The Corner

The Corner

cropped-Logo_round_grey-background.png

နိုင်ငံတကာရေးရာ

ထရမ့်နဲ့ ပူတင်

“အမေရိကန် သမ္မတကြီးနဲ့ ရုရှား ဦးသျှောင်တို့ရဲ့ ပွတ်တိုက်မှုဟာ လေ့လာသူ အများစု ခန့်မှန်းထားတာထက် ပိုပြီး စိုးရိမ်စရာ ကောင်းပါတယ်တဲ့…” အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို အန်တုဖို့ ကြံမယ်ဆိုရင် သူ့ကို နိုင်နည်းတွေကို လှလှပပ အကွက်ကျကျ ဘယ်လို သုံးမလဲ ဆိုတာ ပထမဆုံး စဥ်းစားတတ်ဖို့ လိုပါမယ်။ သူ့နဲ့ ပြိုင်ဘက် နိုင်ငံရေး သမား တစ်ယောက်ဆိုရင် စုံစမ်းစစ်ဆေးမှုတွေ လုပ်တာ ခံရ နိုင်တယ်၊ သူ့ကို နှောင့်ယှက်မဲ့ အဖွဲ့တွေဆိုရင် တရားတဘောင် အလုပ်ခံရကိန်းရှိတယ်၊ လက်ဝဲယိမ်း အယူအဆရှိတဲ့ တက္ကသိုလ်တွေဆိုရင် အထောက်အပံ့တွေ ရပ်ပစ်ခံရဖို့များတယ်။ စေ့စပ်သေချာပြီး အလုပ်ကို ကျကျနန လုပ်သူ အစိုးရ ဝန်ထမ်း တစ်ဦးဆိုရင် ပန်းရောင် စာရွက် လက်ထဲရောက်လာနိုင်တယ်။ […]

ထရမ့်နဲ့ ပူတင် Read More »

ကမ္ဘာကြီးနဲ့ ကင်ဆာ စစ်ပွဲ

ပြောစမှတ် ပြုနိုင်တဲ့ အောင်မြင်မှုတွေ ရှိခဲ့တယ်၊ ကင်ဆာကြောင့် အသေအပျောက်တွေ သိသိသာသာ ကျဆင်းသွားတယ်၊ ထပ်လည်း ကျနေဦးမှာ ၁၉၇၁ ခုနှစ်မှာ အမေရိကန်သမ္မတ ရစ်ချတ် နစ်ဆင်က “ကင်ဆာ ရောဂါကို တိုက်ဖျက်သွားမယ်” လို့ ကြေညာခဲ့ပါတယ်။ အဲဒီအချိန် မတိုင်ခင် နှစ်နှစ်လောက်က သိပ္ပံဆိုင်ရာမှာ အံ့သြဘနန်း အောင်မြင်ခဲ့တာလို့ ပြောစမတ်တွင်ရမယ့် လပေါ်ကို လူရောက်အောင် လုပ်ပေးနိုင်ခဲ့တာ မို့လို့ ကင်ဆာ တိုက်ဖျက်ရေးကိုလည်း လူတွေက အများကြီး မျှော်လင့်ခဲ့ကြပါတယ်။ အချို့ အကောင်းမြင်တဲ့ ဆရာဝန်များက နောက် နှစ်အနည်းငယ်အတွင်းမှာ ကင်ဆာရောဂါကို ပျောက်အောင် ကုသပေး နိုင်မှာပါလို့ ပြောခဲ့ကြတယ်။ သူတို့ မှားသွားခဲ့ပါတယ်။ ဒီနေ့ အသက်ကြီးတဲ့ လူကြီး အယောက်တိုင်း အယောက်တိုင်း သူတို့ကိုယ်တိုင်မှာ ကင်ဆာဝေဒနာ

ကမ္ဘာကြီးနဲ့ ကင်ဆာ စစ်ပွဲ Read More »

