The Corner

The Corner

cropped-Logo_round_grey-background.png

Lifestyle

နေထိုင်မှုပုံစံ

အိပ်မက်ဇာတ်ခုံ (Dream Theater) ရော့ခ်ဂီတပွဲ

၈၀ ခုနှစ် အလွန်နှစ်များမှာ ရော့ခ်ဂီတကို စတင်ထိတွေ့ နားထောင်ဖူးသူတစ်ဦးဆိုရင်တော့ အချိန်ကောင်းလို့ ပြောလို့ရမယ်ထင်ပါတယ်။ ကမ္ဘာမှာ ရော့ခ်တေးဂီတ အထွတ်အထိပ်ဟာ ၁၉၆၀ ခုနှစ်များကနေ ၁၉၈၀ ခုနှစ်တွေအထိလို့ ပြောပါတယ်။ အဲဒီအချိန်က မြန်မာဟာ ကမ္ဘာနဲ့ အခုခေတ်လို အဆက်မပြတ် ချိတ်ဆက်နေတာမဟုတ်တော့ နိုင်ငံတကာမှာ နာမည်ကြီးတဲ့ သီချင်းတွေဟာ လနဲ့ချီ၊ တစ်ခါတစ်လေ နှစ်နဲ့ချီပြီးတော့မှ မြန်မာပြည်ကို ရောက်လာတာ။ ရောက်လာတယ်ဆိုတာကလည်း ဒီအတိုင်း သက်သက်နားထောင်ရတာမဟုတ်။ နာမည်ကျော် အဆိုရှင်တစ်ဦးဦးက နာမည်ကြီး ရော့ခ်သီချင်းများကို မြန်မာစာသားထည့် သီဆိုရင်းက ‘ပေါက်’ သွားပြီး နားယဉ်သွားကြတာ များပါတယ်။ မူရင်းသီချင်းကိုမှ နားထောင်ချင်တယ်ဆိုရင် ဘားလမ်း (အခု မဟာဗန္ဒုလပန်းခြံလမ်း) ထဲက ယင်းမာ၊ KISS အစရှိတဲ့ တေးသံသွင်းများမှာ စိတ်ကြိုက် C60 […]

အိပ်မက်ဇာတ်ခုံ (Dream Theater) ရော့ခ်ဂီတပွဲ Read More »

အော်တစ်ဇင်ကို တစ်မျိုးတည်းလို့ သတ်မှတ်ပြီး ပြုစုကုသပေးတာ မှန်ရဲ့လား…

အပြင်ကနေ ကြည့်ရင် အော်တစ်ဇင် ဖြစ်နေသူတစ်ယောက်ကို နားလည်ရ အလွန် ခက်ခဲပါတယ်။ အော်တစ်ဇင် ရှိသူ တစ်ယောက်ဟာ ပါတီပွဲတစ်ခုမှာ ရောက်နေသလို ပျော်ရွှင်စရာ အပြည့်နဲ့ အခြေအနေကနေ ဆူညံသံတွေ၊ မီးရောင်တွေ၊ ပွတ်တိုက် ထိတွေ့မှုတွေ အတူ သူနားမလည်နိုင်တဲ့ လူမှုဆက်ဆံရေး စည်းကမ်းတွေကြောင့် ချက်ချင်းဆိုသလို ဆန့်ကျင်ဘက် အခြေအနေတစ်ခုဆီ ရောက်သွားနိုင်ပါတယ်။ တစ်ခါတလေမှာလည်း အော်တစ်ဇင် သမားတွေဟာ ဂီတ၊ သင်္ချာနဲ့ အနုပညာတွေမှာ ထွန်းပေါက်တတ်ပါတယ်။ အော်တစ်ဇင်သမားတွေ အခြားသူတွေနဲ့ ထိတွေ့ ဆက်ဆံနေရတဲ့ ဒုက္ခဟာ သာမန်လူတစ်ယောက်အဖို့ နားလည်ရ ခက်ပါတယ်။ သူတို့အတွက် ကိုယ့်အသိုင်း အဝိုင်းရဲ့ ပြင်ပက လူတွေနဲ့ ဆက်ဆံရတာ စိတ်ဖိစီးမှုတွေ အတွန်းအတိုက် အရုန်းအကန်တွေ ဖြစ်ရပါတယ်။ သာမန်ထက် ပိုပြီး စိတ်ဖိစီးမှုကို

