The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၅)

မစ္စတာ ပူတင် ဘာလိုချင်… KIDD

မေလ (၉) ရက်နေ့တွင် နာဇီဂျာမဏီကို အနိုင်ရသည့် အထိမ်းအမှတ် အောင်ပွဲကို ရင်ပြင်နီတွင် သမ္မတ ပူတင် ကျင်းပသည်။ ရုရှား၏ ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ်များ တက်ရောက် ဆင်နွှဲလေ့ရှိ သော အခမ်းအနား ဖြစ်၏။ ယခုအခါ သမယတွင် ပူတင် ပစ်မှတ်ထားသည်က ယူကရိန်းအစိုးရသည် နာဇီလက် သစ် အစိုးရဟု ရက်ရက်စက်စက် စွပ်စွဲရန် ဖြစ်လေသည်။ အနောက်နိုင်ငံများကို ရုရှား တူးတူးခါးခါးဆန့် ကျင်ရခြင်းအကြောင်းရင်းကို ပြသခြင်း ဖြစ်သည်။ ဥရောပ နိုင်ငံများ အားလုံးအတွက် စိုးရိမ်ပူပန်ဖွယ် ဖြစ်ပါသည်။         ယူကရိန်းတွင် သေဆုံးမှုများ မြင့်တက်လာနေချိန်တွင် ရုရှားနိုင်ငံ၏ ဆုံးရှုံးရမှုများအတွက် တရားမျှတ ကြောင်း ပြသရန် အထိ […]

မစ္စတာ ပူတင် ဘာလိုချင်… KIDD Read More »

ထရမ့်ရဲ့ စော်ကားမှုနှင့် ကနေဒါ၏ အမျိုးသားရေးဝိညာဉ် – ရဲရင့်လင်းလက်

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီက ဟော်ကီကွင်းမှာ အနီရောင်ရေခဲ ဟော်ကီအားကစားဝတ်စုံ ဝတ်ပြီး ရပ်နေပါတယ်။ ဒီအားကစား ဝတ်စုံရဲ့ ရင်ဘတ်မှာ အဖြူရောင် မေပယ်ရွက်က ထင်းထင်းကြီး ပေါ်လွင်နေပါတယ်။ (မေပယ်ရွက်ဟာ ကနေဒါ နိုင်ငံရဲ့ အမျိုးသား ရေး သင်္ကေတပါ) ကနေဒါ ဝန်ကြီးချုပ်ကို ကနေဒါ နိုင်ငံသား ဟာသ သရုပ်ဆောင် မိုက်မေယာ (Mike Myers) က ကနေဒါနိုင်ငံသား ဘယ်လောက် စစ်မစစ် မေးခွန်း တိုလေးတွေမေးပြီး စမ်းသပ် နေတာပါ။ မိုက်မေယာဟာ အမေရိ ကန်နိုင်ငံမှာ နေထိုင်နေတာပါ။ ကနေဒါနိုင်ငံသားတွေသာ သိနိုင်တဲ့ ရုပ်မြင်သံကြား က လူသိများ ထင်ရှားတဲ့ အချက်လေးတွေ ဘယ်လောက် သိသလဲဆိုတာကို စမ်းသပ်မေးမြန်းတာပါ။ (ရွေးကောက်ပွဲ ကာလ နိုင်ငံ‌ရေး လှုံ့ဆော်မှု

ထရမ့်ရဲ့ စော်ကားမှုနှင့် ကနေဒါ၏ အမျိုးသားရေးဝိညာဉ် – ရဲရင့်လင်းလက် Read More »

တရုတ် – ထိုင်ဝမ် နောက်ဆက်တွဲ အခြေအနေများ – မောင်လူထွန်း

တစ်ခါတလေမှာတော့ တရုတ်ရဲ့ ထိုင်ဝမ် ကို မကြာခဏ “ဟင်း ငါနော် သိမ်းပစ်လိုက်ရ ဘာအောက်မေ့ နေလဲ” လို့ဆိုတဲ့ ခြိမ်းခြောက်နေသံက အောင့်သက်သက် ပြက်လုံး တစ်ခုလိုပါပဲ။ ၁၉၄၉ ခုနှစ်တုန်းက အရေးနိမ့်ခဲ့တဲ့ မျိုးချစ် အစိုးရတပ်က တရုတ်ပြည်မကြီးကနေ သိမ်းယူလာတဲ့ ရှေးဟောင်း ရတနာတွေ ပြသထားတဲ့ တိုင်ပေက အမျိုးသား နန်းတော် ပြတိုက်မှာ ပြတိုက်မှူးက လာကြည့်တဲ့သူတွေကို “ဒီကျွန်း တစ်ခုလုံးပေါ်မှာ ဒီနေရာက အလုံခြုံဆုံး နေရာ တစ်ခုပဲ” လို့ ပြောပြနေပါတယ်။ တစ်ယောက်က “တရုတ် ပြည်မကြီးဘက်က ဒီရတနာတွေကို အသည်းအသန် ပြန်လိုချင်နေတာမို့လို့ ဒီအဆောက်အုံကို ဘယ်တော့မှ ဗုံးကြဲမှာ မဟုတ်ဘူး” လို့ ခပ်တိုးတိုး ပြောပါတယ်။                ဒီဟာသဟာ တကယ်တော့

