The Corner

The Corner

cropped-Logo_round_grey-background.png

နောင်နောင်စိုးသိမ်း

နောင်နောင်စိုးသိမ်း

အတာကူးသောလ

၁၄-ဧပြီ-၂၂၂၀  “နောက်နှစ်တွေ ဒီအချိန်ကျရင် မမ်မိုရီ ပြန်တက်လာဖို့ တင်လိုက်ပါတယ်”  “ဒီကာလမှာ ငါတို့တွေ ဒီလို ဖြတ်သန်းခဲ့ရတယ်ဆိုတာ တစ်ချိန်မှာ ပြန်ပြောပြရမယ်”  “ငါတို့အားလုံးအတူ ကျော်ဖြတ်နိုင်မှာပါ”  “ခြောက်ကပ်နေတဲ့ လမ်းမများ အမှတ်တရ”  “…………………”  သူတို့အဖွဲ့ ပတ်လည်ဝိုင်းကာ ကြည့်နေသော စာသားများ၊ ရုပ်ကြွပုံရိပ်များက တဖျပ်ဖျပ် ပြောင်းလဲနေသည်။ အခြား သက်ဆိုင်ရာ ဒေသအပိုင်းအခြားအလိုက် သုတေသန လုပ်နေကြသည့် အဖွဲ့အသီးသီးကဲ့သို့ပင် သူတို့အဖွဲ့၏ အင်အားမှာ ခြောက်ဦးရှိသည်။ နည်းပညာပါရဂူ၊ စိတ်ပညာပါရဂူ၊ ရှေးဟောင်းသုတေသနပါရဂူ၊ ယဉ်ကျေးမှုပါရဂူ၊ ဇီဝနှင့်ဥတုပါရဂူ နှင့် ဘူမိဗေဒပါရဂူ တို့ ဖြစ်လေသည်။  သူတို့ဆိုသည်မှာ ယခုရောက်နေသော ဂြိုဟ်ကမ္ဘာနှင့် ကြယ်စင်စုပေါင်းများစွာ ဝေးကွာလှသော နေရာမှ ရောက်ရှိလာသည့် အဆင့်မြင့်သက်ရှိများ ဖြစ်ကြ၏။  စိတ်ပညာပါရဂူက ပုံရိပ်များကို ကြည့်ရင်း […]

အတာကူးသောလ Read More »

စိမ်းလန်းစိုပြေ ကမ္ဘာမြေ 

(ဘာသာပြန် သိပ္ပံ ဝတ္ထုတို) တစ်ညလုံး မအိပ်ဘဲ စာထိုင်ရေးနေခဲ့‌ပြီး နောက်ဆုံးတွင် စာမျက်နှာလေးဆယ်ရှိသော ဝတ္ထုတိုတစ်ပုဒ်ကို ကျွန်တော် အဆုံးသတ်နိုင်ခဲ့‌သည်။ ၎င်းမှာ လေးနက်မှုမရှိသည့် အပျော်ဖတ်တစ်ပုဒ်သာ ဖြစ်၍ အကျိုးလည်းမရှိ၊ အဆိပ်အတောက်လည်း မဖြစ်နိုင်ပေ။ “ဒီကာလမှာ အကျိုးရှိတာရော အဆိပ်အတောက်ဖြစ်တာရော မင်းရေးလို့မရပါဘူးကွာ။ အဲဒါက ဘာမှ ဖြစ်လာမှာမဟုတ်ဘူး” စာမူကို စက္ကူချိတ်ကလေးနှင့် ညှပ်ပြီး စာအိတ်ထဲသို့ ထည့်နေစဉ် ကျွန်‌တော့်ကိုယ်ကျွန်တော် ထိုကဲ့သို့ ပြောနေမိသည်။ အကျိုးရှိသောဝတ္ထု သို့မဟုတ် အဆိပ်အတောက်ဖြစ်သော ဝတ္ထုများအား ရေးသားနိုင်စွမ်း ကျွန်တော့်တွင် ရှိမရှိကို အတတ်နိုင်ဆုံး မစဉ်းစားဘဲ နေရပါမည်။ မဟုတ်ပါက ရေးလိုစိတ် ပေါ်လာနိုင်သည်။ ကျွန်တော် ‌သစ်သားခုံဖိနပ်ကို စီးနေခိုက် မနက်ခင်း နေရောင်ကြောင့် မျက်စိစူးသွားသည်။ ပြီးလျှင် စာအိတ်ကိုယူ၍ အိမ်မှ

