အရောင်တွေကို ငါမြင်ပါတယ်
ဟိုတုန်းကတော့ချာချီလမ်း၊ ကိုယ်တွေသိခဲ့တုန်းကတော့ ကိုယ့်မင်းကိုယ့်ချင်းလမ်းနားက ယခင် ဖဆ ပလ အဖွဲ့ချုပ်ရုံးကြီးဟာ ၁၉၆၈မှာ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ လက်အောက်ခံရယ်လို့ ဖြစ်သွားခဲ့တဲ့ ရေခဲဆိုင်မှတ်တိုင်နားကရန်ကုန်ပန်းချီ ပန်းပုကျောင်းကြီးမှာ ၁၉၈၈-၁၉၉၁ တက်ခဲ့စဉ်က ကျွန်တော်တို့နှစ်မှ ကျောင်းသားများ ရွှေတောင်ကြားထဲက ပြခန်းတစ်ခုမှာ ပန်းချီကား တင်ခွင့်ရမည်ဆို၍ ကိုယ်ရေးခဲ့သမျှထဲမှ အကောင်းဆုံး ပန်းချီကားတစ်ကားကို ရွေးချယ်ခဲ့ရာ ပန်းချီ ကျောင်းတော်ကြီးရှေ့ရှိ့ စိန်ပန်းပင်ပျိုလေးကို ရေဆေးဖြင့်ရေးထားခဲ့သော ပန်းချီကားလေးကို ပြခန်းတင် ပန်းချီကား အဖြစ် ရွေးချယ် ဖြစ်ခဲ့ပါတယ်။ Golden Vally ပြခန်းမှာ ပြပွဲရက်၌လည်း မိမိ ပန်းချီကားလေးဖြင့် မှတ်မှတ်ရရ ဓာတ်ပုံလေးတစ်ပုံ မှတ်တမ်းတင် ရိုက်ထားခဲ့သော်လည်း ၎င်းဓာတ်ပုံနှင့်အတူ ရှေးဟောင်း ရှားပါး ကက်တလောက်များ ပေးစာ ပြန်စာများ မှတ်စုများနှင့် ဆရာကြီး ဦးသုခအိမ်တွင် […]
အရောင်တွေကို ငါမြင်ပါတယ် Read More »



