The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၂၁)

ကမ်းမမြင် လမ်းမမြင်

“ပြောရမှာတော့ အားနာပါတယ် သားရယ်၊ တကယ်တော့ မျိုးရိုးဗီဇဆိုတာ ဘယ်လိုမှပြုပြင်ပြောင်းလဲလို့ မရဘူး မဟုတ်လား၊ သားရဲ့ ကံကြမ္မာကလည်း လူ့ဘဝ ရောက်လာကတည်းက ပြင်မရတဲ့ အမှားတစ်ခုကို ကျူးလွန်မိလျက်သား ဖြစ်သွားတာကိုး၊ သားရဲ့ အပြစ်လို့တော့ မဆိုနိုင်ဘူးပေါ့၊ ဒါပေမဲ့ သားအတွက်က မပြေးသော်ကံရာရှိဆိုတာလို ဖြစ်နေတယ်လေ” ကျောင်းအမကြီး၏ စကားသံက ကြမ်းတမ်းခက်ထန်မှု မရှိသော်လည်း စိမ်းဆတ်ခါးသီးစွာ ကြားလိုက် ရသည်။ တကယ်တော့ မောင်ဖြိုးဝေ လာတွေ့တာက ကျောင်းအမကြီးမဟုတ်။ ခါတိုင်းဆို “သမီးရေ.. မောင်ဖြိုးဝေ လာတယ်ဟေ့” ဆိုပြီး အလိုက်သိသိ ဧည့်ခန်းမှ ထွက်သွားနေကျ။  ခုတော့  သူနားမလည်သော ဘာသာစကားကို ရေရွတ်ပြောဆိုသလိုမျိုး ကြားနေရသည်။ လုံးစေ့ပတ်စေ့ နားမလည်သော်လည်း “ကျောင်းအမ ကြီး၏ စကားနောက်ဆွယ်တွင် ကံကြမ္မာ အရိပ်မည်းကြီးသည် ထက်ကြပ်မကွာ […]

ကမ်းမမြင် လမ်းမမြင် Read More »

နည်းပညာနဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေတဲ့ လူငယ်လုပ်ငန်းရှင်တွေ

ယနေ့ကာလမှာ  တစ်ကိုယ်တော် အောင်မြင်အောင် လုပ်ကိုင်တဲ့  စွန့်ဦးတီထွင် နည်းပညာ လုပ်ငန်းရှင်  (“Solopreneur”)  တွေ ပေါ်ထွက်လာနေပါတယ်။ အရင်က ကုမ္ပဏီကြီးတစ်ခု ဖြစ်ဖို့ဆိုရင် ဝန်ထမ်းတွေ အများကြီး လိုပါတယ်။ ဒါပေမဲ့  AI ခေတ်မှာတော့ လူတစ်ယောက်တည်းက ဝန်ထမ်းရာဂဏန်း လုပ်ရမယ့်အလုပ်တွေကို AI နဲ့ ခိုင်းပြီး ဒေါ်လာသန်းပေါင်းများစွာ တန်တဲ့ (Unicorn) ကုမ္ပဏီအထိ ဖြစ်အောင် တည်ဆောက်လာနိုင်တာကို ဆိုလိုတာပါ။ စီးပွားရေးလောကမှာ Unicorn Startup  ကုမ္ပဏီ ဆိုတာ တန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်တဲ့ ကိုယ်ပိုင် စီးပွားရေး (Startup) ကုမ္ပဏီကို ခေါ်တာပါ။ ဒီလိုမျိုး အောင်မြင်ဖို့က အလွန် ခဲယဉ်းတဲ့အတွက် Unicorn လို့ တင်စား ခေါ်တာ ဖြစ်ပါတယ်။ Startup

နည်းပညာနဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေတဲ့ လူငယ်လုပ်ငန်းရှင်တွေ Read More »

