
အမေရိကန်ရဲ့ မဟာမိတ်စစ်စစ် ဒီမိုကရေစီနိုင်ငံတစ်ခုက တစ်ကိုယ်တော်အာဏာသိမ်းဖို့ ကြိုးစားမှုဟာ အိမ်ဖြူ တော်က သူတွေအတွက် ပိုပြီး အတွေးအမြင်တွေ ကောင်းလာစေပါသလား၊ တောင်ကိုရီးယား နိုင်ငံ သမ္မတ ယွန်းဆွတ်ယူးက စစ်အုပ်ချုပ်ရေးကြေညာချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပါးစပ်ပိတ်နေခဲ့ပါတယ်။ သမ္မတရဲ့လုံခြုံရေးဆိုင်ရာအကြံပေး ဂျိတ်ဆူလီဗန်က တောင်ကိုရီးယား အဖြစ်ဟာ အချက်ပေးခေါင်းလောင်း မြည်တာ လို့ ပြောပါတယ်။ ဒီကိစ္စ မလျော်ကန်ဘူးဆိုတာ ထုတ်ပြောနိုင်ဖို့ အရေး ဆူလီဗန်အတွက် တစ်လ ကြာခဲ့ပါတယ်။
ဘာကြောင့်စောင့်စည်းနေတာလဲ၊ ဂျပန်နိုင်ငံနဲ့ ပြန်လည်စည်းလုံးဖို့ အရေးမှာ သမိုင်းတစ်လျှောက်က အားလုံး သော သမ္မတတွေထက် ယွန်းဆွတ်ယူးက ပိုလုပ်နိုင်ပါတယ်။ ဒါက အမေရိကန် မဟာဗျူဟာ သမားတွေ ဆယ်စု နှစ်များစွာ စောင့်ဆိုင်းခဲ့ရတဲ့ တိုးတက်မှုကြီးပါ။ သုံးနိုင်ငံ သမ္မတများအကြား ပြုလုပ်တဲ့ ၂၀၂၃ ထိပ်သီး အစည်း အဝေးဟာ ဖောက်ထွက်မှုကြီးတစ်ခုလို့ သုံးသပ်ရှုမြင်ကြပါတယ်။ အာဏာသိမ်းမှုပြီးပြီးချင်း ယွန်းဆွတ်ယူးရဲ့ အနာ ဂတ် မရေမရာဖြစ်နေချိန်မှာ ဘိုင်ဒင်ရဲ့ အစိုးရလည်း နှစ်ဖက်ခွထားလိုက်ရပါတယ်။
လက်ရှိမှာတော့ သုံးနိုင်ငံ မဟာမိတ်က ပြိုကွဲဘို့ များပါတယ်။ လူထုကို နှစ်ခြမ်းကွဲစေတဲ့ ယွန်းနဲ့ နီးနီးကပ်ကပ် ဆက်ဆံတာကို အစောပိုင်းမှာ ကတည်းက လူတွေက မကြိုက်ကြပါဘူး။ အာဏာသိမ်းမှု ကျရှုံးပြီးနောက်မှာ အမည်းစက်က ပိုကြီးလာမှာပါ။ ဘယ်သူဆက်ခံသည် ဖြစ်စေ ပြောင်းလဲမှုတွေက နောက်ပြန်မသွားရင်တောင် နှေးကွေးသွားပြီး အမေရိကန် ဆန္ဒရှိသလောက်တော့ မရနိုင်တော့ပါဘူး။ အမေရိကန် မဟာမိတ်တွေနဲ့ အာရှ လုံခြုံရေးမိတ်ဖက်တွေအကြားက ပူးပေါင်းဆောင်ရွက်မှု အသစ်ကို ဆူလီဗန်က “မှန်ကူကွက်” လို့နာမည် ပေး ထားပြီး တောင်ကိုရီးယားနဲ့ ဂျပန်အကြား ချိတ်ဆက်မှုက အဲဒီမှန်ကူကွက်ရဲ့ အကွက်တစ်ကွက်ဖြစ်လာမှာပါ။ ဒေသတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်ရာမှာ အမေရိကန်ကို ဗဟိုပြုထားတဲ့ သမားရိုးကျ “hub and spoke” လို ပုံစံကနေ ခွဲထွက်လာမှာပါ လို့ ဆူလီဗန်က ရှင်းပြပါတယ်။ ရည်ရွယ်တာကတော့ အမေရိကန်ကို အားလုံးအားကိုး နေမယ့်အစား တစ်နိုင်ငံနဲ့ တဟ်နိုင်ငံ အားပေးကူညီကြဘို့ ဖြစ်ပါတယ်။ အာရှအတွက် ထားခဲ့တဲ့ ဘိုင်ဒင်ရဲ့ အရေးကြီးတဲ့ အမွေတွေထဲက တစ်ခုအဖြစ် အမှတ်ရကြမှာပါ။
