အစ်ပစတိန်း ဆောင်ကြာမြိုင်မှတ်တမ်း – KIDD
မင်းတုန်းမင်းကြီးလက်ထက် မိဖုရားတွေထဲက သစ်ဆိမ့်မိဖုရားက လူပျိုတော်တစ်ယောက်နဲ့ ချိန်းတွေ့ တဲ့ အရေးအခင်း ပြီးတဲ့နောက် မင်းတရားကြီးက မိဖုရားတွေ ရဲ့အဆောင်တော်တွေကို မင်းတရားကြီး ဘယ်နေ့ ဘယ်အချိန် ကူးတယ် ဆိုတဲ့မှတ်တမ်းကို အတိအကျ ပြုစုရမယ်လို့ အမိန့်တော်မှတ်ကြောင်း ပါးစပ်ရာဇဝင်တွေက ဆိုပါတယ်။ အဲဒီ ဆောင်ကြာမြိုင်မှတ်တမ်းကို ပြုစုထိန်းသိမ်းရမယ့်သူက ပင်းတလဲ မြို့စား ဦးရွှေမောင် ပါ။ ဦးရွှေမောင်ဟာ မင်းမျိုး မင်းနွယ် မဟုတ်သော်လည်း မင်းတုန်း၊ ကနောင် ညီနောင် နှစ်ပါးလုံးက ယုံကြည်အားကိုးတော်မူတဲ့အတွက် နန်းတွင်းမှာ ဩဇာ အလွန် ညောင်းသူ ဖြစ်ပါတယ်။ ပါးစပ်ရာဇဝင်တွေအရ (ပါးစပ်ရာဇဝင်ပါနော်) ညီနောင် နှစ်ပါး တစ်လှည့်စီ မြို့ပြင်ထွက်ပြီး အပျော်ရှာချင်ရင် ဦးရွှေမောင်ပဲ နောက်တော်ပါးက လိုက်ပြီး အလိုပြည့်အောင် စီမံရပါတယ်တဲ့။ ပျော်ပါးဖို့ […]
အစ်ပစတိန်း ဆောင်ကြာမြိုင်မှတ်တမ်း – KIDD Read More »
