The Corner

The Corner

cropped-Logo_round_grey-background.png

အရှေ့အလယ်ပိုင်းအရေးမှာ အနိုင်ရရှိသွားသူကတော့…

Share မယ်

စတော့ရှယ်ယာမှာ ရင်းနှီးမြှုပ်နှံသူများပဲ ဖြစ်ပါတယ်။ စတော့ရှယ်ယာ လောကမှာ လတ်တလော trend ဖြစ်နေတာ တစ်ခုက TACO trading လို့ခေါ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ လေ့လာဆန်းစစ်သူများကတော့ TACO trade ဟာ နည်းလမ်းတကျ ထွက်ပေါ်လာတဲ့ ကိစ္စရပ်တစ်ခု မဟုတ်လို့ အမြဲတမ်းမှန်ကန်မှာမဟုတ်ဘူးလို့ သတိပေးနေကြပါတယ်။

TACO Trade ဆိုတာ ဘာလဲ

အရင်ဆုံး TACO ဆိုတာဘာလဲ ရှင်းပြချင်ပါတယ်။ Trump Always Chickens Out (TACO) ကို မြန်မာလို ပြန်မယ်ဆိုရင်တော့ “လေပိနေတဲ့ ထရမ့်” လို့ ပြောချင်တယ်။ အကျယ်တဝင့်ပြောမယ်ဆိုရင်တော့ “ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ်လို့ ပြောနေပေမဲ့ တကယ်တမ်းကျတော့ ကြောက်လို့ နောက်ဆုတ်ပြီး တကယ်လည်းလုပ်တာ မဟုတ်” လို့ ပြောရမယ်ထင်တယ်။ ဒီစကားပေါ်လာတာ သိပ်မကြာသေးဘူး။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က လွတ်မြောက်ရေးနေ့လို့ ကြေညာလိုက်ပြီး ကမ္ဘာပေါ်က နိုင်ငံများကို သွင်းကုန်ခွန်တွေကောက်မယ်လို့ သမ္မတ ထရမ့်က ခပ်တည်တည်နဲ့ ကြေညာခဲ့တယ်။ အဲဒီလိုကြေညာပြီး မကြာခင်မှာ အမေရိကန် စတော့ အညွှန်းကိန်းဟာ ၂၀ ရာခိုင်နှုန်းခန့်အထိ ထိုးကျသွားခဲ့ပေမယ့် နောက်တစ်ပတ်ခန့်အကြာ ထရမ့်ကပဲ သူ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောခဲ့တဲ့ အခွန်ကောက်မယ့်ကိစ္စကို ခေတ္တရပ်ဆိုင်းပြီး အသက်ဝင်ဖို့ နောက်ထပ် ရက် ၉၀ အချိန်ပေးလိုက်မယ်လို့ ပြောလိုက်တဲ့အခါ စတော့ဈေးကွက်ဟာ သိသိသာသာ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့် လက်လီ စတော့ရင်းနှီးမြှုပ်နှံသူများဟာ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး စတော့ရှယ်ယာ ဈေးကွက်အတွင်းကို စံချိန်တင် ဒေါ်လာ သုံးဘီလီယံလောက်အထိ ရင်းနှီးမြှုပ်နှံခဲ့ကြတယ်လို့ ဆိုပါတယ်။

သမ္မတ ထရမ့် လွတ်မြောက်ရေးနေ့ သွင်းကုန်ခွန် ကြေညာစဥ် (Photo: Guardian)

စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံသူများရဲ့အောင်ပွဲ

သမ္မတ ဒေါ်နယ်ထရမ့်ဟာ အကျပ်အတည်းတစ်ခုဖြစ်ပြီဆိုရင် သူ့ထုံးစံအတိုင်း ပြန်လည်ဆုတ်ခွာတတ်လေ့ရှိတာကြောင့် ရင်းနှီးမြှုပ်နှံသူများက ၎င်းကို “TACO Tuesday” ဟု အမည်တပ်ကာ အမြတ်ထုတ်နေကြပါတော့တယ်။

ဒီအပတ် စောစောပိုင်းကလည်း သူသတ်မှတ်ထားတဲ့ ည ၈ နာရီ နောက်ဆုံးအချိန် မတိုင်မီ နှစ်နာရီအလိုမှာ “ဒီညမှာ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုလုံး ပျက်စီးသွားရလိမ့်မယ်” ဟု လေလုံးထွားခြိမ်းခြောက်ခဲ့ပြီးနောက်၊ အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့နဲ့ ရေနံတင်ပို့မှုများ ပြန်လည်စတင်နိုင်ဖို့ အခြေအနေပေါ်မူတည်ကာ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲကြောင်း ထရန့်က ကြေညာခဲ့ပါတယ်။ အဆိုပါသဘောတူညီချက်နဲ့ ရေနံတင်ပို့မှု အမှန်တကယ် ပြန်စနိုင်မစနိုင်ဆိုတဲ့အပေါ် သံသယများစွာ ရှိနေသော်လည်း ထရမ့်၏ ရုတ်တရက် သဘောထားပြောင်းလဲမှုက ဈေးကွက်ကို ပြန်လည်ဦးမော့စေခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း မတည်ငြိမ်မှုများကြောင့် ရက်သတ္တပတ်ပေါင်းများစွာ စိုးရိမ်နေခဲ့ရသည့် ဈေးကွက်အတွင်းသို့ ဒေါ်လာ ၁.၅ ထရီလီယံဖိုး ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်ဖြင့် စီးဝင်လာခဲ့ပြီး အမေရိကန် စတော့ အညွှန်းကိန်းအားလုံး ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ စတော့ရှယ်ယာများ ထိုးတက်သွားချိန်မှာ ရေနံဈေးနှုန်းဟာလည်း ၁၆ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး တစ်စည်လျှင် ဒေါ်လာ ၁၀၀ အောက်သို့ ရောက်ရှိသွားတယ်။

အွန်လိုင်းပေါ်တွင် ရင်းနှီးမြှုပ်နှံကြသူ ကုန်သည်များက “TACO Trading” ကုန်သွယ်မှု ဗျူဟာ ထပ်မံအောင်မြင်သွားသည့်အတွက် ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံနေကြပါတယ်။

“ထရမ့် နောက်ဆုတ်မယ် (TACO) ဆိုတာ သေချာသလောက်သိနေရတာဟာ ကျွန်တော် သဲကန္တာရထဲမှာ ရေငတ်လို့ သေမလို ဖြစ်နေတုန်း ရေသောက်ရတော့မယ်ဆိုတာကို သိနေသလိုမျိုးပါပဲ” ဟု ရင်းနှီးမြှုပ်နှံမှု အွန်လိုင်းဖိုရမ်မှာ တစ်ဦးက မှတ်ချက်ပေးရေးခဲ့ပါတယ်။

ဘဏ္ဍာရေး လေ့လာ ဆန်းစစ်သူများ ကလည်း လက်လီ ကုန်သည်များ၏ အမြင်ကို သဘောတူညီကြပါတယ်။ ဒါပေမဲ့လည်း အချို့ပညာရှင်များကတော့ TACO Trading ဟာ လောလောဆယ်မှာ အလုပ်ဖြစ်နေပေမဲ့လည်း အမြဲတမ်းအောင်မြင်နေမည့် နည်းလမ်းမှန်တစ်ခု မဟုတ်ကြောင်းကိုလည်း သတိပေးထားပါသေးတယ်။

ကိုးကား – Analysts warn the TACO trade won’t last forever after an Iran ceasefire wipes out weeks of losses in markets, The Fortune

Credit: Etsy
Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *