The Corner

The Corner

cropped-Logo_round_grey-background.png

နိုင်ငံတကာရေးရာ

ဗော့ဒကာ၊ ချပါတီ နဲ့ ဟမ်ဘာဂါတို့ရဲ့ သုံးပွင့်ဆိုင်အချစ်

၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၄ရက်နေ့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အိန္ဒိယ – ရုရှား (၂၃) ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲအတွက် ဒေလီမြို့ကို ဆိုက်ရောက်လာပါတယ်။ ဒါဟာ ယူကရိန်းနဲ့ စစ်စတင်တဲ့ ၂၀၂၂ ကတည်းက အခုထိ သူ့ရဲ့ ပထမဆုံး အိန္ဒိယနိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။ ရင်းနှီးနွေးထွေးမှုတွေ အပြည့်နဲ့ ခရီးစဉ်ပါ။ ဝန်ကြီးချုပ် မိုဒီရဲ့ အိန္ဒိယအိမ်တော်မှာ သီးသန့် ညစာစားပွဲ၊ တစ်နေကုန်မယ့် ထိပ်သီးဆွေးနွေးပွဲ၊ သမ္မတအိမ်တော် ညစာစားပွဲ၊ ကမ္ဘာ့ငြိမ်းချမ်းရေးဖခင်ကြီး မဟတ္တမဂန္ဒီရဲ့ အမှတ်တရနေရာ အလည်ခရီး၊ စတဲ့ အစီအစဉ်တွေနဲ့ ပူတင့်ကို အိန္ဒိယက အခမ်းနားဆုံးအကြီးကျယ်ဆုံး ဧည့်ခံကြိုဆိုခဲ့ပါတယ်။ အိန္ဒိယ နဲ့ ရုရှားတို့မှာ နက်ရှိုင်းကြာမြင့်တဲ့ ဆက်ဆံမှု ရှိခဲ့တာပါ။ စစ်အေးတိုက်ပွဲအတွင်း အင်အားကြီးနိုင်ငံတွေအကြား […]

ဗော့ဒကာ၊ ချပါတီ နဲ့ ဟမ်ဘာဂါတို့ရဲ့ သုံးပွင့်ဆိုင်အချစ် Read More »

ဗင်နီဇွဲလားကမ်းလွန်မှာ အမေရိကန်ရဲ့ စစ်ရေးတည်ဆောက်မှုဘာသဘောလဲ

ကမ္ဘ့ာအကြီးဆုံး လေယာဉ်တင် သင်္ဘောကြီးဟာ ဗင်နီဇွဲလားကမ်းလွန်ပင်လယ်ပြင်မှာ စစ်ရေးအတွက် အဆင်သင့် ဖြစ်နေတယ်။ သူ့ရဲ့ စစ်ရေး ရည်မှန်းချက်ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကမ္ဘာပေါ်မှာ အကြီးဆုံး လေယာဉ်တင် သင်္ဘောကြီးဖြစ်တဲ့ ယူအက်စ်အက်စ် ဂျရယ်ဖို့ဒ် ဟာ  အောက်တိုဘာလ ၂၆ ရက်နေ့ တုန်းက ခရိုအေးရှားနိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ စပလစ် မြို့ကနေတိတ်တဆိတ်ထွက်ခွာလာခဲ့တယ်။အဲဒီနေ့မတိုင်ခင် စောစောပိုင်း ရက်တွေထဲမှာ အမေရိကန် ကာကွယ်ရေး (စစ်ရေး) ဝန်ကြီး ဌာန (ပင်တဂွန်) ရဲ့ အကြီးအကဲ ပိ ဟက်ဆက် (Pete Hegseth)က ဒီလေယာဉ်တင်သင်္ဘောကြီးကို ကြီးမားကျယ်ပြန့်ပြီး အခုအချိန်အထိရှင်းလင်းမပြနိုင်သေးတဲ့ စစ်ရေး ပြင်ဆင်မှုမှာ ပူးပေါင်း ပါဝင်ဖို့  ကာရစ်ဘီယံ ပင်လယ်ကို ထွက်ခွာရေး အမိန့်ပေးခဲ့တယ်။ တပ်ချထားတဲ့ အမေရိကန် စစ်သင်္ဘောအားလုံးရဲ့

ဗင်နီဇွဲလားကမ်းလွန်မှာ အမေရိကန်ရဲ့ စစ်ရေးတည်ဆောက်မှုဘာသဘောလဲ Read More »