အော်တစ်ဇင်ကို တစ်မျိုးတည်းလို့ သတ်မှတ်ပြီး ပြုစုကုသပေးတာ မှန်ရဲ့လား… Read More »

ပါးပါးနပ်နပ် စားကြရမယ့် သကြားချိုချို

အခုလို ပွဲလမ်းသဘင်တွေ ပေါများတဲ့ ရာသီမှာ ဝိုင်ပူပူလေးတွေ၊ ဘရန်ဒီတွေနဲ့ အချိုကဲတဲ့ ပူတင်းမုန့်တွေကတော့ ရှောင်လွှဲလို့မရဘူးပေါ့။ ခရစ္စမတ် ရာသီမှာ Mulled wine ရေပန်းစားပါတယ်။ ဒါကတော့ ဝိုင် (အများအားဖြင့် ဝိုင်နီ) ကို သကြား၊ သစ်ကြံပိုးခေါက်၊ လေးညှင်းပွင့် စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ၊ သစ်သီးတွေနဲ့ ရောစပ်ပြီး ငွေ့ငွေ့လေး အပူပေးထားတဲ့ အရက်အဖျော်ယမကာ တစ်မျိုး ဖြစ်ပါတယ်။ ဟေမာန်ဆောင်း ကာလရဲ့ အများကြိုက် အဖျော်ယမကာ ပါ။ ယမကာ သောက်ရင်း အချိုတည်းရတာ လျှာရင်း မြက်စေပါတယ်။ ဒါပေမဲ့ အချို့ကတော့ သကြားချိုချိုကို ကျန်းမာရေး အရ ရှောင်လွှဲ ချင်ကြတယ်။ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင်ဆိုပြီး သကြားဖြူအစား ပျားရည်တို့၊ သကြားညို (Raw sugar)

ပါးပါးနပ်နပ် စားကြရမယ့် သကြားချိုချို Read More »

ကျောင်းစာသင်ခန်းထဲက “ငြိမ်သက်ခြင်းမိနစ်များ”

ဒီဇင်ဘာ ၂၁ ရက်နေ့ဟာ ကမ္ဘာ့ ကမ္မဋ္ဌာန်းထိုင်ခြင်းနေ့ (World Meditation Day) ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကုလသမဂ္ဂကနေ တရားဝင် သတ်မှတ်ပေးခဲ့တဲ့  နိုင်ငံတကာနေ့ဖြစ်ပြီး  တစ်ကမ္ဘာလုံးက စာသင်ပျိုနုတို့အရွယ် ကျောင်းသူ၊ ကျောင်းသားတွေ စိတ်အေးချမ်းဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး စုပေါင်း တရားထိုင်ခြင်း လှုပ်ရှားမှုတွေမှာ လူငယ်တွေ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလာကြတာကို ကျွန်တော်သတိပြုမိတဲ့အတွက်  စာသင်ခန်းအတွင်း ငြိမ်သက်မှု မိနစ်များကို ရှာဖွေခြင်းအကြောင်းအရာနဲ့ စပ်လျဉ်းပြီး  ဆောင်းပါးတစ်ပုဒ် ဖန်တီးဖို့ စိတ်ကူးခဲ့ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် လူငယ်တွေရဲ့ စိတ်ကျန်းမာရေးအတွက် တရားထိုင်တာက ဘယ်လောက် အကျိုးရှိလဲဆိုတာကို အသိပေးမျှဝေချင်လို့  ဒီဆောင်းပါးကို  ရေးမိတာပါ။ ဆရာဆိုတာ ဘဝခရီးရဲ့ ပဲ့ကိုင်ရှင် မြင်းရထားမောင်းတဲ့သူက ခရီးသည်တွေကို လိုရာခရီးရောက်အောင် ပို့ဆောင်ပေးသလိုပါပဲ၊ ဆရာဆိုတာ

