The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၁၅)

Month of November 2025, 1st – 15th

အိန္ဒိယနိုင်ငံက သူကြွယ်တွေ ဘာကိုကြောက်

“မညီမျှမှုတွေကို သိသိသာသာချည်း မြင်တွေ့နေရတဲ့ နိုင်ငံတစ်နိုင်ငံမှာ လူမှုရေးဆိုင်ရာ ငြိမ်းချမ်းမှုဟာ ဘာကြောင့် ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးနေရတာလဲ”  ဒီမေးခွန်းဟာ အတွေ့အကြုံနည်းပါးတဲ့ ကမ္ဘာ့လှည့် ခရီးသွားတွေသာ မေးတဲ့ မေးခွန်းတစ်ခုတော့ မဟုတ်ပါဘူး။ ယင်းမေးခွန်းဟာ အိမ်ကြီးအိမ်ကောင်းတွေ မှာ အိမ်ဖော်တွေ၊ ထမင်းချက်တွေ၊ ယာဥ်မောင်းတွေနဲ့ နေထိုင်ကြတဲ့ အဆင့်မြင့် ပညာတတ် အိန္ဒိယနိုင်ငံသားတွေ အကြားမှာလည်း မေးလေ့ မေးထရှိတဲ့ မေးခွန်း တစ်ခုပါပဲ။ ဆင်းရဲချမ်းသာ ကွာဟမှုကို အလွယ်တကူပဲ အများဆုံးမြင်ရတဲ့ အိန္ဒိယနိုင်ငံရဲ့ မြို့ကြီးတွေဟာ ဘာကြောင့် ရီယိုဒီဂျနီးယိုး သို့မဟုတ် ဂျိုဟန်နက်စဘတ် မြို့တွေလောက် ကွဲပြားနေတဲ့ လူတန်းစား အမျိုးမျိုးကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားခြင်း မရှိတာလဲ။ ခွစာ သတင်းစာ ဆောင်းပါးရှင် တစ်ဦးဖြစ်သူ မာနူဂျိုးဆက်ကတော့ “ဆင်းရဲသားတွေက ကျုပ်တို့ကို […]

အိန္ဒိယနိုင်ငံက သူကြွယ်တွေ ဘာကိုကြောက် Read More »

ဂျပန်ရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်သစ် ‘တကာအီချီ ဆနာအဲ’

ဂျပန် ဒိုင်းယက်လွှတ်တော်က ပထမဦးဆုံး အမျိုးသမီး ၀န်ကြီးချုပ်အဖြစ် မစ္စ တကာအီချီ ဆနာအဲ (Takaichi Sanae) ကို အောက်တိုဘာ ၂၁ ရက်နေ့မှာ ရွေးချယ်တင်မြှောက်လိုက်ကြောင်း NHK သတင်းအရ သိရတယ်။ ‘တကာအီချီ ဆနာအဲ’  ဟာ ဂျပန်လွှတ်‌တော်မှာ မဲအနိုင်ရရှိခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦးအနေနဲ့ တိုင်းပြည်ကို ဦးဆောင်မယ်ဆိုတာ ဂျပန်နိုင်ငံ သမိုင်းမှာပထမဆုံး ထူးခြားဖြစ်စဉ် ဖြစ်လာပါတယ်။ အာဏာရ Liberal Democratic Party (LDP) ပါတီ ဦးဆောင်သူ ‘တကာအီချီ ဆနာအဲ’ ဟာ Japan Innovation Party (JIP) ပါတီ နဲ့ ညွန့်ပေါင်းအစိုးရသစ်ဖွဲ့စည်းဖို့ စီစဉ်ထားကြောင်း သိရတယ်။ ၂၀၂၅ အောက်တိုဘာ ၂၁ ရက်နေ့ (အင်္ဂါနေ့) ညနေပိုင်းမှာ

ဂျပန်ရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်သစ် ‘တကာအီချီ ဆနာအဲ’ Read More »