စိမ်းလန်းစိုပြေ ကမ္ဘာမြေ  Read More »

အထင်မှားနေကြတဲ့ လိပ်ပြာတောင်ပံသက်ရောက်မှု

လိပ်ပြာတောင်ပံသက်ရောက်မှု ဆိုတာ တကယ့် အံ့ဖွယ်ဖြစ်စဉ်ပါ။ ဒါပေမဲ့ ခင်ဗျား ထင်သလိုတော့ မဟုတ်ပါဘူး။ လိပ်ပြာတောင်ပံသက်ရောက်မှုကို ရုပ်ရှင်တွေ၊ စာအုပ်တွေ နဲ့ လူမှုကွန်ရက် မီဒီယာ ဇာတ်လမ်းတွေထဲမှာ ဖော်ပြကြတယ်။ ဒါပေမဲ့ သူ့ရဲ့ နောက်ကွယ်က သိပ္ပံအချက်အလက်တွေက သိပ္ပံပညာရှင်တွေ အနာဂါတ်ကို ခန့်မှန်းတဲ့နေရာမှာ သုံးတာပဲ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ အမ်အိုင်တီ (MIT) မိုးလေဝသပညာရှင် အက်ဒဝပ်ဒ် လောရန့်ဇ် က ရာသီဥတုကို ခန့်မှန်းနိုင်တဲ့ ပရိုဂရမ် တစ်ခုရေးဆွဲခဲ့တယ်။ သူ့ရဲ့ နမူနာ မော်ဒယ်ထဲမှာ ကိန်းရှင်တွေ ဒါဇင်ချီ သုံးရပြီး အဲဒီထဲက တန်ဖိုး တစ်ခုက ၀.၅၀၆၁၂၇ ဖြစ်တယ်။ သူက ကွန်ပျူတာထဲက မော်ဒယ်ကို နောက်တစ်ခါ ထပ်တွက်ခိုင်းတဲ့အခါမှာ တန်ဖိုးကို ၀.၅၀၆

အထင်မှားနေကြတဲ့ လိပ်ပြာတောင်ပံသက်ရောက်မှု Read More »

ခရစ္စမတ် လက်ဆောင်လား ပိုက်ဆံလား

ခရစ္စမတ်အတွက် လက်ဆောင်ပစ္စည်း ဝယ်ရတာ စိတ်ဖိစီးစရာပါပဲ။ ကုန်ကျစရိတ်များပြီး ဘာ‌ရွေးရမလဲ သိဖို့ခက်တာကိုး။ ဒါပေမဲ့ အဖြေက ကိုယ့်လက်ထဲမှာ ရှိပါတယ်။ စီးပွားရေးဆိုင်ရာ စဉ်းစားပုံတမျိုးအရ ခရစ္စမတ် လက်ဆောင်ဝယ်တာဟာ အရင်းအမြစ်တွေကို ထိရောက်မှုမရှိဘဲ ခွဲဝေသုံးစွဲခြင်း ဖြစ်တယ်။ ပိုက်ဆံပဲ ပေးလိုက်တာက ပိုကောင်းပြီး အားလုံးအတွက် အလုပ်ရှုပ်သက်သာတယ်လို့ အဲဒီသဘောတရားက ဆိုတယ်။ ဒီလို စဉ်းစားပုံ စဉ်းစားနည်းတွေ ခေတ်စားလာနိုင်ပါသလား။ ၁၉ ရာစုမှာ အဲလ်ဖရက်ဒ် မာရှယ် ဟာ အနားသတ်အသုံးဝင်မှု  နဲ့ အနားသတ်ကုန်ကျစရိတ် ဆိုင်ရာ နိယာမကို အကျဉ်းချုံး ဖော်ပြခဲ့ပါတယ်။ စားသုံးသူတွေဟာ ဆင်ခြင်တုံတရားရှိမယ်။ ကိုယ်ဝယ်မယ့်ပစ္စည်း အကြောင်းကို လည်း ကောင်းကောင်းသိမယ် ဆိုပါစို့။ အဲဒီပစ္စည်းဆီကရမယ့် ကျေနပ်မှုဟာ အနားသတ်ကုန်ကျစရိတ်နဲ့ အတူတူ ဒါမှမဟုတ် ပိုများမယ်ဆိုရင်

