The Corner

The Corner

cropped-Logo_round_grey-background.png

ခြိမ့်သဲ

ဇာတ်ခုံပေါ်ကကြတဲ့အခါ

“ညီမလေး အကကောင်းတယ်ဆိုလို့ လာကြည့်တာ” လူရွှင်တော် ကိုကျောက်ခဲ မိတ်ဆက်မပေးမီမှာပင် အတူပါလာသော ကိုမင်းဟန်က ပွဲထွက်ရန် အပြီးသတ် ပြင်ဆင်နေသော မင်းသမီးဝေဝေလွင်ကို နှုတ်သွက်လျှာသွက် ပြောလိုက်သည်။ မှန်ထဲတွင် အကြည့်ရောက်နေသော ဝေဝေလွင်က လည်ပြန်စောင်းငဲ့ ကြော့ကြော့ကလေး မျက်ဝန်းကို မှေးရီ၍ ကြည့်လိုက်သည်။ ဝေဝေလွင်ကတော့ တမင်လုပ်စရာမလိုဘဲ ကြည့်လိုက်တိုင်းယဉ်၊ မြင်လိုက်တိုင်းလှအောင် အကြည့်ခံရုပ်နှင့် ဟန်အမူအရာ ရှိနေပါပေါ့လား။ “အစ်ကိုနဲ့ ယဉ်ကျေးမှုတက္ကသိုလ်ဆင်း သူငယ်ချင်း ပန်းချီဆရာ ကိုမင်းဟန်က တပူဆာဆာလုပ်နေလို့ ညီမလေးနဲ့ ခေါ်တွေ့ပေးရတာ” လူရွှင်တော် ကိုကျောက်ခဲ မိတ်ဆက်ပေးတာက နောက်ကျနေသည်။ ကိုမင်းဟန်၏ ပြောပုံဆိုပုံမှာ မသိခင်ကကျွမ်းပြီး ကြည့်ပုံရှုပုံမှာ မကျွမ်းခင်က သိနေသလိုပင်။ “ယဉ်ကျေးမှုတက္ကသိုလ်မှာ ပန်းချီအဓိကမယူဘဲ သဘင်ပညာအဓိကသာ ယူခဲ့ရင် အစ်ကို ပြိုင်ဘက်ကင်း မင်းသားဖြစ်မှာ သေချာတယ်” […]

ဇာတ်ခုံပေါ်ကကြတဲ့အခါ Read More »

ကမ်းမမြင် လမ်းမမြင်

“ပြောရမှာတော့ အားနာပါတယ် သားရယ်၊ တကယ်တော့ မျိုးရိုးဗီဇဆိုတာ ဘယ်လိုမှပြုပြင်ပြောင်းလဲလို့ မရဘူး မဟုတ်လား၊ သားရဲ့ ကံကြမ္မာကလည်း လူ့ဘဝ ရောက်လာကတည်းက ပြင်မရတဲ့ အမှားတစ်ခုကို ကျူးလွန်မိလျက်သား ဖြစ်သွားတာကိုး၊ သားရဲ့ အပြစ်လို့တော့ မဆိုနိုင်ဘူးပေါ့၊ ဒါပေမဲ့ သားအတွက်က မပြေးသော်ကံရာရှိဆိုတာလို ဖြစ်နေတယ်လေ” ကျောင်းအမကြီး၏ စကားသံက ကြမ်းတမ်းခက်ထန်မှု မရှိသော်လည်း စိမ်းဆတ်ခါးသီးစွာ ကြားလိုက် ရသည်။ တကယ်တော့ မောင်ဖြိုးဝေ လာတွေ့တာက ကျောင်းအမကြီးမဟုတ်။ ခါတိုင်းဆို “သမီးရေ.. မောင်ဖြိုးဝေ လာတယ်ဟေ့” ဆိုပြီး အလိုက်သိသိ ဧည့်ခန်းမှ ထွက်သွားနေကျ။  ခုတော့  သူနားမလည်သော ဘာသာစကားကို ရေရွတ်ပြောဆိုသလိုမျိုး ကြားနေရသည်။ လုံးစေ့ပတ်စေ့ နားမလည်သော်လည်း “ကျောင်းအမ ကြီး၏ စကားနောက်ဆွယ်တွင် ကံကြမ္မာ အရိပ်မည်းကြီးသည် ထက်ကြပ်မကွာ

