The Corner

The Corner

cropped-Logo_round_grey-background.png
Share မယ်

The Corner မှာ ဖတ်စရာ (အတွဲ ၁၂ - မာတိကာ)

(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)

အတွဲ (၁၂)၊ ၂၀၂၅ စက်တင်ဘာ ၁၆ - ၃၀ ရက်

စီစဉ်သူ့ အမှာ

ဟိုအရင်တုန်းက ကမ္ဘာကြီးက ခပ်စောင်းစောင်း ဖြစ်နေတယ်လို့ ဆိုပေမယ့် လည်တော့ လည်နေပါသေးတယ်။ အခုကတော့ ပိုစောင်းစောင်းဖြစ်သွားပြီ ထင်ပါရဲ့။ လည်နေသေးတာကနေ မလည်တစ်ချက် လည်တစ်ချက် ဖြစ်နေတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။

           အထူးသဖြင့် ဒီမိုကရေစီ ကျောင်းတော်မှာ တက်ရောက် သင်ကြားပြီး အသုံးချမယ်ကြံနေကြတဲ့ အာရှဘက်က နိုင်ငံများ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာမှုကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီမိုကရေစီ မူလတန်းမှာ တက်ရောက် ပညာ သင်ကြားသူများ ဆိုရင်တော့ ပြောမနေပါနဲ့တော့။

           The Corner အဖွဲ့သားတွေ အင်ဒိုနီးရှား အရေးကို စောင့်ကြည့် သုံးသပ်ဖို့ ပြင်ဆင်နေတုန်းမှာပဲ ထိုင်းနိုင်ငံက လှုပ်လှုပ်ရှားရှား အပြောင်းအလဲ တစ်ချို့ ဖြစ်တာမြင်ရတယ်။ ပေကျင်းမှာ တရုတ်နိုင်ငံက လက်ရုံးရည် ဖော်ထုတ်တဲ့ပွဲကို မိတ်ဆွေများ ခြံရံကာ အနောက်ဘက်ကို မျက်နှာမူပြီး (ဆရာ CWM စကား ငှားသုံးရရင်) လက်မောင်းကြွက်သား ညှစ်ပြပါတယ်။ သိပ်မကြာလိုက်ပါ နီပေါနိုင်ငံမှာ လူထုအုံကြွမှု အာဏာရှင် ဆန့်ကျင်မှုတွေ မြင်တွေ့လာရပါပြီ။ နိုင်ငံရေးတင်မဟုတ် စီးပွားရေး တွေလည်း ထိခိုက်ကြပါတယ်။ အထူးသဖြင့် အခြေမခိုင်သူတွေ ယိုင်လဲကုန်ကြတာ တွေ့ရတယ်။ အခြေခိုင်သူတွေလည်း အထုပ်ပိုက်ကာ ဘယ်ဘက်ကို လိုက်ရမလဲ ဆုံးဖြတ်ရ ခက်နေကြမယ်ထင်တယ်။

           The Corner ရဲ့ အတွဲ (၁၂) မှာ ထင်ရှားတဲ့ ဖြစ်ရပ်တွေကို အတုယူ အကွက်ချနိုင်အောင် တတ်နိုင်သမျှ စောင့်ကြည့်ပြီး သုံးသပ်ချက်များ ထည့်သွင်းပေးထားပါတယ်။ သတင်းဌာန မဟုတ်လေတော့ အချိန်နဲ့ တပြေးညီတော့ ဖြစ်မနေဘူးပေါ့။

           အင်ဒိုနီးရှား ဖြစ်ရပ်နဲ့ အုပ်ချုပ်သူ သမ္မတ ပရာဘိုဝိုအကြောင်း ထောင့်စုံက တင်ပြပေးထားပါတယ်။ ပြီးခဲ့တဲ့လက ဟိုးလေးတကြော် ဖြစ်ခဲ့တဲ့ အမေရိကန်နဲ့ ရုရှားသမ္မတ တွေ့ဆုံပွဲအကြောင်းကိုလည်း အမြင်မတူတဲ့ ထောင့်တွေကနေ သုံးသပ်ထားချက်ကို ဖတ်ရမှာပါ။

           နိုင်ငံတကာ မဟုတ်တဲ့ “ယဥ်ကျေးမှု” နဲ့ “သူရေးတဲ့စာ” ကဏ္ဍတွေမှာတော့ ဒီတစ်ပတ် စိတ်ဝင်စားစရာ ဆွေးနွေးစရာ အတုယူစရာ ဆောင်းပါးတွေ ဖတ်ရမှာပါ ဖြစ်ပါကြောင်း…

စီစဥ်သူ