သိပ်မကြာခင် နှစ်တွေအတွင်း ပေါ်ပေါက်လာခဲ့တဲ့ မိတ်ဖက် လုပ်ငန်းတွေအကြားမှာ ဒီမူဝါဒရဲ့ အောင်မြင်မှုကို တွေ့ရပါတယ်။ ဂျပန်နဲ့ ဩစတြေးလျ တို့ဟာ ယခင်အချိန်တွေထက် ပိုပြီး ပူးပေါင်းလုပ်ဆောင်ကြပါတယ်။ ဖိလစ်ပိုင်က အဲဒီနှစ်နိုင်ငံစလုံးနဲ့ လုံခြုံရေး သဘောတူညီချက် လက်မှတ်ထိုးပါတယ်။ အမေရိက၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံက ခေါင်းဆောင်တွေပါဝင်တဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ Quad ဟာ ခွန်အားအသစ် တွေနဲ့ တနှစ်တကြိမ် ထိပ်သီး ဆွေးနွေးပွဲအဆင့်ထိ အရေးပါမှုကို တိုးမြှင့်ခဲ့ပါတယ်။ AUKUS လို့ခေါ်တဲ့ ရေငုပ် သင်္ဘော တည်ဆောက်ရေး သဘောတူညီချက်နဲ့ ဗြိတိန်လဲ ဝင်ပါလာပါတယ်။
ဒါပေမဲ့ တောင်ကိုရီးယားရဲ့ အနှောင့်အယှက်က ဘိုင်ဒန်နဲ့ သူ့လူတွေ ရက်လုပ်နေတဲ့ မှန်ကူကွက် အတွက် ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ယွန်းလို သမ္မတမျိုးကို ဘိုင်ဒင်က စည်းရုံးပေမယ့် သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို ကျတော့ ‘ပ’ ထားဘို့ရည်ရွယ်တာပါ။ လုံခြုံရေးမူဝါဒတွေနဲ့ပတ်သက်လို့ ဘိုင်ဒင်ရဲ့ လူတွေနဲ့ ဆွေးနွေးရင် စိတ်မဝင်စားသလို တုံ့ပြန်တယ်လို့ တောင်ကိုရီးယား လက်ဝဲဝါဒီ လွှတ်တော် အမတ်တချို့က ပြောပါတယ်။ အဲဒီလူတွေက မကြာခင် တောင်ကိုရီးယားမှာ အာဏာရ လာနိုင်ခြေ ရှိနေပါတယ်။
နောက် ပေါ်လာနိုင်တဲ့ ပြဿနာက မှန်ကူကွက် ရဲ့ ရှုပ်ထွေးမှုပါ။ အကောင်းဆုံးဥပမာကတော့ သူ့နေရာနဲ့သူ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ပါဝင်လှုပ်ရှားနေတဲ့ နာရီစက်ပါပဲ။ အိမ်ဖြူတော်မှာ ဘယ်သူ ပဲ တက်လာလာ၊ တရုတ်နိုင်ငံ အင်အားကြီးလာမှုအပေါ် စိုးရိမ်မှုကြောင့် ဒီနာရီက ဆက်သွား နေမှာလို့ ဘိုင်ဒင်ရဲ့ လူတွေက စောဒက တက်ကြပါတယ်။ တခြားသူတွေကတော့ အမေရိကန်ရဲ့ စိတ်ဝင်စားမှုနဲ့ ပြုပြင်ထိန်းသိမ်းမှု မရှိရင် တစ်စ စီဖြစ်သွားမှာလို့ ယူဆကြပါတယ်။
