The Corner

The Corner

cropped-Logo_round_grey-background.png

ဖိုးစု

ဖိုးစု

ဒေါ်နယ်ထရမ့်ရဲ့ ရည်မှန်းချက် ဝေဝါးတဲ့စစ်ပွဲ

သူ့ရဲ့ အဆင်ခြင်နည်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ပဋိပက္ခဟာ ဖရိုဖရဲ ပရမ်းပတာ အခြေအနေအဆင့်ကို သက်ဆင်းတော့မည့် ဘေးကြုံနေရသည်။ အစိုးရအဖွဲ့တစ်ဖွဲ့ရဲ့ အကြီးအကဲတစ်ယောက်က တခြားအစိုးရအဖွဲ့တစ်ဖွဲ့ရဲ့ အကြီးအကဲ တစ်ယောက်ကို သေမိန့်ပေးတာဟာ အတော်ကို ရှားပါးတဲ့ ဖြစ်ရပ်ပါ။ အခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကတော့ အမေရိကန်သမ္မတနဲ့ အစ္စရေးဝန်ကြီးချုပ်တို့က အဲဒီအတိုင်း လုပ်ခဲ့ကြပြီး အီရန်နိုင်ငံရဲ့ အသက် ၈၆ နှစ်အရွယ်ရှိ နိုင်ငံ့အကြီးအကဲချုပ် ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီကို သတ်ဖြတ်ခဲ့ကြတယ်။ အီရန်အစိုးရအဖွဲ့ရဲ့ ထိပ်ဆုံးခေါင်းဆောင်ကြီးကို သုတ်သင်လိုက်တာဟာ “Operation Epic Fury” (ကြီးကျယ်လှတဲ့ ဒေါသမာန် စစ်ဆင်ရေး) ရဲ့ စစ်ဆင်ရေးဆိုင်ရာ အောင်မြင်မှုအမျိုးမျိုးကို ထင်ဟပ်ဖော်ပြပါတယ်။ မစ္စတာခါမေနီရဲ့ နေရာကို သုံးဦးတွဲဖက် အုပ်ချုပ်ရေးအဖွဲ့က […]

ဒေါ်နယ်ထရမ့်ရဲ့ ရည်မှန်းချက် ဝေဝါးတဲ့စစ်ပွဲ Read More »

မြောက်ကိုရီးယားကို စိုးမိုးမည့် ဆယ်ကျော်သက် သမီးတော်

သူ့နာမည်ကသည်ပင်လျှင်အငြင်းပွားစရာဖြစ်သည်။ နှစ်သစ်ကူးနေ့မှာ မြောက်ကိုရီးယားနိုင်ငံက အုပ်စိုးသူ အသိုက်အဝန်းတွေဟာ သူတို့နိုင်ငံက ထာဝရ ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ကင်အီဆွန်း နဲ့ ကင်ဂျုံအီးလ်တို့ရဲ့ မပုပ်မသိုးအောင် ဆေးစီရင်ထားတဲ့ ရုပ်ကလာပ်တွေ ထားရှိရာ ပြုံယမ်းမြို့တော်ရှိ ခမ်းနားထည်ဝါလှတဲ့ အာဇာနည် ဗိမာန်ကြီးမှာ စုဝေး ခဲ့ကြတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ လက်ရှိ အာဏာရှင်နဲ့ ခေါင်းဆောင်နေရာကို ထိန်းသိမ်းထားနိုင်ဖို့ ကင်မိသားစုရဲ့ တတိယမြောက်မျိုးဆက် ကင်ဂျုံအန်းက သူရှေ့က ဆက်ခံခဲ့ရတဲ့သူတွေကို လာရောက် အလေးပြုတာ ဖြစ်တယ်။ သူ့ရဲ့ ညာဘက် ဘေးမှာ ရပ်နေတာက မိန်းခလေးငယ် တစ်ယောက်ဖြစ်ပြီး သီးသန့် အလေးအမြတ်ထားတဲ့ နေရာတစ်ခုအပေါ်က နေပြီး လူထုပရိသတ် ရှေ့မှောက်ကို ပထမဆုံးအကြိမ် လူကိုယ်တိုင် ထွက်ပြတာလည်း ဖြစ်တယ်။ ဒီ ဆယ်ကျော်သက် အရွယ် မိန်းခလေးကတော့ မြောက်ကိုရီးယား

