The Corner

The Corner

cropped-Logo_round_grey-background.png

ကျောင်းတွေမှာ စမတ်ဖုန်းတွေ သုံးခွင့် ပိတ်သင့်လား

Share မယ်

ပြင်သစ်နိုင်ငံက မူလတန်းကျောင်းများနဲ့ အလယ်တန်းကျောင်းများမှာ  စမတ်ဖုန်း အသုံးပြုခွင့်ကို ၂၀၁၈ ခုနှစ်ကတည်းက ပိတ်ပင်ခဲ့ပါတယ်။ ဒီလို ပိတ်ပင်ရတဲ့ အကြောင်းထဲမှာ ကလေးငယ်များကို စာထဲမှာ ပို စိတ်ဝင်စား စေဖို့၊ ဆိုရှယ်မီဒီယာ အသုံးပြုတာကို လျှော့ချနိုင်စေဖို့ နဲ့ အွန်လိုင်း ပေါ်နေ အနိုင်အထက် ပြုကျင့်မှုတွေကို ပပျောက်စေဖို့  ရည်ရွယ်တယ်လို့ ဆိုပါတယ်။ နယ်သာလန် နိုင်ငံမှာ တော့ ဒီလိုမျိုး ပိတ်ပင်မှုမျိုးကို ၂၀၂၄ခုနှစ် ဇန်နဝါရီလက တည်းက စခဲ့ပြီး ဟန်ဂေရီ နိုင်ငံမှာလဲ မနှစ်က အလားတူ စည်းကမ်းတွေ စတင်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဗြိတိန်နိုင်ငံရှိ ဥပဒေပြုအမတ်များကလဲ ဒီလို စမတ်ဖုန်း အသုံးပြု့ခွင့် မပေးဖို့ စဥ်းစား တိုင်ပင်နေကြတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ အဓိက ကျတာက ကျောင်းတွေမှာ စမတ်ဖုန်း အသုံးပြုခွင့် ပိတ်ပင်လိုက်ခြင်းဟာ စိတ်ကျန်းမာရေးကို အထောက်အကူပြုနိုင်မှာလား ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။  

ဒီပြဿနာက လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားပါပဲ။ ၂၀၂၁ ခုနှစ်မှာ အမေရိကန်နိုင်ငံ ဆရာဝန်အဖွဲ့တစ်ခုက ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ အမေရိကန်မှာ ရှိတဲ့ အထက်တန်း ကျောင်းသားများမှာ မျှော်လင့်ချက်များ ပျောက်ဆုံးနေကြပြီး ဒီလိုမျိုး စိတ်ခံစားချက်ဟာ ၂၀၀၉ နဲ့ ၂၀၁၉ အတွင်းမှာ ၄၀ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒီထဲမှာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားနေတဲ့သူ အရေအတွက်ဟာ ၃၉% ထိ မြင့်တက်လာတယ်လို့ စစ်တမ်းက ဆိုပါတယ်။ ဒီအထဲကမှ ၄၈ ရာခိုင်နှုန်း ဟာ စိတ်ကျရောဂါ စိုးရိမ်ကြောင့်ကြပူပန်မှု အစရှိတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေဟာ  ဆယ်ကျော်သက် အရွယ်မှာ စတင်ဖြစ်လာပြီး သေရာပါ ရောဂါလိုမျိုးဖြစ်လာတာ ဘာကြောင့်ပါလဲ။  

စမတ်ဖုန်း အသုံးများလာမှုနဲ့ ဒီလို စိတ်ပိုင်းဆိုင်ရာ ပြဿနာ များပြားလာခြင်းဟာ ဆက်စပ်မှု ရှိလား မရှိဘူးလား ဆိုတာနဲ့ ပတ်သက်လို့ သက်သေပြဖို့ဆိုတာ ထင်သလောက် မလွယ်ကူပါဘူး။ ဒီပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းက စမတ်ဖုန်းတစ်လုံးမှာ လုပ်ဆောင်ချက်များ များစွာ ပါရှိပါတယ်။ စမတ်ဖုန်း တစ်လုံးကို ပဟေဠိ အဖြေညှိ ကစားမယ် သတင်းနားထောင်လောက်ရုံပဲ အသုံးပြုနိုင် သလို စိတ်ပိုင်းဆိုင်ရာ ကိစ္စတွေကို တိုက်ရိုက် ထိခိုက်စေနိုင်တဲ့ ဖုန်းမျက်နှာပြင်ပေါ်က မခွာနိုင်အောင် ရှုပ်ထွေးပြီး လူတွေကို စွဲလမ်းစေတဲ့ ဆိုရှယ်မီဒီယာ တွေကိုလည်း သုံးနိုင်ပါတယ်။ 