ကမ်းမမြင် လမ်းမမြင် Read More »

ယိမ်းတနွဲ့နွဲ့

“ကိုတိုးလှ ရှိပါသလား” အိမ်ရှေ့မှ ဧည့်သည်အသံကြောင့် ထမင်းအိုး ကမန်းကတန်းတည်ရင်း ထွက်လာခဲ့သည်။ ဖြူဖြူသွယ်သွယ် အနီမလေးနှင့် ခပ်တုတ်တုတ် အညိုရင့်မတို့ကို တွေ့ရသည်။ “ထိုင်ကြပါခင်ဗျ” အညိုရင့်မ၏ နှာခေါင်းရှုံ့ဟန်ကို ကြည့်လိုက်ရင်း တိုးလှ ပြုံးလိုက်မိသည်။ လောကွတ်စကားသာ ဆိုလိုက်ရ သော်လည်း နေရာထိုင်ခင်းက အဆင်သင့်မဖြစ်။ ဖရိုဖရဲနှင့် ပွဲပျက်နေသည်။ ခြင်ထောင်ကို ကမန်းကတန်း သိမ်းလိုက်ရင်း ခေါင်းအုံးပေါ် ပြီးစလွယ်တင်လိုက်သည်။ စောင်ကို လုံးထွေးကာ ခေါင်းရင်းဘက် ပစ်တင် လိုက်သည်။ တစ်လုံးတည်းသော ကုလားထိုင်ကို ခုတင်ခြေရင်းဘက် ဆွဲယူသည်။  “အခန်းကျဉ်းကျဉ်းလေးထဲမှာ နှစ်ယောက်တည်း ဖြစ်သလို နေကြတာမို့ ဧည့်သည်အတွက် နေရာထိုင်ခင်း အဆင်သင့် မဖြစ်တာ ခွင့်လွှတ်ပါ” “ရပါတယ်၊ ကျွန်မတို့ကလည်း ကိုယ်ဖြစ်ချင်တာ တစ်ခုတည်းကို ကြည့်ပြီး စောစောစီးစီး  လာဒုက္ခပေးရတာကိုး

ယိမ်းတနွဲ့နွဲ့ Read More »

တူမယောင်နဲ့ကွဲ

“ဘကြီးပြူး ကြွဖြစ်အောင် ကြွခဲ့ပါ” ဟူသော ဝန်ကြီးချုပ်၏အမှာစကားနှင့် ဖိတ်စာကိုကြည့်ကာ ဖိတ်စာရောက်သည့်နေ့မှစ၍ နေ့စဉ်ရက်ဆက် ရင်ထဲမှာစိတ်စောကာ ရောက်မည့်နေ့ကို စိတ်မောစွာ စောင့်မျှော် ခဲ့ရပါသည်။ အနှစ်နှစ် အလလက မျှော်တလင့်လင့် စိတ်တထင့်ထင့်ဖြင့် ရင်နင့်အောင် တွေးတော ငေးမောခဲ့ ရသော နေ့တစ်နေ့ကို တကယ်ပဲ ရောက်ရှိပေတော့မည်။ အသက်ရှစ်ဆယ်နှင့် မလှမ်းမကမ်းအချိန်ထိ ကိုယ်မသေခင် မြင်မှမြင်လိုက်ရပါ့မလား ဟူသော မောလျစွာ သောကဝေဒနာသည် ယခုအချိန်ရောက်မှ ပြေရာပြေကြောင်းဖြစ်စေတော့သည်။ ကျေရာကျေကြောင်း ဖြစ်စေတော့မည်။ “ဖေဖေ သွားလို့ ဖြစ်ပါ့မလား” သမီးကြီးက စိုးရိမ်သောကဖြင့် ပြောလာသည်။ “ဖေဖေ့ တစ်သက် မြင်တွေ့ခွင့်ရဖို့ မသေချာတဲ့ တကယ့်အခွင့်အရေးကြီးပါ သမီးရယ်၊ ဒီအခွင့်အရေးကို ဖေဖေ လက်လွတ်အဆုံးရှုံး မခံပါရစေနဲ့ကွယ်” သွားဖြစ်အောင် သွားကိုသွားရမည်ဟူသော စိတ်က ဆောင်နေ၍လား

