The Corner

The Corner

cropped-Logo_round_grey-background.png

ကိုဝ

ကိုဝ

တရုပ်နိုင်ငံ၏ “၁-၂-၄” ပြဿနာ

“၁-၂-၄” ပြဿနာဆိုလိုက်တော့ သင်္ချာရဲ့ GP Series လိုလို၊ အမှန်ကတော့ တရုတ်ပြည်သူတွေရဲ့ မိသားစုအလိုက် ဝင်ငွေနဲ့ အသုံးစရိတ် (Household Income and Consumption) ပြဿနာပါ။ မိသားစုအတွက် လိုအပ်တဲ့ ပစ္စည်း၊ ဝန်ဆောင်မှုတွေ ဝယ်ယူရတဲ့ အတွက် ကျခံရတဲ့ ကုန်ကျစရိတ်ပါ။ ဒီကုန်ကျစရိတ်ဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ တိုင်းပြည် ထုတ်ကုန်တန်ဖိုး (GDP) ရဲ့ ၆၀ ရာခိုင်နှုန်း ဝန်းကျင် ရှိပါတယ်။ အမေရိကန် နိုင်ငံမှာ မိသားစုအလိုက် ကုန်ကျစရိတ်ဟာ (Household consumption) ဟာ တိုင်းပြည်ထုတ်ကုန်တန်ဖိုး (GDP) ရဲ့ ၆၈ ရာခိုင်နှုန်း ရှိပါတယ်။ ဥရောပမှာတော့ ၅၅ ရာခိုင်နှုန်း ပတ်ဝန်းကျင် […]

တရုပ်နိုင်ငံ၏ “၁-၂-၄” ပြဿနာ Read More »

မစားကောင်းသောအသီး၊ အီလွန်မတ်နှင့် ဓနဥစ္စာ၏ လှည့်ဖြားမှု

အီလွန်မတ်ရော ဒေါ်နယ်ထရမ့်ပါ သူတို့အတ္တကို ရှေ့တန်းတင်တဲ့ ပုဂ္ဂိုလ်တွေဆိုတာက ထင်းခနဲ မြင်နေရတာပါ။ ထရမ့်က ”အမေရိကန် တွေ အာရုံအစိုက်ဆုံး သတင်းဟာ သူ့သတင်းဖြစ်ရမယ်”လို့ ခံယူထားတာဟာ သိသာမြင်သာပါတယ်။ အီလွန်မတ်ရဲ့ ပုဂ္ဂိုလ်ရေး စရိုက် လက္ခဏာ ကလည်း ထူးမခြားနားပါ။ ဒီပုဂ္ဂိုလ်နှစ်ဦး တွဲထွက်လာကတည်းက ”ဒီနှစ်ယောက် ဘယ်တော့ ထချကြမလဲ”လို့ တွေးဆ ပြီးသားပါ၊ အီလွန်မတ်နဲ့ ထရမ့်တို့ ကွဲကြပြဲကြဆိုတာက အံ့ဩစရာမဟုတ်ပါဘူး။ တွေးထင် ထားတာထက်ကိုစောစောစီးစီး ”စလယ်ဝင် ဖင်မမည်းခင် ကတည်းကကွဲ” တာကသာ အံ့ဩစရာ ဖြစ်နေတာပါ။ နိုင်ငံရေးမှာ သက်ဆုံးတိုင် မဟာမိတ်တွေဖြစ်တော့မလိုလို၊ နှစ်ဦးစလုံးက ဒရာမာတွေခင်းခဲ့ကြပေမယ့် ကွဲပြကြတာ ဖင်မနွေးခင် မှာပဲ အီလွန်မတ်က ပါတီသစ် ”အမေရိကားပါတီ”ကို ထူထောင်မယ်လို့ ကြေညာလာပါတယ်။ ထရမ့်ကတော့ ထုံးစံအတိုင်း

မစားကောင်းသောအသီး၊ အီလွန်မတ်နှင့် ဓနဥစ္စာ၏ လှည့်ဖြားမှု Read More »

