The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၅)

နန်းဆန်လိုက်တဲ့အားကစား – ဏေသွေးအိမ်

ကမ္ဘာပေါ်မှာ အားကစားနည်းပေါင်းများစွာရှိတဲ့အထဲက အားကစားနည်း တချို့ကို လေ့လာ ကြည့်ကြပါစို့။ လူကြိုက် အများဆုံးဖြစ်တဲ့ ဘောလုံးအားကစားနည်းမှာဆိုရင် တစ်ဖက် ဆယ့် တစ်ယောက်စီ စုဖွဲ့ပြီး နှစ်သင်း ယှဉ်ပြိုင် ကစားရတာ အားလုံးအသိ။ ကိုယ့်အသင်း ဂိုးပေါက်ထဲ ဘောလုံးမဝင်နိုင်အောင် တစ်ဖက်အသင်း ဂိုးပေါက်ထဲဘောလုံးဝင်အောင် မိနစ်ကိုးဆယ်ယှဉ်ပြိုင်။ ဂိုးသွင်းနိုင်ခြင်းနဲ့ ဂိုးဝင်ခံ ရခြင်းဟာ အရှုံးနဲ့အနိုင်ပဲ။ ဒီအတွက် ကစားကွက် ဗျူဟာ၊ ငွေကြေး ဗျူဟာတွေကို အများကြီးစိုက် ထုတ်ထားကြရတယ် လို့ပဲ အကျဉ်းဆို ကြပါစို့။ ဒါကြောင့်လည်း နေရာဒေသ အသီးသီးက လူသန်းပေါင်းများစွာဟာ သူတို့ကစားပွဲတွေကို တကူးတကနဲ့ စောင့်ကြည့် နေကြတယ်။ သို့သော်လည်း ဘောလုံးယဉ်ကျေးမှုဟာ ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ဘူး။ မျက်လုံး ပေါင်းများစွာရဲ့ ရှေ့မှောက်မှာ အသင်းနိုင်ပွဲရဖို့ အတွက် စည်းကမ်း […]

နန်းဆန်လိုက်တဲ့အားကစား – ဏေသွေးအိမ် Read More »

စက်ရုပ်နဲ့ပြိုင် ဘယ်သူနိုင် – နောင်နောင်စိုးသိမ်း

စက်ရုပ်တစ်ရုပ်က ကျွန်တော့်လက်ရှိအလုပ်ကို ဝင်လုသွားပါပြီ။ ကျွန်တော်လုပ်နိုင်တာ ဘာရှိသေးလဲ။ ဒါကတော့ “သတင်းကောင်း၊ သတင်းဆိုး” ဟာသနဲ့ တူပါတယ်။ “သတင်းကောင်းရှိတယ်” ခင်ဗျားရဲ့ ဘော့စ်က ပြောတယ်။ “အမြတ်တွေ တိုးလာပြီ” “အဲဒီတော့ သတင်းဆိုးက ဘာလဲ” “ဒါက HAL 2.0 လို့ ခေါ်တယ်။ မင်းနေရာမှာ အစားထိုးဖို့”။ (HAL ဆိုတာ သိပ္ပံဝတ္ထုစာရေးဆရာ အာသာစီကလပ် နဲ့ ဒါရိုက်တာ စတန်လေကူးဘရစ်တို့ရဲ့ ၂၀၀၁ အာကာသခရီးရှည် ရုပ်ရှင်ထဲက ဉာဏ်ရည်တု ကွန်ပျူတာကြီးရဲ့ နာမည်ပါ။ ဘာသာပြန်သူ။) ဒီအဖြစ်မျိုးကို အတွေးခေါင်လွန်းတယ်လို့ ခင်‌ဗျားက စဉ်းစားကောင်း စဉ်းစားမယ်။ မဟုတ်ပါဘူး။ ဉာဏ်ရည်တုနဲ့ စက်ရုပ်နည်းပညာ တိုးတက်လာတာနဲ့အမျှ အလိုအလျောက် လုပ်လို့ရတဲ့ အလုပ်တွေ ပိုပိုပြီး များလာမယ်။ အဲဒီကနေ

စက်ရုပ်နဲ့ပြိုင် ဘယ်သူနိုင် – နောင်နောင်စိုးသိမ်း Read More »