ဒေါ်နယ်ထရမ့် လက်ထက်မှာ ဘယ်ဟာက ပိုဖြစ်နိုင်မလဲ၊ သူက ရှုပ်ရှုပ်ယှက်ယှက်တွေကို သည်းမခံ နိုင်ဘဲ သူ့အကြံ ပေးတွေဆီပဲ ပို့တတ်ပါတယ်။ ပထမအကြိမ် သမ္မတဖြစ်တုန်းက အာရှအပေါ် ထရမ့်ရဲ့ အာရုံကို ရိုးရိုးရှင်းရှင်း ချဉ်းကပ် မှုနဲ့ ရရှိဖို့ ကြိုးစားခဲ့ကြပါတယ်။ တရုတ်နဲ့ “အပြိုင်အဆိုင်” လို့ ခေါ်ကြတဲ့ ဒေသတွင်း အမေရိကန်ရဲ့ မူဝါဒကို ပုံစံ ပြောင်းပြီးတော့ပေါ့။ အခုလက်ရှိ စံ ပုံစံကတော့ မရွေ့သေးပါဘူး။ ဒါပေမဲ့ ဒါကို ဆက်လုပ်သွားနိုင်စွမ်းမှာ သူတို့ အတွက် အခက်အခဲတွေ ရှိနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အာရှဆိုင်ရာ မူဝါဒ ရာထူးနေရာအများအပြားကို မဖြည့် နိုင်တာ ကာလကြာရှည် ဖြစ်နေလို့ပါ။ သမ္မတရဲ့ ဦးတည်ချက်မဲ့ ပါဝင်စွက်ဖက်မှုတွေဟာ ဘာတကယ် အရေးကြီးလဲ ဆိုတာကို ဦးစားပေးဖို့ ခက်ခဲစေပါလိမ့်မယ်။
ပိုပြီး စံနစ်တကျရှိတဲ့ ဒုတိယသက်တမ်းက ထရမ့်အတွက် စက်ကို ဆက်မောင်းနှင် ထိန်းသိမ်းသွား နိုင်ပါလိမ့်မယ်။ ဖန်တီးနိုင်စွမ်းရှိတဲ့ အဖွဲ့လည်း ပါဝင်လာနိုင်ပါတယ်။ ပထမ အကြိမ်တုန်းက ဒါမျိုး တစ်ချို. တစ်ဝက် ရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်တည်းက စခဲ့တဲ့ Quad နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ထရမ့်ရဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုက ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။ ထရမ့်ဟာ အမေရိကန်ရဲ့ အကာအကွယ်အောက်မှာ ရှိတဲ့ မာရှယ်ကျွန်း စု၊ မာကရိုနေရှားနဲ့ ပလော တို့ကို အိမ်ဖြူတော်သို့ အစည်းအဝေးဖိတ်ကြားခဲ့တဲ့ ပထမဆုံးသော သမ္မတ အဖြစ် ပစိဖိတ်ဒေသမှာ သံတမန်ရေးရာကို အသက်ဝင်စေခဲ့ပါတယ်။ အဲဒီ အစပျိုးထားတဲ့ အပေါ်မှာ ဘိုင်ဒင် အစိုးရက ဆက်တည်ဆောက်ခဲ့ခြင်းပါ။
နောက်ဆက်ခံမယ့်သူရဲ့ သံတမန်ကျွမ်းကျင်မှုအပေါ် စိုးရိမ်ပူပန်မှုတွေကို ဘိုင်ဒင်ရဲ့ အကြံပေး တွေက လွှတ်ပေး ထားလိုက်ပါတယ်။ အတိအကျပြောရရင် သူတို့ကိုယ်တိုင်လုပ်ခဲ့တဲ့ ‘မှန်ကူကွက်’ အတွက်တောင် နာမည်ကောင်း မယူခဲ့ပါဘူး။ အဲဒီအစား သူတို့ရဲ့ ပြိုင်ဘက် တရုတ်တွေကို နာမည် ကောင်းပေးခဲ့ပါတယ်။ တရုတ်တွေရဲ့ ရဲတင်းမှု ကို အမေရိကန်မဟာမိတ်တွေ သတိထားမိလာပြီး အချင်းချင်းပိုနီးကပ်လာစေပါတယ်။ အမေရိကန်ရဲ့ စနစ်တကျ ကြီးကြပ်မှုမရှိတာတောင် တရုတ်ဘက်က ဝင်လုပ်ပေးရင် ဒီစနစ်က ကောင်းကောင်းအလုပ်ဖြစ်ပါတယ်လို့ သူတို့က ပြောကြ ပါတယ်။
မူရင်း “Can Donald Trump maintain Joe Biden’s latticework of alliances in Asia” by BANYAN, The Economist

