အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ဗင်နီဇွဲလားလက်တင်အမေရိကား
၂၀၂၆ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ရဲ့ သန်းခေါင်ကျော် လင်းအားကြီးအချိန်မှာ အမေရိကန်စစ်လေယာဥ် ၁၅၀ကျော်ဟာ ကရာကက်(စ)မြို့ကို လက်နက်မျိုးစုံနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဗင်နီဇွဲလား ကာကွယ်ရေးတပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့သလို အရပ်သားတွေနဲ့ လူနေအိမ် အဆောက်အအုံများစွာလည်း မီးလောင်ပျက်စီးပြီး အရပ်သားအများအပြားလည်း သေဆုံးခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်စစ်သား ၂၀၀နီးပါးဟာ ကရာကက်(စ)မြို့တွင်းကို ဝင်ရောက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတနီကိုလပ်(စ)မာဒူရိုနဲ့ ဇနီးဖြစ်သူ စီလီယာဖလော်ရက်(စ)တို့ကို ဖမ်းဆီးခဲ့ပါတယ်။ ထိုသို့ဖမ်းဆီးခဲ့ရာမှာ ထရမ့်က အကြောင်းပြချက်ပေးရာမှာတော့ သမ္မတ မာဒူရိုနဲ့ ဗင်နီဇွဲလားကို အုပ်ချုပ်နေသူတွေဟာ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှုတွေ လုပ်နေတယ်၊ မူးယစ်ဆေးတွေကို အမေရိကန်နိုင်ငံအတွင်းကို ခိုးသွင်းနေတယ်၊ သူ့ပြည်တွင်းမှာလည်း ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်မှုတွေလုပ်နေတယ်၊ အဂတိ လိုက်စားမှုတွေ ကျူးလွန်နေတယ်စတဲ့ အကြောင်းပြချက်တွေကို ပေးခဲ့ပါတယ်။ သို့ပေမဲ့ သိပ်မကြာမီမှာပဲ အမေရိကန်သမ္မတထရမ့်က သူရဲ့အဓိကရည်မှန်းချက်ကို ထုတ်ဖော်ပြောခဲ့တယ်။ ထရမ့်အစိုးရက […]
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ဗင်နီဇွဲလားလက်တင်အမေရိကား Read More »



