အကဲဖြတ်တဲ့အလုပ်
လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုအကြောင်းပြောရင် စွမ်းဆောင်ရည်တိုင်းတာအကဲဖြတ်မှု၊ စွမ်းဆောင်ရည် စီမံခန့်ခွဲမှု အကြောင်းက မဖြစ်မနေပြောကြရမှာပါပဲ။ မဖြစ်မနေပြောရမှာဖြစ်သလို မကြာမကြာ လည်းပြောနေမှ ရမှာ။ တကယ် အရေးကြီးတဲ့ကိစ္စတစ်ခုမို့ပါ။ လုပ်ငန်းခွင်ထဲမှာ သူသူကိုယ်ကိုယ် အလုပ်တွေကတော့လုပ်နေကြတာပဲ။ ကိုယ့်အလုပ်ကိုယ် ပုံမှန် လုပ်နေတဲ့ သူ၊ ပျာပျာသလဲလုပ်နေတဲ့သူ၊ နေ့မအား ညမနားလုပ်တဲ့သူ၊ ဝတ်ကျေတန်းကျေလောက်ပဲ လုပ်တဲ့သူ စသည်အားဖြင့် လူအမျိုးမျိုးတွေ့နိုင်ပါတယ်။ ဒါဆို အလုပ်လုပ်တဲ့သူတွေကိုမြှောက်စားပြီး ဝတ်ကျေ တန်းကျေ သမားတွေကို နှိပ်ကွပ် လိုက်ရုံပေါ့လို့ပြောကြမှာပေါ့။ တကယ်တော့ ဒီလောက်လည်း မရိုးရှင်းပါဘူး။ လုပ်တော့ လုပ်နေတယ်လို့ ထင်ရတာပဲ ဆိုပေမယ့် တကယ်လုပ်နေတာဟုတ်ရဲ့လားဆိုတာကို စိစစ်ဖို့လိုလာပြန်တယ်။ ကိုယ်တိုင် လုပ်ရမယ့်အလုပ်ကို ကိုယ့်အဆင့်အတန်းနဲ့လျော်ညီစွာ အကြံကောင်း၊ ဉာဏ်ကောင်း၊ အားထုတ်မှု ကောင်းတွေနဲ့ လုပ်ကိုင်နေတာ ဟုတ်ရဲ့လား၊ အပြောတွေ၊ အပြတွေကများနေပြီး တကယ့် တကယ်တမ်း ကျတော့ မျက်နှာပန်း […]



