The Corner

The Corner

cropped-Logo_round_grey-background.png
Share မယ်

The Corner မှာ ဖတ်စရာ (အတွဲ ၁၃ - မာတိကာ)

(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)

အတွဲ (၁၃)၊ ၂၀၂၅ အောက်တိုဘာ ၁ - ၁၆ ရက်

စီစဉ်သူ့ အမှာ

The Corner က ဒီတစ်ပတ်မှာ “စာဖတ်ခြင်း” ကိစ္စကို ဦးတည်လိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လာရင် စိတ်နှစ်ခွ အမြဲ ဖြစ်ရပါတယ်။ စီစဥ်သူများ အနေနှင့် The Corner ကို စာဖတ်သူများ စာဖတ်စေချင်တဲ့ စိတ်တစ်ခုတည်းနှင့် စီစဥ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ သို့သော်လည်းပဲ တစ်ချိန်တုန်းက စာအုပ်တစ်အုပ်ကိုင်ကာ လမ်းသလားနေကြသည့် ဓလေ့မှနေ အခုဆိုရင် လူတိုင်းလက်ထဲ စမတ်ဖုန်းတစ်လုံး သွားလေရာပါတဲ့ ခေတ်ကိုရောက်လာတော့ ကိုယ်လိုပဲ စာဖတ်သူ ဝါသနာရှင်များ အတွက်ပဲ ရည်ရွယ်လိုက်မယ်လို့ စဥ်းစားလိုက်ပြန်တယ်။ ဖုန်းပွတ်မည့်သူများကလည်း ဖုန်းဆက်ပွတ်ကြပါစေပေါ့။ စိတ်ကမပျက်လေတော့ Online/Digital နှင့် ထုတ်ဝေသည့် The Corner ကို ဖတ်မယ်ဆိုရင်လည်း ဖုန်းပေါ်မှာ ဖတ်လို့ရနေတာဆိုတော့ ဖုန်းပွတ်မည့် သူများကို စာဖတ်လာအောင် ထပ်ဆွဲဆောင်နိုင်ဦးမလား ဆိုသည့် အတွေးနှင့် စာဖတ်ခြင်း အကြောင်းအရာကို Feature လုပ်ဖြစ်သွားခြင်းပါ။ ဆောင်းပါးများကို ဖတ်ကြည့်မယ်ဆိုရင် စာဖတ်မှုနှုန်း ကျဆင်းလာခြင်းက မြန်မာတစ်နိုင်ငံတည်းတော့ မဟုတ် ကမ္ဘာမှာလည်း ဒီကိစ္စကို အလေးထား ဆွေးနွေးလာကြတာကို တွေ့ရပါလိမ့်မယ်။ နောင်လာမယ့် ဆယ်စုနှစ်အတွင်း ဘယ်တွေ ဘယ်လို ဆက်ပြောင်းဦးမယ် မသိ။ သေချာတာတစ်ခုကတော့ စာဖတ်ခြင်းဟူသည် အကျိုးယုတ် အချိန်ကုန်တဲ့ အလုပ်တစ်ခုအဖြစ် မည်သည့် ပညာကျော်ကမှ မပြောသေးတာ အကောင်းတစ်ခုလို့ ရှုမြင်ရင်း ဖုန်းလည်းသုံး စာလည်း ပိုဖတ် လာကြပါစေရန် ဆန္ဒပြုလိုက်ပါကြောင်း။

စီစဥ်သူ