ခရစ္စမတ် လက်ဆောင်လား ပိုက်ဆံလား Read More »

တရုတ်သိပ္ပံဝတ္ထုစာရေးဆရာလျူစီရှင်း နှင့် စာပေအင်တာဗျူး

၂၀၁၈ ခုနှစ်က စာတမ်းဖတ်ပွဲတစ်ခုတွင် သိပ္ပံဝတ္ထု စာရေးဆရာ လျူစီရှင်း (Liu CiXin) ကို စာပေပညာရှင် ပါမောက္ခ ဂျွန်ပလော့ က စကားပြန် ပူဝမ်နှင့်အတူ မေးမြန်း ပြောဆိုသည်များကို ဆီလျော်အောင် ဘာသာပြန် ထားခြင်း ဖြစ်သည်။ လျူစီရှင်းမှာ Hugo Award အပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့သည့် ကမ္ဘာကျော် “ကြယ်သုံးစင်းပုစ္ဆာ (The Three-body Problem)” သုံးအုပ်တွဲဝတ္ထုများအပြင် အခြား သိပ္ပံဝတ္ထုတို၊ ဝတ္ထုရှည် များစွာကို ရေးသားခဲ့သူလည်း ဖြစ်သည်။ သိပ္ပံဝတ္ထုများအတွက် ပေးသော Hugo Award ကို အာရှသားများထဲမှ ပထမဆုံးရရှိသူလည်း ဖြစ်၏။ သူ၏ ဝတ္ထုလတ်တစ်ပုဒ်ဖြစ်သော “ခရီးသွားကမ္ဘာမြေ (The Wondering Earth)” ကို ရုပ်ရှင်ကားကြီးအဖြစ်

တရုတ်သိပ္ပံဝတ္ထုစာရေးဆရာလျူစီရှင်း နှင့် စာပေအင်တာဗျူး Read More »

တစ်ကိုယ်ကောင်းဆန်သင့် မဆန်သင့်

တစ်ကိုယ်ကောင်းဆန်ခြင်းဟာ စာရိတ္တပိုင်းအရ စဉ်းစားစရာဖြစ်‌ကြောင်း ငယ်စဉ်ကတည်းက ကျွန်တော်တို့ သင်ခဲ့ ရပါတယ်။ ဒါပေမဲ့ လူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ကျိုးအတွက် ကြိုးစားတာက လူ့အဖွဲ့အစည်း တစ်ခုလုံး အတွက် အကျိုးရှိကြောင်း ဒီနေ့ခေတ် ဘောဂဗေဒ သဘောတရားက ဆိုပါတယ်။ ကိုယ့်အတွက် ကိုယ်စဉ်းစားပြီး ချဉ်းကပ် တာက လူမှုကောင်းကျိုးချမ်းသာ အသားတင်တိုးလာဖို့ကို တကယ်ပဲ ပဉ္စလက်ဆန်ဆန် ဖြစ်စေသလား။ ဒါမှမဟုတ် ကိုယ်ကျိုးကြည့်ဖို့ရယ်၊ အကျိုးအမြတ်အများဆုံးရဖို့ရယ်အတွက် ပြောပေးသလိုဖြစ်နေတဲ့ စီးပွားရေး ပညာကို ကျွန်တော်တို့ သတိထားသင့်သလား။ ဒီမေးခွန်းဟာ ဘောဂဗေဒပညာရပ်ဆိုင်ရာ ငြင်းခုံပွဲတွေရဲ့ ဗဟိုချက် ဖြစ်လာခဲ့တယ်။ ဒါကြောင့် ဘောဂဗေဒဖခင်ကြီး အဒမ်စမစ် (၁၇၂၃-၉၀)1 နဲ့ စတာက အသင့်လျော်ဆုံးပါပဲ။ သူ့ရဲ့ နိုင်ငံများ၏ ဓနဥစ္စာ (၁၇၇၆) ဆိုတဲ့ နာမည်ကျော်

တစ်ကိုယ်ကောင်းဆန်သင့် မဆန်သင့် Read More »