ကျောင်းစာသင်ခန်းထဲက “ငြိမ်သက်ခြင်းမိနစ်များ” Read More »

ကလေးနှင့် လူငယ်များအတွက် လိင်ပညာပေး

ကလေးနှင့် လူငယ်များအတွက် ကာကွယ်ရန် လိင်ပညာပေးခြင်း (Sexuality Education) သည် မြန်မာ့ လူမှု အသိုင်းအဝိုင်းမှာ ဆွေးနွေးရ ပြောရဆိုရခက်သည့် ခေါင်းစဥ်တစ်ခုဖြစ်သော်လည်း ရှောင်လွှဲနေ၍ မရသည့် ကိစ္စတစ်ခုဖြစ်ပါတယ်။ မိမိတို့၏ ကျန်းမာရေး၊ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို နားလည်ရန်နှင့် မိဘများဘက်မှ လုပ်သင့်လုပ်ထိုက်သည်များကို ပြင်ဆင်ထားကြရန် ရှေးရှု၍ ဤဆောင်းပါးကို ရေးသားတင်ဆက် လိုက်ရခြင်းပါတယ်။ မကြာသေးခင်က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲတစ်ခုမှာ အတော်လေး အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ စင်ပေါ်က အဆိုတော်တစ်ဦးဟာ ပရိသတ်ကို လိင်ဆက်ဆံရေးနဲ့ ကွန်ဒုံးအသုံးပြုမှု အကြောင်းတွေကို ပွင့်ပွင့် လင်းလင်း ပြောဆိုခဲ့တာပါ။ အဲဒီနောက်မှာ ပိုပြီး အငြင်းပွားစရာ ဖြစ်သွားတာကတော့ အဲဒီ ရက်ပ်ပါဟာ ကွန်ဒုံးတွေကို စင်ရှေ့က ပရိသတ်တွေဆီကို

ကလေးနှင့် လူငယ်များအတွက် လိင်ပညာပေး Read More »

ကိုလက်စထရောကျစေဖို့ ဘာတွေစားရမှာလဲ

ကိုလက်စထရောကျဖို့ဆိုရင် သတ်သတ်လွတ်စားတာ၊ အစေ့အဆန်တွေနဲ့ ပဲပုပ်ပဲတွေက ကောင်းတယ်ဆိုပဲ ဘဝမှာ အချိန်တစ်ချိန်ရောက်လာပါလိမ့်မယ်။ အထူးသဖြင့် သက်လတ်ပိုင်း အရွယ်တစ်ခုခုမှာပေါ့။ ဆရာဝန်က သူ့ရဲ့ မျက်မှန်ပေါ်ကနေ ကျော်ကြည့်ပြီးတော့ “ခင်ဗျားရဲ့ သွေးထဲမှာ ကိုလက်စထရောတွေ များနေတယ်” လို့ ပြောလာလိမ့်မယ်။ အမိန့်တစ်ခုချလိုက်သလို၊ ခြိမ်းခြောက်သလိုလိုနဲ့။ အမှန်ကတော့ စားမြဲသွားမြဲ လုပ်မြဲလုပ် မနေတော့ဘဲ ကျန်းမာရေးအတွက် တစ်ခုခု အကြီးကြီးပြောင်းဖို့ လိုအပ်နေတယ်ဆိုတဲ့ သတိပေးချက် တစ်ခုပါ။ ဆရာဝန်ပြောတဲ့ ကိုလက်စထရောဆိုတာ အင်္ဂလိပ်လို Low Density Lipoprotein – LDL လို့ခေါ်တဲ့ မကောင်းတဲ့ အဆီများ များနေတာကို ဆိုလိုတာပါ။ ဒီလို LDL တွေများနေပြီဆိုရင် သွေးကြောပိတ်တာတွေ ဖြစ်နိုင်တယ်၊ အဲဒါကနေ သွေးကြောထဲကို သွေးစီးဆင်းမှုနည်းလာပြီး နှလုံးရောဂါနဲ့ လေဖြတ်တာတွေအထိ

ကိုလက်စထရောကျစေဖို့ ဘာတွေစားရမှာလဲ Read More »

