The Corner မှာ ဖတ်စရာ (အတွဲ ၂၁ - မာတိကာ)
(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)
United States
Asia
Middle East/Africa
ယဥ်ကျေးမှု
သူရေးတဲ့စာ
ဝတ္ထု
အတွဲ (၂၁)၊ ၂၀၂၆ ဖေဖော်ဝါရီလ ၁ - ၁၅ ရက်
စီစဉ်သူ့ အမှာ
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ The Corner အတွဲ (၁) ကို စတင်ခဲ့ပါတယ်။ အခု ထုတ်လိုက်တဲ့ အတွဲ (၂၁) ဟာ The Corner ရဲ့ ဒုတိယ မြောက်နှစ်အတွက် ပထမဆုံးအတွဲ တစ်တွဲ ဖြစ်လာပါတယ်။ ပထမ တစ်နှစ်အတွင်း အတွဲစုစုပေါင်း ၂၀ ထုတ်ဝေခဲ့တယ် ဆိုတဲ့ သဘောပေါ့။ စိတ်ကူးတူသူ လက်တစ်ဖက်မပြည့်တဲ့ စာရေးသူများနဲ့ စခဲ့တဲ့ အတွဲ (၁) ကနေ အတွဲ (၂၀) ကိုရောက်တဲ့အခါ ပုံမှန်ရေးသူနဲ့ ကြိုးကြား ကြိုးကြား စာရေးသူ ဆရာ၊ ဆရာမပေါင်း ၂၀ ကျော်ခဲ့ပြီ။
The Corner စတင်ခဲ့စဥ်က မူဝါဒအတိုင်းပဲ မပြောင်းလဲဘဲ ဆက်သွားနေပါသေးတယ်။ အချို့စာမူများကို အကြောင်းအမျိုးမျိုးကြောင့် မရွေးချယ် ချန်လှပ်ထားခဲ့သော်လည်း စာမူ အတော်များများကို နည်းနည်းပါးပါး တည်းဖြတ်ကာ ပရိသတ်ရှေ့မှောက် အရောက် ပို့ပေးခဲ့ ပါတယ်။ အဓိကအကြောင်းကတော့ လက်ရှိ စာရေးသူများရော လက်သွေးလိုသူများပါ မကျန် စာများ ပိုရေး လာစေခြင်းဖြင့် စာပေနှင့် ဗဟုသုတများ ဆက်လက် ဖြန့်ဝေ ပျံ့နှံ့ ရောက်ရှိစေလို ခြင်းဖြစ်ပါတယ်။ အချုပ်ပြောရရင်တော့ စာရေးဆရာ များများ ပေါ်ထွက်စေလိုတာ ဖြစ်ကြောင်းပါ။
The Corner ကို နိုင်ငံတကာရေးရာ ကမ္ဘာ့ရေးရာများကို ဦးစားပေးဖော်ပြနေသော်လည်း Timeless ခေါ် အချိန်မရွေး ပြန်ဖတ်နိုင်သည့် ဆောင်းပါး စာပေများလည်း ပါဝင်နေတာကို The Corner ကို ပုံမှန် ဖတ်နေသူများ သတိထားမိမယ်လို့ ထင်မိပါတယ်။
စီစဥ်သူများ မေတ္တာရပ်ခံလိုတာကတော့ မည်သူမဆို ကလောင်ကြီး/ငယ် မဟူ ဝင်ရောက် ရေးသားနိုင်ပါကြောင်း စာမူများကို ဝမ်းမြောက် ဝမ်းသာ ကြိုဆိုနေမှာ ဖြစ်ပါကြောင်း အသိပေးလိုပါတယ်။
The Corner ရဲ့ ပထမနှစ်မှာ ပါဝင်ရေးသားကြသူ ဆရာ၊ ဆရာမများ အားပေးကြသူများကို ကျေးဇူးတင်ရင်း ဒုတိယနှစ်မှာလည်း အရင်နှစ်က ထက် မလျော့တဲ့ အားပေးမှုမျိုး ဆက်လက် မျှော်လင့်နေပါကြောင်း ပြောလိုပါတယ်။
စီစဥ်သူ