အင်္ဂါဂြိုဟ်ကို ရွှေ့ပြောင်းနေသင့်သလား

ကမ္ဘာမြေကြီးက တဖြည်းဖြည်းနဲ့ အတော်ကလေး ကြပ်ညပ်လာပါပြီ။ တစ်နေ့မှာ အင်္ဂါဂြိုဟ်ကို ပြောင်း‌ရွှေ့ အခြေချချင်သူ တွေအတွက် ကြော်ငြာတစ်ခုကို ခင်ဗျားတွေ့တယ်။ ခရီးစရိတ်ကလည်း အခမဲ့ပါတဲ့။ ကမ္ဘာသားဘဝကို စွန့်လွှတ် နိုင်မယ့် သူတွေအတွက် မြေယာအဆောက်အအုံ ပိုင်ဆိုင်မှု နဲ့ အလုပ်အကိုင်ကောင်းကောင်းလည်း ရမယ်။ ဂြိုဟ်ပေါ်မှာ အခုဆိုရင် ကိုလိုနီတစ်ခု ထူထောင်ပြီးသွားပြီ။ အခုအချိန် အဲဒီမှာ အင်မတန်လိုအပ်နေတဲ့ ကျွမ်းကျင်မှုက ခင်ဗျားဆီမှာ ရှိတယ်။ “ဘာလို့ မသွားရမှာလဲ” ခင်ဗျား ကောက်ချက်ချလိုက်တယ်။ အဲဒီနောက် အိပ်မက်ကင်းမဲ့တဲ့ စံလွန်အိပ်စက်ခြင်းတစ်ခု ကြာပြီးတဲ့အခါ အင်္ဂါဂြိုဟ်ကို ခင်ဗျား ‌ရောက်သွားပါတော့တယ်။ အင်္ဂါဂြိုဟ်က ခင်ဗျား မျှော်လင့်ထားတာထက် စိမ်းစိုနေပြီး ခင်ဗျားရဲ့ မြေယာအသစ်ကလည်း အင်မတန်လှပါတယ်။ ဒါပေမဲ့ အရာအားလုံးက မြင်နေရတဲ့အတိုင်း မဟုတ်ဘူး။ ကမ္ဘာမှာကျန်ခဲ့တဲ့

အင်္ဂါဂြိုဟ်ကို ရွှေ့ပြောင်းနေသင့်သလား Read More »

ဟိုမီယို ပက်သီ ဓာတ်ကြမ်းတိုက်ကုထုံးတာကို ယုံမိရင် အပြစ်လား

(မူရင်း ဆောင်းပါးမှာ ဖော်ပြထားတဲ့ အတိုင်း ဆေး သိပ္ပံအရ အငြင်းပွားဖွယ် ကုထုံး တစ်မျိုးဖြစ်တဲ့ Homeopathy (ဟိုမီယို ပက်သီ) လို့ပဲ ဒီဆောင်းပါးမှာ ဝေါဟာရတစ်ခုအဖြစ် တိုက်ရိုက်သုံးသွားပါမယ်။ Homeopathy (ဟိုမီယို ပက်သီ) ဟာ ၁၇ ရာစုလောက် ကတည်းက ပေါ်ခဲ့တဲ့ ကုထုံးတစ်ခုပါ။ Homeopathy (ဟိုမီယို ပက်သီ) ရဲ့ သဘောကတော့ အကြမ်းဖျင်း ပြောရရင် ကြက်သွန်နီ အစိမ်းက လူကောင်း တွေကို မျက်ရည်ကျစေ နှာမွှန်စေပါတယ်။ ဒါကို ကြည့်ပြီး Homeopathy (ဟိုမီယို ပက်သီ) ကုထုံးဆရာတွေက မျက်လုံးပူ နှာမွှန်ပြီး အဖျားရှိတဲ့ လူနာတွေကို ပမာဏ အလွန်နည်းတဲ့ ကြက်သွန်နီ အစိမ်း ထည့်ဖျော်ထားတဲ့ ဆေးကို ပေးပြီး

ဟိုမီယို ပက်သီ ဓာတ်ကြမ်းတိုက်ကုထုံးတာကို ယုံမိရင် အပြစ်လား Read More »

