The Corner

The Corner

cropped-Logo_round_grey-background.png

အာရှ

အိန္ဒိယ ပါကစ္စတန် လေးရက်စစ်ပွဲ ၏ ထူးခြားမှုများ – တင်စိန် (ပထဝီဝင်)

မေလ ၁ဝ ရက်နေ့က အပစ်အခတ်ရပ်စဲခဲ့တဲ့  အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံစစ်ပွဲမှာ ထူးခြားတဲ့ လက္ခဏာ တွေကို တွေ့ရတယ်။ နားထောင်ရတဲ့သတင်းတွေနဲ့ ဖတ်ရတဲ့သတင်းတွေက ကောက်နုတ်ပြီး တင်ပြလိုပါတယ်။ ပထမဆုံးအချက်ကတော့ ဒီစစ်ပွဲမှာ အိန္ဒိယနိုင်ငံရဲ့  ပြည်တွင်းဖြစ် အစွမ်းထက် လက်နက် တချို့ကို ထုတ်သုံး ပြလိုက်တာပါ။ အဲဒီလက်နက်တွေထဲမှာ ဘရာမော့စ် ဒုံးကျည် ပါတယ်။         အိန္ဒိယနိုင်ငံက ဗြဟ္မပုတ္တရမြစ်ကြီး (Brahmaputra) ရဲ့ နာမည်နဲ့ ရုရှားနိုင်ငံက မော်စကိုဗာ မြစ်ကြီး (Moskva) နှစ်စင်းတို့ရဲ့ နာမည်ကို တွဲယူပြီး( Bramos) လို့ ဂုဏ်ပြု ခေါ်ဝေါ်ထားတဲ့ လက်နက် နာမည် ဖြစ်ပါတယ်။ ဒီလက်နက်ဟာ ခရုစ် ဒုံးကျည် အမျိုးအစား ဖြစ်ပြီးအမြန်နှုန်း […]

အိန္ဒိယ ပါကစ္စတန် လေးရက်စစ်ပွဲ ၏ ထူးခြားမှုများ – တင်စိန် (ပထဝီဝင်) Read More »

ကက်ရှ်မီးယားမှာမွှေးခဲ့တဲ့  အိန္ဒိယ-ပါကစ္စတန် စစ်မီး – တင်စိန် (ပထဝီဝင်)

ဖဟဲလ်ဂမ် ဒေသက အယ်လ်ပိုင်း မြက်ခင်းတွေနဲ့ ပိုင်း ထင်းရှူး တောတွေဟာ အိန္ဒိယနိုင်ငံ ရဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယား ဒေသကို ခရီးသွား ဧည့်သည်တွေ လာရောက်လည်ပတ်ဖို့ ဆွဲဆောင်ခဲ့တာ ကာလ အတန် ကြာပြီ ဖြစ်ပါတယ်။ ခရီးသွားတွေ ကတော့ အဲဒီဒေသကလေးကို ဆွစ်ဇာလန်နိုင်ငံ အငယ် စားကလေး (mini–Switzerland) လို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ အဲဒီဒေသမှာ စစ်သွေးကြွတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို အိန္ဒိယ အစိုးရက ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် နှိမ်နင်းလိုက် ပြီးမို့ အဲဒီလို တိုက်ခိုက်မှုတွေ လျော့နည်းခဲ့ပြီလို့ တွက်ဆ ထားခဲ့ကြတယ်။ ဒါပေမဲ့ ယခုနှစ် ဧပြီလ ၂၂ ရက် နေ့မှာ တော့ ဖဟဲလ်ဂမ်မှာ အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေက

ကက်ရှ်မီးယားမှာမွှေးခဲ့တဲ့  အိန္ဒိယ-ပါကစ္စတန် စစ်မီး – တင်စိန် (ပထဝီဝင်) Read More »