မြောက်ကိုရီးယားကို စိုးမိုးမည့် ဆယ်ကျော်သက် သမီးတော် Read More »

၂ဝ၂၅ ခုနှစ်အတွင်း တိုးတက်မှုအရှိဆုံးနိုင်ငံ

ယခုနှစ်အတွင်း မည်သည့်နိုင်ငံက တိုးတက် ကောင်းမွန်စွာ အဆောင်ရွက်နိုင်ဆုံးဖြစ်သနည်း။ ခရစ္စမတ် ကာလတိုင်းမှာ အီကော်နော်မစ် စာစောင်က ဒီနှစ်အတွက် အထူးခြားဆုံးနိုင်ငံကို ရွေးချယ်ပါတယ်။ ဒါဟာ  အပျော်ရွှင်ဆုံး နိုင်ငံကို ပြောတာ မဟုတ်ဘူးနော်။ အပျော်ဆုံးနိုင်ငံတွေလို့ ပြောရင် စကင် ဒီနေးဗီးယားနိုင်ငံတွေလို့ ခေါ် ကြတဲ့ ဥရောပ အနောက်မြောက်ပိုင်းက နော်‌ဝေ၊ ဆွီဒင်၊ ဒိန်းမတ်စတဲ့ နိုင်ငံတွေပဲ အမြဲလိုလို ဖြစ်နေမှာမို့လို့ ခန့်မှန်းရလွယ်ပြီး ငြီးငွေ့စရာဖြစ်နေတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်သွားမှာပေါ့။ ဩဇာတိက္ကမ အကြီးဆုံး ဆိုလို့ရှိရင်လည်း ဆူပါပါဝါလို့ခေါ်တဲ့ မဟာ အင်အားကြီး နိုင်ငံတွေပဲ အမြဲဖြစ်နေမှာပေါ့။ အဲဒီအစား အီကော်နော်မစ် စာတည်းအဖွဲ့က တိုးတက် ကောင်းမွန်လာအောင် အဆောင်ရွက်နိုင်ဆုံး နိုင်ငံကိုပဲ ရွေးချယ်ပါတယ်။ စီးပွားရေးအရ ဖြစ်ဖြစ်၊ နိုင်ငံရေးအရ ဖြစ်ဖြစ်

၂ဝ၂၅ ခုနှစ်အတွင်း တိုးတက်မှုအရှိဆုံးနိုင်ငံ Read More »

အလွဲတွေကြားက တစ်နှစ်သား ဆီးရီးယား

လွတ်မြောက်လာခဲ့တာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်တဲ့ အာမက်အယ်လ်ရှာရား အစိုးရ အမှားအယွင်းတွေ ပြစပြုနေပြီ ပေါက်ကွဲမှုတွေကနေ တဖျစ်ဖျစ် တဖြောက်ဖြောက် မည်တဲ့အသံတွေ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ရဲ့ ကောင်းကင်ယံ တစ်ခိုမှာ ပဲ့တင်သံတွေ ထပ်နေတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကတော့ ဒီလိုပေါက်ကွဲသံတွေဟာ  မြို့ပေါ်မှာရှိတဲ့ သူပုန်တပ်ဖွဲ့တွေကို ဖိအားပေး တိုက်ခိုက်နေတဲ့ အသံတွေပါ။ ဒီကနေ့ အချိန်မှာတော့ ဒီအသံတွေဟာ အာဏာရှင် အောက်ကလွတ်မြောက်လာတဲ့နေ့ အထိမ်းအမှတ် ကျင်းပတဲ့ပွဲတွေက မီးရှူးမီးပန်းတွေ လွှတ်တဲ့ အသံတွေပဲ ဖြစ်တယ်။ ဆီးရီးယား ပြည်သူလူထုဟာ ၂ဝ၂၄ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က နိုင်ငံခြားကို ထွက်ပြေးသွားခဲ့ရတဲ့ သွေးစွန်း အာဏာရှင် ဘာရှား အယ်လ်အာ ဆတ်အစိုးရရဲ့ လက်အောက်ကနေ လွတ်မြောက်တဲ့ ပထမဆုံး နှစ်ပတ်လည်နေ့ကို ကျင်းပဖို့ ပြင်ဆင်နေကြ ပါတယ်။ လွတ်မြောက်တဲ့

