနေပြီး ငြိမ်းချမ်းရေး၊ မေတ္တာတရားနဲ့ အကြမ်းမဖက်ရေး သတင်းစကားတွေကို ဖြန့်ဝေဖို့အတွက် စတင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်ကတည်းက ခရီးစဉ် စတင်ခဲ့တာဖြစ်ပြီး မိုင်ပေါင်း ၂,၃၀၀ ကျော်လောက်  (၃,၇၀၀ ကီလိုမီတာ) ခြေကျင် လျှောက် ကြွကြရမှာပါ။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဝါရှင်တန်ဒီစီကို ရောက်ဖို့ ရည်မှန်း ထားကြပါတယ်။ ခရီးစဉ်တစ်လျှောက်လုံးကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ အချိန်နဲ့ တစ်ပြေးညီ တင်ပေးနေသလို အဖွဲ့ထဲမှာ Aloka လို့ခေါ်တဲ့  ခွေးလေးတစ်ကောင်ကလည်း အမှတ်တရအနေနဲ့ အတူတူလိုက်ပါလာတာမို့ ပြည်သူတွေ အံ့ဘနန်းစောင့်စားကြည့်ရှုနေကြပါတယ်။ ငြိမ်းချမ်းရေး

အမေရိကန်မြေပေါ်က ငြိမ်းချမ်းရေးအတွက် ခြေလှမ်းများ Read More »

ပါးပါးနပ်နပ် စားကြရမယ့် သကြားချိုချို

အခုလို ပွဲလမ်းသဘင်တွေ ပေါများတဲ့ ရာသီမှာ ဝိုင်ပူပူလေးတွေ၊ ဘရန်ဒီတွေနဲ့ အချိုကဲတဲ့ ပူတင်းမုန့်တွေကတော့ ရှောင်လွှဲလို့မရဘူးပေါ့။ ခရစ္စမတ် ရာသီမှာ Mulled wine ရေပန်းစားပါတယ်။ ဒါကတော့ ဝိုင် (အများအားဖြင့် ဝိုင်နီ) ကို သကြား၊ သစ်ကြံပိုးခေါက်၊ လေးညှင်းပွင့် စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ၊ သစ်သီးတွေနဲ့ ရောစပ်ပြီး ငွေ့ငွေ့လေး အပူပေးထားတဲ့ အရက်အဖျော်ယမကာ တစ်မျိုး ဖြစ်ပါတယ်။ ဟေမာန်ဆောင်း ကာလရဲ့ အများကြိုက် အဖျော်ယမကာ ပါ။ ယမကာ သောက်ရင်း အချိုတည်းရတာ လျှာရင်း မြက်စေပါတယ်။ ဒါပေမဲ့ အချို့ကတော့ သကြားချိုချိုကို ကျန်းမာရေး အရ ရှောင်လွှဲ ချင်ကြတယ်။ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင်ဆိုပြီး သကြားဖြူအစား ပျားရည်တို့၊ သကြားညို (Raw sugar)

ပါးပါးနပ်နပ် စားကြရမယ့် သကြားချိုချို Read More »

ကလေးနှင့် လူငယ်များအတွက် လိင်ပညာပေး

ကလေးနှင့် လူငယ်များအတွက် ကာကွယ်ရန် လိင်ပညာပေးခြင်း (Sexuality Education) သည် မြန်မာ့ လူမှု အသိုင်းအဝိုင်းမှာ ဆွေးနွေးရ ပြောရဆိုရခက်သည့် ခေါင်းစဥ်တစ်ခုဖြစ်သော်လည်း ရှောင်လွှဲနေ၍ မရသည့် ကိစ္စတစ်ခုဖြစ်ပါတယ်။ မိမိတို့၏ ကျန်းမာရေး၊ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို နားလည်ရန်နှင့် မိဘများဘက်မှ လုပ်သင့်လုပ်ထိုက်သည်များကို ပြင်ဆင်ထားကြရန် ရှေးရှု၍ ဤဆောင်းပါးကို ရေးသားတင်ဆက် လိုက်ရခြင်းပါတယ်။ မကြာသေးခင်က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲတစ်ခုမှာ အတော်လေး အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ စင်ပေါ်က အဆိုတော်တစ်ဦးဟာ ပရိသတ်ကို လိင်ဆက်ဆံရေးနဲ့ ကွန်ဒုံးအသုံးပြုမှု အကြောင်းတွေကို ပွင့်ပွင့် လင်းလင်း ပြောဆိုခဲ့တာပါ။ အဲဒီနောက်မှာ ပိုပြီး အငြင်းပွားစရာ ဖြစ်သွားတာကတော့ အဲဒီ ရက်ပ်ပါဟာ ကွန်ဒုံးတွေကို စင်ရှေ့က ပရိသတ်တွေဆီကို