ဓားနဲ့ဆား လဲကြမယ့် နဂါးနဲ့ လင်းယုန်

စီးပွားရေး အကြမ်းဖက်မှု ချိန်ခွင်လျှာ မျှတနေတာဟာ တည်ငြိမ်မှု အတွက် အခြေခံ မဟုတ်ပါဘူး။ “တရုတ်နိုင်ငံနဲ့ ပတ်သက်လို့က မစိုးရိမ်ပါနဲ့ အဆင်ပြေသွားမှာပါ”လို့ တရုတ်ပြည်ရဲ့ ဘက်ထရီနဲ့ မြေရှား သတ္တုတွေ ပေါ်မှာ ပို့ကုန်ဆိုင်ရာ ထိန်းချုပ်မှု အဟန့်အတားသစ်တွေ ချမှတ်ခဲ့တာနဲ့ စပ်လျဥ်းလို့ လက်စားချေ တုံ့ပြန်ဖို့ ခြိမ်းခြောက်မှုတွေ လုပ်ပြီးတဲ့ နောက်မှာ သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၁၂ ရက်နေ့တုန်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ ရေးလိုက်တယ်။ တရုတ် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း “ကမ္ဘာ့နိုင်ငံတွေ စိတ်မပူကြပါနဲ့ အားလုံး အဆင်ပြေ သွားမှာပါ” လို့ စောစောပိုင်း တစ်ရက်က သတင်းစာ ရှင်းလင်းပွဲမှာ အကြမ်းဖျင်း ပြောခဲ့တယ်။ အဲဒီမှာ အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေက

ဓားနဲ့ဆား လဲကြမယ့် နဂါးနဲ့ လင်းယုန် Read More »

ထရမ့်ခေတ်ထဲ ရပ်တည်နေရတဲ့ ကုလသမဂ္ဂ

သမ္မတ ဒေါ်နယ် ထရမ့် အိမ်ဖြူတော်ကို ပြန်ရောက်ပြီး ပထမဆုံး အကြိမ် တက်တဲ့   ၂၀၂၅ ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNGA) မှာ အခြေအနေတွေက လုံးဝကို ပြောင်းလဲသွားပါပြီ။ သူ ဒီနှစ် UNGA ကို ရောက်တာနဲ့ ညီလာခံရဲ့ အငွေ့အသက်ကြီးက အရင်လို မဟုတ်တော့ဘူး။ ဒီ ၂၀၂၅ UNGA ကို ထရမ့် ပြန်ရောက်လာတာက အခြေအနေကို တော်တော်ထူးခြားသွားစေတယ်။ ကမ္ဘာကြီး ပြောင်းလဲ လာတာနဲ့အမျှ UN လို အဖွဲ့အစည်းကြီးရဲ့ အခန်းကဏ္ဍက ဘာလဲဆိုတာကို ခေါင်းဆောင်တွေနဲ့ သံတမန် တွေက စိုးရိမ်တကြီး စောင့်ကြည့်နေကြတာပါ။ ဒီအဖွဲ့ကြီးရဲ့ အရေးပါမှုက ကျသွားမလားဆိုတဲ့ သံသယ တွေကလည်း ရှိနေခဲ့ပါတယ်။ ထရမ့်ကတော့ UN

ထရမ့်ခေတ်ထဲ ရပ်တည်နေရတဲ့ ကုလသမဂ္ဂ Read More »

ထရမ့်အတွက် နိုဘယ်ဆု

၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကြီးကို အောက်တိုဘာလ ၁၀ ရက်နေ့ က ရွေးချယ်လိုက်ပါပြီ။ ဒီနှစ် နိုဘယ်ဆုရှင်ကတော့ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင်အမျိုးသမီး အသက် (၅၈) နှစ်အရွယ် မာရီနာ ကော်ရီနာ မချာဒို ဆွတ်ခူးသွားပါတယ်။ စိတ်နဲ့ ကိုယ်နဲ့ အမြဲတွဲမနေတတ်တဲ့ သမ္မတထရမ့် နိုဘယ် ငြိမ်းချမ်းရေး ဆုကို အသဲအမဲလိုချင်နေတာ သေချာပါတယ်။ စစ်ပွဲတွေ အများကြီး သူဝင်ညှိနှိုင်းပေးလို့ ရပ်သွားတာ၊ ငြိမ်းချမ်းရေးကို ဘယ်အမေရိကန်သမ္မတ တစ်ဦးကမှ သူ့လို မလုပ်ခဲ့နိုင်တာ ဆိုပြီးပြောခဲ့တာတွေ ရှိသလို သူ့အနားက သူတွေကလည်း ကျွန်တော်တို့ သမ္မတကြီးက နိုဘယ် ငြိမ်းချမ်းရေးဆုကို ထိုက်တန်သူပါ။ အဲ နောက်ဆုံး သူနဲ့ မကင်းရာ မကင်းကြောင်း နိုင်ငံခေါင်းဆောင်တွေ ကိုယ်တိုင်