ရှုံးနိမ့်ခြင်း – ထိုက်

ရှုံးနိမ့်မှုကို ကြောက်ပါသလား။            ရှုံးနိမ့်မှုကို ကြောက်ရွံ့ခြင်းရဲ့ လွှမ်းမိုးမှုကို ခံနေရသလား။ ဒါမှမဟုတ် အောင်မြင်မှုရဖို့ တွန်းအားတစ်ခုရဲ့ လွှမ်းမိုးမှုကို ခံနေရသလား။            ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ဖူးလား။ ရှုံးနိမ့်မှုကနေ ဘယ်လို သင်ခန်းစာ ရရှိခဲ့သလဲ။ ရှုံးနိမ့်မှုက ရတဲ့ သင်ခန်းစာနဲ့ အောင်မြင်မှုက ရတဲ့ သင်ခန်းစာ ဘာကွာခြားမှုရှိသလဲ။            လူ့ဘ၀မှာ အောင်မြင်ချင်ကြလား၊ ရှုံးနိမ့်ချင်ကြလားလို့ စစ်တမ်းကောက်ကြည့်ရင် ရှုံးနိမ့် ချင်ပါတယ်လို့ ဖြေမယ့်သူ မရှိသလောက် နည်းမှာပါ။ တကယ်တော့ ရှုံးနိမ့်မှုဆိုတာ ပုဂ္ဂိုလ်ရေး (မိမိ ကိုယ်တိုင်) နဲ့ ပရော်ဖက်ရှင်နယ်

ရှုံးနိမ့်ခြင်း – ထိုက် Read More »

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော လော်ဝေါ်တိုင်းရင်းသားတို့၏ ရိုးရာ သစ်ခွချည်လုပ်ငန်း – တင်လတ်ယု (ယဉ်ကျေးမှု)

လော်ဝေါ်တိုင်းရင်းသား မိတ်ဆက် လော်ဝေါ် တိုင်းရင်းသားတို့သည် ကချင်မျိုးနွယ်စု ခြောက် မျိုးတွင် ပါဝင်ပြီး တိဘက် – မြန်မာ ဘာသာ စကား အုပ်စုဝင်များ ဖြစ်ကြပါသည်။ ၎င်းတို့ကို “မရူ” လူမျိုးဟုလည်း ခေါ်ကြပါသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့နယ်၊ လော်ခေါင်း(lhao khaung:)နယ်၊ ဆော့လော်မြို့နယ်၊ ထောလန်နယ်၊ ဆဒုံး မြို့နယ်များတွင် အများဆုံး နေထိုင်ကြသော တောင်ပေါ်သား များဖြစ်ကြသည်။ “လော်” ဆိုသည်မှာ မြောက်အရပ်၊ “ဝေါ်”ဆိုသည်မှာ ဧရာမအုပ်စု ဟုအဓိပ္ပာယ်ရသည်။ အဓိပ္ပာယ်အပြည့်အစုံမှာ မြောက်ဘက် အရပ်မှ ဧရာမလူအုပ်ကြီးဟု အဓိပ္ပါယ်ရပါသည်။ လော်ဝေါ် လူမျိုး တို့သည် ရှေးက နတ်ကိုးကွယ်ယုံကြည်သူများ ဖြစ်ကြပြီး နောက်ပိုင်းတွင် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြပါသည်။ မိရိုးဖလာ

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော လော်ဝေါ်တိုင်းရင်းသားတို့၏ ရိုးရာ သစ်ခွချည်လုပ်ငန်း – တင်လတ်ယု (ယဉ်ကျေးမှု) Read More »

ဘယ်သူ့စာအုပ် ဖတ်မလဲ – Louie

မကြာခင်က သူဌေးကြီး ဘီလ်ဂိတ်စ် နဲ့ သူ့ဇနီးဟောင်း မလင်ဒါ ဖရန့်ချ် ဂိတ်စ် တို့ က စာအုပ်တစ်အုပ်စီ ရေးသား ထုတ်ဝေခဲ့ပါတယ်။ ခင်ဗျား ဆိုရင် ဘယ်သူ့စာအုပ်ကို ဖတ်မလဲ။ – ဘီလ်ဂိတ်စ် ရေး စာအုပ်အမည် Source code: My beginnings စာမျက်နှာပေါင်း ၃၃၆ ပါဝင် ရောင်းစျေး ဒေါ်လာ ၃၀ – မလင်ဒါ ဖရန့်ချ် ဂိတ်စ် ရေး စာအုပ်အမည် The Next Day: Transitions, Change and Moving Forward စာမျက်နှာပေါင်း ၁၇၆ ပါဝင် ရောင်းစျေး ၂၅.၉၉ ဒေါ်လာ        