အန္ဒိယနိုင်ငံအတွက် အခွင့်အရေးလား စွန့်စားမှုလား – ရဲရင့်လင်းလက်

တစ်ဦးတစ်ယောက်ချင်းအနေနဲ့ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးမူဝါဒအပေါ် ဘယ်လိုပဲ ရှုမြင်ရှုမြင်၊ အိန္ဒိယနိုင်ငံကို သွင်းကုန်တို့ရဲ့ ဘုရင်လို့ သမုတ်လိုက်တာက အလွဲကြီးလွဲတယ်လို့တော့ မဆိုနိုင်ပါဘူး။ အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးသော ဝန်ကြီးချုပ်ဖြစ်တဲ့ ဂျဝါဟာလာလ်နေရူးဟာ ပြည်ပကုန်သွယ်ရေး ဆိုတာ ကိုလိုနီဇာတ်သွင်းခံရမယ့် လမ်းကြောင်းလို့ပဲ ရှုမြင်ခဲ့တာပါ။ နေရူးက ဆိုဗီယက်ပြည်ထောင်စုရဲ့ စီးပွားရေးအရ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရေး မူဝါဒအပေါ် လေးစားအားကျခဲ့ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေးကိစ္စရပ်တွေမှာ နိုင်ငံတော်အစိုးရက ထိန်းချုပ်ထားရမယ်ဆိုတဲ့ နေရူးရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒဟာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့တဲ့ ၁၉၉၁ ခုနှစ်အထိ သက်ဆိုးရှည်ကြာခဲ့ပါတယ်။ ဒီလို သက်ဆိုးရှည်ကြာခဲ့မှုကပဲ အိန္ဒိယနိုင်ငံမှာ စျေးကွက် လွတ်လွတ် လပ်လပ် ယှဉ်ပြိုင်ရေးကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖြစ်ပွားစေခဲ့တာပါ။ ပြောရရင် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တယ်ဆိုပေမယ့် အိန္ဒိယနိုင်ငံရဲ့ သွင်းကုန်ခွန် နှုန်းထားဟာ

အန္ဒိယနိုင်ငံအတွက် အခွင့်အရေးလား စွန့်စားမှုလား – ရဲရင့်လင်းလက် Read More »

“လီ” မျိုးဆက် မပါတော့တဲ့  စင်ကာပူရွေးကောက်ပွဲ… CWM

လာမယ့် မေလ(၃)ရက်မှာ စင်ကာပူမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပါမယ်။ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် စင်ကာပူလွှတ်တော်(ပါလီမန်)ကို ဧပြီ(၁၅)ရက်က ဖျက်သိမ်းလိုက်ပါပြီ။ ခု ကျင်းပမယ့် စင်ကာပူရွေးကောက်ပွဲဟာ လက်ရှိဝန်ကြီးချုပ် လောရင့်စ် ဝေါင်း ရဲ့ အရည်အချင်းကို စမ်းသပ်မယ့်ပွဲ ဖြစ်သလို စင်ကာပူ လွတ်လပ်ရေး ရပြီး ကတည်းက အစဉ်အဆက် အုပ်ချုပ်လာခဲ့တဲ့ “လီ” မျိုးဆက်နောက်ပိုင်း ပထမဆုံးရွေးကောက်ပွဲလည်း ဖြစ်တယ်။ လီကွမ်ယူ၊ ဂိုချောက်တောင် နဲ့ လီကွမ်ယူရဲ့သား လီရှင်လွန်း အစရှိတဲ့ စင်ကာပူခေါင်းဆောင်တွေ မရှိတော့တဲ့နောက် ကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်တယ်။  ဆင်းရဲတဲ့ ကျွန်းနိုင်ငံကလေးဟာ နှစ်ပေါင်း(၆၀) ကြာတဲ့အခါ ကမ္ဘာမှာ တဦးချင်း ပျမ်းမျှဝင်ငွေအများဆုံး ငါးနိုင်ငံထဲက တစ်နိုင်ငံဖြစ်လာပြီး…             လက်ရှိ ဝန်ကြီးချုပ် လောရင့်စ် ဝေါင်း က

“လီ” မျိုးဆက် မပါတော့တဲ့  စင်ကာပူရွေးကောက်ပွဲ… CWM Read More »

အိန္ဒိယ-တရုတ် အငြင်းပွားမှုနဲ့ ပြောင်းလဲလာတဲ့ နိုင်ငံခြားရေးမူဝါဒ

[တရုတ်နဲ့အိန္ဒိယ ပထဝီဝင်နိုင်ငံရေး ယှဉ်ပြိုင်မှုက အိန္ဒိယနိုင်ငံရဲ့ ဆယ်စုနှစ်တွေနဲ့ချီပြီး ကျင့်သုံးခဲ့တဲ့ ပြည်တွင်းနဲ့ နိုင်ငံခြားရေးမူဝါဒတွေကိုသိသိသာသာပုံပေါ်စေပြီး ဆက်လက် ပုံဖော်နေဆဲ ဖြစ်တယ်] တရုတ်နဲ့အိန္ဒိယနိုင်ငံတွေရဲ့ ပထဝီဝင်နိုင်ငံရေးအရ ယှဉ်ပြိုင်မှုက လွန်ခဲ့တဲ့ ငါးနှစ်ကျော် ကာလမှ မီဒီယာတွေရဲ့  အကြီးအကျယ် အာရုံစိုက်မှု ကိုရရှိခဲ့တယ်။ ၂ဝ၂ဝပြည့်နှစ်ဇွန်လအတွင်းက ဂါလဝမ် တောင်ကြားဒေသမှာ စစ်ရေး ပဋိပက္ခ တစ်ရပ် ပေါ်ပေါက်ခဲ့တာဟာ တရုတ်ပြည်ဟာ  အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေး မှတ်တမ်းမှာ အရင်ကတစ်ကြိမ်းတစ်ခါမှ မကြုံခဲ့ရဖူးတဲ့ လမ်းစဉ်တစ်ခုကိုဖန်တီး ခဲ့တယ်။  ဖေဖေါ်ဝါရီ ဒုတိယပတ်တုန်းက အိန္ဒိယပါလီမန်မှာ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက အတိုက်အခံ ခေါင်းဆောင် ရာဟူးလ်ဂန္ဒီရဲ့ သဘောထား မှတ်ချက်ကို တုံ့ပြန် ပြောကြား ရာမှာ တရုတ်အစိုးရက အိန္ဒိ ယနိုင်ငံရဲ့ ပြည်တွင်းနဲ့ နိင်ငံခြားရေး

