အိပ်မက် လှလှ မက်ပါစေ….
အိပ်မက်ဆိုးများက ပုံမှန်မဟုတ်တဲ့ ဦးနှောက်ကျန်းမာရေးပြဿနာတွေကို ကြိုတင်သတိပေးနေတာလား ညဘက် အိပ်မက်ဆိုးတွေ မက်တာဟာ စိတ်ကျန်းမာရေးနဲ့ ဆက်စပ်နေတယ်လို့ သိထားကြပါတယ်။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှု၊ စိတ်ကစဥ့်ကလျား ဖြစ်တာနဲ့ စိတ်ဒဏ်ရာလွန်ရောဂါ (post-traumatic stress disorder — PTSD) တို့လိုမျိုး ကျန်းမာရေး ပြဿနာတွေမှာ အိပ်မက်ဆိုးတွေဟာ အဓိက လက္ခဏာတစ်ခုလို ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် နာတာရှည် ကိုယ်ခန္ဓာနာကျင်ကိုက်ခဲမှုတွေနဲ့လည်း ဆက်စပ် နေပါတယ်။ အိပ်မက်ဆိုးတွေက အကြောအားနည်း၍ ခြေလက်တုန်သော ရောဂါ ပါကင်ဆန်ရောဂါ (Parkinson’s disease) နဲ့ ဦးနှောက် ထိခိုက် ဒဏ်ရာရမှု သို့မဟုတ် ရောဂါကြောင့်ဖြစ်သော စိတ်ဖောက်ပြန်မှု (dementia) လိုမျိုး အာရုံကြောဆိုင်ရာ ရောဂါတွေရဲ့ ရှေ့ပြေး လက္ခဏာဖြစ်နိုင်ပါတယ်လို့ သတိပေးနိုင်ပါတယ်။ ဒါပေမဲ့ တချို့ […]
အိပ်မက် လှလှ မက်ပါစေ…. Read More »