တရုတ် – ထိုင်ဝမ် နောက်ဆက်တွဲ အခြေအနေများ – မောင်လူထွန်း Read More »

စင်္ကာပူ ရွေးကောက်ပွဲကို သုံးသပ်ခြင်း – မောင်လူထွန်း

လောရင့်ဝေါင်း အနေနဲ့ သူဝန်ကြီးချုပ် တာဝန်ယူပြီးနောက်ပိုင်း ပထမဦးဆုံး ကြုံခဲ့ရတဲ့ စင်္ကာပူ အထွေထွေ ရွေးကောက်ပွဲကြီးမှာ ဒီလိုမျိုး ကြီးကြီးမားမား အနိုင်ရခဲ့မယ်လို့ မျှော်လင့်ထားမယ် မထင်ပါဘူး။ မြို့ပြတိုင်းပြည်ငယ်လေးကို ၁၉၆၅ ခုနှစ် ကတည်းက အုပ်ချုပ်လာခဲ့တဲ့ ပြည်သူ့ လှုပ်ရှားမှု ပါတီ (ပီအေပီ) ဟာ လူကြိုက်များမဲ အရေအတွက် များများ ရရှိနိုင်မှုနဲ့ သူတို့ပါတီရဲ့ ခေါင်းဆောင်ကို တိုင်းတာပါတယ်။ နောက်ဆုံး ခေါင်းဆောင် နှစ်ဦး သူတို့ တာဝန်ယူပြီး နောက်ပိုင်း ကြုံခဲ့ရတဲ့ ရွေးကောက်ပွဲများမှာ ၂% နဲ့ ၉% အသီးသီး ထိုးကျသွားလို့ နောက်တက်လာမဲ့ ခေါင်းဆောင် အသစ် အလှည့်ကျရင် ဒီထက် ထောက်ခံမှု တော်တော်များများ လျော့ကျသွားနိုင် လိမ့်မယ်လို့ စောင့်ကြည့်သူများက ခန့်မှန်းထားခဲ့ကြပါတယ်။

စင်္ကာပူ ရွေးကောက်ပွဲကို သုံးသပ်ခြင်း – မောင်လူထွန်း Read More »

အိန္ဒိယ ပါကစ္စတန် လေးရက်စစ်ပွဲ ၏ ထူးခြားမှုများ – တင်စိန် (ပထဝီဝင်)

မေလ ၁ဝ ရက်နေ့က အပစ်အခတ်ရပ်စဲခဲ့တဲ့  အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံစစ်ပွဲမှာ ထူးခြားတဲ့ လက္ခဏာ တွေကို တွေ့ရတယ်။ နားထောင်ရတဲ့သတင်းတွေနဲ့ ဖတ်ရတဲ့သတင်းတွေက ကောက်နုတ်ပြီး တင်ပြလိုပါတယ်။ ပထမဆုံးအချက်ကတော့ ဒီစစ်ပွဲမှာ အိန္ဒိယနိုင်ငံရဲ့  ပြည်တွင်းဖြစ် အစွမ်းထက် လက်နက် တချို့ကို ထုတ်သုံး ပြလိုက်တာပါ။ အဲဒီလက်နက်တွေထဲမှာ ဘရာမော့စ် ဒုံးကျည် ပါတယ်။         အိန္ဒိယနိုင်ငံက ဗြဟ္မပုတ္တရမြစ်ကြီး (Brahmaputra) ရဲ့ နာမည်နဲ့ ရုရှားနိုင်ငံက မော်စကိုဗာ မြစ်ကြီး (Moskva) နှစ်စင်းတို့ရဲ့ နာမည်ကို တွဲယူပြီး( Bramos) လို့ ဂုဏ်ပြု ခေါ်ဝေါ်ထားတဲ့ လက်နက် နာမည် ဖြစ်ပါတယ်။ ဒီလက်နက်ဟာ ခရုစ် ဒုံးကျည် အမျိုးအစား ဖြစ်ပြီးအမြန်နှုန်း