အိန္ဒိယ-တရုတ် အငြင်းပွားမှုနဲ့ ပြောင်းလဲလာတဲ့ နိုင်ငံခြားရေးမူဝါဒ Read More »

ဒီနေ့ ယူကရိန်း မနက်ဖြန် ထိုင်ဝမ်လား

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တစ်ယောက် ယူကရိန်းကို ဥပေက္ခာပြုသွားတဲ့ အကျိုးဆက်ဟာ အက်တလန္တတစ် မဟာမိတ်များနဲ့ ဆက်ဆံရေးမှာ ငလျင်တစ်ခုလှုပ်သွားသလို အတော် လှုပ်ခတ် ရိုက်ခတ်သွားပါတယ်။ အာရှဖက်က မဟာမိတ်များနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်က ဗိုလ်ချုပ်များနဲ့ စစ်ဖက်ဆိုင်ရာ အရာရှိများတက်ရောက်နေကြတဲ့ ဟိုနိုလူလူက ကာကွယ်ရေးဖိုရမ်မှာပါ ယူကရိန်းကိစ္စဟာ ပိစိဖိတ် ဒေသဖက်ကိုပါ အဖျားခတ် ရိုက်ခတ်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံက တက်ရောက်လာတဲ့ အရာရှိကြီးတစ်ဦးက ရုရှားနဲ့ အပေးအယူ လုပ်လို့ အောင်မြင်သွားမယ်ဆိုရင် အမေရိကန်အနေနဲ့ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တန့်သွားအောင် လုပ်နိုင်မလား ဆိုတဲ့ အယူအဆတစ်ရပ်ကို ပြောသွားခဲ့ပါတယ်။  အာရှဖက်က နိုင်ငံများဟာ လောလောဆယ် ဘာသိဘာသာ နေနေကြတဲ့အတွက် အပေါ်ယံ ကြည့်မယ်ဆိုရင်တော့ အခြေအနေဟာ ငြိမ်ငြိမ်သက်သက်ပဲလို့ ထင်ရပါတယ်။ ဒီလို နေကြတာက

ဒီနေ့ ယူကရိန်း မနက်ဖြန် ထိုင်ဝမ်လား Read More »

တရုတ်ဩဇာရိပ်အောက်က ကမ္ဘောဒီယား ရုန်းထွက်နိုင်ပါ့မလား

သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပထမသက်တမ်းကာလအတွင်းမှာ ဝါရှင်တန်မှာရှိနေတဲ့ စံနှုန်းတွေအရ ကမ္ဘောဒီးယား နိုင်ငံဆိုတာ တရုတ်ရဲ့ သြဇာခံနိုင်ငံတစ်ခုပါပဲ။ ၂၀၁၆ခုနှစ်ကနေ ၂၀၂၀ခုနှစ်ကာလအတွင်း အနည်းဆုံးဒေါ်လာ တစ်ဘီလျံ  ပမာဏရှိတဲ့ တရုတ်နိုင်ငံရဲ့ ထောက်ပံ့မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အရှေ့တောင် အာရှ နိုင်ငံငယ် ကလေးဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံဟာ တရုတ်နိုင်ငံကို ရေတပ်အခြေစိုက်စခန်း ထူထောင်ခွင့်ပြု ထားတယ်လို့ အမေရိကန်အရာရှိတွေက သံသယရှိခဲ့ကြ ပါတယ်။ ဒီသတင်းသာမှန်ခဲ့ရင် ဒါဟာ တရုတ်နိုင်ငံရဲ့ ပြင်ပမှာရှိနေတဲ့ ဒုတိယမြောက် ရေတပ် အခြေစိုက်စခန်း ဖြစ်မှာပါ။ ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံအဖွဲ့အတွင်း သူတို့ရဲ့ ဗီတိုအာဏာ ကျင့်သုံးပိုင်ခွင့်ကို တရုတ်နိုင်ငံလက်ထဲ ရောင်းစားထားတယ်လို့ အမေရိကန်အရာရှိတွေက အတွင်းကျိတ် ပြောဆိုနေကြတာလည်း ရှိနေပါတယ်။ ဒါရဲ့ လက်တွေ့ အကျိုးသက်ရောက်မှုကတော့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်