ကလေးနှင့် လူငယ်များအတွက် လိင်ပညာပေး Read More »

ထရမ့်ခေတ်ထဲ ရပ်တည်နေရတဲ့ ကုလသမဂ္ဂ

သမ္မတ ဒေါ်နယ် ထရမ့် အိမ်ဖြူတော်ကို ပြန်ရောက်ပြီး ပထမဆုံး အကြိမ် တက်တဲ့   ၂၀၂၅ ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNGA) မှာ အခြေအနေတွေက လုံးဝကို ပြောင်းလဲသွားပါပြီ။ သူ ဒီနှစ် UNGA ကို ရောက်တာနဲ့ ညီလာခံရဲ့ အငွေ့အသက်ကြီးက အရင်လို မဟုတ်တော့ဘူး။ ဒီ ၂၀၂၅ UNGA ကို ထရမ့် ပြန်ရောက်လာတာက အခြေအနေကို တော်တော်ထူးခြားသွားစေတယ်။ ကမ္ဘာကြီး ပြောင်းလဲ လာတာနဲ့အမျှ UN လို အဖွဲ့အစည်းကြီးရဲ့ အခန်းကဏ္ဍက ဘာလဲဆိုတာကို ခေါင်းဆောင်တွေနဲ့ သံတမန် တွေက စိုးရိမ်တကြီး စောင့်ကြည့်နေကြတာပါ။ ဒီအဖွဲ့ကြီးရဲ့ အရေးပါမှုက ကျသွားမလားဆိုတဲ့ သံသယ တွေကလည်း ရှိနေခဲ့ပါတယ်။ ထရမ့်ကတော့ UN

ထရမ့်ခေတ်ထဲ ရပ်တည်နေရတဲ့ ကုလသမဂ္ဂ Read More »

ကော်လဂျင် သောက်ဖို့ လိုအပ်လား

ဓာတုနည်းနဲ့ ပြုပြင်ထားတဲ့ အမှုန့်တစ်ထုပ်ကို ပေါင် ၄၀ ( ၅၃  ဒေါ်လာ ) လောက် ပေးဝယ်ဖို့ဆိုတာ လူတစ်ယောက်ရဲ့စိတ်ကူးထဲ မှာတောင် ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီအမှုန့်ကို အားဖြည့် ကော်လဂျင် လို့ တံဆိပ်ကပ်ပြီး ပုလင်းထဲ၊ ဘူးထဲ ထည့်လိုက်တဲ့အခါ လူတွေအတွက် ဆွဲဆောင်မှု ပိုရှိလာပါတယ်။ ကော်လဂျင်ဟာ အလှအပအတွက်ဖြစ်စေ၊ ကျန်းမာရေးအတွက်ဖြစ်စေ နာမည်ကြီးနေတဲ့ ဖြည့်စွက်စာတစ်ခု ဖြစ်လာ ပါတယ်။ အားကစားသမားတွေက အဆစ်အမြစ်နဲ့ အရွတ်တွေ သန်မာဖို့ သောက်ကြသလို အလှအပ ကြိုက်သူတွေ ကတော့ အရေပြားပေါ်က အရေးကြောင်းတွေနဲ့ ဆံပင်အတွက် သောက်ကြပါတယ်။ တကယ်တမ်း ကော်လဂျင်က ဘယ်လောက် အကျိုးပြု သလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ Source: Vitauthority ကော်လဂျင်ဆိုတာ

ကော်လဂျင် သောက်ဖို့ လိုအပ်လား Read More »