AIDS နဲ့ AID

ခုခံအားကျရောဂါ AIDS နဲ့ ဗိုင်းရပ်စ် HIV ကို တစ်ရံရောအခါက တစ်ကမ္ဘာလုံး ကြောက်ရွံ့ခဲ့ကြပါတယ်။ အာဖရိက တောင်ပိုင်းနိုင်ငံတွေရဲ့ မိခင်ထက်ဝက်လောက်ဟာ နောင်နှစ်အနည်းငယ်အတွင်း သေဆုံးကြ လိမ့်မယ်လို့ ကမ္ဘာပျက် ဟောကိန်းသမားတွေက ၂၀၀၂ ခုနှစ်မှာ ခန့်မှန်းကြပါတယ်။ သိန်းပေါင်းများ စွာသော လူ့အသက်တွေ လာမယ့် ဆယ်စုနှစ်များ အတွင်း ဆုံးရှုံးရမယ်၊ စီးပွားရေးတွေ လည်း ကမောက်ကမတွေဖြစ်ကုန်ကြမှာပါ။ သို့သော်ငြားလည်း အထိရောက်ဆုံး နိုင်ငံခြားအကူအညီလို့ ပြောရမယ့် အစီအစဉ်တစ်ခုကို သမ္မတ ဘုရှ်က ၂၀၀၃ခုနှစ်မှာ စတင်ခဲ့ပါတယ်။ AIDS လျှော့ချရေး သမ္မတ၏ အရေးပေါ် အစီအစဉ်  (PEPFAR – President’s Emergency Plan for AIDS Relief) ဟာ ရောဂါကူးစက်ခံနေရသူ တွေကို

AIDS နဲ့ AID Read More »

ဆန်စဥ်ရာ ကျည်ပွေ့လိုက်သော ထရမ့် နိုင်ငံခြားရေးမူဝါဒ – ကိုဝ

ဒုတိယ သမ္မတသက်တမ်းအတွက် တာဝန်ယူပြီးချိန်ကစပြီး ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒ၊ ဆောင်ရွက်ချက် တွေက နားမလည် နိုင်စရာ ဖြစ်လာပါတယ်။ တချို့ကလည်း ဒေါ်နယ်ထရမ့်ဟာ စိတ်ကူးပေါက်ရာလုပ်နေတယ်၊ ဘာမူဝါဒမှ မရှိဘူးအထိ အဆိုးမြင်ကြတာလည်း ရှိပါတယ်။ ဒီနေရာမှာ ထရမ့်ရဲ့ နိုင်ငံခြားရေး မူဝါဒကြောင်း ပြောလိုပါတယ်။ ဂျာမန် သတင်း ဌာန DW ရဲ့ နိုင်ငံတကာအယ်ဒီတာ ရစ်ချတ် ဝေါ့ကာ (Richard Walker) ရဲ့ တင်ပြချက်အပေါ် အခြေခံဆွေးနွေးမှာပါ။ ရစ်ချတ်ဝေါ့ကားက ဒေါ်နယ် ထရမ့်ဟာ အချက်သုံးချက်အပေါ် အခြေခံပြီး သူ့ရဲ့နိုင်ငံခြားရေးမူဝါဒကို အကောင်အထည် ဖော်နေတယ်လို့ ရှုမြင်ပါတယ်။ပထမတစ်ချက်က အင်အားအခြေခံ လက်တွေ့မူဝါဒ (Realism) ပါ။ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ရေးဆိုတဲ့ စံတန်ဖိုးတွေထက် ”စစ်ရေးအင်အား၊ စီးပွားရေးအင်အား” စတဲ့

ဆန်စဥ်ရာ ကျည်ပွေ့လိုက်သော ထရမ့် နိုင်ငံခြားရေးမူဝါဒ – ကိုဝ Read More »

အိန္ဒိယ-ပါကစ္စတန် လေးရက်စစ်ပွဲ ဘယ်သူအနိုင်ရသလဲ – CWM

အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ စစ်ဖြစ်ကြ ပြီဆိုတဲ့သတင်းက သက်ကြီးပိုင်း အရွယ်တွေအတွက် သိပ်ထူးဆန်း လှ တယ် မဆိုနိုင်ပေမယ့် ဒီဘက်ခေတ် မျိုး ဆက်သစ် လူငယ်တွေ အတွက်တော့ အဆန်း တကြယ် ဖြစ်နိုင်ပါတယ်။ တစ်နိုင်ငံနဲ့ တနိုင်ငံ စစ်ဖြစ် ကြတယ် ဆိုတာ ဖြစ်ခေါင့် ဖြစ်ခဲမဟုတ်လား။ ယူကရိန်း စစ်ပွဲ၊ ဂါဇာစစ်ပွဲတို့က on going စစ်ပွဲတွေဖြစ်ပြီး စစ်လည်း တာရှည် နေပြီ။         လူကြီးပိုင်းတွေအဖို့တော့ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲက ဟိုးအရင် တုန်းကလည်း ဖြစ်ခဲ့ဖူးတာမို့ သိပ်ဆန်း တယ်လို့ မဆိုနိုင်ဘူး။ အထူးသဖြင့် သမိုင်းကြောင်းတစ်လျှောက် အိန္ဒိယ နဲ့ ပါကစ္စတန်ဟာ ဗြိတိသျှဆီက လွတ်လပ်ရေး

