စိမ်းလန်းစိုပြေ ကမ္ဘာမြေ
(ဘာသာပြန် သိပ္ပံ ဝတ္ထုတို) တစ်ညလုံး မအိပ်ဘဲ စာထိုင်ရေးနေခဲ့ပြီး နောက်ဆုံးတွင် စာမျက်နှာလေးဆယ်ရှိသော ဝတ္ထုတိုတစ်ပုဒ်ကို ကျွန်တော် အဆုံးသတ်နိုင်ခဲ့သည်။ ၎င်းမှာ လေးနက်မှုမရှိသည့် အပျော်ဖတ်တစ်ပုဒ်သာ ဖြစ်၍ အကျိုးလည်းမရှိ၊ အဆိပ်အတောက်လည်း မဖြစ်နိုင်ပေ။ “ဒီကာလမှာ အကျိုးရှိတာရော အဆိပ်အတောက်ဖြစ်တာရော မင်းရေးလို့မရပါဘူးကွာ။ အဲဒါက ဘာမှ ဖြစ်လာမှာမဟုတ်ဘူး” စာမူကို စက္ကူချိတ်ကလေးနှင့် ညှပ်ပြီး စာအိတ်ထဲသို့ ထည့်နေစဉ် ကျွန်တော့်ကိုယ်ကျွန်တော် ထိုကဲ့သို့ ပြောနေမိသည်။ အကျိုးရှိသောဝတ္ထု သို့မဟုတ် အဆိပ်အတောက်ဖြစ်သော ဝတ္ထုများအား ရေးသားနိုင်စွမ်း ကျွန်တော့်တွင် ရှိမရှိကို အတတ်နိုင်ဆုံး မစဉ်းစားဘဲ နေရပါမည်။ မဟုတ်ပါက ရေးလိုစိတ် ပေါ်လာနိုင်သည်။ ကျွန်တော် သစ်သားခုံဖိနပ်ကို စီးနေခိုက် မနက်ခင်း နေရောင်ကြောင့် မျက်စိစူးသွားသည်။ ပြီးလျှင် စာအိတ်ကိုယူ၍ အိမ်မှ […]
စိမ်းလန်းစိုပြေ ကမ္ဘာမြေ Read More »









