ပျော်ပါတယ် ရေနီမြောင်း – KIDD
၇.၇ ရစ်ချတာစကေး ငလျင် သို့မဟုတ် မိုင် ၃၀၀၀ ကျော်ရှည်သည့် နဂါးကြီးမှာ မန္တလေး ရေနီမြောင်းကို လက်မှိုင်ချရသည်။ ၁၉၀၂ ခုနှစ်မှ စတင်စီးဆင်းနေသည့် ရေနီမြောင်းမှာ အစီးမပျက်၊ မြောင်းဘေး နံရံ အုတ်လေး တချပ်ပင် ပဲ့သွားခြင်းမရှိသလို နောက်ကျိ ညစ်ပတ်နံစော်နေသည့် ရေကွာလတီလည်း ပြောင်းလဲသွားခြင်း မရှိပါ။ ဆည်တော်ကြီးမှ ရေများကို လယ်ကွင်းများအတွင်းသို့ ပေးပို့ရန် အင်္ဂလိပ် အစိုးရလက်ထက် တွင် ဖောက်လုပ်ခဲ့သည့် ရေနီမြောင်းသည် သာယာလှပ သန့်ရှင်းစွာ ၁၉၈၈ ခုနှစ် မတိုင်မီအထိ စီးဆင်းခဲ့သည်ဟု ဆိုပါသည်။ ဆူးနှင့် ဩဘာရေးဖွဲ့ပြီး လွှမ်းမိုးသီဆိုသော “သတိတရ နန်းတော်ရှေ့” သီချင်းမှာ “ရေနီမြောင်း အချစ်အကြောင်းတို့ဖွဲ့ရာမြေ” ဟု ရန်ကုန်တက္ကသိုလ် ပုဂံလမ်းနှင့် နှိုင်းယှဉ်ပြသွားသည်။ ဂျူး […]
ပျော်ပါတယ် ရေနီမြောင်း – KIDD Read More »