ကလေးလူငယ်များ အားလုံးဟာ တစ်ယောက်နဲ့ တစ်ယောက်မှာ အများကြီး ကွဲပြားခြားနားမှု တွေ ရှိမနေကြပါဘူး။ လူပျိုပေါက် အပျိုပေါက် အရွယ်ရောက်လာတဲ့ အချိန်မှာတော့ သူတို့ရဲ့ ဦးနှောက်များ အလုပ်လုပ်ပုံဟာ အကြီးအကျယ် ပြောင်းလဲ သွားပါတယ်။ ဒီလိုပြောင်းလဲလာခြင်းက သူတို့ စမတ်ဖုန်းတစ်လုံးကို ဘယ်လို သုံးမလဲဆိုတာကို သုတေသနပြုလုပ်နေဖို့ ကြိုးစားနေ တယ်ဆိုတာကိုပါ နားလည်နိုင်လာ ကြပါပြီ။ သူတို့တွေကို စူးစမ်း လေ့လာမှု အသေးစိတ်တွေ မလုပ်နိုင်ခဲ့ပါဘူး။ သို့သော်လဲ နီးနီးစပ်စပ် လုပ်နိုင်ခဲ့တဲ့ လေ့လာမှု တစ်ခုမှာတော့ ဦးနှောက်စတင် ပြောင်းလဲချိန်ဖြစ်တဲ့ လူပျို အပျို အရွယ်ရောက်လာတဲ့အခါမှာ ဆိုရှယ်မီဒီယာကို အသုံးပြုခြင်းဟာ ပြဿနာများ စတင်ဖြစ်ဖို့ အကြောင်းတစ်ရပ် ဖြစ်လာစေတယ်လို့ ဆိုပါတယ်။ ကိန်းဘရစ် တက္ကသိုလ်က အေမီ အော်ဘန် ဦးဆောင်ခဲ့တဲ့ လေ့လာမှု တစ်ရပ်မှာ အသက် ၁၀နှစ်နဲ့ ၂၁ နှစ်အကြား လူငယ် ၁၇,၄၀၉ ဦး ပါဝင်ခဲ့ပါတယ်။ ဒီ စစ်တမ်းမှာ ပါဝင်တဲ့ လူငယ်များ ဆိုရှယ်မီဒီယာကို ဘယ်လို အသုံးပြုကြ ပြီးတော့ သူတို့ဘဝမှာ စိတ်ကျေနပ်မှု ရစေလား ဆိုတာကို စူးစမ်းခဲ့တာပါ။ 

ဒီတွေ့ရှိမှုနဲ့ ကျောင်းတွေမှာ ဖုန်းအသုံးပြုခွင့် မပေးတဲ့ ဆက်စပ်မှုကို ခိုင်ခိုင်မာမာ ပြနိုင်ခြင်း တော့ မရှိသေးပါဘူး။

ဒီလေ့လာမှုက တွေ့ရှိချက်တွေကို ၂၀၂၂ခုနှစ်မှာ နေးချား ကွန်မြူနီကေးရှင်း (Nature Communication) ထုတ်ပြန်ခဲ့ပြီး အသက် ၁၁နှစ်နဲ့ ၁၃ နှစ် အရွယ် မိန်းကလေးများဟာ တစ်နှစ်တွင်း ဆိုရှယ်မီဒီယာတွေကို မတန်တဆ သုံးခဲ့လို့ မိမိကိုယ်မိမိ မရောင့်ရဲနိုင်ခြင်း စိတ်ခံစားမှုမျိုး ရနေ ကြသလို ဒီလိုမျိုး အလားတူ စိတ်ခံစားချက်ကိုတော့ ယောက်ျားလေးများမှာ အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်ကြား ရောက်မှ ရလာတယ်လို့ ဆိုပါတယ်။  