အထင်မှားနေကြတဲ့ လိပ်ပြာတောင်ပံသက်ရောက်မှု

လိပ်ပြာတောင်ပံသက်ရောက်မှု ဆိုတာ တကယ့် အံ့ဖွယ်ဖြစ်စဉ်ပါ။ ဒါပေမဲ့ ခင်ဗျား ထင်သလိုတော့ မဟုတ်ပါဘူး။ လိပ်ပြာတောင်ပံသက်ရောက်မှုကို ရုပ်ရှင်တွေ၊ စာအုပ်တွေ နဲ့ လူမှုကွန်ရက် မီဒီယာ ဇာတ်လမ်းတွေထဲမှာ ဖော်ပြကြတယ်။ ဒါပေမဲ့ သူ့ရဲ့ နောက်ကွယ်က သိပ္ပံအချက်အလက်တွေက သိပ္ပံပညာရှင်တွေ အနာဂါတ်ကို ခန့်မှန်းတဲ့နေရာမှာ သုံးတာပဲ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ အမ်အိုင်တီ (MIT) မိုးလေဝသပညာရှင် အက်ဒဝပ်ဒ် လောရန့်ဇ် က ရာသီဥတုကို ခန့်မှန်းနိုင်တဲ့ ပရိုဂရမ် တစ်ခုရေးဆွဲခဲ့တယ်။ သူ့ရဲ့ နမူနာ မော်ဒယ်ထဲမှာ ကိန်းရှင်တွေ ဒါဇင်ချီ သုံးရပြီး အဲဒီထဲက တန်ဖိုး တစ်ခုက ၀.၅၀၆၁၂၇ ဖြစ်တယ်။ သူက ကွန်ပျူတာထဲက မော်ဒယ်ကို နောက်တစ်ခါ ထပ်တွက်ခိုင်းတဲ့အခါမှာ တန်ဖိုးကို ၀.၅၀၆

အထင်မှားနေကြတဲ့ လိပ်ပြာတောင်ပံသက်ရောက်မှု Read More »

လက်ခုပ်တီးခြင်း အနုပညာ

များသောအားဖြင့် “Got Talent” ဟုခေါ်သည့် တစ်ဦးချင်း (သို့) အုပ်စုလိုက် စွမ်းရည် ပြိုင်ပွဲများ မျိုးစုံကို ကြည့်ဖြစ်သည်။ အထူးသဖြင့် ကိုယ်ဘာလုပ်ရမည်ကို ဆုံးဖြတ်ရခက်နေသည့် အချိန်မျိုးတွင်ဖြစ်သည်။ ထိုပြိုင်ပွဲပေါင်းများစွာသည် youtube ပေါ်တွင် အများကြီး ရှိပါသည်။ နာမည်ကြီးသည့် Britain’s Got Talent နှင့် America’s Got Talent – AGT ဟုခေါ်သည့် စွမ်းရည်ပြိုင်ပွဲများကို ကျွန်တော် ကြည့်ဖြစ်သည်။ ထိုပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်သူ၊ အကဲဖြတ်ဒိုင်လူကြီး၊ အားပေး သည့်ပရိသတ် စသည့်အားလုံးကို သဘောကျမိသည်။ Got Talent အစီအစဥ်ကို စီစဥ်သူ ဆိုင်မွန် ကောင်ဝဲလ် (Simon Cowell) က ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်ကို “Got Talent”

လက်ခုပ်တီးခြင်း အနုပညာ Read More »

အဲဂုတ္တပြည်၏လွင်တီးခေါင်နှင့် လွှားကာ

A Midsummer Night’s Dream Act 5, Scene 1 သူရူး၊ ချစ်သူနှင့် ကဗျာဆရာ Lovers and madmen have such seething brains, Such shaping fantasies, that apprehendMore than cool reason ever comprehends.The lunatic, the lover, and the poetAre of imagination all compact.One sees more devils than vast hell can hold—That is the madman. The lover, all as frantic,Sees Helen’s beauty

အဲဂုတ္တပြည်၏လွင်တီးခေါင်နှင့် လွှားကာ Read More »