အလွဲတွေကြားက တစ်နှစ်သား ဆီးရီးယား Read More »

အွန်လိုင်းပေါ် က ဘူကီနာဖာဆို သံမဏိ ခေါင်းဆောင်ရဲ့ ဗီဒီယိုများ

ဗီဒီယိုထဲမှာ သူရဲ့ အမေရိကန် အင်္ဂလိပ် အသံထွက်က ကတော့ အာဖရိကန်သံ နည်းနည်း ပါတယ်။ ပုံမှန်ပါပဲ။ သူ့ မျက်နှာ အသွင်အပြင်ကတော့ သိပ်ပြီး ရှင်းရှင်းလင်းလင်း မရှိလှဘူး။ ခန့်မှန်းရခက်တယ်။ ဒါပေမဲ့ သူ့မိန့်ခွန်းထဲက စကားတွေကတော့ အမှန်ကို ထင်ဟပ်နေတယ်။ “အာဖရိကတိုက်သားတွေ စည်းလုံး ညီညွတ်ဖို့လိုပြီ” လို့ ဘူကီနာဖာဆို နိုင်ငံရဲ့ ခေါင်းဆောင် အသက် ၃၇ နှစ်အရွယ်သာ ရှိသေးတဲ့ အီဘရာဟင် ထရာအိုရေးက ပြောပါတယ်။ ပြောလက်စ စကားကို ခဏရပ်လိုက်ပြီးနောက် “ဗလာဒီ မီယာ ပူတင်၊ ခင်ဗျား ကျွန်တော်တို့ကို ပေးခဲ့တဲ့ အကူအညီ အားလုံး အတွက် ကျေးဇူးပါဗျာ“ လို့ ထည့်ပြော သွားခဲ့တယ်။ ၂ဝ၂၂ခုနှစ်မှာ အာဏာသိမ်းပြီး နိုင်ငံ့

အွန်လိုင်းပေါ် က ဘူကီနာဖာဆို သံမဏိ ခေါင်းဆောင်ရဲ့ ဗီဒီယိုများ Read More »

ရွှေတူးတာကမူးယစ်ဆေးဝါးလုပ်ငန်းထက်ပိုကောင်းသလား

မူးယစ်ဆေးဝါး ရောင်းဝယ် ကုန်သွယ်ကြတဲ့ လူဆိုးဂိုဏ်းတွေက ရွှေခိုးတူးတဲ့ လုပ်ငန်းကို စုပြုံ‌ရောက်ရှိ လာကြတယ်။ သတ္တုတွင်း လုပ်သားတွေရဲ့ သံပြိုင်အော်ဟစ်သံတွေက ပီရူးနိုင်ငံ‌မြောက်ဘက်ကမ်းခြေရှိ ထရူဂျီလိုမြို့ရဲ့ ပင်မ ပန်းခြံကြီး နေရာကို လွှမ်းလာခဲ့တယ်။ သူတို့ အများစုဟာ အင်ဒီးစ် တောင်တန်းရဲ့ကုန်းတွင်းရှိ တောနက်ပိုင်း ပြည်နယ်တစ်ခု ကနေ ရောက်လာကြတာ ဖြစ်တယ်။ အဲဒီဒေသဟာ တလောတုန်းကပဲ ရွှေတွင်းမှာ အလုပ်လုပ် နေတဲ့ လုံခြုံရေး အစောင့် ၁၃ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ နေရာဖြစ်တယ်။ “အဲဒီတောင်တန်း တွေထဲမှာ ရာဇဝတ်မှုခင်းတွေက အတော်ကို ပေါတယ်” လို့ဦးထုပ်ဖြူ ဆောင်းထားတဲ့ လုပ်သားတစ်ယောက်က ဆိုတယ်။ ပီရူး အစိုးရက ဒီလိုလူသတ်မှု ဖြစ်တာကို တုံ့ပြန် အရေးယူတဲ့ သဘောနဲ့ ပါတက်ဇ်မြို့က သတ္တုတွင်းကို

ရွှေတူးတာကမူးယစ်ဆေးဝါးလုပ်ငန်းထက်ပိုကောင်းသလား Read More »