တူမယောင်နဲ့ကွဲ Read More »

ကုန်ဈေးနှုန်းကျဆင်းခြင်း သတင်း

( ၁ ) တံငါရွာကလေး၏ စုတ်ပြတ်နုံချာလှသော သေးနုပ်သိမ်ငယ်မှု အခင်း အကျင်းကို တွေ့ဖူးနေကျ။ အိမ်တွေက လည်း ဖရိုဖရဲ အယိုင်ယိုင်အနဲ့နဲ့။ ခိုင်မတ်သော ထူထူထောင်ထောင် အိမ်တစ်ဆောင်မျှ မတွေ့ရ။ ရွာ မလှပ သလို ရွာသားတွေကလည်း အကျည်းတန်သည်။ မည်းမည်း ပြောင်ပြောင် ကျွဲပေါက်တစ်ကောင်လို ရုန်းကန်ရ၍ ထင်သည်။ တံငါရွာကလေးက ရွာသားတွေ မြို့ထဲ ဝင်လာလျှင် ကျွဲအုပ်ကြီးဟု ထင်ရသည်။ တံငါရွာငယ်လေးကဟု ပြောလာသော နုနွဲ့လှပသည့် မမြသွေး ဆို သူကို ငေး၍ကြည့်မိသည်။ မျက်ခုံး ထူထူလေးအောက်မှ တောက်လက်သော မျက်နက်ဝန်းလေးက တံငါရွာသူ မဟုတ်ကြောင်း ငြင်းဆိုနေသယောင်။ နှုတ်ခမ်းဖူးဖူး အပြုံးနုနုလေးက တံငါရွာသူတွေမှာ ရှိမနေတတ်။ အချိုးအစား ကျနပြေပြစ်သည့် ကိုယ်နေဟန်ထား က

ကုန်ဈေးနှုန်းကျဆင်းခြင်း သတင်း Read More »

မှော်ရမ်းပွင့်ချိန်

ရုံးအားရက် တနင်္ဂနွေနေ့တစ်နေ့တွင် စာရေးရန် စိတ်ကူးစိတ်သန်း ထုတ်နေစဉ် အမေက စာအုပ်တစ်အုပ် လာပေးသည်။ အဖေ့စာအုပ်စင် ရှင်းလင်းရာမှ တွေ့လာပုံရသည်။ အဖေသာ သက်ရှိထင်ရှားရှိသေးလျှင် အသက်တစ်ရာ‌ကျော်ရော့မည်။ စာအုပ်မှာ သားရေဖုံး မှတ်တမ်းစာအုပ် ဖြစ်သည်။ ဟောင်းနွမ်းလှပြီ။ အပြင်က သားရေဖုံးအကောင်းစားဖြစ်၍သာ စာအုပ်အဖြစ် တည်တံ့ နေသည်။ စာအုပ်ကို လှန်လှောကြည့်သောအခါ အတွင်း စာရွက်များမှာ အထိပင် ကောင်းကောင်း မခံချင်။ ဆွေးမြည့်နေပြီ။ အချို့နေရာများတွင် ပိုးဖောက်ရာတွေ ပြည့်နေ၏။ အဖေ့လက်ရေးလက်သားမှာ ရှင်းလင်းပီသ၍ ဝိုင်းစက်လှပသည်။ သို့ရာတွင် မင်အရောင်မှာ မှေးမှိန် ဖျော့တော့နေပြီ။ အတော်ပင် အားယူ၍ ဖတ်ရ၏။ ပိုးဖောက်ရာများသော စာမျက်နှာများမှာ လုံးစေ့ပတ်စေ့ ဖတ်မရ တော့။ ရှေ့နောက်ဆက်စပ်၍သာ ဖတ်ရ၏။ ဖတ်ရင်းဖတ်ရင်းမှာပင် မဂ္ဂဇင်း အချို့၌

