The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၆)

အလွမ်းအရသာ – ထိုက်

ကိုယ် ဖတ်ဖူးတဲ့ စာတစ်ပုဒ်မှာ အစားအစာတစ်ခု စားလိုက်တဲ့အခါ အရင်စားခဲ့တဲ့အချိန်က သတိရစရာ တွေကို ပြန်လည် ခံစားရတတ်တာဟာ အနံ့အာရုံကြောင့်လို့ ဆိုပါတယ်။ အထူးသဖြင့် ကလေးဘဝက အမှတ်တရတွေကို အထူး အောက်မေ့ လွမ်းဆွတ်တတ်ကြပါတယ်။ အရသာတစ်ခုကို မျက်လုံးမှိတ်ပြီး အနံ့ကို ရှူရှိုက်ကြည့်တဲ့အခါ စားခဲ့ ဖူးတဲ့အချိန်တွေကို သတိရလာတတ်ပါတယ်။ ဒါကြောင့်လည်း အရသာ ဆိုတာ နှာခေါင်းနဲ့ မှတ်ဉာဏ်ပေါ်မှာ မူတည် နေတယ်လို့ ဆိုကြတာ နေမယ်။ ဒီလို အနံ့အာရုံနဲ့ စိတ်ခံစားချက်နဲ့ ဆက်နွှယ်နေရတာဟာ အလွန်ရှေးကျတဲ့ ကာလတွေ ကတည်းက အနံ့အာရုံဟာ အခြား အာရုံတွေထက် ပိုပြီးစောစော ပေါ်ပေါက်ခဲ့တာကြောင့်လို့ ယူဆကြပေမယ့် သိပ္ပံနည်းကျ လေ့လာထား မှုတွေတော့ မရှိသေးပါဘူး။ ကိုယ်ဟာ အစားအသောက်တွေမှာနေတယ် ဆိုတာထက် ပျောက်ဆုံးသွားတဲ့ […]

အလွမ်းအရသာ – ထိုက် Read More »

ဒီကာလမှာ ယုံရခက်တဲ့ ကျွန်ုပ်ရဲ့ ဘုရားသခင် – နောင်နောင်စိုးသိမ်း

ကျွန်တော်တို့ သတင်းစာ ကောက်ကိုင်လိုက်တိုင်း ဒါမှမဟုတ် သတင်းတွေကို ဖွင့်လိုက်တိုင်း ကြမ်းတမ်းတဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေရဲ့ ဇာတ်လမ်းတွေကို တွေ့ရတယ်။ ကမ္ဘာကြီးထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ဆိုးရွားလှတဲ့အရာတွေကို ပြုလုပ်နေကြတဲ့ လူတွေနဲ့ ပြည့်နေတယ်။ ပဋိပက္ခတွေကနေ ထွက်ပြေးဖို့ ဒုက္ခသည်တွေ သက်စွန့်ကြိုးပမ်းနေချိန်မှာ သူတို့ရဲ့ ဆင်းရဲဒုက္ခကနေ တချို့က အမြတ်ထုတ်နေကြတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဒီလိုပြုမူနေကြတာတင် မကပါဘူး။ မိုးခေါင်ရေရှားတာ၊ အငတ်ဘေးဆိုက်တာ၊ ငလျင် လှုပ်တာ စတဲ့ သဘာဝဘေးအန္တရာယ်တွေရယ် ဒါမှမဟုတ် ကြောက်စရာ ကပ်ရောဂါတွေရယ်ကြောင့် အပြစ်မဲ့သူ တွေဟာ နေ့တိုင်း သေကြေပျက်စီးနေရပါတယ်။ ခင်ဗျားက မေးလိမ့်မယ်။ ဘာကြောင့်များ မဟာဂရုဏာတော်နဲ့ ပြည့်စုံတဲ့ ဘုရားသခင်က ဒါတွေကို ဖြစ်ခွင့်ပေးရသလဲ။ ဆိုးယုတ်တဲ့အရာတွေကို ဘုရားသခင်က တားဆီးချင်တယ်။

