The Corner

The Corner

cropped-Logo_round_grey-background.png

ထိုက်

ထိုက်

ပြန်ဆုံကြမယ်နော် 

(‘ထိုက်’ ကလောင်နှင့် ရင်းနှီးသူများက သူ၏ “ဝလုံးရေ…” အစချီ ရေးသားခဲ့သည့် ခပ်သွက်သွက် ဆောင်းပါးများကို ဖတ်ဖူးသူများ ဖြစ်ကြပါ လိမ့်မည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလထုတ် “သရဖူ” မဂ္ဂဇင်းပါ ‘ထိုက်’ ရေးသားခဲ့သည့် ရသ အသားပေး လက်ရာ တစ်ပုဒ်ကို ဒီလ The Corner အတွဲ (၈) တွင် ထိုက်၏ ပရိသတ်များအတွက် ပြန်လည် တင်ဆက် လိုက်ပါသည်။ မူရင်း သရုပ်ဖော်ပုံများကို သရဖူမဂ္ဂဇင်း၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ The Corner စာတည်းအဖွဲ့ ) ~~~~~~~~~~~~~~ အပြင်ဘက်က လူသံတွေက ကျွန်မ နားထဲမှာ နီးလာလိုက်၊ ဝေးသွားလိုက် နဲ့ အိပ်မက်လိုလို၊ တကယ်လိုလို၊ ဖွင့်ဖို့ သိပ်ခက်နေတဲ့ မျက်စိကို အားယူ ပြီး ဖွင့်ကြည့်လိုက်တော့ အိပ်ရာဘေး မီးတိုင်က […]

ပြန်ဆုံကြမယ်နော်  Read More »

အလွမ်းအရသာ – ထိုက်

ကိုယ် ဖတ်ဖူးတဲ့ စာတစ်ပုဒ်မှာ အစားအစာတစ်ခု စားလိုက်တဲ့အခါ အရင်စားခဲ့တဲ့အချိန်က သတိရစရာ တွေကို ပြန်လည် ခံစားရတတ်တာဟာ အနံ့အာရုံကြောင့်လို့ ဆိုပါတယ်။ အထူးသဖြင့် ကလေးဘဝက အမှတ်တရတွေကို အထူး အောက်မေ့ လွမ်းဆွတ်တတ်ကြပါတယ်။ အရသာတစ်ခုကို မျက်လုံးမှိတ်ပြီး အနံ့ကို ရှူရှိုက်ကြည့်တဲ့အခါ စားခဲ့ ဖူးတဲ့အချိန်တွေကို သတိရလာတတ်ပါတယ်။ ဒါကြောင့်လည်း အရသာ ဆိုတာ နှာခေါင်းနဲ့ မှတ်ဉာဏ်ပေါ်မှာ မူတည် နေတယ်လို့ ဆိုကြတာ နေမယ်။ ဒီလို အနံ့အာရုံနဲ့ စိတ်ခံစားချက်နဲ့ ဆက်နွှယ်နေရတာဟာ အလွန်ရှေးကျတဲ့ ကာလတွေ ကတည်းက အနံ့အာရုံဟာ အခြား အာရုံတွေထက် ပိုပြီးစောစော ပေါ်ပေါက်ခဲ့တာကြောင့်လို့ ယူဆကြပေမယ့် သိပ္ပံနည်းကျ လေ့လာထား မှုတွေတော့ မရှိသေးပါဘူး။ ကိုယ်ဟာ အစားအသောက်တွေမှာနေတယ် ဆိုတာထက် ပျောက်ဆုံးသွားတဲ့

အလွမ်းအရသာ – ထိုက် Read More »

ရှုံးနိမ့်ခြင်း – ထိုက်

ရှုံးနိမ့်မှုကို ကြောက်ပါသလား။            ရှုံးနိမ့်မှုကို ကြောက်ရွံ့ခြင်းရဲ့ လွှမ်းမိုးမှုကို ခံနေရသလား။ ဒါမှမဟုတ် အောင်မြင်မှုရဖို့ တွန်းအားတစ်ခုရဲ့ လွှမ်းမိုးမှုကို ခံနေရသလား။            ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ဖူးလား။ ရှုံးနိမ့်မှုကနေ ဘယ်လို သင်ခန်းစာ ရရှိခဲ့သလဲ။ ရှုံးနိမ့်မှုက ရတဲ့ သင်ခန်းစာနဲ့ အောင်မြင်မှုက ရတဲ့ သင်ခန်းစာ ဘာကွာခြားမှုရှိသလဲ။            လူ့ဘ၀မှာ အောင်မြင်ချင်ကြလား၊ ရှုံးနိမ့်ချင်ကြလားလို့ စစ်တမ်းကောက်ကြည့်ရင် ရှုံးနိမ့် ချင်ပါတယ်လို့ ဖြေမယ့်သူ မရှိသလောက် နည်းမှာပါ။ တကယ်တော့ ရှုံးနိမ့်မှုဆိုတာ ပုဂ္ဂိုလ်ရေး (မိမိ ကိုယ်တိုင်) နဲ့ ပရော်ဖက်ရှင်နယ်