ဒါလိုင်လားမားရဲ့ အနာဂတ်နဲ့ တိဗက်ရဲ့ စိန်ခေါ်မှုများ

(Featured Article) ဒါလိုင်လားမားကြီးဟာ ဇူလိုင်လ ၆ ရက်နေ့မှာ အသက် ၉၀ ပြည့် မွေးနေ့ပွဲ ကျင်းပခဲ့ပါတယ်။ မိုးရွာနေပေမယ့်လည်း ဘုန်းကြီးတွေနဲ့  ဒါယကာ၊ဒါယိကာမတွေအများကြီး လာရောက် ဂုဏ်ပြုခဲ့ ကြပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုလို ကမ္ဘာ့ခေါင်းဆောင်တချို့က သူ့ထံ မွေးနေ့ဆုတောင်းတွေ ပို့ခဲ့ကြ ပါတယ်။ သူ့ကို ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းရေးရဲ့ သင်္ကေတအဖြစ် ချီးကျူးခဲ့ကြပါတယ်။ နာမည်ကြီး သရုပ်ဆောင် ရစ်ချတ်ဂီယာ (Richard Gere) အပါအဝင် လူအများအပြားက မွေးနေ့ပွဲကို တက်ရောက် ပြီး သူ့ကို အားပေးခဲ့ကြပါတယ်။ ကိုယ်တော်ကြီးဟာ အသက် ၉၀ ပြည့်ပြီ ဖြစ်ပေမယ့် ကျန်းမာရေးက အံ့ဩစရာ ကောင်းလောက် အောင် ကောင်းတုန်းပဲ။

ဒါလိုင်လားမားရဲ့ အနာဂတ်နဲ့ တိဗက်ရဲ့ စိန်ခေါ်မှုများ Read More »

Beatles သို့မဟုတ် နှစ်ပေါင်းများစွာတိုင်အောင် မမှေးမှိန်နိုင်တဲ့ ဂီတအမွေအနှစ် ယောဇက် ( အာခါ-လားဟူ)

ဂီတချစ်သူတို့ရေ….. ဘီတဲလ်စ်အကြောင်း နည်းနည်းလောက် ပြောကြရအောင်။ ဘီတဲလ်စ် အကြောင်းဆို ဂီတချစ်သူတွေ မသိသူ မရှိသလောက် ရှားပါတယ်။ ဒါပေမယ့် တစ်ခြား သိစရာ ဘာတွေ ကျန်သေးလဲ။            အင်္ဂလိပ်လူမျိုး အတွေးအခေါ်ပညာရှင်နဲ့ စာရေးဆရာ ဘရိုင်ယန် မာဂီဆိုတဲ့လူက ၁၉၆၇ ခုနှစ်မှာ ပြောခဲ့တာလေးတစ်ခုရှိတယ်။ သူကပြောတာက အသက် ၄၀ လောက်ရှိပြီဖြစ်တဲ့ ဂျော့ခ်ျ ဂါးရွှင်တို့၊ ကိုးလ် ပေါ်တာတို့၊ ဂျရုမ်း ကာန်တို့လို လူတွေရဲ့ သီချင်းတွေဟာ အဲ့ဒီအချိန်အထိ လူကြိုက်များနေတုန်း ပဲတဲ့။ အဲ့ဒီတုန်းက အသံနေအသံထားထက် စည်းချက်နဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ အသံပေါင်းစပ်မှု အသစ်တွေ ကို ပိုပြီး အာရုံစိုက်လာတဲ့ခေတ်လေ။ အဲ့ဒါကြောင့် သူက

Beatles သို့မဟုတ် နှစ်ပေါင်းများစွာတိုင်အောင် မမှေးမှိန်နိုင်တဲ့ ဂီတအမွေအနှစ် ယောဇက် ( အာခါ-လားဟူ) Read More »

မိုက်ခရိုပလတ်စတစ်ရဲ့  အန္တရာယ် – ယောဇက် (အာခါ-လားဟူ)

