The Corner

The Corner

cropped-Logo_round_grey-background.png

မယ်ကျော့

မယ်ကျော့

ဉာဏ်ပညာနံ့ သင်းနေတဲ့ ရပ်ဝန်း –  မယ်ကျော့

အသက်အရွယ်တခုရလာတဲ့အခါမှာ ဘယ်လိုနေရာ၊ ဘယ်လိုရပ်ဝန်းမှာ နေချင်တယ်ဆိုတာမျိုး ပိုပြီး ပီပြင်လာတာမျိုး မဟုတ်လား။ ကျွန်တော် ကတော့ ဉာဏ်ပညာနံ့လေး သင်းနေတဲ့ ရပ်ဝန်းမှာ နေချင်တဲ့ ဆန္ဒက ပိုပြီး ပြင်းပြင်းပြပြ ရှိလာတယ်။ ကျွန်တော် ဆိုလိုတဲ့ ဉာဏ်ပညာဆိုက အတန်းပညာ တတ်မြောက်တာနဲ့ မတိုင်းတာပါဘူး။ ဉာဏ်ပညာ ဆိုတာက အတန်းပညာမြင့်တာ၊ မမြင့်တာနဲ့ မဆိုင်ဘူးလို့ ကျွန်တော့ တစ်ဦးထဲအမြင်အရ ယူဆထားပါတယ်။ ဉာဏ်ပညာ ဆိုတာက ဘွဲ့လက်မှတ်တွေ၊ ဆုတံဆိပ်၊ အသိအမှတ်ပြုလက်မှတ်တွေထဲမှာ ရှာဖွေလို့ တွေ့ချင်မှ တွေ့ရတာမျိုးပါ။              ဉာဏ်ပညာဆိုတာ အသိပညာ၊ ဘဝအတွေ့အကြုံ၊ နားလည်မှု၊ အမြင်ကျယ်မှုတွေနဲ့ ပေါင်းစပ်ထားတဲ့ အရည်အချင်း လို့ ကျွန်တော်ကတော့ နားလည်လက်ခံထားပါတယ်။ ဒါကြောင့်လည်း ဘွဲ့လက်မှတ်တွေ၊ ဆုတံဆိပ်တွေကရတဲ့ အသိပညာတခုတည်းနဲ့ ဉာဏ်ပညာဆိုတာကို အလုံးစုံ […]

ဉာဏ်ပညာနံ့ သင်းနေတဲ့ ရပ်ဝန်း –  မယ်ကျော့ Read More »

Single Story ကို ယုံနေတုန်းပဲလား

ဇာတ်လမ်းတွေက အများကြီး အရေးပါပါတယ်။ တခါတလေမှာ ကျိုးပဲ့သွားတဲ့ ဂုဏ်သိက္ခာတွေကို ပြန်ဆယ်ဖို့အတွက်ဖြစ်နိုင်သလို၊ တခါတလေမှာလည်း သူများကိုရှင်းထုတ်ဖို့၊ အပုပ်ချဖို့အတွက် ဇာတ်လမ်းတွေက အရေးပါတဲ့ နေရာကနေ အသုံးတော်ခံကြပါတယ်။   အဲဒီဇာတ်လမ်းတွေထဲမှာမှ Single Story လို့ပြောကြတဲ့ တစ်ပုဒ်ထည်းသော ဇာတ်လမ်း လို့ပဲခေါ်ခေါ်၊ တစ်ပုဒ်တည်း သော ပုံပြင်လို့ပဲပြောပြော ပြောကြတဲ့ Single Story ကတော့ လူမှု ပတ်ဝန်းကျင်အတွက် များစွာအန္တရာယ်ရှိပါတယ်။ ဒါက လူတစ်ယောက်၊ နေရာတစ်ခု ဒါမှမဟုတ် အကြောင်းအရာ တစ်ခု အကြောင်းကို တဖက်သတ်အမြင်၊ ရှုထောင့်တခုတည်းက ကြည့်တဲ့အမြင်ကို ရည်ညွှန်းပါတယ်။   ကျွန်တော်ကိုယ်တိုင်က ၁၉၈၈ ဝန်းကျင်တဝိုက်မှာ မွေးခဲ့တာကြောင့် ဒီ Single Story ရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ကြီးပြင်းခဲ့ရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ငယ်ငယ်ကဆိုရင် အခုခေတ်လိုမျိုး

Single Story ကို ယုံနေတုန်းပဲလား Read More »