The Corner

The Corner

cropped-Logo_round_grey-background.png

တင်လတ်ယု (ယဥ်ကျေးမှု)

တင်လတ်ယု

ကြာချည်ရက်ကန်းလုပ်ငန်း

နောက်ခံသမိုင်းကြောင်း လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့်က အင်းလေးကန်အတွင်း အင်းပေါခုံရွာတွင် လက်ရက်ကန်းလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ကြပါသည်။ အစပိုင်းတွင် ချည်ဖြင့်သာ ရက်လုပ်ခဲ့ကြပြီး နောင် ၁၀ နှစ် ကြာသောအခါမှ ပိုးချည်ဖြင့် ပိုးထည်များကိုပါ ရက်လုပ်လာကြပါသည်။ ပိုးချည်များကို ထိုင်းနိုင်ငံမှ တင်သွင်းပြီး ပိုးထည်လုပ်ငန်းအတွက် ထိုင်းနိုင်ငံရှိ ပိုးဇင်းမယ်နှင့် ဘန်ကောက်ပုဆိုးများကို လေ့လာပြီး ရက်လုပ်ခဲ့ကြသည်။ ထိုစဉ်က အင်းအတွင်းနှင့် အနီးဝန်းကျင်၌သာ ရောင်းချလုပ်ကိုင်ခဲ့ကြပြီး ၁၉၈၇ ခုနှစ်မှစတင်ကာ ပိုးထည်များကို ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလာခဲ့ပါသည်။ လွန်ခဲ့သော နှစ် ၁၀၀ ခန့်တွင် အင်းသူ ဒေါ်စာဥ (ဖွားစာဥ) ဆိုသည့် အမျိုးသမီးတစ်ဦးသည် ဘုရားရှင်အား မြင့်မြတ်သော အလှူတစ်ခု ပြုလုပ်လှူဒါန်းရန် ဆန္ဒရှိခဲ့ပြီး သူမ၏ဆန္ဒကို အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါသည်။ […]

ကြာချည်ရက်ကန်းလုပ်ငန်း Read More »

လူထုကဗျာဖြစ်သော အင်းသားရိုးရာ တိုက်တေးကဗျာ

အင်းသား တိုင်းရင်းသားတို့သည် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေး ကန် အတွင်း၌ အများဆုံး နေထိုင်ကြပါသည်။ အင်းသားတို့သည် တိဗက် – မြန်မာ ဘာသာစကား အုပ်စုဝင်များဖြစ်ပြီး အင်းသားတို့၏ စာပေမှာ ပုဂံခေတ် မြန်မာစာပေနှင့် များစွာတူညီ၍ ထားဝယ် စကားနှင့် နီးစပ်ပါသည်။ မိမိတို့ကိုယ်ကို “အဲင်းဆား” ဟု ခေါ်ကြပါသည်။   အင်းသားတို့၏ ဝတ်စား ဆင်ယင်မှုမှာ အမျိုးသားများ သည် ပင်နီရောင် တိုက်ပုံ၊ အတွင်း၌ ရှပ်အင်္ကျီအဖြူနှင့် ရှမ်းဘောင်းဘီကို ဝတ်ဆင်၍ ပန်းရောင်ခေါင်းပေါင်းကို ပေါင်းကာ အင်းတိုင်းရင်းသား အလံပုံပါရှိသော လွယ်အိတ်ကို လွယ်ကြပါသည်။ အမျိုးသမီးများမှာ ပင်နီရောင် ရင်ဖုံး၊ ရင်စေ့ အင်္ကျီနှင့် အင်းရိုးရာပတ်လည်စင်း ပါရှိသော ထဘီတို့ကို ဝတ်ဆင် ကြပါသည်။

လူထုကဗျာဖြစ်သော အင်းသားရိုးရာ တိုက်တေးကဗျာ Read More »