လူထုကဗျာဖြစ်သော အင်းသားရိုးရာ တိုက်တေးကဗျာ

အင်းသား တိုင်းရင်းသားတို့သည် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေး ကန် အတွင်း၌ အများဆုံး နေထိုင်ကြပါသည်။ အင်းသားတို့သည် တိဗက် – မြန်မာ ဘာသာစကား အုပ်စုဝင်များဖြစ်ပြီး အင်းသားတို့၏ စာပေမှာ ပုဂံခေတ် မြန်မာစာပေနှင့် များစွာတူညီ၍ ထားဝယ် စကားနှင့် နီးစပ်ပါသည်။ မိမိတို့ကိုယ်ကို “အဲင်းဆား” ဟု ခေါ်ကြပါသည်။   အင်းသားတို့၏ ဝတ်စား ဆင်ယင်မှုမှာ အမျိုးသားများ သည် ပင်နီရောင် တိုက်ပုံ၊ အတွင်း၌ ရှပ်အင်္ကျီအဖြူနှင့် ရှမ်းဘောင်းဘီကို ဝတ်ဆင်၍ ပန်းရောင်ခေါင်းပေါင်းကို ပေါင်းကာ အင်းတိုင်းရင်းသား အလံပုံပါရှိသော လွယ်အိတ်ကို လွယ်ကြပါသည်။ အမျိုးသမီးများမှာ ပင်နီရောင် ရင်ဖုံး၊ ရင်စေ့ အင်္ကျီနှင့် အင်းရိုးရာပတ်လည်စင်း ပါရှိသော ထဘီတို့ကို ဝတ်ဆင် ကြပါသည်။

လူထုကဗျာဖြစ်သော အင်းသားရိုးရာ တိုက်တေးကဗျာ Read More »

ယူကရိန်း စစ်ပွဲ နောက်ဆုံး စာမျက်နှာများ

၂၀၂၂ ခုနှစ် ယူကရိန်းကျူးကျော်စစ် စတင်ချိန်ကစပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန် အရာရှိတွေ နဲ့ ပြုလုပ်ခဲ့တဲ့ သုံးပွင့်ဆိုင် (အမေရိကန်-ရုရှား-ယူကရိန်း) အစည်းအဝေးမတိုင်ခင်မှာ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအနေနဲ့ သူတို့တောင်းဆိုထားသလို နယ်မြေဆိုင်ရာ တောင်းဆိုမှုတွေကို မလိုက်လျောခဲ့ရင် ယူကရိန်းအပေါ် စစ်ဆင်မှုကို ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုခဲ့ပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အမေရိကန် အထူးသံတမန် စတိဝစ်ကော့ နဲ့ သမ္မတထရမ့်ရဲ့ သားမက်ဖြစ်သူ ဂျရက်ကူရှ်နာတို့ကို “နယ်မြေ ဆိုင်ရာ ပြဿနာကို မဖြေရှင်းပဲနဲ့ ရေရှည်ဖြေရှင်းချက်ကို မျှော်လင့် နေတာဟာ အဓိပ္ပာယ် မရှိဘူး” လို့ ပြောဆိုခဲ့တာကို ရုရှား အကြီးတန်း အရာရှိ တစ်ဦးက ပြန်ပြော ခဲ့ပါတယ်။ သမ္မတ ပူတင်ရဲ့ နိုင်ငံခြားရေး

ယူကရိန်း စစ်ပွဲ နောက်ဆုံး စာမျက်နှာများ Read More »

ဆီးရီးယားအရှေ့မြောက်ပိုင်းကိုလက်လွှတ်လိုက်တဲ့ ကာ့ဒ်လူမျိုးစုများ

တစ်ချိန်က အမေရိကန်ရဲ့မဟာမိတ်ဖြစ်ခဲ့သည့် ကာ့ဒ်လူမျိုးစုများ ဦးဆောင်သော ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့များကို အသုံးတည့်သည်ဟု သဘောမထားကြတော့ပေ တိုက်ခိုက်ရေး ရဲမေတွေနဲ့ ဂုဏ်ယူခဲ့ရတဲ့ ကာ့ဒ်လူမျိုးလက်နက်ကိုင်တပ်ဖွဲ့ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာဟာ ယူဖရေးတီး မြစ်ကမ်းပါးမှာပဲ ဆွဲချ ခံလိုက်ရပါတယ်။ အမေရိကန်က ထောက်ပံ့ ကူညီပေးထားတဲ့ သူတို့ရဲ့ ဟမ်းဘီး ကားတွေကိုလည်း လမ်းဘေးမှာပဲ စွန့်ပစ် ထားခဲ့ ကြတယ်။ အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ (Islamic State – IS)ကို တိုက်ခိုက်ရာမှာ ဆယ်စုနှစ် တစ်ခုကျော် ကြာအောင် အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ရခဲ့တဲ့ ကာ့ဒ် လူမျိုးစုတွေရဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (Syrian Democratic Forces – SDF) ဟာ ရက်ပိုင်း အတွင်းမှာပဲ ပြိုကွဲ သွားခဲ့ရတယ်။ ဆီးရီးယားမှာ