မြို့ပြတွေကို ပြောင်းလဲစေတဲ့ ရိုးရှင်းတဲ့ စက်ဘီး

EV ကို မေ့လိုက်တော့ – ပိုပြီး မြန်ဆန်၊ ထိရောက်တဲ့ စက်ဘီး တော်လှန်ရေး။ ရိုးရှင်းတဲ့ စက်ဘီး တွေဟာ ကားတွေထက် ပိုမို ထိရောက် မြန်ဆန်ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တဲ့ သယ်ယူပို့ဆောင်ရေး “နည်းပညာသစ်” တစ်ခုအနေနဲ့ မြို့ပြတွေကို လျင်မြန်စွာ ပြောင်းလဲပစ် နေပါတယ်။ ဒီလို ပြောင်းလဲလာမှုတွေက ယာဉ်ကြောပိတ်ဆို့မှုကို သက်သာ စေပြီး စီးပွားရေး အကျိုးကျေးဇူးတွေ ပေးနေသော် ငြားလည်း လမ်းနေရာနဲ့ ပတ်သက်တဲ့ နိုင်ငံရေး၊ ယဉ်ကျေးမှု ပဋိပက္ခတွေနဲ့ E-Bike ဘေးကင်းရေး စိန်ခေါ်မှုတွေကိုပါ ဖန်တီးနေပါတယ်။ စက်ဘီးတွေဟာ လူတွေကို ကားတွေထက် ပိုပြီး ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် သယ်ယူပို့ဆောင် ပေးနိုင် တယ်ဆိုတာကို မြို့ပြပညာရှင်တွေ မျက်စိပွင့်လာကြလို့ အခုနောက်ပိုင်း

မြို့ပြတွေကို ပြောင်းလဲစေတဲ့ ရိုးရှင်းတဲ့ စက်ဘီး Read More »

အလုပ်-ဘဝ ဟန်ချက်မျှဖို့

လုပ်ငန်းခွင်ဘဝနဲ့ မိသားစုဘဝ၊ ဒီနှစ်ခုမှာဘယ်ဟာကပိုအရေးကြီးသလဲ။ အလုပ်ချိန်နဲ့ မိသားစု အတွက်ပေးတဲ့အချိန်၊ တစ်နည်းအားဖြင့် ကိုယ်ပိုင်အချိန်၊ ဘယ်ဟာပိုအရေးကြီးသလဲ။ အမြင်တွေကတော့ အမျိုးမျိုးရှိကြမှာပေါ့။ အလုပ်ရှင်ဘက် ကကြည့်ရင် အလုပ်ကပိုအရေးကြီးတာပေါ့လို့ပြောနိုင်သလို အလုပ်သမားဘက်ကကြည့်ရင်တော့ မိသားစုကပိုအရေးကြီးတယ်လို့ပြောမှာပါပဲ။ ဒါက ယေဘုယျသဘော ပေါ့။ လုပ်ငန်းခွင်တွေထဲမှာလည်း အလုပ်၊ အလုပ်၊ အလုပ်ဆိုပြီး အလုပ်သာနံပါတ်(၁)၊ အလုပ်သာနံပါတ် (၂) ဆိုပြီး အလုပ်စားပွဲမှာခေါင်းမဖော်နိုင်ဘဲဖြစ်နေတဲ့သူတွေရှိကြသလို အလုပ်နဲ့ဘဝဟန်ချက်မျှအောင် ကြိုးစား နေထိုင်သူတွေ လည်းတွေ့ရတာပါပဲ။ ဒါ့အပြင် အလုပ်မှန်သမျှအကုန်ပတ်ရှောင်ပြီး ကိုယ့်မိသားစု အတွက်၊ ကိုယ့်ဘဝအတွက် သက်သက်ကိုသာ ငဲ့ကွက်သူတွေလည်းရှိကြမှာပါပဲ။ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် အတွေးအမြင်တွေ၊ ခံယူချက်တွေ၊ ထင်မြင်ချက်တွေကတော့ ပြုပြင်ပြောင်းလဲဖို့သိပ်လွယ်မှာမဟုတ်ပါဘူး။ ကိုယ်ကိုင်စွဲထားတဲ့အမြင်ကိုပဲ သင့်တယ်၊ မှန်တယ်လို့ဆိုကြမှာပါပဲ။ ကိုယ်ကိုင်စွဲထားတဲ့မူတစ်ခုကိုပဲ မလွှတ်တမ်းဆုပ်ကိုင်ထားကြမှာပါပဲ။ ဒီအထိက ပြဿနာမရှိသေးပါဘူး။ အလုပ်သာ နံပါတ်(၁)ဆိုတဲ့ သူတွေကအလုပ်ပြီးအလုပ်