မြန်မာ့ရှေးရိုးစဉ်လာ လက်ဖက်စားသုံးခြင်းဓလေ့နှင့် လက်ဖက်ယဉ်ကျေးမှု

နိဒါန်း လက်ဖက်သည် အနံ့ပါသော အရွက်တစ်မျိုးဖြစ်သည်။ လက်ဖက်ယဉ်ကျေးမှု စတင် ထွန်းကားခဲ့ သည်မှာ အာရှတိုက်မှဖြစ်သည်။ တရုတ်နိုင်ငံတွင် လက်ဖက်ခြောက် (အခါးခြောက်) ယဉ်ကျေးမှု ထွန်းကား ခဲ့ပြီး အိန္ဒိယနိုင်ငံတွင် လက်ဖက်ခြောက် (အချိုခြောက်) ယဉ်ကျေးမှု ထွန်းကားခဲ့သည်။ ကမ္ဘာပေါ်ရှိ လက်ဖက် ယဉ်ကျေးမှုများအနက် မြန်မာနိုင်ငံရှိ လက်ဖက် ယဉ်ကျေးမှုမှာ ထူးခြားသည်။ မြန်မာ့ရိုးရာ လက်ဖက်ယဉ်ကျေးမှုတွင် လက်ဖက်ကို လက်ဖက်စိုနှင့် လက်ဖက်ခြောက်အဖြစ် သုံးသည်ကို တွေ့နိုင်သည်။ လက်ဖက်စားခြင်းဓလေ့သည် မြန်မာတို့၏ရိုးရာယဉ်ကျေးမှု ရှေးထုံးစဉ်လာ တစ်ရပ်ပင် ဖြစ်ပါသည်။ “လက်ဖက်”ဟုဆိုလျှင် မြန်မာလူမျိုး တို့သည် “လက်ဖက်စို”ဟု နားလည်ကြလေသည်။ မြန်မာပြည်တွင် လက်ဖက်အစို နှင့် လက်ဖက်​ခြောက် နှစ်မျိုး လုံးကို အသုံးပြု လျက်ရှိသည်။ အထူးသဖြင့် လက်ဖက်စိုမှာ ရိုးရာအလိုက်ပွဲဝင်သော

မြန်မာ့ရှေးရိုးစဉ်လာ လက်ဖက်စားသုံးခြင်းဓလေ့နှင့် လက်ဖက်ယဉ်ကျေးမှု Read More »

ပုဂံရှိ စဉ့်အနုပညာလက်ရာများနှင့် စဉ့်ဖိုများ လေ့လာချက်

မြန်မာနိုင်ငံတွင် ပျူခေတ်ကတည်းက စဉ့်လက်ရာများ ရှိခဲ့ကြောင်း ၊ တရုတ်နိုင်ငံမှ အေဒီ ၈၆၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော တရုတ်အဖွဲ့၏ မန်းရှူးကျမ်းလာ မှတ်တမ်းများအရ သိရပါသည်။ မှတ်တမ်းတွင် ပျူမြို့တစ်မြို့သို့ ရောက်ရှိခဲ့ရာ စဉ့်အိုး၊ စဉ့်ထည်များ၊ စဉ့်ပန်းကန်များကို အသုံးပြုကြကြောင်း၊ အဝတ်ဖြူများဝတ်၍ ငွေဒင်္ဂါးများ အသုံးပြုကြောင်း ၊ အကြောင်းကိစ္စရှိပါက မြို့လယ်ရှိ ပေ (၈၀) ခန့် မြင့်သော ကျောက်ဖြူသားဖြင့် ဗုဒ္ဓဆင်းတုတော်အား ပူဇော်တိုင်တည် ကြကြောင်း သိရှိရပါသည်။ ထို့ကြောင့် အေဒီ ၈၆၃ ခုနှစ် မတိုင်မီကပင် မြန်မာနိုင်ငံ၌ စဉ့်ယဉ်ကျေးမှု စတင်ထွန်းကား နေပြီဖြစ်သည်။ ပုဂံဒေသတစ်ဝိုက်တွင် အေဒီ(၉)ရာစုခန့်မှစ၍ စဉ့်ထည်၊ စဉ့်သုတ် အနုပညာလက်ရာများ ရှိခဲ့ကြောင်း လက်ရှိတွေ့မြင်နေရသော ရှေးဟောင်းအဆောက်အအုံများနှင့် တွေ့ရှိထားသော

ပုဂံရှိ စဉ့်အနုပညာလက်ရာများနှင့် စဉ့်ဖိုများ လေ့လာချက် Read More »

တောင်ရှည်ပုဆိုး 

တောင်ရှည်ပုဆိုး ဝေါဟာရနှင့် အသုံး တောင်ရှည်ပုဆိုး ဆိုသည်မှာ တောင်ရှည်နှင့် ပုဆိုး ဟူသော ဝေါဟာရ နှစ်ခုကို ပေါင်းစပ်၍ ခေါ်ဆိုခြင်း ဖြစ်ပါသည်။  တောင်ရှည် ဆိုသည်မှာ အလျား ၁၀ တောင်အထိ ရှည်လျားသောကြောင့် တောင်ရှည်ဟု ခေါ်ဆိုခြင်း ဖြစ်မည်ဟု ယူဆရပေသည်။ တောင်ရှည်ဟူသော ဝေါဟာရကို မည်သည့် ခေတ်တွင် စတင် အသုံးပြုသည်ကို လေ့လာကြည့်ရာ ကိုလိုနီခေတ်လယ်သို့ ရောက်ရှိမှသာ စတင်တွေ့ရှိ ရပါသည်။ ထိုခေတ်ကာလတွင် မြန်မာလူငယ် အမျိုးသားများသည် အတောင်နှစ်ဆယ်ဝတ် မင်းယောကျ်ားဘဝမှ လေးတောင်ဝတ်ဘဝသို့ ဝတ်စားဆင်ယင်မှု စတင်ကူးပြောင်းသွားကြပါသည်။  အလျား လေးတောင် ရှိသော ဖျင်စကို လုံခြုံစွာ ကွင်းချုပ်လုပ် ဝတ်ဆင် လာကြသည်။ ထို့ကြောင့် “လုံချည်”၊ “ကွင်းလုံချည်”၊ “လုံကွင်း”၊ “ကွင်းပုဆိုး”၊ “ပုဆိုးကွင်း”

