အပေးအယူ လောကကြီး

ဘ၀မှာ ဘာအရေးအကြီးဆုံးလဲ။ ပိုက်ဆံ ဘယ်လိုရှာရမလဲ။ အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲ။ ဒီမေးခွန်းတွေကို သမိုင်းတစ်လျှောက် လူတိုင်းမေးခဲ့ပြီးပါပြီ။ ဒီမေးခွန်းကို သုံးပြီးလည်း အောင်မြင်ရေး တက်ကျမ်းဆရာကြီးတွေ ဒေါ်လာငွေ သန်းပေါင်းများစွာ ရှာခဲ့ပြီးပြီ။ ဒါကြောင့် သွယ်၀ိုက်မနေတော့ဘဲ လိုရင်းအဖြေကို အခုပဲပြောပါမယ်။ ဘ၀မှာ အောင်မြင်ဖို့၊ ပိုက်ဆံရဖို့အတွက် အသေချာဆုံး နည်းလမ်းကတော့ ‘အပေးအယူ’ ပါပဲ။ လူတွေလိုချင်တာကို ကိုယ်လုပ်ပေးနိုင်ရင် လူတွေက ကိုယ့်ကို ပိုက်ဆံတွေ ထိုးပေးမှာပါ။ ဒါပါပဲ။ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတွေ ဘာလို့ အောင်မြင်နေသလဲ။ သူတို့ဟာ လူတွေလိုချင်တာကို ပေးနိုင်ခဲ့တယ်။ လူ့သဘောကို နပ်ပြီး လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခဲ့တယ်။ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေကို ကိုယ်ဖြေရှင်းပေးနိုင်လေလေ – လူသားမျိုးနွယ်က ကိုယ့်ကို ပြန်ပြီး ပိုက်ဆံတွေ ပုံပေးလေလေ […]

အပေးအယူ လောကကြီး Read More »