အိန္ဒိယ ပါကစ္စတန် လေးရက်စစ်ပွဲ ၏ ထူးခြားမှုများ – တင်စိန် (ပထဝီဝင်) Read More »

ကက်ရှ်မီးယားမှာမွှေးခဲ့တဲ့  အိန္ဒိယ-ပါကစ္စတန် စစ်မီး – တင်စိန် (ပထဝီဝင်)

ဖဟဲလ်ဂမ် ဒေသက အယ်လ်ပိုင်း မြက်ခင်းတွေနဲ့ ပိုင်း ထင်းရှူး တောတွေဟာ အိန္ဒိယနိုင်ငံ ရဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယား ဒေသကို ခရီးသွား ဧည့်သည်တွေ လာရောက်လည်ပတ်ဖို့ ဆွဲဆောင်ခဲ့တာ ကာလ အတန် ကြာပြီ ဖြစ်ပါတယ်။ ခရီးသွားတွေ ကတော့ အဲဒီဒေသကလေးကို ဆွစ်ဇာလန်နိုင်ငံ အငယ် စားကလေး (mini–Switzerland) လို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ အဲဒီဒေသမှာ စစ်သွေးကြွတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို အိန္ဒိယ အစိုးရက ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် နှိမ်နင်းလိုက် ပြီးမို့ အဲဒီလို တိုက်ခိုက်မှုတွေ လျော့နည်းခဲ့ပြီလို့ တွက်ဆ ထားခဲ့ကြတယ်။ ဒါပေမဲ့ ယခုနှစ် ဧပြီလ ၂၂ ရက် နေ့မှာ တော့ ဖဟဲလ်ဂမ်မှာ အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေက

ကက်ရှ်မီးယားမှာမွှေးခဲ့တဲ့  အိန္ဒိယ-ပါကစ္စတန် စစ်မီး – တင်စိန် (ပထဝီဝင်) Read More »

တရားအားမထုတ်တော့သည့် အိန္ဒိယ – KIDD

သမ္မတ ဒေါ်နယ်ထရမ့်၏ သွင်းကုန်ခွန် အပြန်အလှန် တိုးမြှင့်ခြင်းတွင် အိန္ဒိယအား သွင်းကုန်ခွန် လျှော့ချပေးသည်။ အတုံ့အပြန်သဘောဖြင့် တရုတ်နိုင်ငံအား နိုင်ငံတကာ စီးပွားရေးမှ “ပ”ထုတ်ထားရန် အခြားနိုင်ငံများအား တွန်းအားပေးမည့် အမေရိကန်၏ ဗျူဟာ တစ်စိတ်တစ်ပိုင်း အဖြစ် ဒု-သမ္မတ ဂျေဒီဗန့်စ် သည် ဧပြီလ ၂၁ ရက်နေ့တွင် ဒေလီသို့ ဆိုက်ရောက်လာသည်။ အိန္ဒိယအပေါ် ၂၆% စည်းကြပ်မှု ပါဝင်သည့် ယင်း သွင်းကုန်ခွန်များမှာ နိုင်ငံ အများစု အပေါ် ဇူလိုင်လ ၈ ရက်နေ့အထိ ၁၀% တွင် တန့်နေသည်။ အိန္ဒိယ အစိုးရမှာ အမေရိကန်၊ EU အပြင် အခြား နိုင်ငံများနှင့် စီးပွားရေး လုပ်ငန်းများ အပြေး အလွှား လုပ်ရ တော့သည်။

တရားအားမထုတ်တော့သည့် အိန္ဒိယ – KIDD Read More »