ထရမ့်အတွက် နိုဘယ်ဆု Read More »

ဆင်သွားတိုင်း လမ်းမဖြစ်ပါ

“ဒုတိယ ကမ္ဘာစစ်အပြီး ကုလသမဂ္ဂကို ဗဟိုပြုပြီး တည်ဆောက်ထားတဲ့ နိုင်ငံတကာ ဆက်ဆံရေး စနစ်က ပြိုကျ သွားပြီ။ အစားထိုးမယ့် ဆက်ဆံရေး စနစ်သစ်ကလည်း မရှိသေးဘူး။ ကမ္ဘာ့ကြီးရဲ့ ဒီကနေ့ အခြေအနေက ဘာနဲ့ တူသလဲ ဆိုတော့ ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်ကြား၊ ဒုတိယ ကမ္ဘာစစ်ကို ဦးတည်နေတဲ့ ကာလနဲ့ တူနေတယ်” ဒီစကားတွေ ကျွန်တော့်ကို ပြောခဲ့တဲ့ ပုဂ္ဂိုလ်က ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး (ငြိမ်း) ဦးအောင်သန့်ပါ။ ကိုဗစ်ကာလ မတိုင်ခင် အတော် စောစောကတည်းက ပြောခဲ့တာပါ။ ကျွန်တော်က သံအမတ်ကြီးအိမ်ကို နာရီနဲ့ချီ သွားလည်ပြီး သူတိုက်တဲ့ ကော်ဖီကိုသောက်၊ သူ့အတွေးသူ့အမြင်တွေကို နားထောင်လေ့ရှိပါတယ်။ အခုတော့ သံအမတ်ကြီး ဦးအောင်သန့်က ကွယ်လွန်သွားရှာပါပြီ။

ဆင်သွားတိုင်း လမ်းမဖြစ်ပါ Read More »

နယူးယောက်မှာ ရေပန်းစားနေတဲ့ ဆီးရီးယား ခေါင်းဆောင်သစ်

ယခုတလော မြင်တွေ့နေရသည့် မြင်ကွင်းများမှာ လွန်ခဲ့သည့်တစ်နှစ် လောက်ကဆိုလျှင် ကိုယ့်မျက်လုံးကိုပင် ကိုယ်မယုံချင်စရာ။ တနေ့က နယူးယောက်မြို့ မန်ဟက်တန် တွင်အယ်ကေဒါ ဘာသာရေးအစွန်းရောက် တစ်ဖြစ်လဲ ယနေ့ ဆီးရီးယား၏ ထိပ်တန်း နိုင်ငံရေးသမား ” အာမက် အယ် ရှားရား ” နှင့် အမေရိကန်၏ နာမည်ကျော် ဗိုလ်ချုပ် တစ်ဦး ဖြစ်သော David Petraeus တို့ လက်ဆွဲ နှုတ်ဆက် နေကြသော မြင်ကွင်းမှာ အတော်တော့ကို စိတ်ကသိ ကအောက် ဖြစ်စရာပင်။ ဆီးရီးယားကို ကာလရှည်ကြာ စိုးမိုး အုပ်ချုပ်နေခဲ့သော အာဏာရှင် ‘ဘာရှား အယ် အာဆတ်’ ကိုဖြုတ်ချပြီး ၁၀ လခန့်အကြာ စက်တင်ဘာ ၂၄ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ

နယူးယောက်မှာ ရေပန်းစားနေတဲ့ ဆီးရီးယား ခေါင်းဆောင်သစ် Read More »

ဖင်လန်နိုင်ငံသမ္မတ ‘အလက်ဇန္ဒာ စတပ်ဘ်’ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံ

