စက်ရုပ်နဲ့ပြိုင် ဘယ်သူနိုင် – နောင်နောင်စိုးသိမ်း
စက်ရုပ်တစ်ရုပ်က ကျွန်တော့်လက်ရှိအလုပ်ကို ဝင်လုသွားပါပြီ။ ကျွန်တော်လုပ်နိုင်တာ ဘာရှိသေးလဲ။ ဒါကတော့ “သတင်းကောင်း၊ သတင်းဆိုး” ဟာသနဲ့ တူပါတယ်။ “သတင်းကောင်းရှိတယ်” ခင်ဗျားရဲ့ ဘော့စ်က ပြောတယ်။ “အမြတ်တွေ တိုးလာပြီ” “အဲဒီတော့ သတင်းဆိုးက ဘာလဲ” “ဒါက HAL 2.0 လို့ ခေါ်တယ်။ မင်းနေရာမှာ အစားထိုးဖို့”။ (HAL ဆိုတာ သိပ္ပံဝတ္ထုစာရေးဆရာ အာသာစီကလပ် နဲ့ ဒါရိုက်တာ စတန်လေကူးဘရစ်တို့ရဲ့ ၂၀၀၁ အာကာသခရီးရှည် ရုပ်ရှင်ထဲက ဉာဏ်ရည်တု ကွန်ပျူတာကြီးရဲ့ နာမည်ပါ။ ဘာသာပြန်သူ။) ဒီအဖြစ်မျိုးကို အတွေးခေါင်လွန်းတယ်လို့ ခင်ဗျားက စဉ်းစားကောင်း စဉ်းစားမယ်။ မဟုတ်ပါဘူး။ ဉာဏ်ရည်တုနဲ့ စက်ရုပ်နည်းပညာ တိုးတက်လာတာနဲ့အမျှ အလိုအလျောက် လုပ်လို့ရတဲ့ အလုပ်တွေ ပိုပိုပြီး များလာမယ်။ အဲဒီကနေ […]
စက်ရုပ်နဲ့ပြိုင် ဘယ်သူနိုင် – နောင်နောင်စိုးသိမ်း Read More »