မှော်ရမ်းပွင့်ချိန် Read More »

အချစ်အလွမ်း နှစ်တစ်သန်း

ဤတောင်တန်းမှ လှမ်း၍မျှော်လျှင် သစ်ပင်တောအုပ်တို့ ဝေဝေဆာ ဆာ၊ အင်းအိုင်ချောင်းမြောင်းတို့ ထွေးရောယှက်တင်၊ ရေတသွင်သွင် စီးဆင်း နေသော မြစ်ကြီးတစ်စင်းက ကွေ့ဝန်းရစ်ခွေ။ ထိုတောထိုတောင် ထိုဒေသသို့ အဝေးကသာ လွမ်းရသည်။ နယ်စိမ်းပယ်စိမ်းမို့ မသွားရဲ။ ပြောရလျှင် အုပ်စု နှင့်သာ လှုပ်ရှားတတ်သူများမို့ သင်းကွဲအဖြစ်မခံနိုင်။ သင်းကွဲတစ်ယောက် ၏ ရပ်တည်မှုသည် ရေရှည်မခိုင်မြဲချေ။ အုပ်စုတစ်စုနှင့်တစ်စု ထိပ်တိုက်ရင် ဆိုင်တိုက်ပွဲများ ဖြစ်လေ့ဖြစ်ထရှိသည်။ အုပ်စုတိုက်ပွဲ အတွင်း ကြေမွသွားမည့် ပန်းလေးတစ်ပွင့်ကို တစ်ဖက်အုပ်စုက မကြုံဖူးမြဲ ထူးကဲစွာ ကရုဏာဖြင့် ရှင်သန်ခွင့်ပေးခဲ့သည်။ ဖြောင့်ဖြောင့်ဖြူးဖြူး ရှင်သန်ခွင့်တော့မဟုတ် အုပ်စု အတွင်း မလုပ်ချင်သော အလုပ်များကို လူးသာအနေဖြင့် ဒိုင်ခံလုပ်ရသည်။ အန္တရာယ်ကြီးသော ကျား၊ ကျားသစ်နှင့် တောကောင်ကြီးကြီးတွေကို ရှေ့မှ အသေခံ တိုက်ခိုက်ရသည်။

အချစ်အလွမ်း နှစ်တစ်သန်း Read More »