ဒီကာလမှာ ယုံရခက်တဲ့ ကျွန်ုပ်ရဲ့ ဘုရားသခင် – နောင်နောင်စိုးသိမ်း Read More »

တက်မလား၊ ထွက်မလား – သိုက်စိုးထွန်း (နတ်ရွာ)

Up or Out တဲ့။ လိုရင်းကိုပြောရရင်တော့ “တက်မလား၊ ထွက်မလား”ပေါ့။ McKinsey, BCG, Bain စတဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးတချို့မှာ ဒီမူကိုကျင့်သုံးကြပါသတဲ့။ သဘောကတော့ ရာထူးတစ်ခုအတွက် အလုပ် ဝင်တဲ့အခါ သူ့ရဲ့စွမ်းဆောင်ရည်တွေကို ပုံမှန်စောင့်ကြည့်အကဲဖြတ်နေမယ်။ နှစ်နှစ်သုံးနှစ်၊ လေးငါးနှစ် စသည် အားဖြင့် သတ်မှတ်ထားတဲ့ကာလ တစ်ခုအတွင်းမှာ နောက်တစ်ဆင့်ကိုတက်နိုင်အောင်ကြိုးစား။ ဒီလိုမှမဟုတ်ဘဲ သတ်မှတ် ကာလပြည့်တဲ့အထိတောင် လက်ရှိရာထူးကနေဆက်မတက်နိုင်သေးဘဲ ဖြစ်နေဦးမယ်ဆိုရင်တော့ တွဲထားတဲ့ လက်ကလေးကို လွှတ်လိုက်ပါရစေဆိုတဲ့သဘော။             ရုတ်တရက်ကြည့်လိုက်ရင်တော့ ဘယ်လိုမူကြီးလဲလို့ထင်စရာပါ။ သေချာပြန်စဉ်းစားကြည့်မှ တက်မလား၊ ထွက်မလားဆိုတဲ့ Up or Out Policy ရဲ့ကောင်းကွက်တွေကိုသဘောပေါက်လာတယ်။ ရာထူး နောက်တစ်ဆင့် တက်ဖို့ဆိုတာက သူလိုကိုယ်လိုဘာသိဘာသာနေနေလို့တော့ ဖြစ်မှာမဟုတ်ဘူးပေါ့။ ကိုယ့် အဆင့်နဲ့ လျော်ညီတဲ့ တွေးခေါ်မြော်မြင်မှု၊ ကိုယ့်အဆင့်နဲ့လျော်ညီတဲ့ကြိုးစားအားထုတ်မှုတွေအပြင်

တက်မလား၊ ထွက်မလား – သိုက်စိုးထွန်း (နတ်ရွာ) Read More »

အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ဖို့ – Louie

နှစ်သစ် တစ်နှစ်ကို ရောက်တော့မယ်ဆိုရင် လာမည့် နှစ်သစ်ထဲမှာ ကိုယ့်အတွက် ဘယ်လို ကောင်းတာ တွေ လုပ်မယ်လို့ သန္နိဋ္ဌာန် ချထားတာ ရှိခဲ့လား။ ရှိတယ်ဆိုရင် ရော အခု ဆက်လုပ် ဖြစ်နေသေးလား။ စစ်တမ်း တစ်ခု အဆိုအရ နှစ်သစ် သန္နိဋ္ဌာန် ချထားခဲ့တဲ့ လူတွေထဲက တစ်ဝက် လောက် ဟာ မတ်လ ကုန်လောက်ဆိုရင် ဒီနှစ်ထဲမှာ လုပ်မယ်လို့ ပြောထား တာတွေ ဆက်မလုပ် ဖြစ်ကြတော့ပါဘူးတဲ့။ သိပ္ပံနည်းကျကျ နက်နက် ရှိုင်းရှိုင်း လေ့လာကြည့်တဲ့အခါ လူတစ်ယောက် ဟာ အလေ့အကျင့် တစ်ခုကို စလုပ်ဖြစ်တယ် ဆိုရင်တောင်မှ အလေ့အကျင့်တစ်ခုလို ပုံမှန် စွဲစွဲမြဲမြဲ လုပ်ဖြစ်ဖို့ လပေါင်း များစွာ ကြာတယ်လို့ ဆိုပါတယ်။   တစ်ခုခုကို

အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ဖို့ – Louie Read More »

နှစ် ၁၀၀ ကျော်မှ အသက်ဝင်လာတဲ့ Porsche ရဲ့ ရှေ့ပြေး အိုင်ဒီယာ – SAI SAI  

ဘီးထဲမှာ မော်တာပါတဲ့ ကား ဘီးထဲမှာ မော်တာဆိုတော့ ဘာတွေကောင်းလဲ အရင်တုန်းက စိတ်ကူးကောင်းပေမယ့် အခုမှ ခေတ်စားတော့မယ်။ ၁၉၀၀ ပြည့်နှစ် ပါရီ ကမ္ဘာ့ပြပွဲမှာ နာမည်ကြီး Porsche ကားကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ Ferdinand Porsche ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက တော်တော်ထူးဆန်းတဲ့ လျှပ်စစ်ကားတစ်စီးကို ပြခဲ့တယ်။ အဲဒီကားက သာမန်ကားတွေလို မော်တာအကြီးကြီး တစ်လုံးတည်း မဟုတ်ဘဲ ဘီးတစ်ခုစီထဲမှာ မော်တာလေးတွေ ထည့်ဆောက်ထားတာတဲ့။ အဲဒီတုန်းက လူတွေက ဒီအိုင်ဒီယာကို တော်တော်သဘောကျခဲ့ကြပေမယ့် လူကြိုက်တော့ မများခဲ့ဘူး။ ဘာလို့လဲဆိုတော့ သာမန်ကားအင်ဂျင်တွေက အရမ်းကြီးပြီး ရှုပ်ထွေးတော့ ဘီးထဲမှာ ထည့်ဖို့ အဆင်မပြေ ဘူးလေ။ ပြီးတော့ လျှပ်စစ်မော်တာတွေကလည်း အဲဒီအချိန်တုန်းက သိပ်ခေတ်မစားသေးဘူး။ ဒါကြောင့် ဘီးထဲမှာ မော်တာထည့်တဲ့ စနစ်က

နှစ် ၁၀၀ ကျော်မှ အသက်ဝင်လာတဲ့ Porsche ရဲ့ ရှေ့ပြေး အိုင်ဒီယာ – SAI SAI   Read More »

တရုတ်ပြည်ကနေ အက်ပဲလ် ထွက်ခွာသွားမှာလား – ဖြိုးဝင်းကိုကို

ဒီနေ့ အမေရိကန်နိုင်ငံမှာ iPhone 16 Pro Max လက်လီရောင်းစျေးက ဒေါ်လာ တစ်ထောင့် နှစ်ရာ ပတ်ဝန်းကျင် ရှိပါလိမ့်မည်။ သမ္မတ ထရမ့်၏ သွင်းကုန်အသစ် များ အသက်ဝင်လာမည့် အချိန် ရောက်လာ မည့်အခါ ထိုဖုန်း ကို သုံးစွဲသူများက ဒေါ်လာ နှစ်ထောင့်သုံးရာ နီးပါး ဖြင့် ဝယ်ရမည်ဖြစ်ပြီး အဆိုပါ ဖုန်းတစ်လုံး ကို အမေရိကန် နိုင်ငံတွင် အစ-အဆုံး ထုတ်လုပ်မည်ဆိုပါက ဒေါ်လာ သုံးထောင့် ငါးရာ ရောင်းစျေး ဖြစ်လာ နိုင်ခြေ ရှိမည်ဟု ဆန်းစစ်သူများက သုံးသပ်ကြသည်။ ကုန်သွယ်ရေး စစ်ပွဲကြောင့် ယခင်က ဘာသိဘာသာ နေခဲ့သော ကိစ္စတစ်ရပ်သည် ယခုအခါ အမေရိကန် ကုန်ပစ္စည်းများ၊ ကုန်အမှတ်တံဆိပ်များ၏ ထောက်ပံ့ရေး

