The Corner

The Corner

cropped-Logo_round_grey-background.png

မောင်ကောင်း (SG)

since volume 22, Feb 16 2026

ပျားအုပ်ပုံ ဒရုန်းအုပ်စု စစ်ဗျူဟာ

ဒရုန်း (Drones) များသည် စစ်ပွဲ၏ စံနှုန်းမီလက်နက်များ ဖြစ်လာခဲ့ပြီဖြစ်သည်။ လက်တလောတွင် ယူကရိန်း စစ်မြေပြင်၌ အသေးစား ကွာ့ဒ်ကော့ပတာ (Quadcopters) ဒရုန်းများသည် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်စေသည့် အဓိကလက်နက်များ ဖြစ်နေပြီး မကြာသေးခင် သီတင်းပတ်များအတွင်းကလည်း အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်းရှိ မြို့ကြီးများ၊ လေဆိပ်များနှင့် ရေနံ ထုတ်လုပ်ရေး အဆောက်အအုံများပေါ်သို့ ပိုမိုကြီးမားသည့် ဒရုန်း ထောင်ပေါင်း များစွာကို မိုးရွာသကဲ့သို့ ကျရောက်စေခဲ့သည်။  သို့သော် ဒရုန်းများစွာနှင့် ၎င်းတို့၏ ဖျက်ဆီးနိုင်စွမ်း အလားအလာ မည်မျှပင်ကြီးမားစေကာမူ အသုံးပြုရန်အတွက် လူအင်အား အမြောက်အမြား လိုအပ်ပါသည်။ ကြိုတင်သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပျံသန်းခြင်းမျိုး မဟုတ်ပါက အသေးဆုံးဒရုန်းတစ်စင်းကိုပင် ထိန်းချုပ်ရန်နှင့် ပြုပြင်ထိန်းသိမ်းရန်အတွက် လူခြောက်ဦးအထိ လိုအပ်နိုင်သည်။ အကယ်၍ ထိုအချိုးအစားကို ပြောင်းပြန်လှန်လိုက်နိုင်လျှင် —ဆိုလိုသည်မှာ လူတစ်ဦးတည်းက ဒရုန်းအများအပြားကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်ပြီး၊ ဒရုန်းတစ်စင်းချင်းစီကလည်း ပစ်မှတ်တစ်ခုတည်းကို တိုက်ခိုက်ရန် […]

ပျားအုပ်ပုံ ဒရုန်းအုပ်စု စစ်ဗျူဟာ Read More »

ရွှေ နဲ့ ငွေက ပေးသွားခဲ့တဲ့ တန်ဖိုးကြီး သင်ခန်းစာ

Too Good to Be True! အဖိုးတန်သတ္တုများတွင် ရင်းနှီးမြှုပ်နှံပြီး ဘဝတစ်ခုလုံး ပြောင်းလဲသွားစေမည့် ကြွယ်ဝ ချမ်းသာမှုများကို ရှာဖွေနေကြသည့် အပျော်တမ်း ရင်းနှီးမြှုပ်နှံသူတို့၏ ပုံပြင်ဆန်ဆန် ဇာတ်သိမ်းခန်းသည် မရှောင်လွှဲနိုင်သော ဆိုးရွားသည့် အဆုံးသတ်နှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံသူ အားလုံးအတွက် “ဈေးကွက်အတွင်း၌ အခြေအနေတစ်ခုသည် လက်တွေ့ဖြစ်နိုင်ခြေထက် ပို၍ကောင်းမွန်လွန်းနေပါက ၎င်းမှာ အစစ်အမှန်ဖြစ်ရန် ခဲယဉ်းသည်” (Too good to be true) ဆိုသည့် သတိပေးချက် တစ်ခုပင် ဖြစ်လိမ့်မည် ထင်သည်။ ထို့အပြင် ၎င်းသည် ဘဏ္ဍာရေး ဈေးကွက်၏ အခြားနေရာများတွင် ဖြစ်ပေါ်နေသည့် အလွန်အကျွံ မှန်းဆကစားမှု (Speculative excess) များအတွက်လည်း red flag တစ်ခု

ရွှေ နဲ့ ငွေက ပေးသွားခဲ့တဲ့ တန်ဖိုးကြီး သင်ခန်းစာ Read More »

သက်တံရောင်အလံနဲ့ ထရမ့်အစိုးရရဲ့ စစ်ဆင်ရေး

အမေရိကန်ရဲ့ လိင်တူ ချစ်သူများရဲ့  LGBTQ+ လှုပ်ရှားမှုတွေ စတင်ခဲ့တဲ့ နယူးယောက်က သမိုင်းဝင် Stonewall အထိမ်းအမှတ်နေရာမှာ လွှင့်ထူထားတဲ့ သက်တံရောင်အလံကြီးကို ထရမ့်အစိုးရက ဖြုတ်ချလိုက်တာကြောင့် အခုရက်ပိုင်းအတွင်း နယူးယောက်မှာ တော်တော်လေး ပွက်လော ရိုက်ခတ်လျက် ရှိနေပါတယ်။ ဘာတွေဖြစ်ခဲ့တာလဲ ဆိုတော့ မန်ဟက်တန်မြို့လယ် Greenwich Village က Christopher Park ထဲမှာရှိတဲ့ အဲဒီအလံတိုင်ဟာ LGBTQ+ သင်္ကေတ သက်တံရောင်အလံကြီး ဟိုးအရင်ကတည်းက တလူလူနဲ့ ရှိနေခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညမှာ အစိုးရတာဝန်ရှိသူတွေက ဒီအလံကို လာဖြုတ်သွားပါတယ်။ အကြောင်းပြချက်ကတော့ “အစိုးရပိုင် အလံတိုင်တွေမှာ အမေရိကန်အလံ ကလွဲရင် ကျန်တာတွေ မလွှင့်ရဘူး” ဆိုတဲ့ မူဝါဒကို တပြေးညီကျင့်သုံးတာပါလို့ ဆိုပါတယ်။ အခု ထရမ့်ရဲ့

သက်တံရောင်အလံနဲ့ ထရမ့်အစိုးရရဲ့ စစ်ဆင်ရေး Read More »