ဆန်စဥ်ရာ ကျည်ပွေ့လိုက်သော ထရမ့် နိုင်ငံခြားရေးမူဝါဒ – ကိုဝ

ဒုတိယ သမ္မတသက်တမ်းအတွက် တာဝန်ယူပြီးချိန်ကစပြီး ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒ၊ ဆောင်ရွက်ချက် တွေက နားမလည် နိုင်စရာ ဖြစ်လာပါတယ်။ တချို့ကလည်း ဒေါ်နယ်ထရမ့်ဟာ စိတ်ကူးပေါက်ရာလုပ်နေတယ်၊ ဘာမူဝါဒမှ မရှိဘူးအထိ အဆိုးမြင်ကြတာလည်း ရှိပါတယ်။ ဒီနေရာမှာ ထရမ့်ရဲ့ နိုင်ငံခြားရေး မူဝါဒကြောင်း ပြောလိုပါတယ်။ ဂျာမန် သတင်း ဌာန DW ရဲ့ နိုင်ငံတကာအယ်ဒီတာ ရစ်ချတ် ဝေါ့ကာ (Richard Walker) ရဲ့ တင်ပြချက်အပေါ် အခြေခံဆွေးနွေးမှာပါ။ ရစ်ချတ်ဝေါ့ကားက ဒေါ်နယ် ထရမ့်ဟာ အချက်သုံးချက်အပေါ် အခြေခံပြီး သူ့ရဲ့နိုင်ငံခြားရေးမူဝါဒကို အကောင်အထည် ဖော်နေတယ်လို့ ရှုမြင်ပါတယ်။ပထမတစ်ချက်က အင်အားအခြေခံ လက်တွေ့မူဝါဒ (Realism) ပါ။ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ရေးဆိုတဲ့ စံတန်ဖိုးတွေထက် ”စစ်ရေးအင်အား၊ စီးပွားရေးအင်အား” စတဲ့

ဆန်စဥ်ရာ ကျည်ပွေ့လိုက်သော ထရမ့် နိုင်ငံခြားရေးမူဝါဒ – ကိုဝ Read More »

အိန္ဒိယ-ပါကစ္စတန် လေးရက်စစ်ပွဲ ဘယ်သူအနိုင်ရသလဲ – CWM

အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ စစ်ဖြစ်ကြ ပြီဆိုတဲ့သတင်းက သက်ကြီးပိုင်း အရွယ်တွေအတွက် သိပ်ထူးဆန်း လှ တယ် မဆိုနိုင်ပေမယ့် ဒီဘက်ခေတ် မျိုး ဆက်သစ် လူငယ်တွေ အတွက်တော့ အဆန်း တကြယ် ဖြစ်နိုင်ပါတယ်။ တစ်နိုင်ငံနဲ့ တနိုင်ငံ စစ်ဖြစ် ကြတယ် ဆိုတာ ဖြစ်ခေါင့် ဖြစ်ခဲမဟုတ်လား။ ယူကရိန်း စစ်ပွဲ၊ ဂါဇာစစ်ပွဲတို့က on going စစ်ပွဲတွေဖြစ်ပြီး စစ်လည်း တာရှည် နေပြီ။         လူကြီးပိုင်းတွေအဖို့တော့ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲက ဟိုးအရင် တုန်းကလည်း ဖြစ်ခဲ့ဖူးတာမို့ သိပ်ဆန်း တယ်လို့ မဆိုနိုင်ဘူး။ အထူးသဖြင့် သမိုင်းကြောင်းတစ်လျှောက် အိန္ဒိယ နဲ့ ပါကစ္စတန်ဟာ ဗြိတိသျှဆီက လွတ်လပ်ရေး

အိန္ဒိယ-ပါကစ္စတန် လေးရက်စစ်ပွဲ ဘယ်သူအနိုင်ရသလဲ – CWM Read More »

ပြင်သစ်သမ္မတ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် မာရိန်းလီပင်းနဲ့ အတားအဆီး များ – ရဲခေါင်မင်းလတ်

(နောက်ခံ အခင်းအကျင်း : အသက် ၅၇ နှစ်အရွယ် မာရီယွန် အန်းန် ပါရင်း “မာရိန်’” လီပင်း ဟာ ပြင်သစ် ရှေ့နေ တစ်ဦးဖြစ်ပြီး ပြင်သစ် လက်ယျာစွန်း ပါတီ တစ်ခုဖြစ်တဲ့ အမျိုးသားမဟာမိတ် National Rally (RN) ပါတီ ရဲ့ ပါတီဝင် နိုင်ငံရေးသမား တစ်ဦး ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပါတီ အထွေထွေ ညီလာခံမှာ ပါတီ ခေါင်းဆောင် ဖြစ်လာပါတယ်။ အဲဒီ နှစ်မှာပဲ ပြင်သစ် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ရာ ပထမ အကြိမ် မဲရလာဒ်အရ လက်ရှိသမ္မတ အီမန်နျူရယ် မာခရွန်က ပထမ၊ လီပင်း က ဒုတိယ

ပြင်သစ်သမ္မတ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် မာရိန်းလီပင်းနဲ့ အတားအဆီး များ – ရဲခေါင်မင်းလတ် Read More »