ဒီတွေ့ရှိမှုနဲ့ ကျောင်းတွေမှာ ဖုန်းအသုံးပြုခွင့် မပေးတဲ့ ဆက်စပ်မှုကို ခိုင်ခိုင်မာမာ ပြနိုင်ခြင်း တော့ မရှိသေးပါဘူး။ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ လန်းဆက် (Lancet) က ပြုစုထားတဲ့ စစ်တမ်းမှာ ဘာမင်ဂန် တက္ကသိုလ်က ဗစ်တိုးရီးယား ဂွတ်ဒ်ရီးယား (Victoria Goodyear) က စမတ်ဖုန်း အသုံးပြုခွင့် မပေးဘဲ တင်းတင်းကျပ်ကျပ် ကြပ်မတ်ထားတဲ့ ကျောင်းက ကျောင်းသား ကျောင်းသူများ နဲ့ ခပ်လျော့လျော့ ကိုင်တွယ်ထားတဲ့ ကျောင်းက ကျောင်းသားကျောင်းသူများကို နှိုင်းယှဥ်ပြခဲ့ပါတယ်။ ဗစ်တိုးရီးယားက စမတ်ဖုန်းကို ဘယ်လောက် အချိန်ကြာကြာ ကြည့်ကြသလဲဆိုတာကိုပါ တိုင်းတာ ခဲ့ပါတယ်။ သူတွေ့ရှိခဲ့တာကတော့ စမတ်ဖုန်းကို ကြာကြာသုံးသူတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တွေကို တွေ့ရှိခဲ့ပေမယ့် အုပ်စုနှစ်ခုကို နှိုင်းယှဥ်ကြည့်ရင်တော့ ရလဒ်က သိပ်မထူးဘူးလို့ ဆိုပါတယ်။ သူတို့ လေ့လာသူအုပ်စုက ကောက်ချက်ဆွဲတာကတော့ ကျောင်းတွေမှာ စမတ်ဖုန်း အသုံးမပြုရေး စည်းကမ်းချက် တစ်ခုတည်း နဲ့တော့ မလုံလောက်ဖူး ဆိုတာပါပဲ။   

သုတေသနပြုသူများကတော့ မလုပ်သာ မကိုင်သာ အခြေအနေထဲမှာပဲ ဒီ ဆက်စပ်မှုကို သက်သေပြဖို့ ကြိုးစားနေပါတယ်။ ဆိုရှယ်မီဒီယာ ကုမ္ပဏီများကို သူတို့ ပလက်ဖောင်းများကို အသုံးပြုသူများ ဘယ်လို သုံးတယ်၊ အသုံးပြုသူများရဲ့ အပြုအမူ အသေးစိတ်ကို သုတေသန လုပ်သူများထံ လွတ်လပ်စွာ လေ့လာခွင့် ပေးဖို့ကို တောင်းဆိုလိုက်တိုင်း အမြဲတမ်း ငြင်းပယ်ခဲ့ ပါတယ်လို့ ဒေါက်တာ အိုဘန်က ပြောပါတယ်။ ဒီလိုအခက်အခဲများကြောင့် သုတေသန လုပ်သူများ အနေနဲ့ မပြည့်မစုံ ရသလောက် အချက်အလက်များ (ဥပမာ – လူငယ်တစ်ဦး ဖုန်းမျက်နှာပြင်ကို ကြည့်ချိန်) နဲ့ ရသလောက်ပဲ လုပ်နေရပါတယ်။ အဲဒီက ရလာတဲ့ အဖြေကတော့ အသိပညာတိုးစေမယ့် ပဟေဠိ ဂိမ်းကစားတဲ့ လူငယ်ရဲ့ ဖုန်း အသုံးပြုပုံနဲ့ ဆိုရှယ်မီဒီယာကို သုံးနေတဲ့ လူငယ်ရဲ့ တစ်တန်းတည်း ထားရမလိုဖြစ်နေပါတယ်။ စမတ်ဖုန်းသုံးလို့ ဘယ်လို အကျိုးသက်ရောက်မှု တွေ ဖြစ်လာနိုင်သလဲ အဖြေတိတိကျကျ ရဖို့ကတော့ လိုအပ်လျက် ရှိဆဲပါ။ 

မူရင်း Do bans on smartphones in schools improve mental health?, The Economist, Feb 2025 

Click to rate this post!
[Total: 0 Average: 0]