တရုတ်ဩဇာရိပ်အောက်က ကမ္ဘောဒီယား ရုန်းထွက်နိုင်ပါ့မလား Read More »

အာရှက မိတ်ဆွေများ

အမေရိကန်ရဲ့ မဟာမိတ်စစ်စစ် ဒီမိုကရေစီနိုင်ငံတစ်ခုက တစ်ကိုယ်တော်အာဏာသိမ်းဖို့ ကြိုးစားမှုဟာ အိမ်ဖြူ တော်က သူတွေအတွက် ပိုပြီး အတွေးအမြင်တွေ ကောင်းလာစေပါသလား၊ တောင်ကိုရီးယား နိုင်ငံ သမ္မတ ယွန်းဆွတ်ယူးက စစ်အုပ်ချုပ်ရေးကြေညာချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပါးစပ်ပိတ်နေခဲ့ပါတယ်။ သမ္မတရဲ့လုံခြုံရေးဆိုင်ရာအကြံပေး ဂျိတ်ဆူလီဗန်က တောင်ကိုရီးယား အဖြစ်ဟာ အချက်ပေးခေါင်းလောင်း မြည်တာ လို့ ပြောပါတယ်။ ဒီကိစ္စ မလျော်ကန်ဘူးဆိုတာ ထုတ်ပြောနိုင်ဖို့ အရေး ဆူလီဗန်အတွက် တစ်လ ကြာခဲ့ပါတယ်။ ဘာကြောင့်စောင့်စည်းနေတာလဲ၊ ဂျပန်နိုင်ငံနဲ့ ပြန်လည်စည်းလုံးဖို့ အရေးမှာ သမိုင်းတစ်လျှောက်က အားလုံး သော သမ္မတတွေထက် ယွန်းဆွတ်ယူးက ပိုလုပ်နိုင်ပါတယ်။ ဒါက အမေရိကန် မဟာဗျူဟာ သမားတွေ ဆယ်စု နှစ်များစွာ စောင့်ဆိုင်းခဲ့ရတဲ့ တိုးတက်မှုကြီးပါ။ သုံးနိုင်ငံ သမ္မတများအကြား ပြုလုပ်တဲ့

အာရှက မိတ်ဆွေများ Read More »

umbrella, buddhism, monk, monastery, asia, boy, buddhist, child, culture, myanmar, burma, religion, southeast asia, tradition, traditional, worship, hallway, walking, umbrella, buddhism, monk, monk, monk, monk, monk, asia, boy, boy, culture, myanmar, walking

အာရှဖက် က ဒီမိုကရေစီ

(သည် အီကောနောမစ်၏ အာရှရေးရာ အယ်ဒီတာ အမ်မာ ဟိုဂမ်ရဲ့ “By the people, for the people” ကို မြန်မာပြန်ဆိုသည်။) ၂၀၂၄ ဇွန်လ မှာ ဒီမိုကရေစီ လိုလားသူများ အနည်းငယ်  စိတ်သက်သာရာ ရသွားစေတာ ကတော့ လက်ရှိ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ ကို ပြန်လည် ရွေးချယ်လိုက်တဲ့ အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲ အပြီးမှာပဲ ဖြစ်ပါတယ်။ အမှန်တော့ မိုဒီဟာ ချည့်နဲ့စွာနဲ့ ပြန်အရွေးချယ်ခံခဲ့ ရတာပါ။ သူ့ရဲ့ တတိယ သက်တမ်းအတွက် ဝင်ရောက်ယှဥ်ပြိုင်ရာမှာ သူ့ပါတီက အမတ်နေရာ ၅၄၃ နေရာထဲက နေရာ ၄၀၀ ထိ တောင်ပြိုကမ်းပြို နိုင်ဖို့ အခြေအနေရှိပြီး ဥပဒေပြုပြင်ရေးကိစ္စတွေကို စိတ်ကြိုက် ကိုင်တွယ်သွား နိုင်မယ်လို့ မြင့်မြင့်မားမား မှန်းထားခဲ့တာပါ။ သို့သော်လည်း သူ့ရဲ့ ဘီဂျေပီ

အာရှဖက် က ဒီမိုကရေစီ Read More »