အလှူဒါန ဘယ်လောက်ပြုရပါ့

ဆင်ခြင်တုံတရား အခြေခံပြီး ကိုယ်ကျိုးစီးပွားရှာတာကို အားပေးတဲ့ ဘာသာရပ်အဖြစ် ဘောဂဗေဒအပေါ် ရှုမြင်ကြတယ်။ ဒါကြောင့် အများအတွက် လှူတယ်ဆိုတဲ့ သဘောတရားကို ဘောဂဗေဒအရ ဘယ်လိုအမြင်သစ်မျိုး ပေးနိုင်မလဲ။ အစွန်းအထင်း မရှိတဲ့ ပရဟိတဆိုတာ ရှိပါ့မလား။ ဒါမှမဟုတ် အလှူအတန်းလုပ်တာတွေ ဘာတွေ အပါအဝင် အရာရာဟာ ကျွန်တော်တို့ရဲ့ ကိုယ်ကျိုးစီးပွား တိုးတက်ဖို့ပဲ ဖြစ်နေမလား။ ၁၉၂၈ ခုနှစ်မှာ ဗြိတိသျှ ဘောဂဗေဒပညာရှင်၊ သင်္ချာပညာရှင် နဲ့ ဒဿနပညာရှင်လည်းဖြစ်တဲ့ ဖရန့်ပီ ရမ်းဆေး (၁၉၀၃-၃၀) က “စံပြပရဟိတ” ဆိုတဲ့ အတွေးအခေါ်ကို ပထမဆုံးအကြိမ် မိတ်ဆက်ခဲ့တယ်။ စီမံကိန်းတစ်ခုက ကျွန်တော်တို့ရဲ့ပိုက်ဆံကို တကယ် လိုအပ်တယ်လို့ ကျွန်တော်တို့ရင်ထဲမှာ ခံစားမိတဲ့အခါ သက်ဆိုင်ရာ အသင်းအဖွဲ့တွေဆီကို လှူဒါန်း သင့်တယ်တဲ့။ ဥပမာ ရေကောင်း

အလှူဒါန ဘယ်လောက်ပြုရပါ့ Read More »

ဒီကာလမှာ ယုံရခက်တဲ့ ကျွန်ုပ်ရဲ့ ဘုရားသခင် – နောင်နောင်စိုးသိမ်း

ကျွန်တော်တို့ သတင်းစာ ကောက်ကိုင်လိုက်တိုင်း ဒါမှမဟုတ် သတင်းတွေကို ဖွင့်လိုက်တိုင်း ကြမ်းတမ်းတဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေရဲ့ ဇာတ်လမ်းတွေကို တွေ့ရတယ်။ ကမ္ဘာကြီးထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ဆိုးရွားလှတဲ့အရာတွေကို ပြုလုပ်နေကြတဲ့ လူတွေနဲ့ ပြည့်နေတယ်။ ပဋိပက္ခတွေကနေ ထွက်ပြေးဖို့ ဒုက္ခသည်တွေ သက်စွန့်ကြိုးပမ်းနေချိန်မှာ သူတို့ရဲ့ ဆင်းရဲဒုက္ခကနေ တချို့က အမြတ်ထုတ်နေကြတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဒီလိုပြုမူနေကြတာတင် မကပါဘူး။ မိုးခေါင်ရေရှားတာ၊ အငတ်ဘေးဆိုက်တာ၊ ငလျင် လှုပ်တာ စတဲ့ သဘာဝဘေးအန္တရာယ်တွေရယ် ဒါမှမဟုတ် ကြောက်စရာ ကပ်ရောဂါတွေရယ်ကြောင့် အပြစ်မဲ့သူ တွေဟာ နေ့တိုင်း သေကြေပျက်စီးနေရပါတယ်။ ခင်ဗျားက မေးလိမ့်မယ်။ ဘာကြောင့်များ မဟာဂရုဏာတော်နဲ့ ပြည့်စုံတဲ့ ဘုရားသခင်က ဒါတွေကို ဖြစ်ခွင့်ပေးရသလဲ။ ဆိုးယုတ်တဲ့အရာတွေကို ဘုရားသခင်က တားဆီးချင်တယ်။

ဒီကာလမှာ ယုံရခက်တဲ့ ကျွန်ုပ်ရဲ့ ဘုရားသခင် – နောင်နောင်စိုးသိမ်း Read More »