အလုပ်-ဘဝ ဟန်ချက်မျှဖို့ Read More »

အခွင့်အရေး တစ်ရပ်ဆိုတာ

ဒီဆေးဝါးဆိုင်ရာ ကွန်ဖရင့်ကို ရှယ်ရတန်ဟိုတယ်ကြီးမှာ ကျင်းပခဲ့တာပါ။ ကနေဒါနိုင်ငံက ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူ အယောက် ၃၀၀ လောက်ဟာ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ ဒီ ကွန်ဖရင့်ဆီကို တက်ရောက် လာကြလေ့ ရှိပါတယ်။  ဒီ အစည်းအဝေးကို တက်ရောက် လာသူတွေကို ဘူဖေး စိတ်ကြိုက် စားပွဲတွေနဲ့ တည်ခင်း ဧည့်ခံတယ်၊ ပခုံးလွယ် အိတ်ကလေးတွေကိုလည်း လက်ဆောင် အဖြစ်ပေးတယ်။ သောကြာနေ့ ညနေခင်းမျိုးတွေ ရောက်ပြီ ဆိုရင် အချင်းချင်း မိတ်ဆွေတွေ ဖွဲ့ကြပြီး ဗင်ကူးဗားမြို့လယ်ကောင်က ဒီဂျေ တွေဘာတွေရှိတဲ့ ဘားတွေဆီကို ပါတီပွဲ ဆင်နွှဲရအောင် သွားကြဖို့ သူတို့ စိုင်းပြင်းနေကြပြီ။ ဒီကွန်ဖရင့်ကို လာတက်တဲ့ ဆရာဝန် တစ်ယောက်က “ဒီပွဲမှာ မိတ်ဆွေတွေ ရှာတယ် အပေါင်းအသင်းတွေ ဖြစ်ကုန်ကြတယ်၊ ဒါက

အခွင့်အရေး တစ်ရပ်ဆိုတာ Read More »

ကော်လဂျင် သောက်ဖို့ လိုအပ်လား

ဓာတုနည်းနဲ့ ပြုပြင်ထားတဲ့ အမှုန့်တစ်ထုပ်ကို ပေါင် ၄၀ ( ၅၃  ဒေါ်လာ ) လောက် ပေးဝယ်ဖို့ဆိုတာ လူတစ်ယောက်ရဲ့စိတ်ကူးထဲ မှာတောင် ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီအမှုန့်ကို အားဖြည့် ကော်လဂျင် လို့ တံဆိပ်ကပ်ပြီး ပုလင်းထဲ၊ ဘူးထဲ ထည့်လိုက်တဲ့အခါ လူတွေအတွက် ဆွဲဆောင်မှု ပိုရှိလာပါတယ်။ ကော်လဂျင်ဟာ အလှအပအတွက်ဖြစ်စေ၊ ကျန်းမာရေးအတွက်ဖြစ်စေ နာမည်ကြီးနေတဲ့ ဖြည့်စွက်စာတစ်ခု ဖြစ်လာ ပါတယ်။ အားကစားသမားတွေက အဆစ်အမြစ်နဲ့ အရွတ်တွေ သန်မာဖို့ သောက်ကြသလို အလှအပ ကြိုက်သူတွေ ကတော့ အရေပြားပေါ်က အရေးကြောင်းတွေနဲ့ ဆံပင်အတွက် သောက်ကြပါတယ်။ တကယ်တမ်း ကော်လဂျင်က ဘယ်လောက် အကျိုးပြု သလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ Source: Vitauthority ကော်လဂျင်ဆိုတာ

ကော်လဂျင် သောက်ဖို့ လိုအပ်လား Read More »