ရှုံးနိမ့်ခြင်း – ထိုက် Read More »

ဓာတ်ပုံ – ထိုက်

ဓာတ်ပုံကို လူတိုင်းနီးပါး မွေးကင်းစ ကလေးအရွယ်ကစလို့ အသက်အရွယ်ကြီးရင့်သူများအထိ မရိုက်ဖူးသူ ရှိမယ်မထင်ပါဘူး။ ဟိုအရင် ရုပ်ရှင်တွေထဲမှာ မြင်ဖူးခဲ့တဲ့ ဓာတ်ပုံရိုက်ရင် မီးလုံးတွေ ပွင့်ထွက်သွားတဲ့ ကင်မရာတွေခေတ်၊ အဝတ်အမည်းကြီးနောက်ကို ခေါင်းဝင်ပြီး ရိုက်ရတဲ့ ကင်မရာတွေခေတ်ကို ကိုယ့်အနေနဲ့ မကြုံခဲ့ဖူး ပေမယ့် ဖလင် ထည့်ပြီး ရိုက်ရတဲ့ ကင်မရာခေတ်ကိုတော့ ပီပီပြင်ပြင် ဖြတ်သန်းခဲ့ဖူး၊ အဲလို ကင်မရာမျိုး ကိုယ်တိုင် ကိုင်ပြီး ရိုက်ခဲ့ ဖူးတယ်။ ဖလင်ထည့်တာ အချိုးမပြေလို့ ဓာတ်ပုံကူးတဲ့အချိန်ကျမှ ရိုက်ထားသမျှ ပုံတွေ ပျက်ကုန်တာမျိုးလည်း ကြုံခဲ့တာ အခါခါ။ ရိုက်ထားတာတွေ ပြန်ကြည့်လို့မရတာမို့ ဓာတ်ပုံကူးပြီးမှ အချိုးမပြေတဲ့ ပုံတွေထွက်လာလည်း အောင့်သက်သက်နဲ့ သိမ်းထားခဲ့ရတာ အကြိမ်ကြိမ်။ နောက်ပိုင်း ခုရိုက် ခုပြန်ကြည့်လို့ရတဲ့ ဒစ်ဂျစ်တယ် ကင်မရာလေး တွေ

ဓာတ်ပုံ – ထိုက် Read More »

ပြတင်းပေါက်

အခုအချိန်အထိ အိမ်ရာ အတည်တကျ မရှိသေးတဲ့ သံသရာခရီးသည် ကိုယ့်အတွက်တော့ ကိုယ်လက်ရှိ နေတဲ့ နေရာကို ကိုယ့်အိမ်လို့ သတ်မှတ်နေရချိန်မှာ နေရာအသစ်တစ်ခုမှာ အိမ်အသစ် တစ်ခုကို ရှာရပြီဆိုရင် ကိုယ်ပထမဆုံး တောင်းဆိုတာက ပြတင်းပေါက် များများပါတဲ့၊ အလင်းရောင် များများရတဲ့ အိမ်ဖြစ်ဖို့ပါပဲ။   ပြတင်းပေါက်လို့ ပြောလိုက်တာနဲ့ ဘာကို ပြောတယ်ဆိုတာ လူတိုင်းနီးပါး သိကြမှာပါ။ မျက်စိထဲမှာလဲ ပြတင်းပေါက် ပုံလေးတွေကို တန်းမြင်ကြမှာပါပဲ။ တံခါးပေါက်ကတော့ အဓိပ္ပာယ် နောက်တစ်မျိုးပေါ့။ အခု ပြောချင်တာက ပြတင်းပေါက် အကြောင်းပါ။  ပြတင်းပေါက်ဆိုတဲ့ စကားလုံး ရိုးရိုးကိုမှ ထပ်ပြီး ချဲ့လိုက်ရင် သစ်သားပြတင်းပေါက်၊ မှန်ပြတင်းပေါက်၊ ထရံကာ ပြတင်းပေါက်၊ အုတ်တံတိုင်းကြားက သံတိုင်တွေနဲ့ ပြတင်းပေါက်၊ ခြင်လုံဇကာတပ်ထားတဲ့ ပြတင်းပေါက်၊ မှန်အနောက်တွေ ကာထားတဲ့

ပြတင်းပေါက် Read More »