စစ်တပ်မရှိတဲ့ အိုက်စလန်နိုင်ငံ

သမ္မတ ထရမ့် ခေတ်မှာ သူ့နိုင်ငံရဲ့ကာကွယ်‌ရေးကို ပြောင်းလဲဖို့ ပြန်စဉ်းစားရမယ့်အိုက်စလန် မီးတောင်ချော် လယ်ကွင်းတွေနဲ့  ဖယော့လို့ ခေါ်တဲ့ ချောက်ကမ်းပါးနှစ်ခုကြားက ပင်လယ်ရေဝင်ပေါက်၊ တစ်နည်း ဆိုရရင် ပင်လယ်ကျဉ်း တွေမှာ တစ်နေရာကနေ တစ်နေရာ အင်မတန်ကို လျင်မြန်စွာနဲ့ ရွေ့ရှား သွားလာနေကြရတဲ့ အိုက်စလန် နိုင်ငံရဲ့  ကမ်းခြေစောင့်တပ်ဖွဲ့တွေဟာ စွမ်းရည်ပြပြီး ရဟတ်ယာဉ် မောင်းသမားကို ချပေးနေတယ်။ အိုက်စလန် နိုင်ငံမှာ စစ်တပ်အစား မှီခို အားထားနေရတဲ့ ကမ်းခြေစောင့် တပ်ဖွဲ့ဟာ ထိန်းကျောင်းရခက်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေ ကိုကယ်ဆယ်‌ရေး သာမက ပင်လယ်ရေအောက်က ကေဘယ်ကြိုးတွေကို အဖျက်အမှောင့်တွေ ဘေးကနေ ကာကွယ် ပေးရတာမျိုး အထိ အစစ အရာရာ ဆောင်ရွက်ပေးရပါတယ်။ အခုတော့ သူတို့တွေဟာ ဝန်နဲ့ အားမျှအောင်

စစ်တပ်မရှိတဲ့ အိုက်စလန်နိုင်ငံ Read More »

အိန္ဒိယ-တရုတ် အငြင်းပွားမှုနဲ့ ပြောင်းလဲလာတဲ့ နိုင်ငံခြားရေးမူဝါဒ

[တရုတ်နဲ့အိန္ဒိယ ပထဝီဝင်နိုင်ငံရေး ယှဉ်ပြိုင်မှုက အိန္ဒိယနိုင်ငံရဲ့ ဆယ်စုနှစ်တွေနဲ့ချီပြီး ကျင့်သုံးခဲ့တဲ့ ပြည်တွင်းနဲ့ နိုင်ငံခြားရေးမူဝါဒတွေကိုသိသိသာသာပုံပေါ်စေပြီး ဆက်လက် ပုံဖော်နေဆဲ ဖြစ်တယ်] တရုတ်နဲ့အိန္ဒိယနိုင်ငံတွေရဲ့ ပထဝီဝင်နိုင်ငံရေးအရ ယှဉ်ပြိုင်မှုက လွန်ခဲ့တဲ့ ငါးနှစ်ကျော် ကာလမှ မီဒီယာတွေရဲ့  အကြီးအကျယ် အာရုံစိုက်မှု ကိုရရှိခဲ့တယ်။ ၂ဝ၂ဝပြည့်နှစ်ဇွန်လအတွင်းက ဂါလဝမ် တောင်ကြားဒေသမှာ စစ်ရေး ပဋိပက္ခ တစ်ရပ် ပေါ်ပေါက်ခဲ့တာဟာ တရုတ်ပြည်ဟာ  အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေး မှတ်တမ်းမှာ အရင်ကတစ်ကြိမ်းတစ်ခါမှ မကြုံခဲ့ရဖူးတဲ့ လမ်းစဉ်တစ်ခုကိုဖန်တီး ခဲ့တယ်။  ဖေဖေါ်ဝါရီ ဒုတိယပတ်တုန်းက အိန္ဒိယပါလီမန်မှာ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက အတိုက်အခံ ခေါင်းဆောင် ရာဟူးလ်ဂန္ဒီရဲ့ သဘောထား မှတ်ချက်ကို တုံ့ပြန် ပြောကြား ရာမှာ တရုတ်အစိုးရက အိန္ဒိ ယနိုင်ငံရဲ့ ပြည်တွင်းနဲ့ နိင်ငံခြားရေး

အိန္ဒိယ-တရုတ် အငြင်းပွားမှုနဲ့ ပြောင်းလဲလာတဲ့ နိုင်ငံခြားရေးမူဝါဒ Read More »