မိုက်ခရိုပလတ်စတစ်ဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ နေရာအတော်များများမှာ တွေ့ရတဲ့ ပလတ်စတစ်အမှုန်အမွှားလေးတွေပဲ။ သွေးထဲမှာရော၊ အဆုတ်၊ ကျောက်ကပ်၊ အသည်း၊ နှလုံး၊ ဦးနှောက်ထဲမှာတောင်တွေ့ရတယ်။ ကလေးလေးတွေ မွေးဖွား လာမယ့် အချင်းထဲမှာရော၊ မိခင်နို့ထဲမှာပါ တွေ့ရတယ်။ ၂၀၁၈ ခုနှစ်မှာ သြစတြီးယားက သိပ္ပံပညာရှင်တွေက လူတွေထဲမှာ မိုက်ခရိုပလတ်စတစ်တွေကို စရှာခဲ့တာ။ အဲဒီအချိန်ကစပြီး နေရာအတော်များများမှာ တွေ့ခဲ့ကြတယ်။             ဒီအမှုန်အမွှားလေးတွေက နှစ် မိုက်ခရွန်လောက်ပဲ သေးသေးလေးတွေ။ သဲတစ်မှုန်ထက်တောင် အများကြီး သေးတယ်။ ကျွန်တော်တို့ ရှူတဲ့လေ၊ စားတဲ့အစားအစာ၊ သောက်တဲ့ရေတွေကနေ ခန္ဓာကိုယ်ထဲကို ရောက်လာတာ။ မိုက်ခရိုပလတ်စတစ်တွေက ပျက်စီးသွားတဲ့ ပလတ်စတစ်အမှိုက်တွေနဲ့ ကားတာယာ၊ သုတ်ဆေး၊ အထည်အလိပ်လို နေ့စဉ်သုံးပစ္စည်းတွေကနေ လာတာ။ အဲဒါတွေက နေရာတိုင်းမှာ ရှိနေတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် အန္တရာယ် ရှိလားဆိုတာ

မိုက်ခရိုပလတ်စတစ်ရဲ့  အန္တရာယ် – ယောဇက် (အာခါ-လားဟူ) Read More »

အမေဇုန်တောနက်ထဲက ရှေးဟောင်းယဉ်ကျေးမှု အထောက်အထားများ

(ကိုလံဘတ်စ်မတိုင်မီ အမေဇုန်ဒေသတွင် လူဦးရေ ထူထပ်စွာ နေထိုင်ခဲ့ကြောင်း ထင်ရှား)  ဘိုလီးဗီးယားမြောက်ပိုင်း၊ အမေဇုန်တောအစပ်မှာ လျားနိုစ် ဒီ မိုဆိုစ်လို့ခေါ်တဲ့ ဆာဗားနား  မြက်ခင်းပြင်ကြီး တစ်ခုရှိတယ်။ အဲဒီနေရာက ဘာစီလိုနာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်က သိပ္ပံပညာရှင် အမ်ဘာတို လွန်ဘာဒိုအတွက် အလွန်အရေးပါတဲ့နေရာတစ်ခုပေါ့။  ဥရောပသားတွေ မရောက်ခင်က အမေဇုန်မြစ်ဝှမ်းက မြေဆီလွှာဟာ လူအများကြီးကို ထောက်ပံ့ မပေးနိုင်ဘူး လို့ ရှေးဟောင်း သုတေသနပညာရှင်တွေက ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒေါက်တာ လွန်ဘာဒိုက သူတို့ ထင်တာတွေ မှားကြောင်းကို သက်သေပြဖို့ ကြိုးစားနေတာပါ ကိုလံဘတ်စ်မတိုင်ခင် အမေဇုန်တောဟာ လူသူကင်းမဲ့ပြီး သဘာဝအတိုင်းပဲ ရှိခဲ့တယ်ဆိုတဲ့ အယူအဆက မကြာသေးခင် နှစ်တွေမှာ ပြောင်းလဲလာခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေက လူတွေနေခဲ့တဲ့ အထောက်အထားတွေ အများကြီးကို  ရှာဖွေတွေ့ခဲ့ကြတယ်။

အမေဇုန်တောနက်ထဲက ရှေးဟောင်းယဉ်ကျေးမှု အထောက်အထားများ Read More »