မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့

မြန်မာနှင့် သနပ်ခါးသည် ခွဲခြား၍မရသည့် မြန်မာ့ယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်ပြီး မြန်မာ့ လူ့အဖွဲ့ အစည်းအတွင်း သနပ်ခါးလိမ်းသည့် အလေ့အကျင့်သည် ရှေးနှစ်ပေါင်းများစွာကပင် စတင်ခဲ့ သည်ဟု ယူဆထားကြသည်။ သနပ်ခါးယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းသုတေသန အထောက် အထားများ အဖြစ် ပုဂံခေတ် အေဒီ ၁၁၁၃ ခုနှစ်မှာ တည်ခဲ့သည့် မြင်းကပါကူပြောက်ကြီးဘုရား နံရံ ဆေးရေးပန်းချီများ တွင် လည်းကောင်း၊ အေဒီ ၁၁၈၃ ခုနှစ်တွင်တည်ခဲ့သည့် စူဠာမဏိဘုရား အတွင်းနံရံပန်းချီများတွင် လည်း ကောင်း၊ ခေတ်အဆက်ဆက် တည်ထောင်ခဲ့သော ဂူဘုရားများရှိ နံရံပန်းချီများတွင်လည်းကောင်း သနပ်ခါး လိမ်းခြယ်သည့် ဓလေ့ကို သရုပ်ဖော်ရေးဆွဲထားသည်ကို တွေ့ရှိရသည်။ ထို့အပြင် မြန်မာတို့၏ ရိုးရာ ရှေးရိုးပုံပြင်၊ ရိုးရာဘာသာစကားနှင့်စာပေ၊ အရေးအသားများတွင်လည်း သနပ်ခါးဓလေ့ကို ဖော်ပြခဲ့ကြ သည်ကို ခေတ်အဆက်ဆက် […]

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ Read More »