ဘယ်သူ့စာအုပ် ဖတ်မလဲ – Louie Read More »

Beatles သို့မဟုတ် နှစ်ပေါင်းများစွာတိုင်အောင် မမှေးမှိန်နိုင်တဲ့ ဂီတအမွေအနှစ် ယောဇက် ( အာခါ-လားဟူ)

ဂီတချစ်သူတို့ရေ….. ဘီတဲလ်စ်အကြောင်း နည်းနည်းလောက် ပြောကြရအောင်။ ဘီတဲလ်စ် အကြောင်းဆို ဂီတချစ်သူတွေ မသိသူ မရှိသလောက် ရှားပါတယ်။ ဒါပေမယ့် တစ်ခြား သိစရာ ဘာတွေ ကျန်သေးလဲ။            အင်္ဂလိပ်လူမျိုး အတွေးအခေါ်ပညာရှင်နဲ့ စာရေးဆရာ ဘရိုင်ယန် မာဂီဆိုတဲ့လူက ၁၉၆၇ ခုနှစ်မှာ ပြောခဲ့တာလေးတစ်ခုရှိတယ်။ သူကပြောတာက အသက် ၄၀ လောက်ရှိပြီဖြစ်တဲ့ ဂျော့ခ်ျ ဂါးရွှင်တို့၊ ကိုးလ် ပေါ်တာတို့၊ ဂျရုမ်း ကာန်တို့လို လူတွေရဲ့ သီချင်းတွေဟာ အဲ့ဒီအချိန်အထိ လူကြိုက်များနေတုန်း ပဲတဲ့။ အဲ့ဒီတုန်းက အသံနေအသံထားထက် စည်းချက်နဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ အသံပေါင်းစပ်မှု အသစ်တွေ ကို ပိုပြီး အာရုံစိုက်လာတဲ့ခေတ်လေ။ အဲ့ဒါကြောင့် သူက

Beatles သို့မဟုတ် နှစ်ပေါင်းများစွာတိုင်အောင် မမှေးမှိန်နိုင်တဲ့ ဂီတအမွေအနှစ် ယောဇက် ( အာခါ-လားဟူ) Read More »

အမေရိကန် သွင်းကုန်ခွန် အသစ်နဲ့ မြန်မာ ပို့ကုန်များ – မောင်လူထွန်း

အမေရိကန် သမ္မတသစ် ဒေါ်နယ် ထရမ့်က သူသမ္မတ မဲဆွယ်ပွဲတွေတုန်း ကတည်းက ကြုံးဝါးနေတဲ့ အမေရိကန် နိုင်ငံကို ပစ္စည်းတွေ တင်သွင်းနေတဲ့ နိုင်ငံတွေက သွင်းကုန်တွေကို အတွက် အခွန်နှုန်းက နည်းခဲ့တာကို အပြစ်ပေးတဲ့အနေနဲ့ နိုင်ငံတွေအပေါ် သွင်းကုန်ခွန်တွေ တိုးမြှင့်လိုက်တဲ့ အမိန့်ကို ဧပြီလ (၂) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အားလုံးအပေါ်မှာ လက်ရှိ ကောက်နေတာထက် အနည်းဆုံး ၁၀ ရာခိုင်နှုန်း တိုးကောက်ပြီး နိုင်ငံပေါင်း ၅၉ နိုင်ငံအပေါ် နိုင်ငံအလိုက် တိုးမြှင့်လိုက်တဲ့ နှုန်း အတိအကျ နဲ့ ထုတ်ပြန်တာပါ။ ဒီလို တိုးမြှင့် ကောက်ခံမှုဟာ ဧပြီလ (၉) ရက်နေ့ကစပြီး အသက်ဝင်မယ် လို့လည်း ဆိုခဲ့ပါတယ်။ ဒီလို ထုတ်ပြန်ပြီး သိပ်မကြာခင် ဧပြီလ

အမေရိကန် သွင်းကုန်ခွန် အသစ်နဲ့ မြန်မာ ပို့ကုန်များ – မောင်လူထွန်း Read More »