ဆန်စဥ်ရာ ကျည်ပွေ့လိုက်သော ထရမ့် နိုင်ငံခြားရေးမူဝါဒ – ကိုဝ

ဒုတိယ သမ္မတသက်တမ်းအတွက် တာဝန်ယူပြီးချိန်ကစပြီး ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒ၊ ဆောင်ရွက်ချက် တွေက နားမလည် နိုင်စရာ ဖြစ်လာပါတယ်။ တချို့ကလည်း ဒေါ်နယ်ထရမ့်ဟာ စိတ်ကူးပေါက်ရာလုပ်နေတယ်၊ ဘာမူဝါဒမှ မရှိဘူးအထိ အဆိုးမြင်ကြတာလည်း ရှိပါတယ်။ ဒီနေရာမှာ ထရမ့်ရဲ့ နိုင်ငံခြားရေး မူဝါဒကြောင်း ပြောလိုပါတယ်။ ဂျာမန် သတင်း ဌာန DW ရဲ့ နိုင်ငံတကာအယ်ဒီတာ ရစ်ချတ် ဝေါ့ကာ (Richard Walker) ရဲ့ တင်ပြချက်အပေါ် အခြေခံဆွေးနွေးမှာပါ။ ရစ်ချတ်ဝေါ့ကားက ဒေါ်နယ် ထရမ့်ဟာ အချက်သုံးချက်အပေါ် အခြေခံပြီး သူ့ရဲ့နိုင်ငံခြားရေးမူဝါဒကို အကောင်အထည် ဖော်နေတယ်လို့ ရှုမြင်ပါတယ်။ပထမတစ်ချက်က အင်အားအခြေခံ လက်တွေ့မူဝါဒ (Realism) ပါ။ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ရေးဆိုတဲ့ စံတန်ဖိုးတွေထက် ”စစ်ရေးအင်အား၊ စီးပွားရေးအင်အား” စတဲ့

ဆန်စဥ်ရာ ကျည်ပွေ့လိုက်သော ထရမ့် နိုင်ငံခြားရေးမူဝါဒ – ကိုဝ Read More »

နိုင်သူ…အရှုံး၊ ရှုံးသူ…မျှော်လင့်ချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ(၇)က ဟားမတ်စ် အကြမ်းဖက်တိုက်ခိုက်မှုဟာ အစ္စရေး ပြည်သူတွေတင် မကပါဘူး။ ကမ္ဘာ့ပြည်သူတွေကိုပါ အံ့သြချောက်ချား တုန်လှုပ်စေခဲ့ပါတယ်။ အစ္စရေးနယ်မြေပေါ် ဟားမတ်စ်အကြမ်းဖက်သမားတွေ ခြေချနိုင်လိမ့်မယ်လို့ လုံးဝ တွေးထင်မထားတဲ့ အစ္စရေး ပြည်သူတွေဟာ ဟားမတ်စ်အကြမ်းဖက်သမားက သူတို့နေအိမ်တွေထဲ အထိ ဝင်ရောက် သတ်ဖြတ်ခဲ့ တာကို ခံခဲ့ရပါတယ်။ အစ္စရေးပြည်သူ (၁,၁၃၉)ဦး သေဆုံးခဲ့ပြီး အနည်းဆုံး (၈,၇၃၀)ဦး ဒဏ်ရာ ရခဲ့ပါတယ်။ ဟားမတ်စ်အကြမ်းဖက်အဖွဲ့က ဓားစာခံအဖြစ် (၂၅၀)ကျော် ဖမ်းဆီးသွားတာကိုလည်း ခံခဲ့ရပါတယ်။  ဟားမတ်စ်အကြမ်းဖက်တိုက်ခိုက်မှုအပေါ်တုံ့ပြန်တဲ့ အစ္စရေးစစ်ဆင်ရေးဟာ တရားဝင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့အထိ (၁၅)လကျော် ကြာမြင့်ခဲ့ပါတယ်။ ဒီစစ်ပွဲအတွင်း အနည်းဆုံး ဂါဇာပြည်သူ (၆၁,၇၀၉) ဦး သေဆုံး

နိုင်သူ…အရှုံး၊ ရှုံးသူ…မျှော်လင့်ချက် Read More »

