“မောင်” “ညိန်း” “ဦး” တို့ နှင့် “ဗေဒင်လက္ခဏာ”
“မောင်” ဆိုသည်က သိပ္ပံမောင်ဝ၊ “ညိန်း” ဆိုသည်က ကိုစောညိန်း၊ “ဦး” ဆိုသည်က ဝင်းဦး တို့ကို ဆိုလိုသည်။ ခေတ်စမ်းစာပေ ဦးဆောင်သူ သိပ္ပံမောင်ဝ (၁၈၉၉-၁၉၄၂)၊ ဂီတနက်သန် ကိုစောညိန်း (၁၉ ၂၅-၁၉ ၅၂)၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုတော် ဝင်းဦး (၁၉၃၅ – ၁၉၈၈)။ မြန်မာစာပေ၊ ဂီတ၊ ရုပ်ရှင်စသည့် မြန်မာ့အနုပညာကို နှစ်သက်လက်ခံ ခံစားသူတိုင်း အဆိုပါ အနုပညာ ရှင်သုံးဦးကို သိကြပေမည်။ မသိမမီလိုက်သည့်တိုင် သူတို့ထားရစ်ခဲ့သည့် အနုပညာလက်ရာများကို တစ်ကွေ့မဟုတ် တစ်ကွေ့တွင် ဖတ်မှတ် သိရှိ ခံစားဖူးကြပေမည်။ မောင်လူအေးနှင့် ရင်းနှီးဖူးကြမည်။ ချစ်ပြုံးနှင်းဆီသီချင်း।မိုးသက်လေနှင် သီချင်းတို့နှင့် ငြိမ့်ဖူးကြမည်။ မှုံရွှေရည်ရုပ်ရှ င်ကြည့်ပြီး မှုံရွှေရည်သီချင်း ညည်းဖူးကြမည်။ […]
“မောင်” “ညိန်း” “ဦး” တို့ နှင့် “ဗေဒင်လက္ခဏာ” Read More »