အာဏာပါဝါက ဦးနှောက်ကို ထိခိုက်စေနိုင်သလား – ဒေါက်တာအောင်ကြီး

        မာနတံခွန် မိုးစွန်တိမ်ဖျား….         ကျော်ကာလွှားသည့် အနုပညာရှင်..         လောကမြေပြင်…         ငါသာလျှင် ငါနဲ့နှိုင်းပါလို့         ငါမပါရင်လေ..         သြော် ဘယ်အခါမှမဖြစ်ပေဘူး         စနစ်အခြေကို မလေ့လာ…         မေ့ကာပ လောကဓံအကြောင်း…         နှောင်းခဲ့တဲ့ပညာရှင်တွေ…        

အာဏာပါဝါက ဦးနှောက်ကို ထိခိုက်စေနိုင်သလား – ဒေါက်တာအောင်ကြီး Read More »

အံ့ဩစရာ အာကာသသွား လူသားဘဝ – စိုင်းအောင်မြင့် (တာချီလိတ်)

အာကာသယာဉ်မှူးတွေရဲ့ ဘဝက တကယ့်ကို အံ့ဩစရာကြီးနော်။ သူတို့ အာကာသထဲမှာ နေကြတုန်း ကမ္ဘာပေါ်က လူတွေနဲ့ လုံးဝကို မတူတဲ့ နေထိုင်မှုပုံစံတွေနဲ့ နေကြရတာတဲ့။ သူတို့ရဲ့ အာကာသထဲက နေပုံထိုင်ပုံတွေက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။         အပြည်ပြည်ဆိုင်ရာ အာကာသ စခန်း (ISS) ဆိုတာ အာကာသထဲမှာ သူတို့ နေပြီး အလုပ်လုပ်တဲ့ နေရာလေးတစ်ခုပဲ။ ကမ္ဘာပေါ်မှာ နေရတာနဲ့ အလွန်ကွာခြားတော့ အလှည့်ကျ အဲဒီကို သွားနေ ကြတာ ပေါ့။ အာကာသထဲမှာ ဆွဲငင်အားက တော်တော်လေး နည်းတော့ ကမ္ဘာပေါ်မှာလို အရာရာကို လုပ်လို့ မရဘူး။ ဒါဆို သူတို့ အာကာသထဲမှာ ဘယ်လိုနေလဲဆိုတာ ဆက်ပြီး လေ့လာကြည့်ရအောင်။

အံ့ဩစရာ အာကာသသွား လူသားဘဝ – စိုင်းအောင်မြင့် (တာချီလိတ်) Read More »

အီရန်-အမေရိကန်ဆက်ဆံရေး ပိုမိုကောင်းမွန်လာမှာလား – မင်းရဲဒီပ

ရောမမြို့မှာရှိတဲ့ အိုမန်နိုင်ငံသံရုံးဟာ ရှေးဟောင်းမြို့ကြီးဆီကို လာရောက် လည်ပတ်ကြသူ တွေရဲ့ ကြည်နူး ဆွတ်ပျံ့ဖွယ် ခရီးစဉ်အတွက် တစ်ထောက်နားရာမြို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီမြို့ဟာ အီရန် နိုင်ငံခြားရေး ဝန်ကြီး အက်ဘတ်(စ)အာရာခီနဲ့ အမေရိကန်နိုင်ငံရဲ့ အရှေ့အလယ်ပိုင်းသံတမန် စတိဖ်ဝစ်ကော့(ဖ်)တို့ကို သူ့ရဲ့ ပဉ္စလက် ပညာနဲ့ ဖမ်းစားထားပုံရပါတယ်။ ၄င်းတို့ နှစ်ဦးဟာ ဧပြီလ ၁၉ ရက်က ရောမမှာ နျူကလီးယားနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို ဒုတိယအကြိမ် ပြုလုပ်ခဲ့တယ်။ ထိုဆွေးနွေးပွဲဟာ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ထုတ်ပြန် ကြေညာချက်တွေနဲ့ အဆုံးသတ်ခဲ့ပြီး တတိယအကြိမ် တွေ့ဆုံဦးမယ်လို့ ကတိပြုခဲ့ကြပါတယ်။             မစ္စတာအာရာခီက ထိုဆွေးနွေးပွဲဟာ “အပြုသဘောဆောင်တဲ့ အငွေ့အသက်နဲ့ ပြည့်နှက် နေခဲ့ပါတယ်” လို့ ချီးကျူးပြောဆိုခဲ့တယ်။ တစ်ခါတစ်ရံမှာ “အမေရိကန်နိုင်ငံ ကျဆုံးပါစေ”လို့

အီရန်-အမေရိကန်ဆက်ဆံရေး ပိုမိုကောင်းမွန်လာမှာလား – မင်းရဲဒီပ Read More »