ဒေါ်လာတန်ဖိုးကျဆင်းလာလျှင် – လင်းထက်မြတ်

ဒေါ်လာဟာ ကမ္ဘာ့ ငွေကြေးဈေးကွက်မှာတော့ ဘုရင်ပဲ “Dollar is King” လို့ပြောဆိုကြသည်။ ကုန်သွယ်ရေး မှာလည်း ငွေတောင်းပြေစာများ၊ ကုန်ပစ္စည်းဈေးနှုန်းများကို အများစုက ဒေါ်လာဖြင့်သာ ဖော်ပြကြသည်။ ကုန်သွယ်မှု စုစုပေါင်းတန်ဖိုး၏ ၅၄%သည် ဒေါ်လာဖြင့်သာ ပေးချေမှုပြုကြသည်ဟု သိရသည်။ အရန်ငွေကြေး reserve currency အဖြင့် နိုင်ငံများကထားရှိရာတွင်လည်း ဒေါ်လာကိုသာအများစုကထားရှိပြီး အရန်ငွေကြေး စုစုပေါင်း၏ ၆၀% နီးပါးရှိသည်ဟုသိရသည်။ နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်မှာလည်း ၈၈%သည် ဒေါ်လာကို လဲလှယ်ကြခြင်း ဖြစ်သည်ကို တွေ့ရသည် ။             Carnegie Endowment for International Peace မှ Micheal Pettis က Foreign Affအေအိုင်rs မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် သူ၏“The High Price of Dollar Dominance; The Dollar is the Worst Reserve Currency -Except for All the Rest” ဆောင်းပါးမှာ “ကမ္ဘာ့သမိုင်းတွင် တစ်ခါမှ အမေရိကန် ဒေါ်လာကဲ့သို့ ငွေကြေး currency မပေါ်ပေါက်ဖူးသေး” ဟု ရေးသားခဲ့သည်။ ထိုကဲ့သို့ ကမ္ဘာ့ဘဏ္ဍာ ငွေကြေး ဈေးကွက်၊ ကုန်သွယ်မှုနှင့် အရန်ငွေကြေး အစရှိသဖြင့် စီးပွားရေးနယ်ပယ်အသီးသီးကို လွှမ်းမိုး ထားနိုင်သည့် ဒေါ်လာ ငွေကြေးကို ပိုင်ဆိုင်ထားခြင်းဟာ အမေရိကန် နိုင်ငံ အတွက် ကောင်းသလား၊ ဆိုးသလား ဆိုသည်ကို ပညာရှင်များအကြား ငြင်းချက်ထုတ်လျက် ရှိပါသည်။ သူမတူသည့် ဒေါ်လာကိုပိုင်ဆိုင်ထားခြင်း (သို့) Exorbitant Privilege သည် အမေရိကန်နိုင်ငံအတွက် ကောင်းသလား ဆိုးသလား။             ကမ္ဘာ့ပေါ်ရှိ နိုင်ငံအသီးသီးသည် ပိုလျှံသည့်ငွေများကို ဒေါ်လာအဖြင့် သိမ်းဆည်းထားကြ သဖြင့် (သို့မဟုတ်) ဒေါ်လာဖြင့်ဝယ်ယူရသည့် အမေရိကန်ငွေကြေးဈေးကွက်မှ စတော့ရှယ်ယာများ၊ ငွေတိုက်စာချုပ်များ၊ အိမ်ခြံမြေ […]

ဒေါ်လာတန်ဖိုးကျဆင်းလာလျှင် – လင်းထက်မြတ် Read More »