တရုတ်ပြည်ကနေ အက်ပဲလ် ထွက်ခွာသွားမှာလား – ဖြိုးဝင်းကိုကို Read More »

အစ္စရေး-ပါလက်စတိုင်းထောင်ချောက် ထွက်ပေါက်ရှိသလား – ဒေါက်တာ အောင်ကြီး

ယူဗဲလ်နိုအာဟရားရီ (သမိုင်းဆရာ၊ ဒဿနဆရာ၊ စာရေးဆရာ)။ မတ် ၁၅။ ၂၀၂၄ဘာသာပြန်သူ။ ဒေါက်တာအောင်ကြီး အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို မီးထိုးပေးနေတဲ့ လက်သည်က မိမိတို့မျိုးပြုန်းမယ့် အရေး နှစ်ဖက်စလုံးက အပြန်အလှန်ကြောက် လန့်နေကြခြင်းပဲဖြစ်ပါတယ်။ ဟိုဘက်က လူတွေက ငါတို့ကိုသတ်ပစ်မှာ၊ နှင်ထုတ်ပစ်မှာ၊ ငါတို့ရဲ့အမျိုးဇာတိတည်ရှိမှုကိုအဆုံး သတ်ပစ်မှာ … ဒါကိုနှစ်ဖက်စလုံးကကြောက်နေကြတာ။ ဒါတွေက သူတစ်ထူး အပေါ် ယုံမှား သံသယ လွန်ကဲမှု ကနေထွက်ပေါ်လာတဲ့ အခြေအမြစ် မရှိတဲ့ အကြောက်တရားတွေ မဟုတ်ဘူး။ လတ်လတ်ဆတ်ဆတ် ဖြစ်ပွားခဲ့တဲ့သမိုင်းကြောင်းတွေ၊ တစ်ဖက် ရန်သူရဲ့ ရည်မှန်းချက်ကို စေ့စေ့စပ်စပ် အကဲဖြတ် ရာကနေ ပေါ်ထွက်လာတဲ့ ကြောင်းကျိုး ဆီလျော်တဲ့ အကြောက်တရား တွေဖြစ်ပါတယ်။ ခေတ်သစ် ပါလက်စတိုင်း ဇာတိရုပ် အခြေစတည်ခဲ့တဲ့ဖြစ်ရပ်က ပါလက်စတိုင်း တွေက နက်ခ်ဘာ

အစ္စရေး-ပါလက်စတိုင်းထောင်ချောက် ထွက်ပေါက်ရှိသလား – ဒေါက်တာ အောင်ကြီး Read More »

မြို့တော်ဝန်သစ် ဒူတာတေး – မောင်ကိုကြီး

ဖိလစ်ပိုင်နိုင်ငံမှ ကီလိုမီတာ တစ်သောင်းတစ်ထောင် အကွာအဝေးတွင်ရှိသည့် သည် ဟိဂ်မြို့ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) ၏ ထိန်းသိမ်းထားခြင်း ခံနေရသော ဖိလစ်ပိုင် သမ္မတဟောင်း ရော်ဒရီဂို ဒူတာတေးသည် သူ၏ဇာတိမြို့၌  မြို့တော်ဝန်ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲ ရလဒ်များအရ သိရှိရသည်။ ဒါဗိုး (Davao) မြို့တော်ဝန်ရွေးကောက်ပွဲ ဘုတ်အဖွဲ့က မေလ ၁၂ ရက်နေ့တွင် ကျင်းပသည့် မြို့တော်ဝန် ရွေးကောက်ပွဲ၌ ဒူတာတေးသည် သူ၏ အနီးဆုံး ပြိုင်ဘက် ကာလို နိုဂရာလီထက် မဲအရေအတွက် ရှစ်ဆကျော် (စုစုပေါင်းမဲ ၆၆၀,၀၀၀) အသာဖြင့် အနိုင်ရရှိသွားကြောင်း ကြေညာသွားခဲ့ပါသည်။ ရွေးကောက်ပွဲရလဒ် ကြေညာ သောအခါ ပျော်ရွှင် မြူးထူးနေကြသော ဒူတာတေး ထောက်ခံသူများက ‘ဒူတာတေး