ကမ္ဘာ့ကုလသမဂ္ဂ အကြိမ်(၈၀) မြောက် အထွေထွေညီလာခံ၌ ဖင်လန်သမ္မတနိုင်ငံ သမ္မတ ‘အလက်ဇန္ဒာ စတပ်ဘ်’ (Alexander Stubb) ပြောကြားသည့် မိန့်ခွန်း၊ နယူးယောက်မြို့၊ ၂၄ ရက်နေ့  စက်တင်ဘာလ ၂၀၂၅။ ဥက္ကဋ္ဌကြီးနှင့်တကွ အထွေထွေအတွင်းရေးမှူးချုပ်၊ သံအမတ်ကြီးများ၊ ဂုဏ်သရေရှိ အမျိုးသမီးများ၊ ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား – နိုင်ငံခြားရေးမူဝါဒဆိုတာ အရိုးရှင်းဆုံး ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင် စံတန်ဖိုး၊ အကျိုးစီးပွားနဲ့ စွမ်းအားဆိုတဲ့  မဏ္ဍိုင် သုံးခု အပေါ်မှာ အခြေခံတည်ဆောက်ထားခြင်းဖြစ်ပါတယ်။  ကျွန်တော်ဟာ နိုင်ငံငယ် ကလေး တစ်နိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံက လာရောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမြဲတမ်း အဓိက လက်စွဲလျက် ရှိနေတာကတော့ ‘စံတန်ဖိုး’ နဲ့ ‘အကျိုးစီးပွား’  ဖြစ်ပါတယ်။ ‘စွမ်းအား’ ကိုတော့ ‘အပျော့ထည်’

ဖင်လန်နိုင်ငံသမ္မတ ‘အလက်ဇန္ဒာ စတပ်ဘ်’ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံ Read More »

ကမ္ဘာ့အအောင်မြင်ဆုံး လက်နက်ကုန်သည်နိုင်ငံများ

အလွန်ပြင်းထန်တဲ့ ကမ္ဘာ့လက်နက်ပြိုင်ပွဲဟာ တောင်ကိုရီးယားနဲ့ တူရကီနိုင်ငံ တို့အတွက် ကြီးကျယ်တဲ့ စီးပွားရေး  လုပ်ငန်း တစ်ရပ်ဖြစ်တယ်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း အထိမ်းအမှတ်ကို ကျင်းပဖို့  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၊ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ အခြား ခေါင်းဆောင်တွေ ရောက်ရှိလာတဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ပီကင်း မြို့တော်မှာ ရှိတဲ့ ငြိမ်းချမ်းရေး ကောင်းကင်ဘုံ မုဒ်ဦး ဟာ အစစ အရာရာ ငြိမ်သက် အေးချမ်း နေပါတယ်။ တရုတ်ပြည်ဟာ အမျိုးသားရေး ဂုဏ်သိက္ခာ မြင့်မားမှု နဲ့စစ်အင်အားကို ပြဖို့အတွက် တရုတ် တပ်မတော်က တပ်ဖွဲ့တွေဟာ အခမ်းအနားမှာ ချီတက်ပြီး စစ်ရေး ပြခဲ့ကြတယ်။

ကမ္ဘာ့အအောင်မြင်ဆုံး လက်နက်ကုန်သည်နိုင်ငံများ Read More »

ဂါဇာ၊ ဟားမာ့စ် နှင့် ပါလက်စတိုင်းအရေး

“ဂါဇာကို စိုးမိုးခဲ့သည့် ဟားမာ့စ်အဖွဲ့မှာ ခက်ထန် ကြမ်းတမ်းဆုံး လွှဲပြောင်းမှုမျိုး ကြုံရမည့်အခြေအနေကိုရင်ဆိုင်နေရသည်” ဒီအဖွဲ့ဟာ အစ္စလာမ္မစ် တော်လှန်ရေး လှုပ်ရှားမှုကနေ  ပေါက်ဖွားလာတာဖြစ်တယ်။ သူတို့ကို အာရာဗီဘာ သာစကားနဲ့ အတိုကောက် ဟားမာ့စ် လို့ပဲ သိကြတယ်။ ကိုင်ရိုမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပါလက် စတိုင်း စစ်သွေးကြွတွေဟာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး ဂါဇာမှာ ၂၂ လကြာအ စ္စရေးကို တိုက်ပွဲဝင်တာ ကို စွန့်လွှတ်ပြီး သူတို့အဖွဲ့ကို နိုင်ငံရေး ပါတီတစ်ရပ်အဖြစ် သူတို့ဘာသာ ဖွဲ့စည်းမလားဆိုတာ ဆုံးဖြတ် ရတော့မှာဖြစ်ပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့တုန်းက ဟားမာ့စ်ရဲ့ တိုက်ခိုက်ရေး အဖွဲ့ခွဲခေါင်းဆောင် ခါလီအယ်လ်ဟေယာ  ဟာ အီဂျစ်နိုင်ငံက ကာတာနဲ့ တူရကီ နိုင်ငံတို့နဲ့အတူ ကြားဝင်စေ့စပ်ပေးခဲ့တဲ့  စေ့စပ်ညှိနှိုင်းပွဲအတွက်

ဂါဇာ၊ ဟားမာ့စ် နှင့် ပါလက်စတိုင်းအရေး Read More »