တောင်ရှည်ပုဆိုး  Read More »

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော လော်ဝေါ်တိုင်းရင်းသားတို့၏ ရိုးရာ သစ်ခွချည်လုပ်ငန်း – တင်လတ်ယု (ယဉ်ကျေးမှု)

လော်ဝေါ်တိုင်းရင်းသား မိတ်ဆက် လော်ဝေါ် တိုင်းရင်းသားတို့သည် ကချင်မျိုးနွယ်စု ခြောက် မျိုးတွင် ပါဝင်ပြီး တိဘက် – မြန်မာ ဘာသာ စကား အုပ်စုဝင်များ ဖြစ်ကြပါသည်။ ၎င်းတို့ကို “မရူ” လူမျိုးဟုလည်း ခေါ်ကြပါသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့နယ်၊ လော်ခေါင်း(lhao khaung:)နယ်၊ ဆော့လော်မြို့နယ်၊ ထောလန်နယ်၊ ဆဒုံး မြို့နယ်များတွင် အများဆုံး နေထိုင်ကြသော တောင်ပေါ်သား များဖြစ်ကြသည်။ “လော်” ဆိုသည်မှာ မြောက်အရပ်၊ “ဝေါ်”ဆိုသည်မှာ ဧရာမအုပ်စု ဟုအဓိပ္ပာယ်ရသည်။ အဓိပ္ပာယ်အပြည့်အစုံမှာ မြောက်ဘက် အရပ်မှ ဧရာမလူအုပ်ကြီးဟု အဓိပ္ပါယ်ရပါသည်။ လော်ဝေါ် လူမျိုး တို့သည် ရှေးက နတ်ကိုးကွယ်ယုံကြည်သူများ ဖြစ်ကြပြီး နောက်ပိုင်းတွင် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြပါသည်။ မိရိုးဖလာ

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော လော်ဝေါ်တိုင်းရင်းသားတို့၏ ရိုးရာ သစ်ခွချည်လုပ်ငန်း – တင်လတ်ယု (ယဉ်ကျေးမှု) Read More »

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့

မြန်မာနှင့် သနပ်ခါးသည် ခွဲခြား၍မရသည့် မြန်မာ့ယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်ပြီး မြန်မာ့ လူ့အဖွဲ့ အစည်းအတွင်း သနပ်ခါးလိမ်းသည့် အလေ့အကျင့်သည် ရှေးနှစ်ပေါင်းများစွာကပင် စတင်ခဲ့ သည်ဟု ယူဆထားကြသည်။ သနပ်ခါးယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းသုတေသန အထောက် အထားများ အဖြစ် ပုဂံခေတ် အေဒီ ၁၁၁၃ ခုနှစ်မှာ တည်ခဲ့သည့် မြင်းကပါကူပြောက်ကြီးဘုရား နံရံ ဆေးရေးပန်းချီများ တွင် လည်းကောင်း၊ အေဒီ ၁၁၈၃ ခုနှစ်တွင်တည်ခဲ့သည့် စူဠာမဏိဘုရား အတွင်းနံရံပန်းချီများတွင် လည်း ကောင်း၊ ခေတ်အဆက်ဆက် တည်ထောင်ခဲ့သော ဂူဘုရားများရှိ နံရံပန်းချီများတွင်လည်းကောင်း သနပ်ခါး လိမ်းခြယ်သည့် ဓလေ့ကို သရုပ်ဖော်ရေးဆွဲထားသည်ကို တွေ့ရှိရသည်။ ထို့အပြင် မြန်မာတို့၏ ရိုးရာ ရှေးရိုးပုံပြင်၊ ရိုးရာဘာသာစကားနှင့်စာပေ၊ အရေးအသားများတွင်လည်း သနပ်ခါးဓလေ့ကို ဖော်ပြခဲ့ကြ သည်ကို ခေတ်အဆက်ဆက်

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ Read More »