The Corner

The Corner

cropped-Logo_round_grey-background.png
Share မယ်

အတွဲ (၄) မာတိကာ

(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)

အတွဲ (၄)၊ မေလ ၂၀၂၅

စီစဉ်သူ အမှာ

ကျွန်တော်တို့ရဲ့ The Corner လေးလ မြောက်ထွက်ရှိလို့ လာပါပြီ။ မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မကြုံစဖူး ငလျင်ကြီးကြောင့် ဘေးသင့်ခဲ့ကြရတဲ့နောက် ပြည်သူအများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေချိန် The Corner အတွဲ ၄ ကို ဆက်ထုတ်သင့် မထုတ်သင့် စဥ်းစားရပါ တော့တယ်။ မြန်မာနိုင်ငံအလယ်ပိုင်း နေရာတစ်ချို့ နေရာများကို ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ပေမယ့် ထိခိုက်မှုနဲတဲ့ နိုင်ငံအနှံ့အပြားမှာ နေသူများကလဲ ငလျင်ဒဏ်သင့် ဒေသမှာ နေကြတဲ့ ဆွေနီး မျိုးစပ်များ မိတ်ဆွေ သင်္ဂဟများနဲ့ ပတ်သက် ဆက်စပ် နေသူများကလဲ အများအပြား၊ ငလျင်ဒဏ် ခံရတဲ့ ပြည်သူတွေနဲ့ ဒေသတွေဆီ စွန့်စွန့်စားစား သွားရောက် ကူညီမည့် သူများကလဲ ပြင်ဆင်နေကြတာမြင်ရတော့ ပုံမှန် ဆောင်းပါးပို့နေကျ စာရေးဆရာများထံ သတင်းမေးရင်း အတွဲ (၄) အတွက် ဆောင်းပါးများ ရေးပေး နိုင်ခြင်း ရှိမရှိ မေးကြည့်တဲ့အခါ အားလုံးက လိုလိုလားလား ရေးပေးကြမယ်လို့ ကမ်းလှမ်း လာတာ ကြောင့် တစ်ကြောင်း၊ The Corner အတွက်လဲ ပို့ပြီးသား စာမူတစ်ချို့ ရောက်လာတာ ကြောင့်လဲ အတွဲ ၄ ကို ဆက်လက် ထုတ်ဝေဖြစ်ပါတယ်။

The Corner ရဲ့ မူရင်း ရည်ရွယ်ချက်အတိုင်း စာဖတ်သူ ပရိတ်သတ်များအတွက် မှတ်သားစရာ အတုယူစရာများ ပေးနိုင်လိမ့်မယ်လို့ မျှော်တွေးရင်း ဒီလမှာပါတဲ့ မယ်ကျော့ရဲ့ ဆောင်းပါးလိုပဲ “ဉာဏ် ပညာနံ့ သင်းတဲ့ ရပ်ဝန်းတစ်ခု” ပေါ်ထွက် လာပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။   

 

စီစဥ်သူ