ကျွန်မက အကျည်းတန် အထီးကျန်လို့ အဖြည့်ခံပါမောင်

“မိုးမာယာတွေက တိမ်ပလီတွေနဲ့ မိတ်ဆွေဖွဲ့ပြီး ရွာယောင်ဟန်ပျိုးပေမယ့် မိုးကတော့ တစ်ပေါက် နှစ်ပေါက်တောင် အားနာပါးနာ ကျမလာပါဘူး၊ ရွာမယ်ဆိုရင်လည်း မိုးပြေးကလေး ရယ်သွမ်းသွေးသလို အပြေးအလွှား မစို့မပို့ ရွာမပြေးပါနဲ့၊ ချစ်မိုးကြီးသွန်းဖြိုးလို့ရွာ တစ်မိုးလုံး အိပြီးပြိုကျ လိုက်စမ်းပါ” တိမ်မည်းညိုလေးတွေ တစ်လိပ်ပြီးတစ်လိပ် ပြေးလွှား နေသည့် မိုးကောင်းကင်နောက်ခံ ဖြင့် ပြဇာတ်မင်းသား ဝင်းသူ၏ အာဝဇ္ဇန်းရွှင်ရွှင်၊ အလင်္ကာမြောက်သော အပြောအဆိုက ပွဲကြည့်ပရိသတ်ကြီးကို ဖမ်းစားထားသည်။ ငယ်ကလည်း ငယ် ရုပ်ရည်လေးကလည်း သနားကမားမို့ သွက်သွက်လက်လက် ထက်ထက်မြက်မြက် ဇာတ်ရုပ် နှင့်လည်း လိုက်ဖက်လှသည်။ “စင်ပေါ်မှာ စကားပြောကောင်းသလောက် စင်အောက် မှာတော့ စကားနည်းလိုက်တာနော်၊ မေးနိုင်လွန်းမှ တစ် ခွန်းထက် နှစ်ခွန်းမပိုဘူး၊ စာအုပ်နဲ့မျက်နှာ ခွာတယ်လို့လည်း မရှိဘူး” မင်းသမီး မရွှေကြည်

ကျွန်မက အကျည်းတန် အထီးကျန်လို့ အဖြည့်ခံပါမောင် Read More »

ငယ်ချစ်ဟောင်းနဲ့နှစ်ပေါင်းများစွာ

နှစ်ပေါင်းငါးဆယ်ကျော်ကို နောက်ကြောင်းပြန်ဆွဲဆန့်တွေးကြည့်သော် အဟောင်းအဟောင်းတို့သည် အသစ်အသစ် ဖြစ်၍ လာချေပြီ။ နေရာဟောင်းကိုရောက်တော့ ငယ်ချစ်ဟောင်းကို အောက်မေ့တမ်းတ သတိရမိသည်ကို အပြစ်ဟူ၍ မဆိုသာပါချေ။  ထိုခေတ်က မြတ်ဝတ်ရည်သင်း၊ မြစပယ်ငုံ၊ ယမင်းရွှေစင်တို့သည် မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္က သိုလ်၏ မြန်မာဆန်ဆန် လှပဆန်းသစ်သော အမည်နှင့် ဆင်းသွင်ရုပ်ဝါ လက္ခဏာသွယ်သွယ် မူရာကြော့ရှင်းသည့် လှယမင်းများ ဖြစ်ကြသည်။ ကိုယ်နှင့်တန်ရာတန်ရာဟူ၍ တန်းမတူသော်လည်း မြတ်ဝတ်ရည်သင်းကို ဆွတ်ချူယူငင်ရန် သံယောဇဉ် နှောင်ဖွဲ့ခဲ့ဖူးသည်။               “ရှင်က ဝတ်ရည်ကို ချစ်တယ့်လို့ ပြောလာတယ်နော်”  မြတ်ဝတ်ရည်သင်းက ချစ်သူဝိုင်းဝိုင်းလည်နေသူဖြစ်ရာ အမည်အားဖြင့်လည်း မထင်ရှား၊ ဥစ္စာဓနအားဖြင့်လည်း နွမ်းပါးသောသူ့ကို ခုလိုအဖက်လုပ်၍ ပြောဖော်ဆိုဖော်ရသည်ကိုပင် ကျေးဇူးအတင်ကြီးတင်နေမိသည်။            “ဟုတ်ကဲ့ပါ၊ နှလုံးသားဆန္ဒကို ရှေ့တန်းတင်မိခဲ့ပါတယ်”            “ဝတ်ရည်ဘေးမှာ

ငယ်ချစ်ဟောင်းနဲ့နှစ်ပေါင်းများစွာ Read More »