အိန္ဒိယ-ပါကစ္စတန် လေးရက်စစ်ပွဲ ဘယ်သူအနိုင်ရသလဲ – CWM Read More »

အကူအညီ အထောက်အပံ့တွေက တကယ်အလုပ်ဖြစ်ရဲ့လား – CWM

ချမ်းသာတဲ့ နိုင်ငံတွေက ဆင်းရဲပြီး အတိဒုက္ခရောက်နေတဲ့ နိုင်ငံတွေကို အဆင်ပြေပါစေတော့ရယ်လို့ အကူအညီ အထောက်အပံ့ (အေအိုင်d) တွေ ပေးခဲ့ကြတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက ချမ်းသာ ကြွယ်ဝတဲ့ နိုင်ငံတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေကို ပေးကမ်းစွန့်ကြဲ၊ ထောက်ပံ့ခဲ့ကြပေမယ့် ဒီနိုင်ငံတွေဟာ “ပေးကား ပေး၏ မရ” ဆိုသလို အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းမလာဘဲ ဒုံရင်းအတိုင်း ဆင်းရဲမြဲ ဆင်းရဲနေတာ တွေ့ကြရတယ်။ ဘာ့ကြောင့်လဲ..။              ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ မာလာဝီ ဟာ ကမ္ဘာကြီးက ပေးတဲ့ အထောက်အပံ့ တွေနဲ့ ရပ်တည်နေတဲ့နိုင်ငံပါ။ ၁၉၇၀ပြည့်လွန်နှစ်များက ကမ္ဘာ့ဘဏ်အကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ လီလွန်ဝေမြို့ရဲ့ ဖြောင့်တန်းတဲ့ လမ်းမပေါ်မှာ လူမှုကူညီရေးအလှူခံအသင်းရုံးတွေ၊ ဖွံ့ဖြိုးရေးအေဂျင်စီရုံးတွေ နဲ့ အစိုးရရုံးတွေဟာ တန်းစီလို့ နေတယ်။ တစ်မူထူးခြားတဲ့ အဲဒီနေရာမှာ နိုင်ငံခြားသားဝန်ထမ်းတွေအတွက် ထမင်းချက်တွေ၊

အကူအညီ အထောက်အပံ့တွေက တကယ်အလုပ်ဖြစ်ရဲ့လား – CWM Read More »

ကပ်ဘေးများအတွက် ထိရောက်တဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ – မောင်လူထွန်း

“အလျင်လို လမ်းအိုလိုက်” ဆိုတဲ့ မြန်မာစကား ရှိပါတယ်။ အလုပ်ခွင်မှာ မကြာခဏ ကြားရတာ ကတော့ “copy with pride” လို့လည်း ခေါ်ပါတယ်။ တစ်စုံတစ်ယောက်က အားထုတ် ပြုစုပြီးသား ရှိလျှင် အတုယူပြီး လုပ်လိုက်တာမျိုး ကိုခေါ်ပါတယ်။ နောက်ပြီး “you don’t need to reinvent the wheel” လို့လည်း ပြောလေ့ပြော‌ထ‌ ရှိပါတယ်‌။ “ဘီးကို အသစ်ကစလို့ ပြန်ပြီး တီထွင်စရာမလိုဘူး” လို့ တိုက်ရိုက် အဓိပ္ပာယ်ထွက်ပါတယ်။ ဆိုလိုရင်းကတော့ ဖြစ်ရပ်များအားလုံးအတွက် လမ်းအသစ် ဖောက်စရာ မလိုဘူးဆိုတာ ပြောချင်တာပါ။ လမ်းသစ် ထွင်ကြတာ ကောင်းပါတယ်၊ ကြိုဆိုရမှာပါ။ သို့သော် အခြား နိုင်ငံများ လူများ လုပ်ဆောင်ပြီး အောင်မြင်ပြီးသားဆိုလျှင် အချိန်ကုန်ခံပြီး တီထွင်

ကပ်ဘေးများအတွက် ထိရောက်တဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ – မောင်လူထွန်း Read More »