ဆီးရီးယားအရှေ့မြောက်ပိုင်းကိုလက်လွှတ်လိုက်တဲ့ ကာ့ဒ်လူမျိုးစုများ Read More »

အတုတွေနဲ့ နီပေါ ရွေးကောက်ပွဲ

ပြီးခဲ့တဲ့နှစ် ကုန်ခါနီးလောက်က နီပေါနိုင်ငံက နာမည်ကြီး နိုင်ငံရေးသမား သုံးယောက် ယှဉ်တွဲပြီး လမ်းလျှောက်နေတဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေး ပျံ့နှံ့သွားခဲ့တယ်။ အဲဒါကို ကြည့်ပြီး လူတွေက မကြာခင်လာတော့မယ့် အထွေထွေ ရွေးကောက်ပွဲ အတွက် သူတို့တွေ နိုင်ငံရေး မဟာမိတ် အသစ်ဖွဲ့လိုက်ကြပြီလားဆိုပြီး ထင်ကြေးတွေပေး ဝိုင်းပြီးတော့ ခန့်မှန်း ခဲ့ကြတာပေါ့။ ဒါပေမဲ့ အပြင်မှာ ဗီဒီယိုထဲကလို သူတို့သုံးယောက် ဆုံတွေ့ခဲ့ကြတာမျိုး တစ်ခါမှ မရှိခဲ့ပါဘူး။ ပြောချင်တာက အဲဒီဗီဒီယိုက အေအိုင်နဲ့ လုပ်ထားတာ ဖြစ်နေတဲ့ အတုကြီးပါ။ အဲဒီဗီဒီယိုထဲမှာပါတဲ့သူတွေကတော့ ရက်စထရီယာ ဆွာတန်ထရာ (Rastriya Swatantra)၊ ပါတီခေါင်းဆောင် ရာဘီ လာမီချ်ဟန်း (Rabi Lamichhane)၊ ခတ္တမန္ဒူမြို့တော်ဝန်ဟောင်း ဘလန်ဒရာ ရှား (Balendra Shah)

အတုတွေနဲ့ နီပေါ ရွေးကောက်ပွဲ Read More »

Central Asia က ထရမ့်ရဲ့ “Board of Peace” အဖွဲ့ဝင်တွေ

“အာရှ အလယ်ပိုင်း ဒေသရဲ့ အင်အားအကြီးဆုံး နိုင်ငံကြီးနှစ်ခုလုံးဟာ စိတ်အပြောင်းအလဲမြန်ပြီး အပေးအယူနဲ့ပဲ အလုပ်လုပ် တတ်တယ်လို့ နာမည်ကြီးတဲ့ အမေရိကန်သမ္မတကြီး ထရမ့်ရဲ့ မျက်နှာပေးတာ ခံရဖို့ နည်းမျိုးစုံနဲ့ ကြိုးစား နေကြတာပါ” ထရမ့်ရဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဆိုတာ ဘာလဲ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ “Board of Peace” (ငြိမ်းချမ်းရေးဘုတ်အဖွဲ့) ဆိုတာကြီးက အတိအကျ ဘာလုပ်မှာလဲဆိုတာ အခုထိတော့ ဝေဝေဝါးဝါးပါပဲ။ ဒါပေမဲ့ ဒါကို ဂရုမစိုက်ဘဲ ကာဇက်စတန်နဲ့ ဥဇဘက်ကစ္စတန်တို့ကတော့ လက်မှတ်ထိုးဖို့ အပြေးအလွှား တက်ကြွ နေကြတယ်။ မကြာခင်က ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ် (Davos) မှာလုပ်တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ် (World Economic Forum) အတွင်း သီးခြား အစီအစဉ်တစ်ခုအဖြစ် ကျင်းပတဲ့

Central Asia က ထရမ့်ရဲ့ “Board of Peace” အဖွဲ့ဝင်တွေ Read More »