စင်္ကာပူနဲ့ မလေးရှားက တမူထူးခြားတဲ့ တရုတ်နှစ်သစ်ကူးမုန့်တွေရဲ့ အဓိပ္ပာယ်နဲ့ သင်္ကေတများ

ဒီနှစ်မှာတော့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော်ရဲ့ ကျွန်တော်အကြိုက်ဆုံး အစိတ်အပိုင်းကတော့ ပွဲလမ်းသဘင်မှာ ကျွေးမွေးလေ့ရှိတဲ့ မုန့်အချိုအချဉ်တွေနဲ့ သရေစာတွေပဲ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းကဆိုရင် ကျွန်တော့်ရဲ့ ဆွေမျိုးအသိုင်းအဝိုင်းကြီးထဲက လူအတော်များများဆီကို မသွားချင်သွားချင်နဲ့ လိုက်လည်ခဲ့ရဖူးပါတယ်။ အဲဒီဆွေမျိုးတွေထဲက အများစုကို ကျွန်တော် လုံးဝသဘောမကျခဲ့သလို (အခုထိလည်း သဘောမကျသေးပါဘူး)၊ အဲ့ဒီလို သွားလည်ရတဲ့အခါ ကျွန်တော့်အတွက် တစ်ခုတည်းသော စိတ်သက်သာရာရစရာကတော့ သူတို့အိမ်တွေမှာ ပြင်ဆင်ထားတဲ့ စုံလင်လှတဲ့ စားစရာသရေစာတွေပါပဲ။ ကျွန်တော့်ရဲ့ တစ်နေ့တာ အနှောင့်အယှက်ဖြစ်ရတဲ့အတွက် ကလဲ့စားချေတဲ့အနေနဲ့ သူတို့ရဲ့ သရေစာတွေကို တတ်နိုင်သမျှ အများကြီး စားပစ်ခဲ့တာလည်း ဖြစ်နိုင်သလို၊ ဒါမှမဟုတ် ကျွန်တော် ကိုယ်တိုင်ကပဲ ငယ်ငယ်က မုန့်အလွန်ကြိုက်တဲ့ကလေး ဖြစ်နေလို့လည်း ဖြစ်ပါလိမ့်မယ်။ တရုတ်နှစ်သစ်ကူးရဲ့ အထိမ်းအမှတ် စားသောက်ဖွယ်ရာတွေဟာ တရုတ်ပြည်ရဲ့ […]

စင်္ကာပူနဲ့ မလေးရှားက တမူထူးခြားတဲ့ တရုတ်နှစ်သစ်ကူးမုန့်တွေရဲ့ အဓိပ္ပာယ်နဲ့ သင်္ကေတများ Read More »