အာဆီယံ ခေါင်းဆောင်များနဲ့ အာဆီယံ နိုင်ငံရေး ဇာတ်ခုံ

အာဆီယံက ခုတော့ (၁၁) နိုင်ငံဖြစ်သွားပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၆) ရက်ကစပြီး အရှေ့တီမော နိုင်ငံငယ် ကလေးက အဖွဲ့ဝင် ဖြစ်လာတာပါ။ အရှေ့တီမောက အာဆီယံမှာ သက်တမ်းအနုဆုံး နိုင်ငံဖြစ်သလို နောက်အကျဆုံး အဖွဲ့ဝင်ဖြစ်လာတဲ့နိုင်ငံပါ။ ၂၀၀၂ ခုနှစ်ကမှ အင်ဒိုနီးရှားနိုင်ငံလက်အောက်က လွတ်မြောက်ပြီး နိုင်ငံတခုအဖြစ် ပေါ်ထွန်းလာခဲ့တာပါ။ သမိုင်းကြောင်းအရ အရှေ့တီမောဟာ ပေါ်တူဂီကိုလိုနီအဖြစ် ၁၉၇၅ ခုနှစ်အထိ နေခဲ့ရပြီး ၁၉၉၉ ခုနှစ်မှာ အင်ဒိုနီးရှားတပ်တွေက ကျူးကျော်သိမ်းပိုက်ခြင်းခံခဲ့ရတယ်။ ကုလသမဂ္ဂရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ၂၀၀၂ ခုနှစ်မှာ အရှေ့တီမော လွတ်လပ်ရေး ရခဲ့တယ်။ အင်ဒိုနီးရှားကျွန်းစုများရဲ့ အစွန်ဆုံး တီမောကျွန်းရဲ့ အရှေ့ဘက်ခြမ်းတည်ရှိလို့ အရှေ့တီမောလို့ ခေါ်တွင်တာဖြစ်တယ်။ တကယ်တော့ အာဆီယံမှာ ၂၀၂၅၊ အောက်တိုဘာ(၂၆)မတိုင်မီအထိ အဖွဲ့ဝင် (၁၀) နိုင်ငံပဲ

အာဆီယံ ခေါင်းဆောင်များနဲ့ အာဆီယံ နိုင်ငံရေး ဇာတ်ခုံ Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁)

အာဖရိကတိုက်ရဲ့ ပလ္လင်ပေါ်က သက်တမ်းရင့် ခေါင်းဆောင်များ ဦးမိုး – ဟာ ကိုတိုး လာဗျာ။ ဒီကို မလာတာကြာပေ့ါ။ ဘာ အလုပ်တွေ ရှုပ်နေလို့ ပျောက်နေတာလဲဗျ။ ဦးတိုး – ဒီလို ကိုမိုးရေ။ အိမ်မှာ သားတို့ မိသားစု တစ်သိုက်က ကျွန်တော်တို့ အဘိုးကြီး အဘွားကြီးနှစ်ယောက်ကို သီတင်းကျွတ် လာကန်တော့ရင်း အိမ်မှာ သောင်တင်နေတာဗျ။ မြေးလေးတွေလည်း ပါလာတော့ သူတို့မိသားစု နဲ့ပဲ အလုပ်ရှုပ်နေတာ။ မနေ့ကတော့ ပြန်သွားကြပြီ။ အခုမှပဲ ကျွန်တော်လည်း ကိုယ်ပိုင်အချိန် လေးတွေ ပြန်ရတော့တယ်။ ဦးမိုး – အေးပါဗျာ ကောင်းပါတယ်။ ခင်ဗျားကတော့ သားနဲ့ မြေးတွေနဲ့ သိုက်သိုက် ဝန်းဝန်း ဆိုတော့။ ကျုပ်ကိုတောင် တပည့် သားမြေးများက

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁) Read More »

ဓားနဲ့ဆား လဲကြမယ့် နဂါးနဲ့ လင်းယုန်

စီးပွားရေး အကြမ်းဖက်မှု ချိန်ခွင်လျှာ မျှတနေတာဟာ တည်ငြိမ်မှု အတွက် အခြေခံ မဟုတ်ပါဘူး။ “တရုတ်နိုင်ငံနဲ့ ပတ်သက်လို့က မစိုးရိမ်ပါနဲ့ အဆင်ပြေသွားမှာပါ”လို့ တရုတ်ပြည်ရဲ့ ဘက်ထရီနဲ့ မြေရှား သတ္တုတွေ ပေါ်မှာ ပို့ကုန်ဆိုင်ရာ ထိန်းချုပ်မှု အဟန့်အတားသစ်တွေ ချမှတ်ခဲ့တာနဲ့ စပ်လျဥ်းလို့ လက်စားချေ တုံ့ပြန်ဖို့ ခြိမ်းခြောက်မှုတွေ လုပ်ပြီးတဲ့ နောက်မှာ သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၁၂ ရက်နေ့တုန်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ ရေးလိုက်တယ်။ တရုတ် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း “ကမ္ဘာ့နိုင်ငံတွေ စိတ်မပူကြပါနဲ့ အားလုံး အဆင်ပြေ သွားမှာပါ” လို့ စောစောပိုင်း တစ်ရက်က သတင်းစာ ရှင်းလင်းပွဲမှာ အကြမ်းဖျင်း ပြောခဲ့တယ်။ အဲဒီမှာ အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေက

ဓားနဲ့ဆား လဲကြမယ့် နဂါးနဲ့ လင်းယုန် Read More »