စကားလုံးတွေဟိန်းဟောက်နေတဲ့စက္ကူကျား (သို့မဟုတ်) ထရမ့်အစိုးရ

ထရမ့်အစိုးရက ကမ္ဘာ့နံပါတ်တစ် အင်အားကြီးနိုင်ငံဆိုပြီး ကျန်ကမ္ဘာ့နိုင်ငံတွေအပေါ် သူပြုသမျှ နုရမယ့်၊ လက်ခံရမယ့် လက်အောက်ခံနိုင်ငံတွေလို ပြုမူဆက်ဆံနေတာက စိတ်ပျက်စရာပါ။ တကယ်ကတော့ အမေရိကန်နိုင်ငံ ကလည်း သူ့နိုင်ငံရဲ့ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ ကျန်ကမ္ဘာ့နိုင်ငံ တွေအပေါ် အနည်းနဲ့ အများ မှီခိုနေရတာပါ။ ကုန်သွယ်ရေးဆိုတာ သူ့နိုင်ငံလိုအပ်ချက်၊ ကိုယ့်နိုင်ငံ လိုအပ်ချက် အပြန်အလှန် ဖြည့်ဆည်းနိုင်ဖို့ ရောင်းဝယ်ကြရတာပါ။ အရင်ဆောင်းပါးမှာ တင်ပြထားတဲ့ ကနေဒါကိစ္စကို ပြန်ကောက်ရရင် အမေရိကန်နိုင်ငံကပဲ ကနေဒါနိုင်ငံကို တစ်နှစ် ဒေါ်လာဘီလီယံ ၃၀ဝ လောက် အသားလွတ် ထောက်ပံ့ပေးနေရသလို “အောက်ကလိအာ” ပြောပါသေးတယ်။ ကနေဒါလို မဟာမိတ်အရင်းနိုင်ငံကိုတောင် ဒီလိုဆက်ဆံနေတဲ့ ထရမ့်အစိုးရအပေါ် ကျန်ကမ္ဘာ့နိုင်ငံတွေက အားကိုး အားထားပြုရတဲ့ မဟာမိတ်နိုင်ငံအဖြစ် ဘယ်လိုလုပ် သဘောထားမှာလဲ။ ကနေဒါနိုင်ငံဟာ သူ့နိုင်ငံရဲ့ စီးပွားရေးက အမေရိကန်နိုင်ငံအပေါ်

စကားလုံးတွေဟိန်းဟောက်နေတဲ့စက္ကူကျား (သို့မဟုတ်) ထရမ့်အစိုးရ Read More »

ယုံပါဗျာ သူက ကျွန်တော်တို့ သမ္မတ မဟုတ်ပါဘူး

နိုင်ငံတော် သမ္မတဆိုတာ တိုင်းပြည်အတွက် လေးနက် ကျယ်ပြန့်တဲ့ ယုံကြည်မှု တစ်ခု ရှိရပါမယ်။ စာရိတ္တနေရာမှာလည်း စံပြုထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ရပါမယ်။ တရားဥပဒေ စိုးမိုးရေးကို ဖော်ဆောင်ပေး နိုင်သလို ကိုယ်တိုင်လည်း တရားဥပဒေ ကို လေးစားလိုက်နာသူဖြစ်ရပါမယ်။ ဒေါ်နယ်ထရမ့်မှာ ဒီစံချိန်စံညွှန်းတွေ အားလုံးမရှိပါဘူး။ လုံးဝမရှိပါဘူး။ ဒီတော့ ပြောချင်သလိုပြော လုပ်ချင်သလို လုပ်တယ်ဆိုတာ အံသြစရာ မရှိပါဘူး။ ဒေါ်နယ်ထရမ့်က ဒီအမူအကျင့်တွေကို သူ့နိုင်ငံထဲ ကျင့်သုံး ရုံမက မဟာမိတ်မချန် ကမ္ဘာကြီး အပေါ်မှာပါ ကျင့်သုံးလာတာကတော့ ကမ္ဘာကြီးကို ကသောင်းကနင်း ချောက်ကမ်းပါးထဲ တွန်းချနေတာနဲ့ အတူတူပါပဲ။  ကနေဒါနိုင်ငံဆိုတာ အမေရိကန်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို ကမ္ဘာ့စီးပွားရေး အင်အားကြီး ခုနှစ် နိုင်ငံထဲက တစ်နိုင်ငံပါ။ သမိုင်းတစ်လျှောက် နှစ်နိုင်ငံ လက်တွဲဆောင်ရွက်ခဲ့တဲ့ စံနမူနာကောင်း

ယုံပါဗျာ သူက ကျွန်တော်တို့ သမ္မတ မဟုတ်ပါဘူး Read More »