မြို့တော်ဝန်သစ် ဒူတာတေး – မောင်ကိုကြီး Read More »

လက်မောင်းကြွက်သား ညှစ်ပြကြခြင်း နဲ့ နယ်စပ်ပြဿနာ – CWM

(၁) ပြီးခဲ့တဲ့ မေလ ၇ ရက်ကနေ ၁၁ ရက်နေ့အထိ အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံကြား လေးရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့တယ်။ နှစ်နိုင်ငံစလုံး နျူကလီးယားလက်နက်ပိုင်ဆိုင်ကြတာမို့ ကမ္ဘာက စိုးရိမ်တကြီး စောင့်ကြည့်ခဲ့တယ်။ ဖြစ်ရတဲ့ အကြောင်းက သမိုင်းနဲ့ချီ ရှည်ကြာပြီဖြစ်တဲ့ ကက်ရှ်မီးယား ဒေသ ပိုင်ဆိုင် မှုနဲ့ ပါကစ္စတန်အကြမ်းဖက်သမားတွေ အိန္ဒိယပိုင် ကက်ရှ်မီးယားထဲ ဝင်ရောက်ပြီး ဟိန္ဒူလူမျိုး ၂၅ ဦး ကို သတ်ဖြတ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။ မေလ ၇ ရက်မှာ အိန္ဒိယက ဆင်ဒူး စစ်ဆင်ရေး ခေါင်းစဉ်နဲ့ ပါကစ္စတန်နယ်စပ်က အကြမ်းဖက်သမားပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြတော့ ပါကစ္စတန်ဘက်ခြမ်းမှာ အကြမ်းဖက် အဖွဲ့ စခန်းတွေ၊ ဗလီတွေ၊ စာသင်ကျောင်းတွေ ထိမှန်ခဲ့သလို ပါကစ္စတန်လေတပ်က

လက်မောင်းကြွက်သား ညှစ်ပြကြခြင်း နဲ့ နယ်စပ်ပြဿနာ – CWM Read More »

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ နယ်မြေချဲ့ထွင်နေမှု ပြဿနာ – ဇင်လင်း

မကြာသေးမီ ရက်ပိုင်း (မေလ ၂၂ ရက် ၂၀၂၅) တွင် ဘေဂျင်းနှင့် မနီလာတို့အကြား ‘Sandy Cay’ ဆိုသည့် သန္တာ ကျွန်းငယ် ကလေးနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် အငြင်းပွားမှု ပေါ်ပေါက်ခဲ့သည်။ ဤပြဿနာအတွင်း ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုပင် ဖြစ်ခဲ့သည်။ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောက ဖိလစ်ပိုင်သင်္ဘော နှစ်စင်း ကို  ပြင်းထန်သော ရေအမြောက် ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ “ဆူဘီ” သန္တာကျွန်း ရေပြင်အတွင်းသို့ ဖိလစ်ပိုင် သင်္ဘောများက ကျူးကျော်ဝင်ရောက်လာသဖြင့် ရေအမြောက် ဖြင့် ပစ်ခတ် ဟန့်တားခဲ့ရသည်ဟု တရုတ်ကမ်းခြေစောင့်တပ် ၏ကြေညာချက်တွင် ဖော်ပြသည်။ ဖိလစ်ပိုင် ဘက်က လည်း ပင်လယ်ပြင် ဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင်ရွက်နေသော ဖိလစ်ပိုင်သင်္ဘော နှစ်စင်း ကို

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ နယ်မြေချဲ့ထွင်နေမှု ပြဿနာ – ဇင်လင်း Read More »